(Zawgyi)
အိမ္ေထာင္ျပဳ၍ သားေမြးျခင္း
ကိုယ္ဝန္ေဆာင္ႏိူင္တဲ့ အသက္အပိုင္းအျခားဟာ အပ်ိဳေပါက္ဘဝမွ ေသြးဆုံးရတဲ့အထိ အၾကမ္းအားျဖင့္ တြက္ဆလို႔ရပါတယ္။ ဒါေပမယ့္ ထူးျခားခ်က္ကေလးေတြေတာ့ ရွိတယ္။ ေသြးဆုံးၿပီးမွ ကိုယ္ဝန္ရဖူးတဲ့ သာဓကေလးေတြလည္း ရွိတယ္။ အသက္ ၅၀ – ၆၀ ေက်ာ္ေတြမွာ ကိုယ္ဝန္ရွိတတ္ပါတယ္။
ဘာဘဲေျပာေျပာ ကိုယ္ဝန္ေဆာင္ႏိူင္ျခင္းမွာ အသက္ ၁၃ ႏွစ္ေအာက္နဲ႔ အသက္ ၅၀ ေက်ာ္မွာ အထူးပင္ ရွားပါးတယ္လို႔ ဆိုႏိူင္ပါတယ္။
သာမန္သူေတြအဖို႔ ကိုးလလြယ္ ဆယ္လဖြားဆိုကာ အလြယ္တကူ မွတ္သားထားၾကတယ္။ ေဆးပညာတြင္ ရႈပ္ေထြးမႈနည္းေစဖို႔ ရက္သတၱပတ္ျဖင့္သာ ကိုယ္ဝန္ကို ေရတြက္ေလ့ရွိတယ္။ ကိုယ္ဝန္ေဆာင္ကာလကို အၾကမ္းအားျဖင့္ ပထမပိုင္း၊ ဒုတိယပိုင္းဆိုၿပီး ခြဲျခားထားပါတယ္။ ကိုယ္ဝန္ေဆာင္တာနဲ႔ ရာသီေသြးရပ္သြားတာဟာ ဓမၼတာပင္ျဖစ္တယ္။ ကိုယ္ဝန္ေဆာင္ၿပီး ႏွစ္လ၊ သုံးလၾကာတဲ့အထိ ရာသီလာတဲ့မွတ္တမ္းေတြလည္း ရွိတယ္။ တစ္ဖန္ ရာသီမေပၚတိုင္း ကိုယ္ဝန္ရွိတယ္လို႔ ဒိဌတြက္၍ မရႏိူင္ပါ။ ေမြးဖြားၿပီး ႏို႔တိုက္ေနရင္ ရာသီမေပၚဘဲ ေနတတ္တယ္။ အပ်ိဳေပါက္စအခ်ိန္တြင္ ရာသီမမွန္တာေၾကာင့္ ေပၚလိုက္၊ ငုပ္လိုက္ ျဖစ္တတ္တယ္။ စိတ္ေရာဂါကို အေျခခံကာ ရာသီမလာတာလည္း ရွိတတ္တယ္။
နံနက္တိုင္း ပ်ိဳ႕အန္တာဟာ ကိုယ္ဝန္ရွိရင္ ျဖစ္တတ္တဲ့ လကၡဏာဆိုေပမယ့္ ကိုယ္ဝန္ရွိတိုင္းျဖစ္တယ္လို႔ ယူဆလို႔မရဘူး။ သားဦးတြင္ အေတာ္အတန္ ျဖစ္တတ္ၾကေပမယ့္ ေနာက္ပိုင္း ကိုယ္ဝန္မ်ားတြင္ မျဖစ္ဘဲ ရွိတတ္တယ္။ အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ နံနက္အိပ္ယာထတြင္ ပ်ိဳ႕တို႔တို႔ျဖစ္ကာ ပထမဆုံးစားတဲ့အစာနဲ႔အတူ အန္တတ္တယ္။ အန္ၿပီးေနာက္လုံးဝေကာင္းသြားၿပီး တစ္ေန႔လုံး ဘာမွျဖစ္ေတာ့ဘူး။ ဒီလကၡဏာေတြဟာ ကိုယ္ဝန္သက္ သုံးလအတြင္း ေပ်ာက္သြားတတ္တယ္။ ဆီးခဏခဏသြားၿပီး ဆီးစပ္ကိုက္တဲ့ ေဝဒနာဟာ ကိုယ္ဝန္သက္ ၂ – ၃ လအတြင္း ျဖစ္တတ္တယ္။ သားအိမ္မွာ ဆီးအိမ္ကိုသြား၍ ဖိထားတာေၾကာင့္ ျဖစ္တယ္။ သုံးလေက်ာ္တဲ့အခါ သားအိမ္မွာႀကီးလာၿပီး တင္ပါးဆုံတြင္းအေပၚသို႔ ေရာက္သြားတဲ့အခါ ဆီးအိမ္နဲ႔ လြတ္သြားတယ္။ အဲ့ဒါေၾကာင့္ ဆီးခဏခဏ သြားတဲ့လကၡဏာလည္း ေပ်ာက္သြားတယ္။ မိခင္ေလာင္းေတြမွာ ရင္သားႀကီးထြားတာကို ပို၍ေတြ႕ရတတ္တယ္။ ဗိုက္ပူတာကေတာ့ သုံးလျပည့္ခါနီးမွ ေတြ႕ရတတ္တယ္။ ထိုအခ်ိန္တြင္ ပို၍ႀကီးမားလာတဲ့ သားအိမ္ဟာ တင္ပါးဆုံကြင္းကို ေက်ာ္၍ ဝမ္းဗိုက္ထဲေရာက္လာတာေၾကာင့္ ျဖစ္တယ္။
ကေလးလႈပ္တာေၾကာင့္ မိခင္ရဲ႕စိတ္ကိုလည္း လႈပ္ရွားေစတာဟာ အမွန္တကယ္ျဖစ္တယ္။ မိခင္ဟာ မိမိ၏ ဝမ္းဗိုက္အတြင္း၌ သက္ရွိသတၱဝါကေလးရွိေနၿပီဆိုတဲ့ အသိနဲ႔ ၾကည္ႏူးမႈျဖစ္ရတယ္။ ဒါေပမယ့္ ကေလးလႈပ္ရွားတယ္ ဟုတ္မဟုတ္ဆိုတာကို လြယ္လြယ္နဲ႔ ဆုံးျဖတ္လို႔မရပါ။ တစ္ခါတစ္ေလ မူးေဝတာ၊ ပ်ိဳ႕အန္တာေတြဟာ ေရာတတ္တယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္သက္ ၁၈ ပတ္မွ ၂၀ ပတ္အတြင္း ေပၚလာတတ္တယ္။ ကေလးေမြးဖူးတဲ့ မိခင္ေတြမွာ အေတြ႕အႀကဳံရွိတာေၾကာင့္ ဦးစြာသိရွိၾကတယ္။ ကေလးလႈပ္ရွားတာဟာ စေပၚတဲ့ အခ်ိန္မွ ေမြးတဲ့အထိ ခံစားရတဲ့လကၡဏာျဖစ္တယ္။
သားဦးမိခင္ေတြမွာ ႏို႔အုံမွာ သိသိသာသာႀကီးလာတာေတြ႕ရတယ္။ ႏို႔အုံအေရျပားတြင္ ေသြးေၾကာေတြကို ထင္ထင္ရွားရွား ျမင္လာရတယ္။ ႏို႔အုံထိပ္ကိုစမ္းၾကည့္ရင္ အဖုကေလးေတြကို စမ္းသပ္ေတြ႕ျမင္ရတယ္။ ႏို႔အုံကို ဖ်စ္ၾကည့္ရင္ အနည္းငယ္နာတယ္။ သားအိမ္ႀကီးတာဟာ မသိသာေပမယ့္ ေယာနိအဂၤါမွာ စမ္းသပ္ၾကည့္ရင္ သာမန္ထက္ႀကီးၿပီး လုံးေနတာေတြ႕ရမယ္။ ကိုယ္ဝန္ေဆာင္ကာလ ဒုတိယပိုင္းတြင္ လကၡဏာေတြဟာ ပိုမိုၿပီး သိသာလာတာေၾကာင့္ ကိုယ္ဝန္ရွိ၊ မရွိ သိဖို႔လြယ္လာတယ္။ ရာသီဆက္၍ ထိန္ေနမယ္။ သားဦးမိခင္တို႔တြင္ ႏို႔အုံႀကီးလာကာ နာလာတတ္တယ္။ ကိုယ္ဝန္ေဆာင္ကာလေနာက္ပိုင္းလေတြမွာ ဝမ္းဗိုက္အတြင္း ဖိအားမ်ားလာတာေၾကာင့္ ေျခေထာက္ေရာင္တာ၊ ေျခေထာက္ႂကြက္တတ္တာ၊ အေၾကာထုံးတာ၊ အသက္ရွဴက်ပ္တာတို႔ ခံစားရတတ္တယ္။
ကိုယ္ဝန္သက္ ၂၄ ပတ္ေက်ာ္လာတဲ့အခါ ကိုယ္ဝန္ပါပဲလို႔ အတိအက်ေျပာႏိူင္တဲ့ လကၡဏာေတြကို စမ္းသပ္ေတြ႕ရလိမ့္မယ္။ ဒါေတြဟာဘာလဲဆိုရင္ –
(၁) ကေလးႏွလုံးခုန္သံကို ၾကားရတယ္။ ေရတြက္ႏိူင္တယ္။
(၂) ကေလးလႈပ္ရွားမႈကို စမ္သပ္ႏိူ္င္တယ္။
(၃) ကေလးရဲ႕ခႏၶာပုံသ႑ာန္ေတြကို စမ္းသပ္ေတြ႕ရွိႏိူင္တယ္။
(၄) အတိအက် ေျပာႏိူင္တဲ့ စမ္းသပ္မႈဟာ ဓာတ္မွန္ထဲတြင္ ကေလးရဲ႕အ႐ိုးေတြကို ေတြ႕ရတာပဲျဖစ္တယ္။
သားအိမ္ႀကီးထြားမႈ ပိုလာတာေၾကာင့္ ဝမ္းဗိုက္မွာလည္း သိသိသာသာပူ၍လာလိမ့္မယ္။ကိုယ္ဝန္ေဆာင္ေနတုန္းျဖစ္တတ္တဲ့ ေရာဂါအေသးအဖြဲ႕ေတြကို သိသင့္တယ္။ ကိုယ္ဝန္ရင့္လာတာနဲ႔ျဖစ္တတ္တဲ့ ေရာဂါေတြဟာ အာ႐ုံေၾကာထုံတာ၊ အစာမေၾကတာ၊ ေသြးေဖ်ာ့ေရာဂါတို႔ ျဖစ္တယ္။ အာ႐ုံေၾကာထုံတာဟာ အာဟာရခ်ိဳ႕တဲ့တာနဲ႔ ပတ္သက္တယ္။ အထူးသျဖင့္ ဗီတာမင္နဲ႔ ဓာတ္သတၱဳေတြ နည္းတာေၾကာင့္ျဖစ္တယ္။ ေျခလက္က်င္တာ၊ ႂကြက္တတ္တာတို႔ေၾကာင့္ ျဖစ္တတ္တယ္။ ဗီတာမင္နဲ႔ ကယ္လ္စီယမ္ဓာတ္မ်ားမ်ားစားေပးဖို႔ လိုတယ္။ ေျခေထာက္၊ မအဂၤါတစ္ဝိုက္နဲ႔ စအိုပတ္လည္မွာရွိတဲ့ ေသြးေၾကာေတြမွာ
ေသြးေၾကာထုံးတတ္တယ္။ ေျခေထာက္ေသြးေၾကာေတြထုံရင္ ေျခေထာက္ကို မၾကာခဏ အျမင့္တြင္တင္ၿပီး အိပ္ပါ။ အိပ္ယာမထခင္ ေမွ်ာ့ပတ္တီးစီးပါ။ အလြန္ေနရခက္ရင္ ေသြးခဲတဲ့ေဆးေတြကို ထိုးေပးႏိူင္တယ္။
အစာမေၾကျခင္းဆိုတဲ့ ေလနာတာ၊ ဗိုက္ပူတာတို႔ဟာ သာမန္ေလေဆးစား႐ုံနဲ႔ ေပ်ာက္ကင္းႏိူင္တယ္။ ေသြးေဖ်ာ့ေရာဂါဆိုတာကေတာ့ သေႏၶသားတြင္ ေသြးနီဥေတြ ျဖစ္ေပၚေစဖို႔အတြက္ သံဓာတ္လိုအပ္တယ္။ ဒီသံဓာတ္ဟာ မိခင္ထံကရတာေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ မိခင္အဖို႔ အရင္ထက္ သံဓာတ္ပို၍ လိုလာတယ္။ အစားအစာေတြမွာ သံဓာတ္အားနည္းရင္ သံဓာတ္နည္းတဲ့ ေသြးေဖ်ာ့ေရာဂါျဖစ္တယ္။ ဒီေရာဂါကို ကာကြယ္ဖို႔ ပါရပ္ဆာဖိတ္ဗ်ဴရာမင္ဘီစီတို႔ကို စားေပးပါ။
Author: ေမာင္ခ်မ္းသာ, Healthcare Journal
(Unicode)
အိမ်ထောင်ပြု၍ သားမွေးခြင်း
ကိုယ်ဝန်ဆောင်နိူင်တဲ့ အသက်အပိုင်းအခြားဟာ အပျိုပေါက်ဘဝမှ သွေးဆုံးရတဲ့အထိ အကြမ်းအားဖြင့် တွက်ဆလို့ရပါတယ်။ ဒါပေမယ့် ထူးခြားချက်ကလေးတွေတော့ ရှိတယ်။ သွေးဆုံးပြီးမှ ကိုယ်ဝန်ရဖူးတဲ့ သာဓကလေးတွေလည်း ရှိတယ်။ အသက် ၅၀ – ၆၀ ကျော်တွေမှာ ကိုယ်ဝန်ရှိတတ်ပါတယ်။
ဘာဘဲပြောပြော ကိုယ်ဝန်ဆောင်နိူင်ခြင်းမှာ အသက် ၁၃ နှစ်အောက်နဲ့ အသက် ၅၀ ကျော်မှာ အထူးပင် ရှားပါးတယ်လို့ ဆိုနိူင်ပါတယ်။
သာမန်သူတွေအဖို့ ကိုးလလွယ် ဆယ်လဖွားဆိုကာ အလွယ်တကူ မှတ်သားထားကြတယ်။ ဆေးပညာတွင် ရှုပ်ထွေးမှုနည်းစေဖို့ ရက်သတ္တပတ်ဖြင့်သာ ကိုယ်ဝန်ကို ရေတွက်လေ့ရှိတယ်။ ကိုယ်ဝန်ဆောင်ကာလကို အကြမ်းအားဖြင့် ပထမပိုင်း၊ ဒုတိယပိုင်းဆိုပြီး ခွဲခြားထားပါတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ ရာသီသွေးရပ်သွားတာဟာ ဓမ္မတာပင်ဖြစ်တယ်။ ကိုယ်ဝန်ဆောင်ပြီး နှစ်လ၊ သုံးလကြာတဲ့အထိ ရာသီလာတဲ့မှတ်တမ်းတွေလည်း ရှိတယ်။ တစ်ဖန် ရာသီမပေါ်တိုင်း ကိုယ်ဝန်ရှိတယ်လို့ ဒိဌတွက်၍ မရနိူင်ပါ။ မွေးဖွားပြီး နို့တိုက်နေရင် ရာသီမပေါ်ဘဲ နေတတ်တယ်။ အပျိုပေါက်စအချိန်တွင် ရာသီမမှန်တာကြောင့် ပေါ်လိုက်၊ ငုပ်လိုက် ဖြစ်တတ်တယ်။ စိတ်ရောဂါကို အခြေခံကာ ရာသီမလာတာလည်း ရှိတတ်တယ်။
နံနက်တိုင်း ပျို့အန်တာဟာ ကိုယ်ဝန်ရှိရင် ဖြစ်တတ်တဲ့ လက္ခဏာဆိုပေမယ့် ကိုယ်ဝန်ရှိတိုင်းဖြစ်တယ်လို့ ယူဆလို့မရဘူး။ သားဦးတွင် အတော်အတန် ဖြစ်တတ်ကြပေမယ့် နောက်ပိုင်း ကိုယ်ဝန်များတွင် မဖြစ်ဘဲ ရှိတတ်တယ်။ အချို့ အမျိုးသမီးတွေဟာ နံနက်အိပ်ယာထတွင် ပျို့တို့တို့ဖြစ်ကာ ပထမဆုံးစားတဲ့အစာနဲ့အတူ အန်တတ်တယ်။ အန်ပြီးနောက်လုံးဝကောင်းသွားပြီး တစ်နေ့လုံး ဘာမှဖြစ်တော့ဘူး။ ဒီလက္ခဏာတွေဟာ ကိုယ်ဝန်သက် သုံးလအတွင်း ပျောက်သွားတတ်တယ်။ ဆီးခဏခဏသွားပြီး ဆီးစပ်ကိုက်တဲ့ ဝေဒနာဟာ ကိုယ်ဝန်သက် ၂ – ၃ လအတွင်း ဖြစ်တတ်တယ်။ သားအိမ်မှာ ဆီးအိမ်ကိုသွား၍ ဖိထားတာကြောင့် ဖြစ်တယ်။ သုံးလကျော်တဲ့အခါ သားအိမ်မှာကြီးလာပြီး တင်ပါးဆုံတွင်းအပေါ်သို့ ရောက်သွားတဲ့အခါ ဆီးအိမ်နဲ့ လွတ်သွားတယ်။
အဲ့ဒါကြောင့် ဆီးခဏခဏ သွားတဲ့လက္ခဏာလည်း ပျောက်သွားတယ်။ မိခင်လောင်းတွေမှာ ရင်သားကြီးထွားတာကို ပို၍တွေ့ရတတ်တယ်။ ဗိုက်ပူတာကတော့ သုံးလပြည့်ခါနီးမှ တွေ့ရတတ်တယ်။ ထိုအချိန်တွင် ပို၍ကြီးမားလာတဲ့ သားအိမ်ဟာ တင်ပါးဆုံကွင်းကို ကျော်၍ ဝမ်းဗိုက်ထဲရောက်လာတာကြောင့် ဖြစ်တယ်။
ကလေးလှုပ်တာကြောင့် မိခင်ရဲ့စိတ်ကိုလည်း လှုပ်ရှားစေတာဟာ အမှန်တကယ်ဖြစ်တယ်။ မိခင်ဟာ မိမိ၏ ဝမ်းဗိုက်အတွင်း၌ သက်ရှိသတ္တဝါကလေးရှိနေပြီဆိုတဲ့ အသိနဲ့ ကြည်နူးမှုဖြစ်ရတယ်။ ဒါပေမယ့် ကလေးလှုပ်ရှားတယ် ဟုတ်မဟုတ်ဆိုတာကို လွယ်လွယ်နဲ့ ဆုံးဖြတ်လို့မရပါ။ တစ်ခါတစ်လေ မူးဝေတာ၊ ပျို့အန်တာတွေဟာ ရောတတ်တယ်။ များသောအားဖြင့် ကိုယ်ဝန်သက် ၁၈ ပတ်မှ ၂၀ ပတ်အတွင်း ပေါ်လာတတ်တယ်။ ကလေးမွေးဖူးတဲ့ မိခင်တွေမှာ အတွေ့အကြုံရှိတာကြောင့် ဦးစွာသိရှိကြတယ်။ ကလေးလှုပ်ရှားတာဟာ စပေါ်တဲ့ အချိန်မှ မွေးတဲ့အထိ ခံစားရတဲ့လက္ခဏာဖြစ်တယ်။
သားဦးမိခင်တွေမှာ နို့အုံမှာ သိသိသာသာကြီးလာတာတွေ့ရတယ်။ နို့အုံအရေပြားတွင် သွေးကြောတွေကို ထင်ထင်ရှားရှား မြင်လာရတယ်။ နို့အုံထိပ်ကိုစမ်းကြည့်ရင် အဖုကလေးတွေကို စမ်းသပ်တွေ့မြင်ရတယ်။ နို့အုံကို ဖျစ်ကြည့်ရင် အနည်းငယ်နာတယ်။ သားအိမ်ကြီးတာဟာ မသိသာပေမယ့် ယောနိအင်္ဂါမှာ စမ်းသပ်ကြည့်ရင် သာမန်ထက်ကြီးပြီး လုံးနေတာတွေ့ရမယ်။ ကိုယ်ဝန်ဆောင်ကာလ ဒုတိယပိုင်းတွင် လက္ခဏာတွေဟာ ပိုမိုပြီး သိသာလာတာကြောင့်
ကိုယ်ဝန်ရှိ၊ မရှိ သိဖို့လွယ်လာတယ်။ ရာသီဆက်၍ ထိန်နေမယ်။ သားဦးမိခင်တို့တွင် နို့အုံကြီးလာကာ နာလာတတ်တယ်။ ကိုယ်ဝန်ဆောင်ကာလနောက်ပိုင်းလတွေမှာ ဝမ်းဗိုက်အတွင်း ဖိအားများလာတာကြောင့် ခြေထောက်ရောင်တာ၊ ခြေထောက်ကြွက်တတ်တာ၊ အကြောထုံးတာ၊
အသက်ရှူကျပ်တာတို့ ခံစားရတတ်တယ်။
ကိုယ်ဝန်သက် ၂၄ ပတ်ကျော်လာတဲ့အခါ ကိုယ်ဝန်ပါပဲလို့ အတိအကျပြောနိူင်တဲ့ လက္ခဏာတွေကို စမ်းသပ်တွေ့ရလိမ့်မယ်။ ဒါတွေဟာဘာလဲဆိုရင် –
(၁) ကလေးနှလုံးခုန်သံကို ကြားရတယ်။ ရေတွက်နိူင်တယ်။
(၂) ကလေးလှုပ်ရှားမှုကို စမ်သပ်နိူ်င်တယ်။
(၃) ကလေးရဲ့ခန္ဓာပုံသဏ္ဍာန်တွေကို စမ်းသပ်တွေ့ရှိနိူင်တယ်။
(၄) အတိအကျ ပြောနိူင်တဲ့ စမ်းသပ်မှုဟာ ဓာတ်မှန်ထဲတွင် ကလေးရဲ့အရိုးတွေကို တွေ့ရတာပဲဖြစ်တယ်။
သားအိမ်ကြီးထွားမှု ပိုလာတာကြောင့် ဝမ်းဗိုက်မှာလည်း သိသိသာသာပူ၍လာလိမ့်မယ်။ ကိုယ်ဝန်ဆောင်နေတုန်းဖြစ်တတ်တဲ့ ရောဂါအသေးအဖွဲ့တွေကို သိသင့်တယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ဖြစ်တတ်တဲ့ ရောဂါတွေဟာ အာရုံကြောထုံတာ၊ အစာမကြေတာ၊ သွေးဖျော့ရောဂါတို့ ဖြစ်တယ်။
အာရုံကြောထုံတာဟာ အာဟာရချို့တဲ့တာနဲ့ ပတ်သက်တယ်။ အထူးသဖြင့် ဗီတာမင်နဲ့ ဓာတ်သတ္တုတွေ နည်းတာကြောင့်ဖြစ်တယ်။ ခြေလက်ကျင်တာ၊ ကြွက်တတ်တာတို့ကြောင့် ဖြစ်တတ်တယ်။ ဗီတာမင်နဲ့ ကယ်လ်စီယမ်ဓာတ်များများစားပေးဖို့ လိုတယ်။ ခြေထောက်၊ မအင်္ဂါတစ်ဝိုက်နဲ့ စအိုပတ်လည်မှာရှိတဲ့ သွေးကြောတွေမှာ သွေးကြောထုံးတတ်တယ်။ ခြေထောက်သွေးကြောတွေထုံရင် ခြေထောက်ကို မကြာခဏ အမြင့်တွင်တင်ပြီး အိပ်ပါ။ အိပ်ယာမထခင် မျှော့ပတ်တီးစီးပါ။ အလွန်နေရခက်ရင်သွေးခဲတဲ့ဆေးတွေကို ထိုးပေးနိူင်တယ်။
အစာမကြေခြင်းဆိုတဲ့ လေနာတာ၊ ဗိုက်ပူတာတို့ဟာ သာမန်လေဆေးစားရုံနဲ့ ပျောက်ကင်းနိူင်တယ်။ သွေးဖျော့ရောဂါဆိုတာကတော့ သန္ဓေသားတွင် သွေးနီဥတွေ ဖြစ်ပေါ်စေဖို့အတွက် သံဓာတ်လိုအပ်တယ်။ ဒီသံဓာတ်ဟာ မိခင်ထံကရတာကြောင့် ကိုယ်ဝန်ဆောင်စဉ် မိခင်အဖို့ အရင်ထက် သံဓာတ်ပို၍ လိုလာတယ်။ အစားအစာတွေမှာ သံဓာတ်အားနည်းရင် သံဓာတ်နည်းတဲ့ သွေးဖျော့ရောဂါဖြစ်တယ်။ ဒီရောဂါကို ကာကွယ်ဖို့ ပါရပ်ဆာဖိတ်ဗျူရာမင်ဘီစီတို့ကို စားပေးပါ။
Author: မောင်ချမ်းသာ, Healthcare Journal