fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များ ရုတ်တရက်သေဆုံးရခြင်းအကြောင်းသိကောင်းစရာ

217
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/05/2018
in မိခင်နှင့်ကလေးကျန်းမာရေး
4 min read
A A

ကေလးငယ္မ်ား ႐ုတ္တရက္ေသဆံုးရျခင္းအေၾကာင္းသိေကာင္းစရာ ( Sudden Infant Death Syndrome)

Sudden Infant Death Syndrome(SIDS)ဟုေခၚေသာ ကေလးငယ္မ်ား ႐ုတ္တရက္ေသဆံုးရျခင္းသည္ အသက္တစ္ႏွစ္ေအာက္ကေလးငယ္မ်ားတြင္ ေတြ႕ရေလ့ရိွပါတယ္။ ေသဆံုးရျခင္းအေၾကာင္းရင္းကို ေသခ်ာမသိၾကေပမယ့္ ေသဆံုးၿပီးခ်ိန္ အေလာင္းစစ္ေဆးျခင္း၊ ေရာဂါရာဇဝင္ရိွ/မရိွ ေသခ်ာစစ္ေဆးျခင္းစသည္တို႔ျဖင့္ အေျဖရွာႏိုင္ပါတယ္။ ႐ုတ္တရက္ေသဆံုးေသာ ကေလးငယ္မ်ားမွာ က်န္းက်န္းမာမာႏွင့္ မည့္သည္ေရာဂါမွမရိွၾကတာ မ်ားပါတယ္။ ဒါ့ေၾကာင့္ SIDSကို ကေလးငယ္ အိပ္ေနစဥ္အတြင္း ႐ုတ္တရက္ေသဆံုးရျခင္းလို႔ပဲ ဆိုၾကပါတယ္။ တစ္နည္းအားျဖင့္ ပုခက္အတြင္း အိပ္ေနစဥ္ ေသဆံုးေသာေၾကာင့္ “crib death” or “cot death”လို႔လည္း ေခၚၾကပါတယ္။ ႐ုတ္တရက္ ေသဆံုးျခင္း၏ အေၾကာင္းရင္းကို မသိေသာ္လည္း ကေလးငယ္၏ ဦးေႏွာက္ထဲရိွ အသက္႐ႉလမ္းေၾကာင္းဆိုင္ရာကို ထိန္းခ်ဳပ္ေသာစနစ္ ခ်ဳိ႕ယြင္းမႈေၾကာင့္ ျဖစ္ႏိုင္တယ္ဟုလည္း ယူဆၾကပါတယ္။

ကေလးငယ္ ႐ုတ္တရက္ေသဆံုးေစႏိုင္ေသာ အေၾကာင္းရင္းမ်ားကိုလည္း သိထားဖို႔ လိုအပ္ပါတယ္။ ၎တို႔မွာ-

– ခႏၶာကိုယ္ပိုင္းဆိုင္ရာ အေၾကာင္းရင္းမ်ားျဖစ္သည့္

– ဦးေႏွာက္ခ်ဳိ႕ယြင္းျခင္း (သို႔)ေကာင္းစြာ မဖြံ႕ၿဖိဳးျခင္း- အထူးသျဖင့္ အသက္႐ႉလမ္းေၾကာင္းဆိုင္ရာႏွင့္ အိပ္စက္ျခင္းကို ထိန္းခ်ဳပ္ေသာ ဦးေႏွာက္ အစိတ္အပိုင္းသည္ ေကာင္းစြာ မဖြံ႕ၿဖိဳးျခင္းေၾကာင့္ ေသဆံုးႏိုင္ပါတယ္။

– ေပါင္မျပည့္ေသာကေလးျဖစ္ေနျခင္း- ကေလးငယ္မ်ားသည္ လမေစ့၊ ေပါင္မျပည့္ဘဲ ေမြးလာေသာအခါ သူတို႔ရဲ႕ ဦးေႏွာက္မွာလည္း ဖြံ႕ၿဖိဳးမႈအားနည္းပါတယ္။ ဒါ့ေၾကာင့္ အသက္႐ႉလမ္းေၾကာင္းဆိုင္ရာႏွင့္ ႏွလံုးခုန္ႏႈန္းဆိုင္ရာလုပ္ငန္းမ်ားကို ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းျခင္းေၾကာင့္ ေသဆံုးရတတ္ပါတယ္။

– ေနာက္တစ္ခ်က္အေနနဲ႔ ကေလးငယ္မွာ နာတာရွည္ေခ်ာင္းဆိုးျခင္း၊ ရင္ၾကပ္ျခင္းတို႔ျဖစ္ေနလွ်င္လည္း အသက္႐ႉရခက္တဲ့ ျပႆနာျဖင့္ ေသဆံုးရေလ့ရိွပါတယ္။

– ကေလးအိပ္သည့္ ပတ္ဝန္းက်င္အေနအထားသည္လည္း ကေလးငယ္မ်ား ႐ုတ္တရက္ေသဆံုးႏိုင္သည့္အေၾကာင္းအရင္းမ်ားတြင္ ပါဝင္ေနပါတယ္။

– ကေလးသည္ ေမွာက္လ်က္အိပ္ေနျခင္း(သို႔) ေဘးေစာင္းအိပ္ေနျခင္း- ဒီလိုအေနအထားမ်ားသည္ ကေလးငယ္ အိပ္ေနစဥ္ အသက္႐ႉရန္ခက္ခဲေစပါတယ္။

– ေပ်ာ့ေသာ မ်က္ႏွာျပင္ေပၚတြင္ အိပ္စက္ျခင္း- အေမြးပြေစာင္မ်ား၊ ေပ်ာ့ေသာအိပ္ရာခင္း၊ ေပ်ာ့အိေနေသာ ေမြ႕ယာ၊ ေရျမဳပ္ေမြ႕ယာအစရိွသည္တို႔ေပၚတြင္ ကေလးသည္ ေမွာက္အိပ္မိေသာအခါ အသက္႐ႉလမ္းေၾကာင္းကို ပိတ္ေစပါတယ္။ထို႔အျပင္ ပုခက္ထဲတြင္ ေစာင္မ်ား၊ ေခါင္းအံုးမ်ားႏွင့္ ႐ႈပ္ေထြးေနျခင္းသည္လည္း ကေလးငယ္အား အသက္႐ႉလမ္းေၾကာင္းကို ပိတ္ေစပါတယ္။

– ေနာက္တစ္ခ်က္အေနနဲ႔ ကေလးငယ္မ်ားကို အိမ္ေမြးတိရစၧာန္မ်ားႏွင့္လည္း တူတူေပးမအိပ္သင့္ပါဘူး။ အဘယ္ေၾကာင့္ဆိုေသာ္ တိရစၧာန္ေလးမ်ားရဲ႕ အေမႊးေလးေတြဟာ ကေလးေတြရဲ႕ အသက္႐ႉလမ္းေၾကာင္းထဲသို႔ ဝင္သြားျခင္းျဖင့္ အသက္႐ႉၾကပ္ေစပါတယ္။

– ကေလးငယ္အိပ္စက္ေနသည့္ ပတ္ဝန္းက်င္သည္ အရမ္းပူမေနသင့္ပါဘူး။ အိပ္ေနစဥ္ အရမ္းပူေနျခင္းသည္လည္း ႐ုတ္တရက္ေသဆံုးျခင္းကို ျဖစ္ေပၚေစပါတယ္။ ေႏြရာသီမ်ဳိးမွာ ကေလးငယ္မ်ားကို ပြပြေခ်ာင္ေခ်ာင္ အဝတ္အထည္မ်ားဝတ္ေပးပါ။ အႏီွးထူထူျဖင့္ တင္းတင္းက်ပ္က်ပ္ပတ္ထားတာမ်ဳိး မလုပ္သင့္ပါဘူး။

သုေတသနပညာရွင္မ်ား၏ ေတြ႕ရိွခ်က္ေတြအရ ကေလးငယ္႐ုတ္တရက္ေသဆံုးရျခင္းျဖစ္ေစႏိုင္ေသာ အျခားအေၾကာင္းအရင္းမ်ားမွာ-

– ေယာက်္ားေလးမ်ားတြင္ ျဖစ္ပြားမႈႏႈန္းနည္းျခင္း

– အသက္၂လႏွင့္ ၄လၾကား ကေလးငယ္မ်ားတြင္ ေသဆံုးမႈအမ်ားဆံုးျဖစ္ျခင္း

– အေရွ႕ကေလးငယ္မ်ားတြင္ ႐ုတ္တရက္ေသဆံုးျခင္းျဖစ္ခဲ့ပါက ေနာက္ကေလးမ်ားတြင္ ျဖစ္ႏိုင္ေခ်ပိုမ်ားႏိုင္ျခင္း

– ကေလးငယ္မ်ားႏွင့္ နီးနီးကပ္ကပ္ေနတဲ့သူမ်ားတြင္ ေဆးလိပ္ေသာက္သံုးတဲ့သူရိွျခင္း

– လမေစ့၊ ေပါင္မျပည့္ဘဲ ေမြးေသာကေလးမ်ားျဖစ္ေနျခင္း စသည္တို႔ျဖစ္ပါတယ္။

အထက္ပါအေၾကာင္းအရာမ်ားအျပင္ ေမေမမ်ား၏ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ျပဳမူေနထိုင္မႈမ်ားႏွင့္လည္း ဆိုင္ပါတယ္။

– အသက္၂၀ေအာက္ ကိုယ္ဝန္ေဆာင္မိခင္မ်ား

– ကိုယ္ဝန္ေဆာင္စဥ္ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းႏွင့္ မူးယစ္ေဆးဝါးသံုးစြဲေနျခင္း

– ကိုယ္ဝန္ေဆာင္စဥ္ က်န္းမာေရးေစာင့္ေရွာက္မႈ မခံယူျခင္း စသည့္ အေၾကာင္းအရာမ်ားပင္ျဖစ္ပါတယ္။

မိမိ၏ တန္ဖိုးရိွလွေသာ ရင္ေသြးငယ္မ်ား မဆံုး႐ံႈးေစဖို႔၊ ႐ုတ္တရက္ ေသဆံုးျခင္းမျဖစ္ေစဖို႔ ကာကြယ္ႏိုင္ရန္ နည္းလမ္းမ်ားကို ေျပာျပေပးပါရေစ။

– ကေလးငယ္မ်ားကို ေမွာက္လ်က္ (သို႔)ေဘးေစာင္းမအိပ္ပါေစႏွင့္။ မိခင္မ်ား၊ ကေလးထိန္းေသာ လူႀကီးမ်ားအေနနဲ႔ ကေလးငယ္အိပ္သည့္ အေနအထားကို ေသခ်ာေစာင့္ၾကည့္၍ ျပင္ေပးေစလိုပါတယ္။ တစ္ခါတစ္ေလမွာ ကေလးဟာ အရမ္းငိုေနတဲ့အခါ အငိုတိတ္ေအာင္ ေမွာက္ၿပီးသိပ္တာမ်ဳိးရိွတတ္ပါတယ္။ အဲ့လိုမလုပ္သင့္ပါဘူး။

– ကေလးကို ပုခက္ထဲတြင္ သိပ္လွ်င္ မာေသာအိပ္ရာ၊ အိပ္ရာခင္းတို႔ကို သံုးေစခ်င္ပါတယ္။ ထို႔အျပင္ ကေလးပုခက္ထဲမွာ အေမႊးပြေစာင္ေတြ ေခါင္းအံုးေတြ ကစားစရာ အ႐ုပ္ေတြ ႁပြတ္သိပ္ေနေအာင္ မထားသင့္ပါဘူး။ တတ္ႏိုင္သမွ် ရွင္းရွင္းလင္းလင္း ထားေပးပါ။

– ကေလးငယ္မ်ားကို ပြပြေခ်ာင္ေခ်ာင္ အဝတ္အထည္မ်ား၊ အႏီွးပါးပါးတို႔သာ ဝတ္ဆင္ေပးပါ။ ကေလးေခါင္းေပၚ၊ ရင္ဘတ္ေပၚသို႔ ေစာင္ထူထူမ်ား မအုပ္ထားပါႏွင့္။

– ကေလးကို မိမိႏွင့္ တစ္ခန္းတည္း အိပ္ေစပါ။ မိမိႏွင့္ တစ္ခန္းတည္းထားၿပီး ပုခက္ (သို႔) အျခားပုခက္ကဲ့သို႔ လံုၿခံဳေသာ ကုတင္ပံုစံျဖင့္ သိပ္ႏိူင္ပါတယ္။ ကေလးငယ္မ်ားသည္ လူႀကီးအိပ္ရာႏွင့္ မသင့္ေတာ္ပါ။ လူႀကီးအိပ္သည့္ကုတင္မ်ားမွာ အကာအကြယ္မရိွသည့္အတြက္ ကုတင္ေပၚမွျပဳတ္က်ျခင္း၊ ကုတင္ေစာင္းႏွင့္ တိုက္မိျခင္းတို႔ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ လူႀကီးမ်ားႏွင့္ အိပ္ရာတူတူမသိပ္သင့္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ လူႀကီးမ်ားသည္ အိပ္ေနစဥ္အတြင္း သတိလက္လြတ္ၿပီး ဟိုဘက္ဒီဘက္လိွမ့္မိကာ ကေလးကိုဖိမိျခင္းျဖင့္ ကေလးတြင္ အသက္႐ႉလမ္းေၾကာင္းပိတ္ႏိုင္ပါတယ္။

– ကေလးငယ္မ်ားကို ေမြးကင္းစမွ အသက္၆လအထိ မိခင္ႏို႔တစ္မ်ဳိးတည္းသာတိုက္ေကြၽးပါ။ ပညာရွင္မ်ား၏ေလ့လာေတြ႕ရိွခ်က္အရ မိခင္ႏို႔တိုက္ေကြၽးျခင္းသည္ ကေလးငယ္မ်ားအား ႐ုတ္တရက္ေသဆံုးျခင္းအႏၲရာယ္မွ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

– ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ ကေလးငယ္မ်ားကို ကာကြယ္ေဆးေသခ်ာထိုးေပးပါ။ အသက္အရြယ္အလိုက္ ထိုးရမည့္ ကာကြယ္ေဆးမ်ားကို အျပည့္ထိုးေပးပါ။ ကာကြယ္ေဆးထိုးထားျခင္းျဖင့္ ႐ုတ္တရက္ေသဆံုးျခင္းကို မကာကြယ္ႏိုင္ေသာ္ျငား တစ္ျခားေသာ ေရာဂါေဝဒနာမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။

႐ုတ္တရက္ေသဆံုးျခင္းကို ျဖစ္ေပၚေစႏိုင္ေသာ အေၾကာင္းအရာမ်ား၊ ကာကြယ္ႏိုင္ရန္နည္းလမ္းမ်ားကို ေသခ်ာသိရိွၿပီး မိမိတို႔၏ကေလးငယ္မ်ား မလိုအပ္ဘဲ အသက္မဆံုး႐ံႈးေစရန္ ရည္ရြယ္၍ ေရးသားလိုက္ရပါသည္။

Dr.သီတာလိႈင္(ေဆး-၂)

(Unicode)

ကလေးငယ်များ ရုတ်တရက်သေဆုံးရခြင်းအကြောင်းသိကောင်းစရာ ( Sudden Infant Death Syndrome)

Sudden Infant Death Syndrome(SIDS)ဟုခေါ်သော ကလေးငယ်များ ရုတ်တရက်သေဆုံးရခြင်းသည် အသက်တစ်နှစ်အောက်ကလေးငယ်များတွင် တွေ့ရလေ့ရှိပါတယ်။ သေဆုံးရခြင်းအကြောင်းရင်းကို သေချာမသိကြပေမယ့် သေဆုံးပြီးချိန် အလောင်းစစ်ဆေးခြင်း၊ ရောဂါရာဇဝင်ရှိ/မရှိ သေချာစစ်ဆေးခြင်းစသည်တို့ဖြင့် အဖြေရှာနိုင်ပါတယ်။ ရုတ်တရက်သေဆုံးသော ကလေးငယ်များမှာ ကျန်းကျန်းမာမာနှင့် မည့်သည်ရောဂါမှမရှိကြတာ များပါတယ်။ ဒါ့ကြောင့် SIDSကို ကလေးငယ် အိပ်နေစဉ်အတွင်း ရုတ်တရက်သေဆုံးရခြင်းလို့ပဲ ဆိုကြပါတယ်။ တစ်နည်းအားဖြင့် ပုခက်အတွင်း အိပ်နေစဉ် သေဆုံးသောကြောင့် “crib death” or “cot death”လို့လည်း ခေါ်ကြပါတယ်။ ရုတ်တရက် သေဆုံးခြင်း၏ အကြောင်းရင်းကို မသိသော်လည်း ကလေးငယ်၏ ဦးနှောက်ထဲရှိ အသက်ရှူလမ်းကြောင်းဆိုင်ရာကို ထိန်းချုပ်သောစနစ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်ဟုလည်း ယူဆကြပါတယ်။

ကလေးငယ် ရုတ်တရက်သေဆုံးစေနိုင်သော အကြောင်းရင်းများကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ၎င်းတို့မှာ-

– ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြောင်းရင်းများဖြစ်သည့်

– ဦးနှောက်ချို့ယွင်းခြင်း (သို့)ကောင်းစွာ မဖွံ့ဖြိုးခြင်း- အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် အိပ်စက်ခြင်းကို ထိန်းချုပ်သော ဦးနှောက် အစိတ်အပိုင်းသည် ကောင်းစွာ မဖွံ့ဖြိုးခြင်းကြောင့် သေဆုံးနိုင်ပါတယ်။

– ပေါင်မပြည့်သောကလေးဖြစ်နေခြင်း- ကလေးငယ်များသည် လမစေ့၊ ပေါင်မပြည့်ဘဲ မွေးလာသောအခါ သူတို့ရဲ့ ဦးနှောက်မှာလည်း ဖွံ့ဖြိုးမှုအားနည်းပါတယ်။ ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် နှလုံးခုန်နှုန်းဆိုင်ရာလုပ်ငန်းများကို ထိန်းချုပ်နိုင်မှု အားနည်းခြင်းကြောင့် သေဆုံးရတတ်ပါတယ်။

– နောက်တစ်ချက်အနေနဲ့ ကလေးငယ်မှာ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်းတို့ဖြစ်နေလျှင်လည်း အသက်ရှူရခက်တဲ့ ပြဿနာဖြင့် သေဆုံးရလေ့ရှိပါတယ်။

– ကလေးအိပ်သည့် ပတ်ဝန်းကျင်အနေအထားသည်လည်း ကလေးငယ်များ ရုတ်တရက်သေဆုံးနိုင်သည့်အကြောင်းအရင်းများတွင် ပါဝင်နေပါတယ်။

– ကလေးသည် မှောက်လျက်အိပ်နေခြင်း(သို့) ဘေးစောင်းအိပ်နေခြင်း- ဒီလိုအနေအထားများသည် ကလေးငယ် အိပ်နေစဉ် အသက်ရှူရန်ခက်ခဲစေပါတယ်။

– ပျော့သော မျက်နှာပြင်ပေါ်တွင် အိပ်စက်ခြင်း- အမွေးပွစောင်များ၊ ပျော့သောအိပ်ရာခင်း၊ ပျော့အိနေသော မွေ့ယာ၊ ရေမြုပ်မွေ့ယာအစရှိသည်တို့ပေါ်တွင် ကလေးသည် မှောက်အိပ်မိသောအခါ အသက်ရှူလမ်းကြောင်းကို ပိတ်စေပါတယ်။ထို့အပြင် ပုခက်ထဲတွင် စောင်များ၊ ခေါင်းအုံးများနှင့် ရှုပ်ထွေးနေခြင်းသည်လည်း ကလေးငယ်အား အသက်ရှူလမ်းကြောင်းကို ပိတ်စေပါတယ်။

– နောက်တစ်ချက်အနေနဲ့ ကလေးငယ်များကို အိမ်မွေးတိရစ္ဆာန်များနှင့်လည်း တူတူပေးမအိပ်သင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်လေးများရဲ့ အမွှေးလေးတွေဟာ ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်သွားခြင်းဖြင့် အသက်ရှူကြပ်စေပါတယ်။

– ကလေးငယ်အိပ်စက်နေသည့် ပတ်ဝန်းကျင်သည် အရမ်းပူမနေသင့်ပါဘူး။ အိပ်နေစဉ် အရမ်းပူနေခြင်းသည်လည်း ရုတ်တရက်သေဆုံးခြင်းကို ဖြစ်ပေါ်စေပါတယ်။ နွေရာသီမျိုးမှာ ကလေးငယ်များကို ပွပွချောင်ချောင် အဝတ်အထည်များဝတ်ပေးပါ။ အနှီးထူထူဖြင့် တင်းတင်းကျပ်ကျပ်ပတ်ထားတာမျိုး မလုပ်သင့်ပါဘူး။

သုတေသနပညာရှင်များ၏ တွေ့ရှိချက်တွေအရ ကလေးငယ်ရုတ်တရက်သေဆုံးရခြင်းဖြစ်စေနိုင်သော အခြားအကြောင်းအရင်းများမှာ-

– ယောကျ်ားလေးများတွင် ဖြစ်ပွားမှုနှုန်းနည်းခြင်း

– အသက်၂လနှင့် ၄လကြား ကလေးငယ်များတွင် သေဆုံးမှုအများဆုံးဖြစ်ခြင်း

– အရှေ့ကလေးငယ်များတွင် ရုတ်တရက်သေဆုံးခြင်းဖြစ်ခဲ့ပါက နောက်ကလေးများတွင် ဖြစ်နိုင်ချေပိုများနိုင်ခြင်း

– ကလေးငယ်များနှင့် နီးနီးကပ်ကပ်နေတဲ့သူများတွင် ဆေးလိပ်သောက်သုံးတဲ့သူရှိခြင်း

– လမစေ့၊ ပေါင်မပြည့်ဘဲ မွေးသောကလေးများဖြစ်နေခြင်း စသည်တို့ဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာများအပြင် မေမေများ၏ ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြုမူနေထိုင်မှုများနှင့်လည်း ဆိုင်ပါတယ်။

– အသက်၂၀အောက် ကိုယ်ဝန်ဆောင်မိခင်များ

– ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲနေခြင်း

– ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးစောင့်ရှောက်မှု မခံယူခြင်း စသည့် အကြောင်းအရာများပင်ဖြစ်ပါတယ်။

မိမိ၏ တန်ဖိုးရှိလှသော ရင်သွေးငယ်များ မဆုံးရှုံးစေဖို့၊ ရုတ်တရက် သေဆုံးခြင်းမဖြစ်စေဖို့ ကာကွယ်နိုင်ရန် နည်းလမ်းများကို ပြောပြပေးပါရစေ။

– ကလေးငယ်များကို မှောက်လျက် (သို့)ဘေးစောင်းမအိပ်ပါစေနှင့်။ မိခင်များ၊ ကလေးထိန်းသော လူကြီးများအနေနဲ့ ကလေးငယ်အိပ်သည့် အနေအထားကို သေချာစောင့်ကြည့်၍ ပြင်ပေးစေလိုပါတယ်။ တစ်ခါတစ်လေမှာ ကလေးဟာ အရမ်းငိုနေတဲ့အခါ အငိုတိတ်အောင် မှောက်ပြီးသိပ်တာမျိုးရှိတတ်ပါတယ်။ အဲ့လိုမလုပ်သင့်ပါဘူး။

– ကလေးကို ပုခက်ထဲတွင် သိပ်လျှင် မာသောအိပ်ရာ၊ အိပ်ရာခင်းတို့ကို သုံးစေချင်ပါတယ်။ ထို့အပြင် ကလေးပုခက်ထဲမှာ အမွှေးပွစောင်တွေ ခေါင်းအုံးတွေ ကစားစရာ အရုပ်တွေ ပြွတ်သိပ်နေအောင် မထားသင့်ပါဘူး။ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ထားပေးပါ။

– ကလေးငယ်များကို ပွပွချောင်ချောင် အဝတ်အထည်များ၊ အနှီးပါးပါးတို့သာ ဝတ်ဆင်ပေးပါ။ ကလေးခေါင်းပေါ်၊ ရင်ဘတ်ပေါ်သို့ စောင်ထူထူများ မအုပ်ထားပါနှင့်။

– ကလေးကို မိမိနှင့် တစ်ခန်းတည်း အိပ်စေပါ။ မိမိနှင့် တစ်ခန်းတည်းထားပြီး ပုခက် (သို့) အခြားပုခက်ကဲ့သို့ လုံခြုံသော ကုတင်ပုံစံဖြင့် သိပ်နိူင်ပါတယ်။ ကလေးငယ်များသည် လူကြီးအိပ်ရာနှင့် မသင့်တော်ပါ။ လူကြီးအိပ်သည့်ကုတင်များမှာ အကာအကွယ်မရှိသည့်အတွက် ကုတင်ပေါ်မှပြုတ်ကျခြင်း၊ ကုတင်စောင်းနှင့် တိုက်မိခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လူကြီးများနှင့် အိပ်ရာတူတူမသိပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် လူကြီးများသည် အိပ်နေစဉ်အတွင်း သတိလက်လွတ်ပြီး ဟိုဘက်ဒီဘက်လှိမ့်မိကာ ကလေးကိုဖိမိခြင်းဖြင့် ကလေးတွင် အသက်ရှူလမ်းကြောင်းပိတ်နိုင်ပါတယ်။

– ကလေးငယ်များကို မွေးကင်းစမှ အသက်၆လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးပါ။ ပညာရှင်များ၏လေ့လာတွေ့ရှိချက်အရ မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များအား ရုတ်တရက်သေဆုံးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

– နောက်ဆုံးတစ်ချက်အနေနဲ့ ကလေးငယ်များကို ကာကွယ်ဆေးသေချာထိုးပေးပါ။ အသက်အရွယ်အလိုက် ထိုးရမည့် ကာကွယ်ဆေးများကို အပြည့်ထိုးပေးပါ။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ရုတ်တရက်သေဆုံးခြင်းကို မကာကွယ်နိုင်သော်ငြား တစ်ခြားသော ရောဂါဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။

ရုတ်တရက်သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းအရာများ၊ ကာကွယ်နိုင်ရန်နည်းလမ်းများကို သေချာသိရှိပြီး မိမိတို့၏ကလေးငယ်များ မလိုအပ်ဘဲ အသက်မဆုံးရှုံးစေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

Dr.သီတာလှိုင်(ဆေး-၂)

 

 

Previous Post

ဖျားရင်တက်တဲ့ကလေးငယ်နှင့် မိဘတို့၏အပူ

Next Post

E.coli အကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

E.coli အကြောင်းသိကောင်းစရာ

နေမကောင်းရင် တစ်ခုခုဖြစ်ရင် ဘယ်သွားရမလဲ 

အီးစီးကရက် (Electronic cigarette)ဆိုတာ ဆေးလိပ်ဖြတ်တဲ့အရာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.