“နောက်” မလုပ်သင့်တဲ့အကြောင်းများ
စအိုအားလိင်ဆက်ဆံခြင်းကို လိင်တူချစ်သူ အမျိုးသားအများစု နှင့် အချို့သော လိင်မတူစုံတွဲ များ ပြုလုပ်တတ်ကြပါတယ်။ စအိုလိင်ဆက်ဆံခြင်းမှာ မူမမှန်သည့် လိင်ဆက်ဆံခြင်းဖြစ်သည့်အပြင် ကျန်းမာရေးအတွက်သင့်လျှော်သော လိင်ဆက်ဆံနည်းမဟုတ်ပေ။
စအိုလိင်ဆက်ဆံခြင်းကစိတ်ချရပါသလား?
-တကယ်တော့ စအိုဟာ လိင်ဆက်ဆံရမယ့် အင်္ဂါမဟုတ်ပါဘူး။ ဒါကြောင့် စအိုလိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်အများဆုံး လိင်ဆက်ဆံနည်းတစ်မျိုး ဖြစ်ပါတယ်။
ဘာလို့အန္တရာယ်များတာလဲ?ဆိုးကျိုးတွေကဘာတွေလဲ?
စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝ ချောဆီ မထွက်ပေ။ ဒါကြောင့် လိင်ဆက်ဆံခြင်းပြုတဲ့အခါ ပွန်းပဲ့ မှုများဖြစ်ပြီး ရောဂါပိုးများ သွေးထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ အကျိုးဆက် အနေနဲ့ HIV အစရှိတဲ့ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါ ပြန့်ပွားနှုန်း ပိုများတတ်ပါတယ်။ စစ်တမ်းများအရ စအိုလိင်ဆက်ဆံခြင်းကြောင့် HIV ကူးနှုန်းဟာ ပုံမှန်လိင်ဆက်ဆံခြင်းထက် အဆ ၃၀ များ ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် စအိုကြွက်နို့ပေါက်ခြင်း၊ စအိုကင်ဆာ အစရှိသောရောဂါများလည်း ဖြစ်တတ်ပါတယ်။ အခြားသော စအိုလိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သော ရောဂါတွေကတော့
•ကလာမိုင်းဒီးယားရောဂါ (chlamydia)
•လိင်အင်္ဂါတဝိုက် ရေယုန်ပေါက်ခြင်း
•ဆီးပူညောင်းကျရောဂါ
•ကာလသားရောဂါ အစရှိတဲ့ လိင်မှ တဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပါတယ်။
စအိုလိင်ဆက်ဆံမှုများတဲ့အခါ စအိုရှိ ရှုံ့ကြွက်သားများ အားနည်းကာ ဝမ်းမထိန်းနိုင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ထို့အပြင် ဆက်ဆံနေချိန်တွင် လဲ အဆမတန်နာကျင်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။
ပြီးတော့ စအိုဆိုတာ ဘက်တီးရီးယားတွေပြည့် နေတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ တကယ်လို့ ဆက်ဆံဖေါ် ၂ ဦးလုံးမှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကင်းစင်နေတောင်မှ စအိုမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ စအိုအားဆက်ဆံပြီး မိန်းမကိုယ်အား ဆက်ဆံ လျှင် မိန်းမကိုယ်ပိုးဝင်ခြင်း ရောဂါများဖြစ်တတ်ပါတယ်။
စအိုဆက်ဆံခြင်းကြောင့် ပွန်းခြင်း၊ ပဲ့ခြင်းတို့ အပြင် အလွန်ဆိုးရွားပြင်းထန်သော အခြေအနေအဖြစ် အူပေါက်ပြဲ ခြင်းအထိဖြစ်နိုင်သောကြောင့် သတိထားသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
စအို ဆက်ဆံခြင်းမှာ သဘာဝ အတိုင်းမဟုတ်တဲ့အတွက် ရှောင်ရှားနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပါက ရောဂါပိုး ကူးစက်ခြင်းမှကာကွယ်ရန်အတွက် ကွန်ဒုံးကို မမေ့မလျှော့ အသုံးပြုသင့်ပါတယ်။
ထို့အပြင် ပွန်းပဲ့၊ ပေါက်ပြဲ မှုကို ကာကွယ်ဖို့အတွက်လည်း ချောဆီများများ သုံးသင့်ပါတယ်။ (ကွန်ဒုံး၏ အာနိသင်မပျက်စေရန် ရေအခြေခံသော ကွန်ဒုံးကိုသာ သုံးသင့်ပါတယ်) ဆက်ဆံစဉ် အလွန်အမင်း နာကျင်လာပါက ချက်ချင်းရပ် သင့်ပါတယ်။ စအိုဆက်ဆံပြီး သွေးကျပြီးနာလျှင်၊ အဖုအကြိတ်ထွက်လျှင် ဆရာဝန် အား မရှက်မကြောက်သွား ရောက်ပြသကာ ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။
Author : Dr. Z