fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ

567
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ

ယနေ့ကာလများတွင် ဆေးရုံဆေးခန်းများတွင် အတွေ့များလာသောရောဂါများမှာ     လိင်မှတဆင့်ကူးစက်သော ရောဂါများ ဖြစ်သည်။ အချိန်မီကုသလျှင် အလွယ်တကူကုသ ပျောက်ကင်းနိုင်သော  ရောဂါများရှိသကဲ့သို့ နောက်ဆက်တွဲပြဿနာများပြီး ကုသ ပျောက်ကင်းနိုင်ခြင်းမရှိသော ရောဂါများလည်းရှိသည်။

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု အားနည်းခြင်း၊ လူမှုရေးဆိုင်ရာ ခွဲခြားမှုများရှိခြင်း (ကလေးဆိုလျှင် မဆိုင်ဟုသာ သဘောထားနေကြခြင်း၊ ရှက်စဖွယ်ကိစ္စအဖြစ် ရှူမြင်နေခြင်း) စသည် တို့ကြောင့် အဖြစ်များသော ရောဂါဝေဒနာ ရှင်များသည် လူပျိုဖော်/အပျိုဖော်ဝင်စ အရွယ်များပင်ဖြစ်သည်။ အထူးသဖြင့် အိမ်ထောင်ရှင်များထက် လိင်ကိစ္စအား စမ်းသပ်လိုသူများနှင့် အပျော်အပါး လိုက်စားသူများတွင် ပိုမိုဖြစ်ပွားလျက်ရှိသည်။

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဟု ဆိုသော်လည်း လိင်ကိစ္စမပြုလုပ် သူများတွင်လည်းဖြစ်ပွားနိုင်သော ရောဂါများရှိသည်။ ဥပမာအားဖြင့် သွေးသွင်းကုသမှု ခံယူရာတွင် ရောဂါပိုးရှိသူ၏ သွေးကို သွင်းမိသူများ၊ ဆေးထိုးအပ် မျှဝေသုံးစွဲသူများ၊  ရောဂါပိုးရှိသည့် ဆေးထိုးအပ် စူးမိသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါပိုးရှိသောမိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း စသည်ဖြင့် ကူးစက်ခံရနိုင်သည်။

ရောဂါလက္ခဏာများ
ရောဂါတခုချင်းအလိုက် ခံစားရသောလက္ခဏာများ များစွာရှိသည်။ အချို့လူနာ များတွင် ရောဂါလက္ခဏာများခံစားနေရသော်လည်း  ပြင်းထန်ခြင်းမရှိလျှင် (သို့) စစ်ဆေးခြင်းမရှိလျှင် ရောဂါကူးစက်ခံနေရကြောင်းမသိပဲ အခြားလူများသို့ ထပ်မံ ကူးစက်နိုင်သည်။ အများအားဖြင့် အဖြစ်များသော ရောဂါလက္ခဏာများမှာ –

-ဆီးသွားရာတွင်နာကျင်ခြင်း၊ ပြည်ကဲ့သို့အရည်များပါခြင်း၊
-လိင်အင်္ဂါပတ်လည်၊ စအိုပတ်လည်တွင် ဒဏ်ရာမရှိပဲ နာကျင်နေတတ်ခြင်း၊
-ဝမ်းဗိုက်နှင့် ဆီးစပ်နာကျင်ခြင်း၊
-လိင်ဆက်ဆံရာတွင် နာကျင်ခြင်း
-ခြေဖဝါး၊ လက်ဖဝါးတွင် အနီစက်၊ ယားဖုနှင့် ပြည်တည်နာများခံစားရခြင်း
-ပေါင်ခြံရှိ အကျိတ်များ ကြီးခြင်း၊ ရောင်ခြင်း၊
-ဝမ်းသွားခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ ညပိုင်းများတွင်ချွေးစေးများပြန်ခြင်း၊
-ပုံမှန်မဟုတ်အသားဝါခြင်း၊
-အမျိုးသမီးများတွင် ပုံမှန်မဟုတ်သော အဖြူဆင်းခြင်း (ယားခြင်း၊ ပူခြင်း၊  အနံ့ဆိုးထွက်ခြင်း)
-အမျိုးသမီးများ ပုံမှန်မဟုတ်သွေးဆင်းခြင်း စသည့် ရောဂါလက္ခဏာများအပြင်  ဖြစ်ပွားသော ရောဂါတခုချင်းအလိုက် ခံစားရသော လက္ခဏာများရှိသည်။

ရောဂါဘာကြောင့်ဖြစ်ပွားရသလဲ
လိင်ဆက်ဆံခြင်းမှ အများဆုံး ဖြစ်ပွားရခြင်း ဖြစ်သည်။ လိင်ဆက်ဆံခြင်းဆိုရာ တွင်လည်း  အကာအကွယ် (ကွန်ဒုံး) သုံးပြုခြင်းမရှိသော လိင်ဆက်ဆံခြင်းကြောင့်သာ ကူးစက်ရခြင်းဖြစ်သည်။ အထူးသဖြင့် အပျော်အပါးလိုက်စားသူများနှင့် ပြည့်တန်ဆာများတွင် အများဆုံးကူးစက်ခံရသည်။ လိင်ဆက်ဆံဖက် များလေလေ ဖြစ်ပွားရန် အခွင့်အရေး များလေလေဖြစ်သည်။ ကျန်းမာရေးအသိပညာ ချို့တဲ့သူများနှင့် စီးပွားရေး ချို့တဲ့သူများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း တွေ့ရသည်။

အချို့အမျိုးသား/အမျိုးသမီးများ အနေနှင့် သားဆက်ခြားနည်းများသည် (ဥပမာ -မိန်းမကိုယ်အတွင်းထည့် သားဆက်ခြား ပစ္စည်းသည်) လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုပါ ကာကွယ်နိုင်သည်ဟု ထင်နေသည် များရှိသဖြင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန်လိုသည်။

လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်သော ရောဂါအမျိုးအစားများ
၁။ ကာလသားရောဂါများ
Chalmydia ခေါ် ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါ
ဂနိုးရီးယားခေါ် ဆီးပူညောင်းကျရောဂါ
ဆစ်ဖလစ်ရောဂါ
Trichomoniasis ခေါ် လိင်အင်္ဂါကပ်ပါးရောဂါ
လိင်အင်္ဂါတဝိုက်ဖြစ်ပွားသော ရေယုန်ရောဂါ
လိင်အင်္ဂါ ကြွက်နို့
ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော လိင်အင်္ဂါ ရောင်ရမ်းခြင်းများ
၂။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV, AIDS)
၃။ သွေးမှတဆင့် ကူးစက်သောရောဂါများ
အသည်းရောင်အသားဝါရောဂါ (Hepatitis B)
၄။ အရေပြားချင်းထိစပ်ရာမှ ဖြစ်ပွားသောရောဂါများ ဝဲစို၊ ဝဲခြောက်၊ ယားနာအမျိုးမျိုး

လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါများကိုကုသခြင်း
ဆေးဝါးများခေတ်မီလာသည်နှင့်အညီ သင့်တော်သော ပိုးသတ်ဆေးဝါးများ၊ မှိုသတ်ဆေးဝါးများဖြင့်  လိင်မှတဆင့် ကူးစက်နိုင်သောရောဂါ အများစုကို ပျောက်ကင်းသည်အထိ ကုသမှု ပေးနိုင်ပြီဖြစ်သည်။ အချို့သော ရောဂါများမှာ လုံးဝ  ပျောက်ကင်း သည်အထိ ကုသမှုမပြုနိုင်သော်လည်း  ရောဂါကြောင့်ဖြစ်သော  နောက်ဆက်တွဲ ပြဿနာများ ဖြစ်မလာအောင်နှင့် သက်တမ်းစေ့နေနိုင်အောင် ကုသကာကွယ်နိုင်ပြီ ဖြစ်သည်။

လူနာများအနေနှင့် ရောဂါလက္ခဏာများ ခံစားရခြင်းရှိလျှင် အချိန်မီ ဆေးရုံ ၊ဆေးခန်းသို့ သွားရောက်ပြသရန်လိုပြီး ဆရာဝန်ညွှန်ကြားချက်၊ ကုသမှုများအတိုင်း   ပျောက်ကင်းသည် အထိ  ကုသမှုခံယူရမည်။ အချို့သော ရောဂါများသည်  ဖြစ်ပွားသူတစ်ဦးတည်း ကုသမှု ခံယူခြင်းဖြင့် ပျောက်ကင်းနိုင်ခြင်းမရှိသဖြင့် မိမိ၏ အိမ်ထောင်ဖက်၊ အဖော်ကိုလည်း ကုသမှုခံယူစေရေး အလွန်အရေးကြီးသည်။ စောလျင်စွာကုသခြင်းဖြင့် ရောဂါကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် သားပျက်/သားလျောခြင်း၊ ကလေးအလွယ်တကူမရနိုင်ခြင်းစသည်တို့ကို ကာကွယ် နိုင်မည်ဖြစ်သည်။

ရောဂါကာကွယ်ခြင်း
ရောဂါကူးစက်ခြင်းမခံလိုသူ၊ ကုသခြင်းမခံလိုသူများအနေနှင့် အောက်ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကာကွယ်နိုင်သည်။ ရောဂါကူးစက်ခြင်း ခံနေရသူ လူနာများအနေနှင့်လည်း မိမိထံမှ အခြားသူများ(မိမိ၏ လိင်ဆက်ဆံဖက်)ထံသို့ မကူးစက်စေရေး အထူးဂရုပြုဆင်ခြင်ရမည်။

ရောဂါကာကွယ်ရေးနည်းလမ်းများ

(၁) မိမိအိမ်ထောင်ဖက်အပေါ် သစ္စာရှိပါ။

(၂) ကာကွယ်ဆေးထိုး၍ရသောရောဂါများအတွက် ကာကွယ်ဆေးစနစ်တကျထိုးနှံပါ  (ဥပမာ – အသည်းရောင်အသားဝါ “ဘီ”၊ သားအိမ်ခေါင်းကင်ဆာ)

(၃) အပျော်အပါးလိုက်စားတတ်သူများ အကာအကွယ် (ကွန်ဒုံး) အမြဲသုံးပါ။ (အချို့ ရောဂါများသည် ကွန်ဒုံးအသုံးပြုသော်လည်း ကူးစက်ခံရနိုင်ကြောင်း သတိပြုပါ)

(၄) အကယ်၍ မိမိတွင်ရောဂါဝေဒနာ ခံစားရခြင်းရှိပါကလည်း ဆရာဝန်/ကျန်းမာရေး ဝန်ထမ်းထံတွင် အမြန်ဆုံးကုသမှုခံယူပါ။

(၅) လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများကို လိင်မှတဆင့်ကူးစက်တတ်သော  ရောဂါများနှင့် ကာကွယ်ရေးနည်းလမ်းများ သင်ကြားပေးပါ။

Author : တင့်တယ်

Previous Post

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

Next Post

ကိုယ်အလေးချိန် လျော့ကျခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်အလေးချိန် လျော့ကျခြင်း

မျက်လုံးထဲ သန်ကောင်ရောက်နေတယ်

ကလေးငယ်များကျန်းမာဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.