fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

481
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/06/2023
in ရောဂါကြီးများ
1 min read
A A

အသည်းခြောက်ခြင်းလို့ ပြောလိုက်ရင် လူအတော်များများက အရက်သောက်သုံးတာများတဲ့ အမျိုးသားတွေမှာသာ အဖြစ်များတဲ့ရောဂါတစ်ခုလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အသည်းခြောက်တာဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသမီးတွေမှာ အရက်သောက်သုံးမှုမရှိပဲ ဖြစ်ပွါးမှုနှုန်းများတာကို တွေ့ရှိရပါတယ်။ လူသားတွေရဲ့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလာတာနဲ့အမျှ အဝလွန်ခြင်း၊ အသည်းရောင်အသားဝါ ဘီပိုး/စီပိုးကူးစက်ခံရခြင်း၊ အသည်းအဆီဖုံးခြင်းနှင့် အရက်သောက်သုံးခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ အသည်းရောဂါဖြစ်ပွါးမှုတွေ ပိုပိုများလာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အသည်းရောဂါကြောင့် သေဆုံးမှုနှုန်းဟာ ၃.၅% ခန့်ရှိပါတယ်။

အမျိုးသမီးများတွေမှာဖြစ်ပွါးတတ်တဲ့ အသည်းနှင့် ပါတ်သက်သော ရောဂါအမျိုးအစား ၁၀၀ကျော် ရှိပါတယ်။ အမျိုးသမီးများရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု ဇီဝဖြစ်စဉ်အရ အရက်သောက်သုံးခြင်းကြောင့် အသည်းရောဂါ ရရှိနိုင်ချေ အမျိုးသားများထက် ပိုများပါတယ်။ အရက်သောက်ခြင်းအပြင် အသည်းရောင် အသားဝါ ဗိုင်းရပ်စ်ပိုး ဘီပိုးနှင့်စီပိုး၊ Non Alcoholic Fatty Liver diseases /NAFLD( အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံး ရောဂါ)၊ သည်းခြေပြွန် ကျဉ်းခြင်း Primary biliary cholangitis (PBC)၊ ကိုယ်ခံအားစံလွဲရောဂါ autoimmune disease၊ ဆေးဝါးများ၊ အချို့သော သစ်ဥသစ်ဖုမှထုတ်လုပ်သောအားဖြည့်ဓာတ်စာများ​ကြောင့်လည်း အမျိုးသမီးများတွင် အသည်းခြောက်ရောဂါ ဖြစ်နိုင်ပါတယ်။

အမျိုးသမီးများတွင် အသည်းခြောက်ရောဂါ Cirrhosis of Liver ဖြစ်ပွါးမှုဟာ အရက်နှင့် အသည်းရောင် အသားဝါ ပိုးများအပြင် Non Alcoholic Fatty Liver diseases /NAFLD( အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံး ရောဂါ)ရဲ့ နောက်ဆက်တွဲ အသည်းခြောက်ခြင်းကြောင့် အဖြစ်များပါတယ်။ အသည်းအဆီဖုံးခြင်းဟာ အဝလွန်နေသောသူတွေမှသာ ဖြစ်ပွါးနိုင်တာမဟုတ်ဘဲ သာမာန် ကိုယ်အလေးချိန်ရှိသော သူများတွင်လည်း ဖြစ်ပွါးနိုင်ပါတယ်။
မျိုးရိုးဗီဇ genetic၊ နေထိုင်စားသောက်မှု ပုံစံ diet & lifestyle နှင့် အဝလွန်ခြင်း၊ ဆီးချိုသွေးတိုးရောဂါအပါအဝင် အခြားသော Metabolic syndrome များဟာ NAFLD ရဲ့အဓိက အကြောင်းရင်း ဖြစ်ပါတယ်။အမျိုးသမီးများ menopause သွေးဆုံးပြီးနောက်တွင် အသက်အရွယ်နှင့် ကိုယ်အလေးချိန်၊ ကလီစာအတွင်း အဆီဓါတ်များလာခြင်းတို့ကြောင့် အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ခြင်းကို ခံစားရမှု ပိုများလာနိုင်ပါတယ်။

မျိုးရိုးလိုက်သော သံဓါတ်များသောရောဂါ haemosiderosis၊ ကိုယ်ခန္ဓာအတွင်း ကော့ပါးဓါတ် copper များသော Wilson’s disease ရောဂါ၊ Cystic fibrosis အရည်ဂလင်း နှင့် ကိုယ်တွင်းအင်္ဂါများကို အမာရွတ်ဖြစ်ပြီး ထိခိုက်စေသောရောဂါ၊ သည်းခြေပြွန်ကျဉ်းခြင်းနှင့် ပျက်စီးခြင်း (primary biliary cirrhosis)၊ သည်းခြေပြွန် မာခြင်း၊ အမာရွတ်ဖြစ်ခြင်း (fibrosis) စတဲ့ရောဂါများဟာလည်း အမျိုးသမီးများတွင် အသည်းခြောက်ခြင်းကို ဖြစ်စေပါတယ်။

အသည်းအဆီဖုံး၊ အသည်းယောင်၊ အသည်းကြီး၊ အသည်းခြောက်၊ အသည်းကင်ဆာ ရောဂါတို့ကို လူနာရောဂါ ရာဇဝင် history၊ စမ်းသပ်စစ်ဆေးခြင်း physical examination၊ အသည်းရဲ့ လုပ်ငန်းဆောင်တာများ စစ်ဆေးခြင်း (Liver function tests) ၊ အသည်းမှ ထုတ်လုပ်တဲ့ AST နဲ့ ALT စတဲ့ အသည်းအင်ဇိုင်းများစစ်ဆေးခြင်း၊ တီဗီဓါတ်မှန် (USG – Abdomen)၊ ကွန်ပြူတာ CTဓါတ်မှန် (Computed tomography)၊ သံလိုက်စက်ကွင်းဓါတ်မှန် Magnetic resonance imaging (MRI)၊ Fibro scan၊ အသည်းအသားစယူ စစ်ဆေးခြင်း Liver Biopsy စတဲ့စစ်ဆေးမှုများမှတဆင့် စစ်ဆေးသိရှိနိုင်ပါတယ်။

Author: Dr.Yee Mon

Previous Post

မိုးရာသီမှာ သတိပြုစရာ နှာစေး၊ ချောင်းဆိုးဝေဒနာ

Next Post

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
475
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
435
It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

3 years ago
946

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်စက်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှု

အရပ်အမောင်းနှင့် ကျန်းမာရေး

ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သိနိုင်မယ့်လက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.