fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသား သတိထားသင့်သောရောဂါများနှင့် ရောဂါစစ်ဆေးခြင်းများနည်းလမ်းများ

90
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/05/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ပုံမုန္က်န္းမာေရးစစ္ေဆးျခင္းသည္ က်န္းမာေရးအတြက္ အလြန္အေရးႀကီးေသာ အရာတစ္ခုျဖစ္သည္။ က်န္းမာေရးစစ္ေဆးျခင္းျဖင့္ ေရာဂါမ်ားကို ႀကိဳတင္ေစာေစာစီးစီးသိရွိႏိုင္ၿပီး ေရာဂါကုသရာတြင္ လြယ္ကူေပ်ာက္ကင္းေစႏိုင္ပါသည္။ အူမႀကီးကင္ဆာကို ေစာေစာစီးစီးရွာေဖြေတြ႕ရွိပါက ေပ်ာက္ကင္းေအာင္ ကုသႏိုင္ေျခအလြန္မ်ားႏိုင္သလို ဆီးခ်ိဳေသြးခ်ိဳေရာဂါမ်ားကို စျဖစ္ျဖစ္ခ်င္းသိရွိပါက ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားျဖစ္ေသာ အျမင္အာ႐ုံဆုံးရႈံးျခင္းႏွင့္ ပန္းေသပန္းညႇိဳးေရာဂါမ်ားကို ကာကြယ္ႏိုင္ပါသည္။ ေရာဂါစစ္ေဆးျခင္းနည္းလမ္းမ်ားသည္ အသက္အ႐ြယ္ႏွင့္ ေရာဂါျဖစ္ႏိုင္ေျခ အခ်က္အလက္မ်ားေပၚတြင္ မူတည္ေနပါသည္။

ဆီးက်ိတ္ကင္ဆာ
ဆီးက်ိတ္ကင္ဆာသည္ အေမရိကန္အမ်ိဳးသားမ်ား၌ အေရျပားကင္ဆာၿပီးလွ်င္ ဒုတိယအမ်ားဆုံး ေတြ႕ရေသာကင္ဆာျဖစ္သည္။ အမ်ားအားျဖင့္ ျဖည္းျဖည္းသာ ပြားမ်ားေသာ ကင္ဆာျဖစ္ၿပီး အလွ်င္အျမန္ပြားမ်ားေသာ ဆီးက်ိတ္ကင္ဆာ အမ်ိဳးအစားလည္းရွိသည္။ ေရာဂါႀကိဳတင္ရွာေဖြစစ္ေဆးျခင္းသည္ တစ္ခါတစ္ရံလကၡဏာမ်ား မျပမီကပင္ ေရာဂါကို ႀကိဳတင္သိရွိႏိုင္သျဖင့္ ကုသမႈနည္းလမ္းမ်ားသည္ ထိေရာက္ေစႏိုင္သည္။ က်န္းမာေရးေကာင္းမြန္ေသာ အမ်ိဳးသားအတြက္ က်န္းမာေရး စစ္ေဆးျခင္းနည္းလမ္းမ်ားတြင္ စအိုကို လက္ျဖင့္ စမ္းသပ္၍ ေရာဂါရွာေဖြျခင္းနည္းလမ္း (Digital Rectal Exam) ႏွင့္ ဆီးက်ိတ္အင္တီဂ်င္ကို စမ္းသပ္ျခင္းနည္းလမ္း (PSA Blood Test) တို႔ ပါဝင္ႏိုင္သည္။

ေဝွးေစ့ကင္ဆာ
အေတြ႕ရအနည္းဆုံး ကင္ဆာျဖစ္ၿပီး အသက္၂၀ မွ ၅၄ ႏွစ္အတြင္း အမ်ိဳးသားမ်ားတြင္ ေတြ႕ရေလ့ရွိသည္။ အေမရိကန္ကင္ဆာအဖြဲ႕အစည္းႀကီးက အမ်ိဳးသားမ်ား အေနျဖင့္ ဆရာဝန္မ်ားႏွင့္ သြားေရာက္ျပသတိုင္း ေဝွးေစ့ေရာဂါ စမ္းသပ္ျခင္းကို ခံယူသင့္ေၾကာင္း အႀကံျပဳထားသည္။ မိသားစုမ်ိဳး႐ိုးရွိေသာ အမ်ိဳးသားမ်ားသည္ ေရာဂါႀကိဳတင္ရွာေဖြ စစ္ေဆးသင့္သည္။ အခ်ိဳ႕ဆရာဝန္မ်ားက မိမိကိုယ္တိုင္ စမ္းသပ္ျခင္း နည္းလမ္းမ်ားကို အႀကံျပဳထားၾကၿပီး ေဝွးေစ့တြင္ အလုံးအက်ိတ္ရွိမရွိ၊ အရင္ကထက္ မာလာျခင္းရွိမရွိ၊ အ႐ြယ္အစားႏွင့္ ပုံစံေျပာင္းလဲလာျခင္းရွိမရွိ စသည္တို႔ကို သတိထားစမ္းသပ္သင့္ေၾကာင္းလည္း လမ္းၫႊန္ထားသည္။

အူမႀကီးကင္ဆာ
အူမႀကီးကင္ဆာသည္ ကင္ဆာေၾကာင့္ ေသဆုံးမႈမ်ားတြင္ ဒုတိယအမ်ားဆုံး ကင္ဆာျဖစ္သည္။ အမ်ိဳးသားမ်ားတြင္ အမ်ိဳးသမီးမ်ားအထက္ အနည္းငယ္ ပိုျဖစ္ပြားႏိုင္ေျခမ်ားပါသည္။ အူမႀကီးအတြင္း အလုံးအက်ိတ္အဖုမ်ား တျဖည္းျဖည္း ႀကီးထြားလာၿပီး ကင္ဆာဆဲလ္မ်ား ပြားမ်ားျခင္းျဖင့္ အူမႀကီးကင္ဆာကို ေတြ႕ရတတ္သည္။ ကင္ဆာျဖစ္ပြားပါက အျခားခႏၶာကိုယ္အစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႔ႏိုင္သည္။ အူမႀကီးကင္ဆာကို ကာကြယ္ႏိုင္ရန္ အေကာင္းဆုံး နည္းလမ္းမွာ ေစာစီးစြာ ေရာဂါရွာေဖြၿပီး ကင္ဆာအဆင့္မေျပာင္းမီ အလုံး၊ အက်ိတ္အဖုမ်ားကို ဖယ္ရွားျခင္းနည္းလမ္းျဖစ္သည္။
အူမႀကီးကင္ဆာ ရွာေဖြစမ္းသပ္ျခင္းကို အသက္ ၅၀ ေရာက္သည္ႏွင့္ ပုံမွန္စမ္းသပ္သင့္ၿပီး လကၡဏာမ်ားအေပၚ မူတည္ပါသည္။ မွန္ေျပာင္းထည့္၍ ေရာဂါရွာေဖြျခင္းနည္းလမ္း Colono scopy သည္ အသုံးအမ်ားဆုံး နည္းလမ္းျဖစ္သည္။ အျခားနည္းလမ္းမ်ားျဖစ္ေသာ Flexible Sigmoidoscopy (အူမႀကီး၏ ေအာက္ေျခပိုင္းကိုသာ ေတြ႕ႏိုင္ေသာ မွန္ေျပာင္းထည့္၍ စမ္းသပ္နည္း)၊ Virtual Colonoscopy (စီတီစကင္ အသုံးျပဳ၍ ေရာဂါရွာေဖြျခင္း)၊ Double Contrast Barium enema (ဓာတ္မွန္႐ိုက္ျခင္းနည္းလမ္း) စသည္တို႔ ျပဳလုပ္ႏိုင္သည္။

အေရျပားကင္ဆာ
အေရျပားကင္ဆာမ်ားတြင္ အႏၲရာယ္အေပးႏိုင္ဆုံးမွာ Melanoma ကင္ဆာျဖစ္သည္။ အေရျပားအေရာင္ကို ထုတ္လုပ္ေပးေသာ Melanocytes ဆဲလ္မ်ား ပုံမွန္မဟုတ္ျခင္းမွ ျဖစ္ေစႏိုင္သည္။ အသက္အ႐ြယ္ႀကီးရင္းေသာ အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားထက္ ႏွစ္ဆေက်ာ္ ျဖစ္ေစႏိုင္သည္။ ေရာဂါျဖစ္ႏိုင္ေျခမွာ ေနေရာင္ျခည္ကို အခ်ိန္ၾကာျမင့္စြာ ထိေတြ႕ျခင္း၊ ဓာတုပစၥည္းမ်ား ပါဝင္ေသာ အလွကုန္ပစၥည္းမ်ားကို အလြန္အကြၽံအသုံးျပဳျခင္း တို႔ေၾကာင့္ျဖစ္သည္။
အေရျပားအထူးကု ဆရာဝန္အမ်ားစုက မိမိ၏အေရျပားတြင္ တစ္စုံတစ္ရာ ထူးျခားမႈေျပာင္းလဲမႈ ရွိမရွိကို သတိထားၾကည့္ရႈသင့္ၿပီး အေရျပားကြက္၊ မွည့္စသည္တို႔သည္ ပုံစံ၊ အေရာင္၊ အ႐ြယ္အစား ေျပာင္းလဲလာပါက ဆရာဝန္ႏွင့္ ျပသသင့္ေၾကာင္း အႀကံျပဳၾကသည္။ အေရျပားကင္ဆာကို ေစာစီးစြာ သိရွိပါက ကုသမႈနည္းလမ္းမ်ားမွာ အလြန္ထိေရာက္ၿပီး ေပ်ာက္ကင္းေအာင္ ကုသႏိုင္ၿပီျဖစ္သည္။

ေသြးတိုးေရာဂါ
ေသြးတိုးေရာဂါသည္ အသက္အ႐ြယ္ႀကီးလာသည္ႏွင့္အမွ် ပိုမိုျဖစ္ႏိုင္ေျခမ်ားၿပီး ကိုယ္အေလးခ်ိန္၊ ေနထိုင္မႈပုံစံ၊ အစားအေသာက္မ်ားႏွင့္လည္း ဆက္စပ္ေနသည္။ ေသြးဖိအား အလြန္အမင္း ျမင့္တက္ျခင္းသည္ ျပင္းထန္ေသာ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို ျဖစ္ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ မိမိ၏ ပုံမုန္ေသြးဖိအားကို မွတ္သားထားၿပီး ထိုထက္ပိုျမင့္မားေနပါက ဆရာဝန္ႏွင့္ ျပသကာ ကုသမႈ ခံယူသင့္ပါသည္။ ပုံမွန္ေသြးဖိအားအေပၚ ေသြး၁၂၀ ေအာက္ေသြး ၈၀ ျဖစ္ၿပီး အေပၚေသြး ၁၄၀ ေအာက္ေသြး ၉၀ ထက္ျမင့္မားပါက ေသြးတိုးေနၿပီဟု သတ္မွတ္ႏိုင္ကာ ဆရာဝန္ႏွင့္ ျပသကုသသင့္ပါသည္။ ေသြးေပါင္ပုံမုန္တိုင္းျခင္း အႀကိမ္ေရမွာလည္း မိမိ၏ေသြးဖိအား ပမာဏႏွင့္ အျခားေရာဂါျဖစ္ႏိုင္ေခ် အခ်က္အလက္မ်ားေပၚတြင္လည္း မူတည္ပါသည္။

ဆီးခ်ိဳေသြးခ်ိဳအမ်ိဳးအစား (၂)
ဆီးခ်ိဳေသြးခ်ိဳေရာဂါကို အသံတိတ္ လူသတ္သမားဟု ေခၚေဝၚၾကၿပီး လကၡဏာမ်ားမျပဘဲ ေနာက္က်မွ သိရွိရေသာေၾကာင့္ သတိထားသင့္ေသာ ေရာဂါျဖစ္သည္။ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို မထိန္းခ်ဳပ္ႏိုင္ပါက ႏွလုံးေရာဂါ၊ ေလျဖတ္ျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္း၊ အျမင္အာ႐ုံ ဆုံးရႈံးထိခိုက္ျခင္း၊ အာ႐ုံေၾကာမ်ား ထိခိုက္ပ်က္စီးျခင္း၊ ပန္းေသပန္းညႇိဳးျဖစ္ျခင္း စသည္တို႔ ျဖစ္ေစႏိုင္သည္။ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါကိုု ေစာစီးစြာ သိရွိပါက ေရာဂါကို ေဆးဝါးအစားအေသာက္ ေလ့က်င္းခန္း၊ ကိုယ္ခႏၶာအေလးခ်ိန္ ထိန္းျခင္း စသည္တို႔ျဖင့္ ထိန္းခ်ဳပ္ႏိုင္ၿပီး ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကို ကာကြယ္ႏိုင္ပါသည္။ ေသြးတြင္း သၾကားဓာတ္စစ္ျခင္း၊ Glucose Tolerance Test စစ္ေဆးျခင္း၊ HbAIC စစ္ေဆးျခင္းမ်ားကို ျပဳလုပ္ႏိုင္ပါသည္။ က်န္းမာေသာသူမ်ားတြင္ အသက္ ၄၅ ႏွစ္ေရာက္သည္ႏွင့္ ေသြးတြင္းသၾကားဓာတ္ကို ပုံမွန္စစ္ေဆးေပးသင့္ပါသည္။

အိပ္ခ်္အိုင္ဗီ
အိပ္ခ်္အိုင္ဗီ ဗိုင္းရပ္စ္သည္ ေအအိုင္ဒီအက္စ္ေရာဂါကို ျဖစ္ေစႏိုင္သည္။ အိပ္ခ်္အိုင္ဗီ ဗိုင္းရပ္စ္ရွိေသာသူ၏ ေသြး၊ ခႏၶာကိုယ္တြင္းအရည္မ်ား ထိေတြ႕ျခင္းမွ ကူးစက္ေစႏိုင္သည္။ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ေသာေဆးႏွင့္ ကာကြယ္ေဆး မေပၚေသးေပ။ ေခတ္မီတိုးတက္ေသာ ကုသမႈနည္းလမ္းမ်ားေၾကာင့္ အိပ္ခ်္အိုင္ဗီ ကူးစက္ခံရမႈကို ေအအိုင္ဒီအက္စ္ေရာဂါအဆင့္ထိ မေရာက္ႏိုင္ေအာင္ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္သည္။ သို႔ရာတြင္ ထိုေဆးဝါးမ်ားသည္ ေဘးထြက္ဆိုးက်ိဳးမ်ား ရွိတတ္သည္။ ထို႔ေၾကာင့္ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္၏ လမ္းၫႊန္ခ်က္ျဖင့္သာ ေသာက္သုံးသင့္သည္။ အိပ္ခ်္အိုင္ဗီကူးစက္ခံရသူမ်ားတြင္ ႏွစ္ေပါင္းမ်ားစြာ လကၡဏာမျပေသာေၾကာင့္ ေရာဂါပိုးရွိေၾကာင္း၊ မသိရွိသူ အမ်ားအျပားရွိေၾကာင္း သုေတသနမ်ားအရ သိရသည္။ ထို႔ေၾကာင့္ အေကာင္းဆုံးနည္းလမ္းမွာ ပုံမွန္ အိပ္ခ်္အိုင္ဗီ ပိုးရွိမရွိ ေသြးေဖာက္စစ္ေဆးသင့္ပါသည္။

Author: ဟိန္းဇာနည္ Healthcare Journal( vol 8,no 2 )

(Unicode)

ပုံမုန်ကျန်းမာရေးစစ်ဆေးခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသော အရာတစ်ခုဖြစ်သည်။ ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ရောဂါများကို ကြိုတင်စောစောစီးစီးသိရှိနိုင်ပြီး ရောဂါကုသရာတွင် လွယ်ကူပျောက်ကင်းစေနိုင်ပါသည်။ အူမကြီးကင်ဆာကို စောစောစီးစီးရှာဖွေတွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်ခြေအလွန်များနိုင်သလို ဆီးချိုသွေးချိုရောဂါများကို စဖြစ်ဖြစ်ချင်းသိရှိပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော အမြင်အာရုံဆုံးရှုံးခြင်းနှင့် ပန်းသေပန်းညှိုးရောဂါများကို ကာကွယ်နိုင်ပါသည်။ ရောဂါစစ်ဆေးခြင်းနည်းလမ်းများသည် အသက်အရွယ်နှင့် ရောဂါဖြစ်နိုင်ခြေ အချက်အလက်များပေါ်တွင် မူတည်နေပါသည်။

ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်ကင်ဆာသည် အမေရိကန်အမျိုးသားများ၌ အရေပြားကင်ဆာပြီးလျှင် ဒုတိယအများဆုံး တွေ့ရသောကင်ဆာဖြစ်သည်။ အများအားဖြင့် ဖြည်းဖြည်းသာ ပွားများသော ကင်ဆာဖြစ်ပြီး အလျှင်အမြန်ပွားများသော ဆီးကျိတ်ကင်ဆာ အမျိုးအစားလည်းရှိသည်။ ရောဂါကြိုတင်ရှာဖွေစစ်ဆေးခြင်းသည် တစ်ခါတစ်ရံလက္ခဏာများ မပြမီကပင် ရောဂါကို ကြိုတင်သိရှိနိုင်သဖြင့် ကုသမှုနည်းလမ်းများသည် ထိရောက်စေနိုင်သည်။ ကျန်းမာရေးကောင်းမွန်သော အမျိုးသားအတွက် ကျန်းမာရေး စစ်ဆေးခြင်းနည်းလမ်းများတွင် စအိုကို လက်ဖြင့် စမ်းသပ်၍ ရောဂါရှာဖွေခြင်းနည်းလမ်း (Digital Rectal Exam) နှင့် ဆီးကျိတ်အင်တီဂျင်ကို စမ်းသပ်ခြင်းနည်းလမ်း (PSA Blood Test) တို့ ပါဝင်နိုင်သည်။

ဝှေးစေ့ကင်ဆာ
အတွေ့ရအနည်းဆုံး ကင်ဆာဖြစ်ပြီး အသက်၂၀ မှ ၅၄ နှစ်အတွင်း အမျိုးသားများတွင် တွေ့ရလေ့ရှိသည်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းကြီးက အမျိုးသားများ အနေဖြင့် ဆရာဝန်များနှင့် သွားရောက်ပြသတိုင်း ဝှေးစေ့ရောဂါ စမ်းသပ်ခြင်းကို ခံယူသင့်ကြောင်း အကြံပြုထားသည်။ မိသားစုမျိုးရိုးရှိသော အမျိုးသားများသည် ရောဂါကြိုတင်ရှာဖွေ စစ်ဆေးသင့်သည်။ အချို့ဆရာဝန်များက မိမိကိုယ်တိုင် စမ်းသပ်ခြင်း နည်းလမ်းများကို အကြံပြုထားကြပြီး ဝှေးစေ့တွင် အလုံးအကျိတ်ရှိမရှိ၊ အရင်ကထက် မာလာခြင်းရှိမရှိ၊ အရွယ်အစားနှင့် ပုံစံပြောင်းလဲလာခြင်းရှိမရှိ စသည်တို့ကို သတိထားစမ်းသပ်သင့်ကြောင်းလည်း လမ်းညွှန်ထားသည်။

အူမကြီးကင်ဆာ
အူမကြီးကင်ဆာသည် ကင်ဆာကြောင့် သေဆုံးမှုများတွင် ဒုတိယအများဆုံး ကင်ဆာဖြစ်သည်။ အမျိုးသားများတွင် အမျိုးသမီးများအထက် အနည်းငယ် ပိုဖြစ်ပွားနိုင်ခြေများပါသည်။ အူမကြီးအတွင်း အလုံးအကျိတ်အဖုများ တဖြည်းဖြည်း ကြီးထွားလာပြီး ကင်ဆာဆဲလ်များ ပွားများခြင်းဖြင့် အူမကြီးကင်ဆာကို တွေ့ရတတ်သည်။ ကင်ဆာဖြစ်ပွားပါက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်သည်။ အူမကြီးကင်ဆာကို ကာကွယ်နိုင်ရန် အကောင်းဆုံး နည်းလမ်းမှာ စောစီးစွာ ရောဂါရှာဖွေပြီး ကင်ဆာအဆင့်မပြောင်းမီ အလုံး၊ အကျိတ်အဖုများကို ဖယ်ရှားခြင်းနည်းလမ်းဖြစ်သည်။
အူမကြီးကင်ဆာ ရှာဖွေစမ်းသပ်ခြင်းကို အသက် ၅၀ ရောက်သည်နှင့် ပုံမှန်စမ်းသပ်သင့်ပြီး လက္ခဏာများအပေါ် မူတည်ပါသည်။ မှန်ပြောင်းထည့်၍ ရောဂါရှာဖွေခြင်းနည်းလမ်း Colono scopy သည် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ အခြားနည်းလမ်းများဖြစ်သော Flexible Sigmoidoscopy (အူမကြီး၏ အောက်ခြေပိုင်းကိုသာ တွေ့နိုင်သော မှန်ပြောင်းထည့်၍ စမ်းသပ်နည်း)၊ Virtual Colonoscopy (စီတီစကင် အသုံးပြု၍ ရောဂါရှာဖွေခြင်း)၊ Double Contrast Barium enema (ဓာတ်မှန်ရိုက်ခြင်းနည်းလမ်း) စသည်တို့ ပြုလုပ်နိုင်သည်။

အရေပြားကင်ဆာ
အရေပြားကင်ဆာများတွင် အန္တရာယ်အပေးနိုင်ဆုံးမှာ Melanoma ကင်ဆာဖြစ်သည်။ အရေပြားအရောင်ကို ထုတ်လုပ်ပေးသော Melanocytes ဆဲလ်များ ပုံမှန်မဟုတ်ခြင်းမှ ဖြစ်စေနိုင်သည်။ အသက်အရွယ်ကြီးရင်းသော အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆကျော် ဖြစ်စေနိုင်သည်။ ရောဂါဖြစ်နိုင်ခြေမှာ နေရောင်ခြည်ကို အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း၊ ဓာတုပစ္စည်းများ ပါဝင်သော အလှကုန်ပစ္စည်းများကို အလွန်အကျွံအသုံးပြုခြင်း တို့ကြောင့်ဖြစ်သည်။ အရေပြားအထူးကု ဆရာဝန်အများစုက မိမိ၏အရေပြားတွင် တစ်စုံတစ်ရာ ထူးခြားမှုပြောင်းလဲမှု ရှိမရှိကို သတိထားကြည့်ရှုသင့်ပြီး အရေပြားကွက်၊ မှည့်စသည်တို့သည် ပုံစံ၊ အရောင်၊ အရွယ်အစား ပြောင်းလဲလာပါက ဆရာဝန်နှင့် ပြသသင့်ကြောင်း အကြံပြုကြသည်။ အရေပြားကင်ဆာကို စောစီးစွာ သိရှိပါက ကုသမှုနည်းလမ်းများမှာ အလွန်ထိရောက်ပြီး ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်သည်။

သွေးတိုးရောဂါ
သွေးတိုးရောဂါသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ ပိုမိုဖြစ်နိုင်ခြေများပြီး ကိုယ်အလေးချိန်၊ နေထိုင်မှုပုံစံ၊ အစားအသောက်များနှင့်လည်း ဆက်စပ်နေသည်။ သွေးဖိအား အလွန်အမင်း မြင့်တက်ခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် မိမိ၏ ပုံမုန်သွေးဖိအားကို မှတ်သားထားပြီး ထိုထက်ပိုမြင့်မားနေပါက ဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူသင့်ပါသည်။ ပုံမှန်သွေးဖိအားအပေါ် သွေး၁၂၀ အောက်သွေး ၈၀ ဖြစ်ပြီး အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ထက်မြင့်မားပါက သွေးတိုးနေပြီဟု သတ်မှတ်နိုင်ကာ ဆရာဝန်နှင့် ပြသကုသသင့်ပါသည်။ သွေးပေါင်ပုံမုန်တိုင်းခြင်း အကြိမ်ရေမှာလည်း မိမိ၏သွေးဖိအား ပမာဏနှင့် အခြားရောဂါဖြစ်နိုင်ချေ အချက်အလက်များပေါ်တွင်လည်း မူတည်ပါသည်။

ဆီးချိုသွေးချိုအမျိုးအစား (၂)
ဆီးချိုသွေးချိုရောဂါကို အသံတိတ် လူသတ်သမားဟု ခေါ်ဝေါ်ကြပြီး လက္ခဏာများမပြဘဲ နောက်ကျမှ သိရှိရသောကြောင့် သတိထားသင့်သော ရောဂါဖြစ်သည်။ ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်ပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံ ဆုံးရှုံးထိခိုက်ခြင်း၊ အာရုံကြောများ ထိခိုက်ပျက်စီးခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း စသည်တို့ ဖြစ်စေနိုင်သည်။ ဆီးချို သွေးချိုရောဂါကိုု စောစီးစွာ သိရှိပါက ရောဂါကို ဆေးဝါးအစားအသောက် လေ့ကျင်းခန်း၊ ကိုယ်ခန္ဓာအလေးချိန် ထိန်းခြင်း စသည်တို့ဖြင့် ထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။ သွေးတွင်း သကြားဓာတ်စစ်ခြင်း၊ Glucose Tolerance Test စစ်ဆေးခြင်း၊ HbAIC စစ်ဆေးခြင်းများကို ပြုလုပ်နိုင်ပါသည်။ ကျန်းမာသောသူများတွင် အသက် ၄၅ နှစ်ရောက်သည်နှင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပေးသင့်ပါသည်။

အိပ်ချ်အိုင်ဗီ
အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်သည် အေအိုင်ဒီအက်စ်ရောဂါကို ဖြစ်စေနိုင်သည်။ အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ရှိသောသူ၏ သွေး၊ ခန္ဓာကိုယ်တွင်းအရည်များ ထိတွေ့ခြင်းမှ ကူးစက်စေနိုင်သည်။ ပျောက်ကင်းအောင် ကုသနိုင်သောဆေးနှင့် ကာကွယ်ဆေး မပေါ်သေးပေ။ ခေတ်မီတိုးတက်သော ကုသမှုနည်းလမ်းများကြောင့် အိပ်ချ်အိုင်ဗီ ကူးစက်ခံရမှုကို အေအိုင်ဒီအက်စ်ရောဂါအဆင့်ထိ မရောက်နိုင်အောင် ထိန်းချုပ်နိုင်ပြီဖြစ်သည်။ သို့ရာတွင် ထိုဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများ ရှိတတ်သည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်၏ လမ်းညွှန်ချက်ဖြင့်သာ သောက်သုံးသင့်သည်။ အိပ်ချ်အိုင်ဗီကူးစက်ခံရသူများတွင် နှစ်ပေါင်းများစွာ လက္ခဏာမပြသောကြောင့် ရောဂါပိုးရှိကြောင်း၊ မသိရှိသူ အများအပြားရှိကြောင်း သုတေသနများအရ သိရသည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ပုံမှန် အိပ်ချ်အိုင်ဗီ ပိုးရှိမရှိ သွေးဖောက်စစ်ဆေးသင့်ပါသည်။

Author: ဟိန်းဇာနည် Healthcare Journal( vol 8,no 2 )

Previous Post

ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန်

Next Post

ကလေးချောင်းဆိုးလျှင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးချောင်းဆိုးလျှင်

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းနဲ့ ပက်သတ်နေသော လက္ခဏာများအပိုင်း (၁)

ကာမအားတိုးဆေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.