fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများနဲ့ လက်ဦးဆရာများ

83
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများနဲ့ လက်ဦးဆရာများ

လူ့ဘဝစတင်ပြီဆိုလိုက်တာနဲ့ ကလေးဘဝတည်းကပင် သင်ဆရာ မြင်ဆရာ ကြားဆရာ အမျိုးမျိုး ရှိကြပါတယ် လက်ဦးဆရာကတော့ မိဘတွေပါပဲ တစ်အိမ်တည်း အတူနေ ဆွေမျိုးတွေ ကလေးရဲ့ မောင်နှမသားချင်းတိုင်းကလည်း ကလေးငယ်အဖို့တော့ ဆရာတွေပါပဲ
ကလေးအရွယ်မှာ လက်ပေါ်ချီတဲ့အချိန်တည်းက အရာရာကို စူးစမ်းချင်စိတ် အပြည့်ရှိပါတယ် စကားမပြောနိုင်သေးခင်မှာပဲ မျက်စိကနေတစ်ဆင့် လိုက်ကြည့်နေတတ်ပါတယ် ကိုယ့်နားမှာ အချိန်တော်တော်များများ ဘယ်သူရှိလဲ ကိုယ့်ကို နို့တိုက်တာဘယ်သူလဲ စသဖြင့် မှတ်သားထားတတ်ကြတယ်။
တစ်ခါတစ်လေမှာလည်း ကလေးငယ်လေးတွေမှာ ချီဖို့လက်ရွေးတာတွေဖြစ်တတ်တယ် သူတို့လိုချင်တဲ့သူမချီမချင်း ငိုနေတတ်တာလည်းရှိပါတယ် မျက်နှာရင်းနေတဲ့သူတွေဆိုရင် ကလေးငယ်လေးတွေက ပွေ့ချီတဲ့အချိန်တည်းက ရယ်ပြတာတို့ လိုက်ကြည့်တာတွေ ရှိပါတယ်…

ကလေးလေးတွေဟာ သူတို့ကို ကိုင်တွယ်ပုံတွေ ပြောဆိုပုံတွေကို လေ့လာသင်ယူနေရုံမကပါဘူး သူတို့ရှေ့မှာ အချင်းချင်း ဘယ်လိုအပြုအမူတွေ ပြုမူဆက်ဆံလဲ အချင်းချင်း ဘယ်လိုပြောဆိုနေကြလဲကိုလည်း လိုက်ကြည့်ပြီးမှတ်သားထားတတ်ကြပါတယ်။
ကလေးငယ်များတဲ့အိမ်တွေမှာဆို ကလေးကြီးတွေ အချင်းချင်း ပြောဆိုနေတာတွေကြောင့် စကားပြောတာမြန်တတ်တယ် သူ့အစ်ကိုအစ်မတွေ ဘာလုပ်လုပ်လိုက်လုပ်တတ်တယ် တစ်ခြားကလေးတွေစားပြီဆို သူတို့လေးတွေလည်း လိုက်စားတတ်တယ် တစ်ခြားကလေးဆော့ရင် လိုက်ဆော့တတ်ကြပါတယ်
ကလေးငယ်တွေကို လိမ်မာယဉ်ကျေးအောင် စည်းကမ်းအရမ်းတင်းကျပ်ဖို့ ပြောတာမဟုတ်ပါဘူး ကလေးအရွယ်တစ်ဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကလေးအရွယ်အလိုက် လိုအပ်တဲ့ စည်းကမ်းထားပြီး လိုအပ်တဲ့ လိုက်လျောမှုတွေလည်း လွတ်လွတ်လပ်လပ်လုပ်စေဖို့လိုပါတယ်..

ကလေးတွေ ထိန်းတဲ့ အခါ မဖြစ်မနေဒါလုပ်ရမယ်ဆိုပြီး ပြောလို့မရပါဘူး ကိုယ်တိုင်ကလည်းသူတို့ရှေ့မှာ လုပ်ပြရတာတွေ ရှိတတ်တယ် ကလေးလုပ်ချင်စိတ်ဖြစ်လာဖို့ ဒါလေးကတော့ ဘာလို့လုပ်ရတာ ဒါလုပ်လိုက်ရင်တော့ဖြင့် သားသားမှာ မီးမီးမှာ ဘယ်လိုအဆင်ပြေလာမှာ မလုပ်ရင်တော့ ဘာတွေဖြစ်လာမှာဆိုတာမျိုးလေးလည်း ဘေးကနေပြောနေပေးဖို့လိုတယ် ဥပမာ ကလေးရေချိုးတာတွေ ခေါင်းစိုနေလို့ Hair drier မှုတ်ပေးတာတွေ အကျီင်္လဲပေးတာတွေ သနပ်ခါလိမ်းပေါင်ဒါလိမ်းတာတွေ ခေါင်းဖြီးတာတွေမှာ ဘေးကနေတတွတ်တွတ်ပြောနေရပါမယ် ကိုယ်ပြောတာကို ချက်ချင်းအသာတကြည်လိုက်လုပ်မယ်လို့တော့ မတွေးထားပါနဲ့ ကလေးအတွက်အလေ့အကျင့်ဖြစ်အောင် ဒါတွေဘာလို့လုပ်ရတယ်ဆိုတာ တစ်ဖြည်းဖြည်းသိလာအောင် ပြောပေးနေရပါတယ်

ကလေးတွေအစားကျွေးတဲ့အခါလည်း စစားစားချင်းမှာ သန့်ရှင်းသပ်ရပ်နေဖို့ မမျှော်မှန်းထားစေချင်ပါဘူး လူကြီးကဇွန်းနဲ့ ကျွေးနေစဉ်တည်းက ဇွန်းကိုင်ပြီး အစာခွံ့နေတာကိုကြည့်ပြီး ဇွန်းကအစာခပ်တာဆိုတာ သူတို့စိတ်ထဲ သိနေကြပါတယ် ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးလိုက်တဲ့အခါ ထမင်းပန်ကန်နဲ့ ဇွန်းကို ကလေးရှေ့ချပေးလိုက်တဲ့အခါ သူတို့လည်း ဇွန်းနဲ့ ထမင်း စခပ်မှာပါ စခပ်တာမှာ ဖိတ်စင်တာတွေရှိကိုရှိမှာပါ ဒါကြောင့်အပြည့်ကြီးမထည့်ဖို့လိုပါတယ် ကလေးမှာလည်း အစာတွေပေနေမှာပါ လိုအပ်ရင် သွားရေခံတွေတပ်ထားပေးပါ ကလေးကိုယ်တိုင်စားရုံနဲ့ ဗိုက်ပြည့်မယ် မထင်ပါနဲ့ လူကြီးကလည်း ဘေးကနေ ထပ်ကျွေးနေဖို့လိုပါတယ် စစားခါစမှာ အခက်အခဲမျိုးစုံ ကြုံနိုင်ပေမယ့် စိတ်မပျက်ဘဲ စိတ်မလျော့ဘဲ စိတ်ရှည်ရှည် သင်ကြားပေးနေရင် အချိန်ကြာလာနဲ့အမျှ ကလေးကအစားအသောက်ကို ကိုယ်တိုင်ကောင်းကောင်းမွန်မွန် စားသောက်လို့ အဆင်ပြေလာမှာပါ ပေကျံတာတွေမကြိုက်လို့ ကလေးကိုလုပ်ခွင့်မပေးတော့ဘူးဆိုရင် ကလေးစိတ်ထဲ လူကြီးကျွေးမှ စားရတယ်ဆိုတာမျိုး အသိဝင်သွားနိုင်ပါတယ်

ကလေးတွေဆော့လွန်းလို့ အန္တရာယ်ဖြစ်မှာစိုးလို့ စိုးရိမ်လွန်ပြီး ပြောဆိုကြတဲ့အခါလည်း ဆူပူကြိမ်းမောင်းနေတာမျိုးက ကလေးစိတ်ထဲ ဒဏ်ရာရစေနိုင်ပါတယ် ကလေးကို ဖြည်းဖြည်းချင်းနားဝင်အောင်ပြောပေးဖို့လိုပါတယ် ကလေးတွေက အဆူခံရတာများလာတဲ့အခါ အရိုက်ခံရတာများလာတဲ့အခါ စိတ်ထဲမှာ ကြောက်စိတ်တွေ ဖြစ်လာတတ်ပါတယ် ကြောက်စိတ်ကနေ တစ်ချိန်ကျတော့ မခံချင်စိတ်နဲ့ အဆူခံရသလိုမျိုး ပြန်ပြောတတ်လာတတ်တယ် အရိုက်ခံရသလို ပြန်ရိုက်လာတတ်တယ် လူကြီးတွေတင်မကဘဲ သက်တူရွယ်တူကလေးတွေရော ကိုယ့်ထက်အငယ်တွေကိုရော ပြန်ပြောပြန်လုပ်လာတတ်ကြပါတယ်
ကလေးရှေ့မှာ တစ်အိမ်တည်းနေ လူကြီးတွေ မကြာခဏ စကားများရန်ဖြစ်နေရင် ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေပါလာရင်လည်း တူတူပါပဲ တစ်ခုခု အဆင်မပြေဖြစ်တိုင်း အော်ဟစ်ပြောဆိုရမယ် မကျေနပ်တိုင်းစိတ်တိုတိုင်းလက်ပါရမယ် ထင်လာတတ်တယ်
ကလေးကို ဆဲဆိုပြောဆိုတာဖြစ်စေ ကလေးရှေ့မှာ တစ်ခြားသူကိုဆဲဆိုပြောဆိုမိတာဖြစ်စေ ကလေးနားမှာ ဆဲဆိုတဲ့အသံကို နားရည်ဝပြီး ထမင်းစားရေသောက်သလို လိုက်ပြောတတ်ကြပါတယ်

ကလေးတွေက သင်ယူလွယ်ပါတယ် ကလေးတွေနဲ့ ပြောဆိုဆက်ဆံတိုင်း အမှတ်မဲ့မနေဘဲ သေချာဂရုစိုက်ဖို့လိုပါတယ် ကလေးကို အကျင့်ကောင်းလေးတွေ ရှိစေချင်တယ်ဆို လူကြီးတွေကိုယ်တိုင်ကလည်း အကျင့်ကောင်းကို ကျင့်သုံးမှရပါမယ်
ကလေးကို အရမ်းကောင်းစေချင်လွန်းပြီး စည်းမျဉ်းစည်းကမ်းတွေ အများကြီးချမှတ်တာမျိုးမဖြစ်ဖို့လည်း ဂရုစိုက်ရပါမယ် ကိုယ့်အလှည့်တုန်းက ဒီလိုနေခဲ့ရလို့ ကိုယ့်ကလေးလည်းစည်းကမ်းနဲ့နေရမယ်ဆိုရင် တစ်ချို့သောကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရသွားတတ်ကြပါတယ်
ဒါကြောင့် ကလေးထိန်းတယ်ဆိုတာ မလွယ်ပါဘူး ကလေးငယ်စဉ်အချိန်တည်းက သူတို့စိတ်တွေထဲမှာ အလေ့အကျင့်ကောင်းလေးတွေဖြစ်ဖို့ လိမ်မာယဉ်ကျေးဖို့ သူတို့ကို သင်ပေးဖို့တင်မကဘဲ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူအပြောအဆိုကလည်း အရေးပါပါတယ် ကလေးအနားဝန်းကျင်မှာရှိသမျှအရာတိုင်းက ကလေးတွေအတွက်တော့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ဖြစ်နေလို့ပါပဲ

Dr. CST

Previous Post

ဆီးထဲသွေးပါရင် ဆီးအိမ်ကင်ဆာလား

Next Post

နဲတာကောင်းလား များတာကောင်းလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
263

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
322

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
837

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
677

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နဲတာကောင်းလား များတာကောင်းလား

သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအကြောင်း

OC pill အကြောင်း တစေ့တစောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.