သားအိမ်ခေါင်းကင်ဆာဖြစ်နိူင်သောသူများမှာ အသက်ငယ်ငယ်နှင့် လိင်ဆက်ဆံသောသူ၊
လိင်ဆက်ဆံဖက်များသောသူ၊ လိင်ဆက်ဆံဖက်များသော အမျိုးသားနှင့် လိင်ဆက်ဆံသူနှင့်
ကာလသားရောဂါပိုးရှိသူများ ဖြစ်ပါသည်။ အမျိုးသမီးများသည် သားအိမ်ခေါင်းကင်ဆာရှိမရှိ
စစ်ဆေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာမဖြစ်ခင် အကြိုအဆင့်ကို စစ်ဆေးတွေ့ရှိနိူင်ပါသည်။
ကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိူင်ပြီး ပျောက်ကင်းအောင် ဆေးကုသမှုခံယူနိူင်ပါသည်။
မိန်းမကိုယ်အား စစ်ဆေးစမ်းသပ်ခြင်း
သားအိမ်ခေါင်းကင်ဆာရှိမရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ သားဖွားမီးယပ်ဆေးရုံများနှင့်
အချို့သော ကျန်းမာရေးဌာနများတွင် စစ်ဆေးနိူင်ပါသည်။ မိန်းမကိုယ်အား စစ်ဆေးခြင်းဖြင့်
မျိုးပွားလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော
ရောဂါလက္ခဏာများနှင့် သားဆက်ခြားနည်းများ၊ သားအိမ်တွင်းထည့်ပစ္စည်းသုံးစွဲ၍ ရမရတို့ကိုလည်း
သိရှိနိူင်ပါသည်။
စစ်ဆေးသော နည်းလမ်း၏ အကျိုးကျေးဇူး
စစ်ဆေးသော နည်းလမ်းသည်လွန်စွာ ရိုးရှင်းပြီး လွယ်ကူပါသည်။ ငွေကုန်သက်သာခြင်း၊
အချိန်ကုန်သက်သာခြင်းနှင့် မိမိ၏ မျိုးပွားလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို
ရှင်းရှင်းလင်းလင်းသိရှိနိူင်သော အကျိုးကျေးဇူးကို ရရှိနိူင်ပါသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်နိူင်ချေရှိ၊
မရှိကို ဦးစွာစစ်ဆေးနိူင်၍ အမြန်ဆုံးသွားရောက်စစ်ဆေးရပါမည်။
သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ
သားအိမ်ခေါင်းကင်ဆာလက္ခဏာများမှာ ပုံမမှန်သော အဖြူဆင်းခြင်း၊ ပုံမမှန်သော
သွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီးပါက သွေးဆင်းခြင်း၊ လိင်ဆက်ဆံစဉ် သွေးဆင်းခြင်းနှင့် သွေးဆုံးပြီး
သွေးပြန်ဆင်းတို့ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာနှင့် ကာလသားရောဂါဆက်စပ်မှု
ကာလသားရောဂါပိုးများထဲမှ တစ်မျိုးဖြစ်သော ကြွက်နို့ပိုးသည် သားအိမ်ခေါင်းတွင်
အမြဲရှိနေရာမှ ကင်ဆာအဖြစ်သို့ ပြောင်းလဲလာပြီး သားးအိမ်ခေါင်းကင်ဆာ ဖြစ်လာနိူင်ပါသည်။
သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ခြင်း
သားအိမ်ခေါင်းကင်ဆာရှိမရှိ ကြိုတင်စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။
ကာလသားရောဂါပျောက်အောင် ကုသမှုခံယူရပါမည်။ လိင်ဆက်ဆံသောအခါတွင် ကွန်ဒုံးကို
အသုံးပြုရပါမည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ထိုးပေးရပါမည်။
အကြံပြုချက်
သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိ ငါးနှစ်လျှင် တစ်ကြိမ်စစ်ဆေးသင့်ပါသည်။
သားအိမ်ခေါင်းကင်ဆာနှင့် ဆက်စပ်မှုရှိသော ကာလသားရောဂါကို ထိရောက်စွာ ကုသရပါမည်။
အမျိုးသမီးများအနေနဲ့ မိမိတွင် သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိ ကြိုတင်ကာကွယ်မှုများ
ပြုလုပ်ထားရပါမည်။ ရောဂါဖြစ်ပါကလည်း သားဖွားမီးယပ်အထူးကု ဆရာများဖြင့် ထိရောက်စွာ
ကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)