fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

လူတွေလတ်တလော စိုးရိမ်နေကြတဲ့ Monkeypox (မျောက်ကျောက်ရောဂါ)

monkeypox that people are currently worried about
582
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/05/2022
in ရောဂါကြီးများ
1 min read
A A

ကိုဗစ်ကူးစက်ရောဂါကြောင့် စိုးရိမ်ကြောင့်ကျမှုများ ရှိနေသေးသည့် ကမ္ဘာ့လူသားများကို လတ်တလော စိုးရိမ်မှုပေးနေသည့် ကူးစက်ရောဂါအသစ်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရပါသည်။ ထိုကူးစက်ရောဂါမှာ အမေရိကန်နိုင်ငံ၊ ကနေဒါ၊ ဥရောပ၊ ဩစတေးလျ၊ အာဖရိက စသည့်နိုင်ငံပေါင်းဆယ်နိုင်ငံကျော်တွင် ကူးစက်လူနာပေါင်း တစ်ရာကျော်လာသော ကျောက်ရောဂါအုပ်စုဝင် Monkeypox (မျောက်ကျောက်ရောဂါ) ကူးစက်ရောဂါဖြစ်ပါသည်။

Monkeypox သည် Poxviridae အုပ်စုဝင် ဒီအန်အေဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါသည်။ မျောက်များတွင် ကူးစက်သော ကျောက်ရောဂါနှင့်တူသည့် ရောဂါပိုးအနေဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်သိရှိခဲ့ကြသောကြောင့် Monkeypox ဟု ခေါ်ဝေါ်ခဲ့ကြပြီး ၁၉၇၀ ခုနှစ်၌ လူသားများတွင် ကူးစက်ခံရသည့် လူနာများကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် reservoir ကို လေ့လာတွေ့ရှိချက် မရှိသေးသော်လည်း အာဖရိကတွင် တွေ့ရသော ကြွက်အမျိုးအစားတစ်မျိုး African rodents နှင့် ပိုးကူးစက်ထားသည့် မျောက်များမှတဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်သည်ကို သိရပါသည်၊

Monkeypox ရောဂါသည် တုပ်ကွေးရောဂါကဲ့သို့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ အားအင်ကုန်ခမ်း ပင်ပန်းခြင်း လက္ခဏာများ ဖြစ်တတ်ပါသည်။ ဖျားနာခြင်းခံစားရပြီး ၁-၃ ရက်အတွင်း ခန္ဓာကိုယ်တွင် အနီစက်များ ထွက်လာတတ်ပြီး အရည်ပြားအနာကဲ့သို့ တဖြည်းဖြည်း အဆင့်ဆင့်ပြောင်းလဲပြီး မျက်နှာနှင့် ခြေလက်အစိတ်အပိုင်းများ (အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးများတွင်) ကျောက်ပေါက်ကဲ့သို့ အနာများ ပေါ်လာတတ်သည်။ Monkeypox ရောဂါလက္ခဏာများသည် smallpox ကျောက်ရောဂါထက် ပြင်းထန်မှုပိုလျော့နည်းပြီး အဓိကကွာခြားချက်မှာ Monkeypox ကူးစက်သူများတွင် ပြန်ရည်အကျိတ်များယောင်ခြင်း lymphadenopathy ကို တွေ့ရလေ့ရှိသည်။

ရောဂါပိုးရှိသည့် လူ၊ တိရစ္ဆာန်၊ အရာဝတ္ထုတို့နှင့် အချင်းချင်းထိတွေ့မိရာမှ ကူးစက်ပြီး၊ ခန္ဓာကိုယ်မှထွက်သော အညစ်အကြေး အရည်များနှင့် အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်အမွှားများမှ human-to-human transmission ကူးစက်တတ်ပါသည်။ ရောဂါကူးစက်နေသည့် တိရစ္ဆာန်များ ကိုက်ခံရခြင်း၊ ကုတ်ဖဲ့ခံရခြင်းတို့မှတဆင့် Animal-to-human transmission တိရစ္ဆာန်မှ လူသို့ကူးစက်ခြင်းဖြစ်သည်။ ရောဂါပိုးရှိသော မျက်နှာပြင်ကို contamination ကိုင်တွယ်ထိတွေ့ရာမှလည်း ကူးစက်နိုင်သည်။

Moneypox ရောဂါကူးစက်ခံရပြီး ရောဂါလက္ခဏာ ပြနေသူများသည် ကူးစက်မှုနှုန်း ပိုများပါသည်။ ရောဂါကူးစက်ခံရပြီး (၅)ရက်မှ (၃)ပတ်အတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။ ကူးစက်သူများသည် ဆေးကုသမှုမခံယူဘဲ ၂-၃ ပတ်အတွင်း အလိုလိုပျောက်ကင်းနိုင်သော်လည်း အသက်ငယ်သော ကလေးများတွင် ရောဂါလက္ခဏာပြင်းထန်နိုင်သောကြောင့် ရောဂါကို အတိအကျ သိရပြီး အချိန်မှီကုသမှု ခံယူနိုင်ရန် အရေးကြီးပါသည်။

Moneypox ရောဂါကူးစက်ခံရခြင်းအတွက် ကုသမှု အတိအကျ မရှိသေးသော်လည်း အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်သူများကို ကျောက်ရောဂါကာကွယ်ဆေး smallpox vaccine, ဗိုင်းရပ်စ်ပိုးဆန့်ကျင်ဆေး antivirals နှင့် vaccinia immune globulin (VIG) သုံးပြီး ကုသခြင်းများဖြင့် ရောဂါကိုထိန်းချုပ်ရန် ကြိုးစားလျက်ရှိပါသည်။ အသက်ရှူလမ်းကြောင်းမှ ထွက်သောအမှုန်များမှတဆင့် ကူးစက်မှုနှုန်းသည် ကိုဗစ်ရောဂါပိုးကဲ့သို့ ကူးစက်မှု မပြင်းထန်သော်လည်း ရောဂါကြောင့်သေဆုံးနိုင်မှုသည် (၁၀)ယောက်တွင် (၁)ယောက်နှုန်းရှိသဖြင့် ကူးစက်မှုမခံရအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါသည်။

Centers for Disease Control & Prevention – CDC ကပ်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးမှ ရောဂါကူးစက်မှု ဖြစ်နိုင်သော တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ခြင်း၊ လက်ဆေးခြင်း၊ ရောဂါကူးစက်ခံရသူများကို သီးခြားခွဲထားပြီး အချိန်မှီ ကုသမှုခံယူခြင်း၊ Personal Protective Equipment (PPE) အကာအကွယ် ဝတ်ဆင်ပြီးမှ ကူးစက်လူနာကို ထိတွေ့ခြင်းပြုလုပ်ရန် လမ်းညွှန်ထားပါသည်။

 

Author: Dr. Yee Mon

Previous Post

ဂိမ်းအကြာကြီးဆော့ရင် ဘာလို့ခေါင်းကိုက်တာလဲ?

Next Post

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
476
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
435

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
why wet cough causes

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

illnesses common in children during the rainy season

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

how to take care of your skin during the rainy season

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.