fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

HIV ရောဂါပိုးအကြောင်း

bacteria virus or germs microorganism cells. 3d rendering.

bacteria virus or germs microorganism cells. 3d rendering.

676
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

HIV ေရာဂါပိုးအေၾကာင္း

HIV ပိုးနဲ႔ ပတ္သတ္ၿပီး အယူအဆမွား တစ္ခ်ိဳ႕ရွိတတ္ပါတယ္။  ပထမတစ္ခုကေတာ့ အေပါင္းအသင္း (သို႔) မိသားစုဝင္ထဲက တစ္ေယာက္ေယာက္ HIV ပိုးကူးစက္ခံမွန္းသိရရင္ အနီးအနားသြားၿပီးထိေတြ႕ဖို႔ နဲ႔အတူစားေသာက္ေနထိုင္ဖို႔ကို ေရွာင္လာတတ္ပါတယ္။ ပိုးရွိသူကို အသုံးအေဆာင္ပစၥည္းေတြ အတူမသုံးခိုင္းေတာ့တာ ထမင္းအတူမစားခိုင္းေတာ့တာေတြအထိျဖစ္လာပါတယ္။ ဒီအခါ ပိုးရွိတဲ့သူမွာ ေရာဂါရွိတာေၾကာင့္သာမကဘဲ မိသားစုဝင္အေပါင္းအသင္းေတြေၾကာင့္ပါ စိတ္အားငယ္တာပါထပ္ခံစားလာရပါေတာ့တယ္။

HIV ပိုးဟာ အရင္တစ္ခါက ေျပာခဲ့သလိုဘဲ ေသြးနဲ႔ လိင္လမ္းေၾကာင္းကတစ္ဆင့္ပဲ အဓိကကူးပါတယ္။ သာမန္ထိေတြ႕ကိုင္တြယ္႐ုံမွ်နဲ႔ ကူးစက္ဖို႔အလြန္နည္းပါတယ္။ ဒါ့ေၾကာင့္ HIV ပိုး ရွိတဲ့ ကိုယ့္မိသားစုဝင္ကို စိတ္ဒဏ္ရာမရသင့္ဘဲ မရေအာင္ ခြဲျခားၿပီးမဆက္ဆံသင့္ပါဘူး။

ေနာက္ၿပီး ပိုးကူးစက္ခံရတာအတြက္ ကုသမႈေတြဟာ အရမ္းေကာင္းေနၿပီျဖစ္တဲ့အတြက္ ပိုးရွိတဲ့သူဟာ ပုံမွန္ကုသမႈကို ခံယူေနရင္ လူေကာင္းတစ္ေယာက္လိုေတာင္ က်န္းက်န္းမာမာေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မိသားစုဝင္အေပါင္းအသင္းမ်ားက စိတ္ဓာတ္မက်ရေလေအာင္ ေႏြးေႏြးေထြးေထြးအားေပးသင့္သလို ကုသမႈခံယူဖို႔အတြက္ကိုတိုက္တြန္းေပးသင့္ပါတယ္။

ေနာက္တစ္ခုကေတာ့ လိင္လမ္းေၾကာင္းကတစ္ဆင့္ ပိုးမကူးစက္ေအာင္ကာကြယ္တာနဲ႔သားဆက္ျခားတာကို မသဲကြဲတာဘဲျဖစ္ပါတယ္။ သားဆက္ျခားနည္းေတြကေတာ့ မ်ိဳးစုံရွိပါတယ္။ ဒါေပမဲ့ လိင္လမ္းေၾကာင္းကတစ္ဆင့္မကူးစက္ေအာင္ သားဆက္ျခားနည္းေတြထဲက Barrier method လို႔ေခၚတဲ့ ကြန္ဒုံးအသုံးျပဳျခင္းကသာ ထိထိေရာက္ေရာက္ကာကြယ္ေပးႏိုင္ပါတယ္။

အျခားသားဆက္ျခားနည္းေတြကေတာ့ ေဆးေသာက္တာ ေဆးထိုးတာ လက္ေမာင္းထဲ (သို႔)သားအိမ္အတြင္းပစၥည္းထည့္တာစသျဖင့္ မ်ိဳးစုံရွိပါတယ္။ ဒါေပမဲ့ဒီနည္းလမ္းေတြအားလုံးဟာ ကေလးမရေအာင္ဘဲကာကြယ္ေပးႏိုင္ပါတယ္။ လိင္လမ္းေၾကာင္းကတစ္ဆင့္ ပိုးမကူးစက္ဖို႔ကို မကာကြယ္ေပးႏိုင္ပါဘူး။

ဒါဆိုဘယ္လိုအခ်ိန္ေတြမွာသုံးသလဲေပါ့။HIV ပိုးရွိသူ လိင္ဆက္ဆံမႈမ်ားတဲ့ အမ်ိဳးသမီးတစ္ခ်ိဳ႕အတြက္ ကြန္ဒုံးအသုံးျပဳတာဟာလုံေလာက္တဲ့ကာကြယ္မႈကို မေပးႏိုင္ဘူးလို႔ ယူဆရတဲ့အခါမွာ ကေလးမရေအာင္ ကာကြယ္ႏိုင္ဖို႔အတြက္ ဒီနည္းလမ္းေတြကိုအသုံးျပဳသင့္ပါတယ္။

ကြန္ဒုံး ဟာ HIV ေရာဂါပိုး မကူးစက္ေအာင္ အေကာင္းဆုံး ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းဆိုေပမဲ့ တစ္ခါတစ္ရံမွာ ေပါက္ၿပဲတာ၊ အသုံးျပဳရမဲ့ date ေက်ာ္လြန္တာ အစရွိတဲ့ျပႆနာေတြ ျဖစ္ၿပီးမေတာ္တဆကေလးရသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မိခင္က ကေလးကို HIV ပိုး ကူးစက္ႏိုင္ေခ်အမ်ားႀကီး ရွိေသးလို႔ အစရွိသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကေလးယူဖို႔ အစီအစဥ္မရွိေသးတဲ့ စုံတြဲေတြအတြက္ အျခားသားဆက္ျခားနည္း တစ္မ်ိဳးကို ထပ္ဆင့္သုံးဖို႔ အႀကံေပးတတ္ၾကပါတယ္။

ဒါကို တစ္ခ်ိဳ႕စုံတြဲေတြဟာ ဆရာဝန္နဲ႔မတိုင္ပင္ဘဲနဲ႔ အျပင္ပန္းကၾကည့္ၿပီး မသိနားမလည္ဘဲ အျခားသားဆက္ျခားနည္းေတြကပါ HIV ပိုးမကူးစက္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ယူဆသြားတတ္ၾကပါတယ္။

ေနာက္ျပႆနာတစ္ခုကေတာ့ ငယ္႐ြယ္ၿပီးဗဟုသုတနည္းတဲ့ အမ်ိဳးသမီးငယ္ေတြမွာမၾကာခဏေတြ႕ရတတ္ပါတယ္။ သူတို႔ေတြဟာ ပိုးရွိသူနဲ႔ မေတာ္တဆအတူေနၿပီးသြားတဲ့အခ်ိန္မွာ emergency pill လို႔ေခၚတဲ့ အေရးေပၚသားဆက္ျခားေဆးကိုသာေသာက္သုံးၿပီး ေနလိုက္ပါတယ္။ ေနာက္ပိုင္းလကၡဏာေပၚလာေတာ့မွာသာ ပိုးကူးခံရမွန္းသိၾကရပါတယ္။ ဒါ့ေၾကာင့္ အေရးေပၚသားဆက္ျခားေဆးဟာ HIV ပိုးကူးစက္ခံရမႈကို မကာကြယ္ေပးႏိုင္မွန္းသတိျပဳမိဖို႔ လိုပါတယ္။

ေရာဂါျဖစ္လာရင္ကုသဖို႔လိုပါတယ္။ ဒီေန႔ေခတ္မွာ HIV / AIDS ေရာဂါအတြက္ကုသတဲ့ေဆးေတြဟာအမ်ားႀကီးေကာင္းလာပါတယ္။ ေနာက္ၿပီးဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြျဖစ္တဲ့ ကြၽန္မတို႔ႏိုင္ငံမ်ိဳးေတြမွာ HIV ကုသမႈေတြကို ႏိုင္ငံတကာရဲ႕အကူအညီနဲ႔ Campaign ေတြ Project ေတြနဲ႔ စနစ္တက် အစီအစဥ္ဆြဲၿပီးေဆာင္႐ြက္လာတဲ့အတြက္ ကုန္က်စရိတ္နည္းနည္းနဲ႔ ထိေရာက္တဲ့ ကုသမႈေတြရလာပါတယ္။ ဒါေၾကာင့္ အဓိကေတာ့ မိမိရဲ႕ ေရာဂါအေျခအေနကို ရွက္႐ြံ႕မေနဘဲေရာဂါအေစာပိုင္းအဆင့္မွာ ကုသမႈခံယူဖို႔အေရးႀကီးပါတယ္။

HIV ကိုကုသတဲ့အဆင့္တစ္ခ်ိဳ႕ကိုနားလည္ေအာင္ေျပာေပးခ်င္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိုးကူးစက္ခံရႏိုင္ေခ်ရွိတဲ့အခါမွာျဖစ္ျဖစ္ အေရွ႕မွာေျပာျပေပးခဲ့တဲ့ ပိုးရွိတဲ့အေစာပိုင္းလကၡဏာေတြေၾကာင့္ပဲျဖစ္ျဖစ္ ပိုးကူးစက္ခံရတယ္လို႔ သံသဃရွိတဲ့အခါ HIV Antibody ကိုဦးဆုံးစစ္ေဆးခိုင္းပါတယ္။

Antibody negative ျဖစ္ရင္ေတာင္ HIV ပိုးကိုေသြးထဲမွာမေတြ႕ရွိႏိုင္တဲ့အဆင့္ေတြရွိတဲ့အတြက္ ၆လၾကာၿပီးတဲ့အခါမွာျပန္လည္စစ္ေဆးဖို႔အႀကံျပဳတတ္ၾကပါတယ္။Antibody positive ျဖစ္တဲ့အခါမွာေတာ့ အမွန္တကယ္ရွိမရွိသိရဖို႔ ပိုေသခ်ာတဲ့Test တစ္ခုျဖစ္တဲ့ PCR Test နဲ႔  အေကာင္(HIV RNA )ကိုေသြးထဲမွာရွာပါတယ္။ HIV RNA ကိုေသြးထဲမွာ ေတြ႕ခဲ့တယ္ဆိုရင္ေတာ့ ပိုးရွိတာ ေသခ်ာသြားၿပီး ကုသမႈကို စတင္ပါတယ္။

ကုသမႈကိုစတင္တဲ့အခါမွာလည္း Viral load (ပိုးေကာင္ေရပမာဏ) နဲ႔ ကိုယ္ခံအားဆဲလ္ပမာဏ (CD4 Count )ေပၚ မူတည္ၿပီး ကုသမႈကို ေ႐ြးခ်ယ္ရပါတယ္။

ART လို႔ေခၚတဲ့ HIV ပိုးကုသတဲ့ေဆးဟာ ပိုးေကာင္ေရပမာဏကို ေလ်ာ့ခ်ေပးဖို႔နဲ႔ ကိုယ္ခံအားဆဲလ္ပမာဏ (CD4 Count) တက္လာဖို႔ကို ရည္႐ြယ္ၿပီး အဓိကေပးပါတယ္။ ART ထဲမွာ HIV ပိုးရဲ႕ကိုယ္ခံအားစနစ္ကို ဖ်က္ဆီးဖို႔ အဆင့္ေတြကို ပိတ္ဖို႔အတြက္ ေဆးေတြျဖစ္တဲ့ NRTI , NNRTI , PI အစရွိတဲ့ ေဆးေတြပါဝင္ပါတယ္။ ေဆးေပးရတဲ့ရည္႐ြယ္ခ်က္ေအာင္မေအာင္နဲ႔ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေတြ၊ ေဆးယဥ္ပါးမႈေတြသိရဖို႔အတြက္လည္း Viral load နဲ႔ CD4 Count ကို ကုသစဥ္တစ္ေလွ်ာက္ အၿမဲစစ္ေဆးေနရပါတယ္။

ေဆးကုသမႈေအာင္ျမင္ၿပီးမွ Viral load ျပန္တက္လာခဲ့ရင္ CD4 Count ျပန္က်သြားခဲ့ရင္ ေဆးယဥ္ပါးတယ္လို႔ ယူဆရပါတယ္။ ဒီလိုအခါမွာ ေဆးေသာက္ခ်ိန္ မွန္မမွန္ေမးျမန္းၿပီး မမွန္တဲ့အခါ ေဆးေသာက္ဖို႔အခ်ိန္ကို ျပန္လည္စီစဥ္ေပးရသလို အမွန္တကယ္ေဆးယဥ္ပါးလို႔ လိုအပ္လာရင္လည္းေဆးေျပာင္းလဲေပးရပါတယ္။

ကုသတဲ့အခါမွာ ဆရာဝန္ေတြေနာက္ထပ္စိုးရိမ္ရေလ့ရွိတဲ့အခ်က္တစ္ခုကေတာ့ HIV ပိုးေၾကာင့္ CD4 က်ရာက အျခားေရာဂါပိုးေတြ ဝင္ေရာက္လာတာပါပဲ။ ဒါေၾကာင့္ ကိုယ့္မွာေရာဂါကုသေနရက္နဲ႔ လကၡဏာအသစ္တစ္ခုေပၚလာခဲ့ရင္ အျခားပိုးဝင္ေရာက္တာျဖစ္ႏိုင္ပါတယ္။ CD4 အေရအတြက္ေပၚမူတည္ၿပီးကူးစက္ခံရတဲ့ပိုးကြဲျပားသြားႏိုင္တဲ့အတြက္ ပိုးသတ္ေဆးေတြကိုမိမိသေဘာနဲ႔ ထင္သလိုမေသာက္သုံးသင့္ပါ။ တိက်တဲ့ပိုးသတ္ေဆး နဲ႔ကုသဖို႔လိုအပ္ႏိုင္တဲ့အတြက္ဆရာဝန္နဲ႔သာအျမန္သြားျပသင့္ပါတယ္။

HIV ပိုးကုသရာမွာ ကုသမႈကိုရႈပ္ေထြးေစႏိုင္တဲ့ အတူတြဲျဖစ္တတ္တဲ့ေရာဂါေတြရွိပါတယ္။ပထမတစ္ခုကေတာ့ တီဘီျဖစ္ပါတယ္။

တီဘီပိုးရွိခဲ့ရင္ ေနာက္ဆုံးအဆင့္ျဖစ္တဲ့ AIDS အဆင့္ျဖစ္တယ္လိုယူဆရပါတယ္။ ဒါ့ေၾကာင့္ HIV ပိုးရွိသူေတြဟာ တီဘီအျဖစ္မ်ားတဲ့ကြၽန္မတို႔ႏိုင္ငံမွာတီဘီရွိသူေတြနဲ႔ ေရွာင္ရွားဖို႔ကို အထူးသတိျပဳ ရပါလိမ့္မယ္။  တီဘီဟာလည္းနာတာရွည္ေရာဂါတစ္ခုျဖစ္သလို တီဘီေဆးေတြရဲ႕ေဘးထြက္ဆိုးက်ိဳးေတြကလည္းအရမ္းမ်ားတာေၾကာင့္ ART ေဆးနဲ႔ တီဘီေဆးအၾကာႀကီးအတူေပးရမယ္ဆိုရင္ ကုသမႈဟာအရမ္းရႈပ္ေထြးသြားႏိုင္ပါတယ္။

အသည္းေရာင္အသားဝါ ဘီပိုး စီပိုးကလည္း ေသြးနဲ႔ လိင္လမ္းေၾကာင္းေတြကတစ္ဆင့္ ကူးစက္ႏိုင္ေခ်ရွိတဲ့ေရာဂါပိုးေတြျဖစ္လို႔ HIV နဲ႔အတူတြဲျဖစ္တတ္ပါတယ္။ ဘီပိုး စီပိုးေတြဟာ မကုသရင္ အသည္းေျခာက္ျခင္းနဲ႔ အသည္းကင္ဆာေတြကို ျဖစ္ေစတဲ့အတြက္ ျဖစ္လာခဲ့ရင္ ကုသေပးရပါတယ္။ ဒါေပမဲ့ HIV ပိုးရွိတဲ့သူမွာ ေဆးကုသမႈႏွစ္ခုဟာ တစ္ခ်ိဳ႕ေသာဆန႔္က်င္ဘက္ရလဒ္ေတြကို ျဖစ္ေစႏိုင္တဲ့အတြက္ ကုသဖို႔ ခက္ခဲၿပီး ကုသတဲ့အခါမွာ အထူးကုဆရာဝန္ အမ်ားအျပားကို ေဆြးေႏြးဖို႔ လိုအပ္ႏိုင္ပါတယ္။

Author : Dr. ေမႊး
HIV ရောဂါပိုးအကြောင်း

HIV ပိုးနဲ့ ပတ်သတ်ပြီး အယူအဆမှား တစ်ချို့ရှိတတ်ပါတယ်။  ပထမတစ်ခုကတော့ အပေါင်းအသင်း (သို့) မိသားစုဝင်ထဲက တစ်ယောက်ယောက် HIV ပိုးကူးစက်ခံမှန်းသိရရင် အနီးအနားသွားပြီးထိတွေ့ဖို့ နဲ့အတူစားသောက်နေထိုင်ဖို့ကို ရှောင်လာတတ်ပါတယ်။ ပိုးရှိသူကို အသုံးအဆောင်ပစ္စည်းတွေ အတူမသုံးခိုင်းတော့တာ ထမင်းအတူမစားခိုင်းတော့တာတွေအထိဖြစ်လာပါတယ်။ ဒီအခါ ပိုးရှိတဲ့သူမှာ ရောဂါရှိတာကြောင့်သာမကဘဲ မိသားစုဝင်အပေါင်းအသင်းတွေကြောင့်ပါ စိတ်အားငယ်တာပါထပ်ခံစားလာရပါတော့တယ်။

HIV ပိုးဟာ အရင်တစ်ခါက ပြောခဲ့သလိုဘဲ သွေးနဲ့ လိင်လမ်းကြောင်းကတစ်ဆင့်ပဲ အဓိကကူးပါတယ်။ သာမန်ထိတွေ့ကိုင်တွယ်ရုံမျှနဲ့ ကူးစက်ဖို့အလွန်နည်းပါတယ်။ ဒါ့ကြောင့် HIV ပိုး ရှိတဲ့ ကိုယ့်မိသားစုဝင်ကို စိတ်ဒဏ်ရာမရသင့်ဘဲ မရအောင် ခွဲခြားပြီးမဆက်ဆံသင့်ပါဘူး။

နောက်ပြီး ပိုးကူးစက်ခံရတာအတွက် ကုသမှုတွေဟာ အရမ်းကောင်းနေပြီဖြစ်တဲ့အတွက် ပိုးရှိတဲ့သူဟာ ပုံမှန်ကုသမှုကို ခံယူနေရင် လူကောင်းတစ်ယောက်လိုတောင် ကျန်းကျန်းမာမာနေနိုင်ပါတယ်။ ဒါ့ကြောင့် မိသားစုဝင်အပေါင်းအသင်းများက စိတ်ဓာတ်မကျရလေအောင် နွေးနွေးထွေးထွေးအားပေးသင့်သလို ကုသမှုခံယူဖို့အတွက်ကိုတိုက်တွန်းပေးသင့်ပါတယ်။

နောက်တစ်ခုကတော့ လိင်လမ်းကြောင်းကတစ်ဆင့် ပိုးမကူးစက်အောင်ကာကွယ်တာနဲ့သားဆက်ခြားတာကို မသဲကွဲတာဘဲဖြစ်ပါတယ်။ သားဆက်ခြားနည်းတွေကတော့ မျိုးစုံရှိပါတယ်။ ဒါပေမဲ့ လိင်လမ်းကြောင်းကတစ်ဆင့်မကူးစက်အောင် သားဆက်ခြားနည်းတွေထဲက Barrier method လို့ခေါ်တဲ့ ကွန်ဒုံးအသုံးပြုခြင်းကသာ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

အခြားသားဆက်ခြားနည်းတွေကတော့ ဆေးသောက်တာ ဆေးထိုးတာ လက်မောင်းထဲ (သို့)သားအိမ်အတွင်းပစ္စည်းထည့်တာစသဖြင့် မျိုးစုံရှိပါတယ်။ ဒါပေမဲ့ဒီနည်းလမ်းတွေအားလုံးဟာ ကလေးမရအောင်ဘဲကာကွယ်ပေးနိုင်ပါတယ်။ လိင်လမ်းကြောင်းကတစ်ဆင့် ပိုးမကူးစက်ဖို့ကို မကာကွယ်ပေးနိုင်ပါဘူး။

ဒါဆိုဘယ်လိုအချိန်တွေမှာသုံးသလဲပေါ့။ HIV ပိုးရှိသူ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးတစ်ချို့အတွက် ကွန်ဒုံးအသုံးပြုတာဟာလုံလောက်တဲ့ကာကွယ်မှုကို မပေးနိုင်ဘူးလို့ ယူဆရတဲ့အခါမှာ ကလေးမရအောင် ကာကွယ်နိုင်ဖို့အတွက် ဒီနည်းလမ်းတွေကိုအသုံးပြုသင့်ပါတယ်။

ကွန်ဒုံး ဟာ HIV ရောဂါပိုး မကူးစက်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းဆိုပေမဲ့ တစ်ခါတစ်ရံမှာ ပေါက်ပြဲတာ၊ အသုံးပြုရမဲ့ date ကျော်လွန်တာ အစရှိတဲ့ပြဿနာတွေ ဖြစ်ပြီးမတော်တဆကလေးရသွားနိုင်ပါတယ်။ ဒါ့ကြောင့် မိခင်က ကလေးကို HIV ပိုး ကူးစက်နိုင်ချေအများကြီး ရှိသေးလို့ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကလေးယူဖို့ အစီအစဉ်မရှိသေးတဲ့ စုံတွဲတွေအတွက် အခြားသားဆက်ခြားနည်း တစ်မျိုးကို ထပ်ဆင့်သုံးဖို့ အကြံပေးတတ်ကြပါတယ်။

ဒါကို တစ်ချို့စုံတွဲတွေဟာ ဆရာဝန်နဲ့မတိုင်ပင်ဘဲနဲ့ အပြင်ပန်းကကြည့်ပြီး မသိနားမလည်ဘဲ အခြားသားဆက်ခြားနည်းတွေကပါ HIV ပိုးမကူးစက်အောင် ကာကွယ်ပေးနိုင်တယ်လို့ယူဆသွားတတ်ကြပါတယ်။

နောက်ပြဿနာတစ်ခုကတော့ ငယ်ရွယ်ပြီးဗဟုသုတနည်းတဲ့ အမျိုးသမီးငယ်တွေမှာမကြာခဏတွေ့ရတတ်ပါတယ်။ သူတို့တွေဟာ ပိုးရှိသူနဲ့ မတော်တဆအတူနေပြီးသွားတဲ့အချိန်မှာ emergency pill လို့ခေါ်တဲ့ အရေးပေါ်သားဆက်ခြားဆေးကိုသာသောက်သုံးပြီး နေလိုက်ပါတယ်။ နောက်ပိုင်းလက္ခဏာပေါ်လာတော့မှာသာ ပိုးကူးခံရမှန်းသိကြရပါတယ်။ ဒါ့ကြောင့် အရေးပေါ်သားဆက်ခြားဆေးဟာ HIV ပိုးကူးစက်ခံရမှုကို မကာကွယ်ပေးနိုင်မှန်းသတိပြုမိဖို့ လိုပါတယ်။

ရောဂါဖြစ်လာရင်ကုသဖို့လိုပါတယ်။ ဒီနေ့ခေတ်မှာ HIV / AIDS ရောဂါအတွက်ကုသတဲ့ဆေးတွေဟာအများကြီးကောင်းလာပါတယ်။ နောက်ပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ကျွန်မတို့နိုင်ငံမျိုးတွေမှာ HIV ကုသမှုတွေကို နိုင်ငံတကာရဲ့အကူအညီနဲ့ Campaign တွေ Project တွေနဲ့ စနစ်တကျ အစီအစဉ်ဆွဲပြီးဆောင်ရွက်လာတဲ့အတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်တဲ့ ကုသမှုတွေရလာပါတယ်။ ဒါကြောင့် အဓိကတော့ မိမိရဲ့ ရောဂါအခြေအနေကို ရှက်ရွံ့မနေဘဲရောဂါအစောပိုင်းအဆင့်မှာ ကုသမှုခံယူဖို့အရေးကြီးပါတယ်။

HIV ကိုကုသတဲ့အဆင့်တစ်ချို့ကိုနားလည်အောင်ပြောပေးချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပိုးကူးစက်ခံရနိုင်ချေရှိတဲ့အခါမှာဖြစ်ဖြစ် အရှေ့မှာပြောပြပေးခဲ့တဲ့ ပိုးရှိတဲ့အစောပိုင်းလက္ခဏာတွေကြောင့်ပဲဖြစ်ဖြစ် ပိုးကူးစက်ခံရတယ်လို့ သံသဃရှိတဲ့အခါ HIV Antibody ကိုဦးဆုံးစစ်ဆေးခိုင်းပါတယ်။  Antibody negative ဖြစ်ရင်တောင် HIV ပိုးကိုသွေးထဲမှာမတွေ့ရှိနိုင်တဲ့အဆင့်တွေရှိတဲ့အတွက် ၆လကြာပြီးတဲ့အခါမှာပြန်လည်စစ်ဆေးဖို့အကြံပြုတတ်ကြပါတယ်။

Antibody positive ဖြစ်တဲ့အခါမှာတော့ အမှန်တကယ်ရှိမရှိသိရဖို့ ပိုသေချာတဲ့Test တစ်ခုဖြစ်တဲ့ PCR Test နဲ့  အကောင်(HIV RNA )ကိုသွေးထဲမှာရှာပါတယ်။ HIV RNA ကိုသွေးထဲမှာ တွေ့ခဲ့တယ်ဆိုရင်တော့ ပိုးရှိတာ သေချာသွားပြီး ကုသမှုကို စတင်ပါတယ်။ ကုသမှုကိုစတင်တဲ့အခါမှာလည်း Viral load (ပိုးကောင်ရေပမာဏ) နဲ့ ကိုယ်ခံအားဆဲလ်ပမာဏ (CD4 Count )ပေါ် မူတည်ပြီး ကုသမှုကို ရွေးချယ်ရပါတယ်။

ART လို့ခေါ်တဲ့ HIV ပိုးကုသတဲ့ဆေးဟာ ပိုးကောင်ရေပမာဏကို လျော့ချပေးဖို့နဲ့ ကိုယ်ခံအားဆဲလ်ပမာဏ (CD4 Count) တက်လာဖို့ကို ရည်ရွယ်ပြီး အဓိကပေးပါတယ်။ ART ထဲမှာ HIV ပိုးရဲ့ကိုယ်ခံအားစနစ်ကို ဖျက်ဆီးဖို့ အဆင့်တွေကို ပိတ်ဖို့အတွက် ဆေးတွေဖြစ်တဲ့ NRTI , NNRTI , PI အစရှိတဲ့ ဆေးတွေပါဝင်ပါတယ်။ ဆေးပေးရတဲ့ရည်ရွယ်ချက်အောင်မအောင်နဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ၊ ဆေးယဉ်ပါးမှုတွေသိရဖို့အတွက်လည်း Viral load နဲ့ CD4 Count ကို ကုသစဉ်တစ်လျှောက် အမြဲစစ်ဆေးနေရပါတယ်။

ဆေးကုသမှုအောင်မြင်ပြီးမှ Viral load ပြန်တက်လာခဲ့ရင် CD4 Count ပြန်ကျသွားခဲ့ရင် ဆေးယဉ်ပါးတယ်လို့ ယူဆရပါတယ်။ ဒီလိုအခါမှာ ဆေးသောက်ချိန် မှန်မမှန်မေးမြန်းပြီး မမှန်တဲ့အခါ ဆေးသောက်ဖို့အချိန်ကို ပြန်လည်စီစဉ်ပေးရသလို အမှန်တကယ်ဆေးယဉ်ပါးလို့ လိုအပ်လာရင်လည်းဆေးပြောင်းလဲပေးရပါတယ်။

ကုသတဲ့အခါမှာ ဆရာဝန်တွေနောက်ထပ်စိုးရိမ်ရလေ့ရှိတဲ့အချက်တစ်ခုကတော့ HIV ပိုးကြောင့် CD4 ကျရာက အခြားရောဂါပိုးတွေ ဝင်ရောက်လာတာပါပဲ။ ဒါကြောင့် ကိုယ့်မှာရောဂါကုသနေရက်နဲ့ လက္ခဏာအသစ်တစ်ခုပေါ်လာခဲ့ရင် အခြားပိုးဝင်ရောက်တာဖြစ်နိုင်ပါတယ်။ CD4 အရေအတွက်ပေါ်မူတည်ပြီးကူးစက်ခံရတဲ့ပိုးကွဲပြားသွားနိုင်တဲ့အတွက် ပိုးသတ်ဆေးတွေကိုမိမိသဘောနဲ့ ထင်သလိုမသောက်သုံးသင့်ပါ။ တိကျတဲ့ပိုးသတ်ဆေး နဲ့ကုသဖို့လိုအပ်နိုင်တဲ့အတွက်ဆရာဝန်နဲ့သာအမြန်သွားပြသင့်ပါတယ်။

HIV ပိုးကုသရာမှာ ကုသမှုကိုရှုပ်ထွေးစေနိုင်တဲ့ အတူတွဲဖြစ်တတ်တဲ့ရောဂါတွေရှိပါတယ်။ ပထမတစ်ခုကတော့ တီဘီဖြစ်ပါတယ်။

တီဘီပိုးရှိခဲ့ရင် နောက်ဆုံးအဆင့်ဖြစ်တဲ့ AIDS အဆင့်ဖြစ်တယ်လိုယူဆရပါတယ်။ ဒါ့ကြောင့် HIV ပိုးရှိသူတွေဟာ တီဘီအဖြစ်များတဲ့ကျွန်မတို့နိုင်ငံမှာတီဘီရှိသူတွေနဲ့ ရှောင်ရှားဖို့ကို အထူးသတိပြု ရပါလိမ့်မယ်။  တီဘီဟာလည်းနာတာရှည်ရောဂါတစ်ခုဖြစ်သလို တီဘီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကလည်းအရမ်းများတာကြောင့် ART ဆေးနဲ့ တီဘီဆေးအကြာကြီးအတူပေးရမယ်ဆိုရင် ကုသမှုဟာအရမ်းရှုပ်ထွေးသွားနိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုး စီပိုးကလည်း သွေးနဲ့ လိင်လမ်းကြောင်းတွေကတစ်ဆင့် ကူးစက်နိုင်ချေရှိတဲ့ရောဂါပိုးတွေဖြစ်လို့ HIV နဲ့အတူတွဲဖြစ်တတ်ပါတယ်။ ဘီပိုး စီပိုးတွေဟာ မကုသရင် အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာတွေကို ဖြစ်စေတဲ့အတွက် ဖြစ်လာခဲ့ရင် ကုသပေးရပါတယ်။ ဒါပေမဲ့ HIV ပိုးရှိတဲ့သူမှာ ဆေးကုသမှုနှစ်ခုဟာ တစ်ချို့သောဆန့်ကျင်ဘက်ရလဒ်တွေကို ဖြစ်စေနိုင်တဲ့အတွက် ကုသဖို့ ခက်ခဲပြီး ကုသတဲ့အခါမှာ အထူးကုဆရာဝန် အများအပြားကို ဆွေးနွေးဖို့ လိုအပ်နိုင်ပါတယ်။

Author : Dr. မွှေး
 

 

 

Previous Post

ကလေးမှက်ခရု သတိပြု

Next Post

စိတ်ဖိစီးလို့ ခေါင်းကိုက်နေပြီဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးလို့ ခေါင်းကိုက်နေပြီဆိုရင်

ဘယ်မှာ စုံစမ်းရမှာလဲ

 သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.