အမျိုးသားတွေ လိင်မှုဆိုင်ရာကိစ္စများစိတ်မဝင်စားခြင်း၊ လိင်အင်္ဂါမာကျောတောင့်တင်းအောင်
မစွမ်းနိူင်ခြင်းတို့မှာ အကြောင်းရင်းများစွာ တည်မှီနေသလို၊ ကာလရှည်ကြာ စိတ်ဖိစီးမှု၊
ဆီးချိုရောဂါတို့နဲ့ နီးနွယ်နေပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းကလည်း
လိင်အင်္ဂါမာကျောတောင့်တင်းအောင် မစွမ်းနိူင်ပါ။ ဆေးလိပ်သောက်များခြင်းကလည်း
လိင်စွမ်းရည်ကျစေတယ်။ သည့်အပြင် လိင်အင်္ဂါမာကျောမှုဖြစ်စေတဲ့ သွေးလည့်ပတ်စီးဆင်းမှုကို
နှေးစေပြန်တယ်။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ကိုလက်စထရောပါဝင်မှုနည်းတဲ့ အစာစားသင့်တယ်။
အပြင်းအထန် လေ့ကျင့်ခန်းကလည်း လိင်ဆန္ဒနည်းစေတယ်။ ဇနီးမောင်နံှအချို့လည်း ယင်းပြဿနာ
ရင်ဆိုင်ရတယ်။
ရှောင်ကြဉ်သင့်တဲ့ အစာ
-ပြည့်ဝဆီကြွယ်ဝတဲ့ အစာတွေဖြစ်တဲ့အနီရောင်ရှိတဲ့
အသားများ၊ အဆီဓာတ်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ဝက်အူချောင်း၊ အမဲသား၊ ကျွဲသား၊
ဆိတ်သားတို့က သွေးလှည့်ပတ်မှုနှေးစေပြီး သွေးခဲလေးများ ဖြစ်ပေါ်စေတယ်။
– အရက်နဲ့ကော်ဖီ လွန်ကဲစွာသောက်သုံးခြင်းဟာ လိင်မှုဆန္ဒလျော့နည်းစေတယ်။
– အငန်ဓာတ်လွန်ကဲတဲ့ အစာတွေ ရှောင်သင့်တယ်။
စားသုံးတဲ့အစာ
-ရွှေဖရုံသီး၊ နေကြာစေ့၊ နှမ်းနဲ့ ကမာကောင်များမှာ ဇင့်ဓာတ်ကြွယ်ဝလို့
လိင်မှုဆန္ဒပြီးစေတယ်။
– အစားအစာမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ကြွယ်ဝစေခြင်းဟာ ခန္ဓာကိုယ်တွင်း
သွေးလည့်မှုကောင်းစေသလို မကောင်းတဲ့ကိုလက်စထရော လျော့နည်းစေတယ်။ နနွင်းနဲ့
ငရုတ်ကောင်းတို့ကို အစားအစာမှာ ဖြူးစားနိူင်တယ်။ လတ်ဆတ်တဲ့ သစ်သိးဝလံနဲ့
ဟင်းသီးဟင်းရွက်များ ပိုစားသုံးသင့်တယ်။ အနီရောင်ရှိ အသားများစားမယ့်အစား ငါးနဲ့ကြက်သား
ပိုမိုစားသုံးသင့်တယ်။
သင့်တဲ့ အိမ်သုံးဆေး
-လင်တိုဘာလိုဘာဟာ သွေးလှည့်ပတ်မှုကိုကောင်းစေတယ်။ ၆၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်
သုံးလထိသုံးရမယ်။ တစ်လနားပြီး နောက်တစ်ကြိမ် သုံးလဆက်သောက်သင့်ပါတယ်။
အမိုင်နိအက်ဆစ်ကို နေ့စဉ်မှီဝဲသင့်တယ်။ ကိုရီးယားဂျင်စင်း ၅၀၀-၁၀၀၀ မီလီဂရမ်ကို
နေ့စဉ်သုံးစွဲခြင်းနဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ တစ်လကြာမှျှ သောက်သုံးပြီးမှသာ
အကျိုးသက်ရောက်မှု ဖြစ်စေတယ်။
– ဗီတာမင်ဘီ အုပ်စုဝင်များဟာ ခန္ဓာကိုယ်စိတ်ပင်ပန်းနွမ်းနယ်မှုကို လျော့စေတယ်။
ဆောင်သင့်တဲ့အကြံပြုချက် – စိတ်ဖိစီးမှုကို အတတ်နိူင်ဆုံး ဖြေဖျောက်ပေးသင့်တယ်။
လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးပြီး ရယ်ရယ်မောမောနေသင့်တယ်။ အသက်ပြင်းပြင်းရှူတဲ့
-လေ့ကျင့်ခန်းပြုလုပ်သင့်တယ်။
-အင်ဒရိုဂျင်ဟော်မုန်းထွက်စေပြီး စိတ်ဖိစီးမှုလျော့ကျစေတယ်။
– ဆေးခြောက်မှီဝဲခြင်းနဲ့ စတီရွိုက်ဆေးသုံးစွဲခြင်းဟာ လိင်မှုဆန္ဒပျောက်ကွယ်စေနိူင်တယ်။
– စိုးရိမ်ပူပန်စိတ်လွန်ခြင်းကို လျှော့ချသင့်တယ်။
– ဗီတာမင် အေ၊ ဘီ၊ စီ၊ အီးနဲ့ သတ္တုဓာတ်ပါတဲ့ အားဆေးများ၊ ဇင့်နှင့် ဆီလီနီယမ်တို့
ဖြည့်စွက်စားသင့်တယ်။
– လိုအပ်ရင် စိတ်ငြိမ်ဆေး၊ အိပ်ဆေး မှီဝဲနိူင်တယ်။ သကြားတုသုံးစွဲရင် ပျားရည်နည်းနည်း
စားပေးရမယ်။
– ခရိုနီယမ် သတ္ထုဓာတ်နေ့စဉ် ၂၀၀ မိုက္ကရိုဂရမ် သုံးစွဲပေးသင့်တယ်။
– နေ့စဉ် နာရီဝက်မှ တစ်နာရီလေ့ကျင့်ခန်း ( အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) ကို
မျန်မှန်လုပ်ပြီး အိပ်ချိန်၊ စားချိန်မှန်သင့်တယ်။ စိတ်ဖိစီးမှုလျော့ကျအောင်
ဘာသာတရားဘက်လိုက်စားသင့်သလို ယောဂကုထုံးကုသနိူင်တယ်။
Author: Dr.လွင်သန့်