fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

15.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/02/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

အခုခေတ်ဟာ အင်တာနက်တွေ ဖေ့ဘွတ်တွေ စတဲ့နည်းပညာတွေ ထွန်းကားလာတဲ့အလျှောက် လိင်ကိစ္စတွေမှာလည်း အရင်ခေတ်ကလို အရှက်အကြောက် တအားကြီးနေတာမျိုး မဟုတ်ဘဲ ပိုမိုပွင့်လင်းလာကြပါတယ်။

အထူးသဖြင့် အရာရာစူးစမ်းလိုစိတ်ရှိတဲ့ လူငယ်လူလတ်ပိုင်းတွေဟာ အင်တာနက်ကနေ အပြာဝက်ဆိုဒ်တွေမှာ တင်ထားတဲ့ ဇာတ်ကားတွေ၊ စာအုပ်တွေကို ဖတ်ပြီး လိင်အကြောင်းကို လေ့လာလေ့ရှိကြပါတယ်။

သုတေသနတခုကဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်သည် အပြာဝက်ဆိုဒ်တွေကို တလလျှင် ငါးကြိမ်နဲ့အထက် ဝင်ရောက်လေ့ရှိတယ်လို့တောင် ပြောထားပါတယ်။ အဲ့လိုဝက်ဆိုဒ်တွေကို ကြည့်တဲ့လူအများစုဟာ ကြာလာရင် ဇာတ်ကားထဲက ပြတာတွေကိုအဟုတ်ထင်လာပြီး မိမိအင်္ဂါနဲ့ ဇာတ်ဆောင်အင်္ဂါနဲ့ ယှဉ်ကြည့်ကာ အားငယ်လာတတ်ကြပါတယ်။

ဗဟုသုတနည်းတဲ့ လူငယ်တွေဆိုရင် ငါ့ဟာက လူစဉ်မှ မှီရဲ့လား။ အိမ်ထောင်ပြုလို့မှရပါ့မလား စတဲ့ ဆိုက်ကိုဝင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျောက်ဆုံးလာသည် အထိပါ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဘာတွေထပ်ဖြစ်လာလဲဆိုတော့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုနောက် လိုက်ပြီး ကြီးဆေး (စီလီကွန်) တွေ ထိုးတာ၊ ကြားဖူးနားဝဆေးတွေ သောက်တာ၊ လိမ်းဆေးတွေ လိမ်းတာတွေ ဖြစ်လာပါတယ်။

တကယ်တော့ ဒီဆေးတွေဟာ တရားမဝင်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် အစားသောက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း တရားဝင် ခွင့်ပြုချက် မပေးထားပါဘူး။ သို့သော် ဖေ့ဘွတ်ကနေ ကြေညာအားတော်တော်ကောင်းတဲ့အတွက် တချို့လူငယ်လူလတ်ပိုင်းတွေဟာ ယုံမိပြီး သုံးမိတတ်ကြပါတယ်။

ဒီအခါမှာ ကြီးဆေးထိုးမိရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးခဲပြီး ဆီးသွားရခက်လာတာ၊ နောက်ဆုံးဆီးမသွားနိုင်တော့တာ၊ လိင်အင်္ဂါရောင်ရမ်းတာတွေဖြစ်ပြီး ဆေးရုံရောက်ကာ ခွဲစိပ်ရတာ များပါတယ်။

ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာကျ စီလီကွန်ထိုးတာမဟုတ်ဘဲ ရမ်းကုလိုမျိုး ဆေးကုသခွင့် လိုင်စင်မရှိတဲ့သူက ပေါက်တတ်ကရ အဆီတွေ (ဥပမာ အုန်းဆီ) ထိုးပေးတာမျိုးတွေ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အဲ့လိုပေါက်တတ်ကရတွေ လျှောက်ထိုးလို့ Penis Cancer (လိင်တံကင်ဆာ) ဖြစ်သည်အထိဖြစ်တဲ့ လူငယ်တွေကို ဆေးရုံမှာ မကြာမကြာ တွေ့လာရပါတယ်။

စားဆေး၊ လိမ်းဆေးတွေက အန္တရာယ်မရှိပါဘူးလို့ တချို့အွန်လိုင်းပေ့တွေက ရောင်းကောင်းအောင်ကြေညာသော်လည်း ကိုယ်နဲ့မတည့်ပါက ဆေးသောက်ဆေးလိမ်းပြီး အနီကွက်တွေထတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ယားတာ၊ လိင်တံမှာ အနာပေါက်တာ စသဖြင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်လူလတ်ပိုင်းတွေကို ပြောချင်တာကတော့ အင်္ဂါအရွယ်အစားဆိုတာ လူမျိုးနဲ့လည်း ဆိုင်ပါတယ်။ သုတေသနတွေအရ လိင်အင်္ဂါထောင်မတ်ချိန်မှာ အနောက်ဥရောပတိုက်သားတွေဆိုရင် ငါးလက်မကျော်ရှိပေမယ့် ကျွန်တော်တို့အာရှသားတွေကတော့ လေးလက်မလောက်ပဲ ရှိတာများပါတယ်လို့ စာတမ်းတွေမှာ ရေးထားပါတယ်။

ဒါက လိင်အင်္ဂါအရှည်အတိုင်းအတာပါ။ လုံးပတ်ဆိုရင်လည်း အနောက်ဥရောပတိုက်သားတွေဟာ တလက်မခွဲကနေ နှစ်လက်မနီးပါးရှိကြပေမယ့် အာရှတိုက်သားတွေကတော့ အများအားဖြင့် တလက်မလောက်သာ ရှိကြပါတယ်။ ဒါဟာပုံမှန်ပါပဲ။

ကျွန်တော်တို့ နိုင်ငံက လူငယ်တွေအနေနဲ့ နိုင်ငံခြားကားတွေ ကြည့်ပြီးတော့ သူတို့နဲ့ယှဉ်ပြီး ပိုတိုပိုသေးတာကြောင့် အားငယ်နေစရာမလိုပါဘူး။ ကြားဖူးနားဝဆေးတွေ၊ နည်းတွေလည်း သုံးစရာမလိုပါဘူး။ လျှောက်သုံးမယ်ဆိုရင်တော့ အပေါ်မှာပြောခဲ့သလို ဆိုးကျိုးတွေ ခံစားရနိုင်ခြေများပါတယ်။

ကြာတယ်ဆိုတာလည်း ဒီလိုပါပဲ။ အမျိုးသားအများစုက ပုံမှန်ဆို ၂မိနစ်လောက်နဲ့ သုက်လွှတ်ကြတာများပါတယ်။ ပင်ပန်းနေရင်၊ လိင်ဆက်ဆံရတာ လွတ်လပ်မှုမရှိရင် သို့မဟုတ် အတွေ့အကြုံမရှိဘဲပထမဆုံးဆက်ဆံတာဆိုရင် ပိုပြီးတော့တောင် မြန်မြန်သုက်လွှတ်တာ ဖြစ်နိုင်ပါတယ်။

ဇာတ်ကားတွေထဲမှာ နာရီဝက် တနာရီလောက် ကြာတယ်ဆိုတာက ဖလင်ဆက်ထားတာတွေ ဖြစ်ဖို့များပါတယ်။ စက္ကန့်ပိုင်းလောက်နဲ့ သုက်လွှတ်မှသာ တကယ်သုက်လွှတ်မြန်တယ်လို့ ယူဆလို့ရမှာပါ။

လူငယ်၊ လူရွယ်တွေအပါအဝင် အမျိုးသားတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့တဆင့် စကားတဆင့်ကြားတာတွေ၊ ဗဟုသုတ အားနည်းတာတွေ၊ အပြာဝက်ဆိုဒ်တွေ အကြည့်များတာတွေကြောင့် အမျိုးသားအများစုဟာ ကြီးလေကြာလေရှည်လေ အမျိုးသမီးတွေ သဘောကျလေ လို့ လွဲမှားစွာ ထင်မြင်ယုံကြည်နေကြပါတယ်။

တကယ်တမ်း အမျိုးသမီးတွေကို စစ်တမ်းကောက်တဲ့အခါမှာကျ အိမ်ထောင်ရေး သာယာဖို့က လိင်ဆက်ဆံရေးထက် ချစ်ခင်ကြင်နာမှု၊ တဦးနဲ့တဦး ဖေးမကူညီမှု၊ အပြန်အလှန် လေးစားမှု၊ ဂရုစိုက်မှု၊နားလည်မှုတွေက ပိုအရေးကြီးပါတယ်လို့ အမျိုးသမီးတွေက ပြန်ဖြေထားပါတယ်လို့ သုတေသနစစ်တမ်းတခုက ဖော်ပြထားပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ အပြာရုပ်ရှင်တွေထဲမှာ မဟုတ်မဟတ်တွေ လုပ်ကြံရိုက်ပြတာတွေကြည့်ကာ ကြီးကြာရှည်လေ အမျိုးသမီးတွေ သဘောကျလေ ဆိုပြီး ဝင်နေတဲ့အတွေးမှားတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါလို့ အကြံပေးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။

Author : Dr. 528

Previous Post

သွားတိုက်ခြင်းအကြောင်း

Next Post

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

3 weeks ago
321
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

2 months ago
1.8k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

3 months ago
731
Men's Skincare

အမျိုးသားတို့ Skincare ဖို့

4 months ago
650
bachelor, Puberty and obesity

လူပျို၊ အပျိုဖော်ဝင်စအရွယ်နှင့် အဝလွန်ခြင်းအကြောင်း

4 months ago
634
How to use condoms properly

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

4 months ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ

ကိုယ်အလေးချိန် လျော့ကျခြင်း

မျက်လုံးထဲ သန်ကောင်ရောက်နေတယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.