fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးငယ်များကို အားဆေးတိုက်သင့်/မတိုက်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ?

533
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးငယ်များကို အားဆေးတိုက်သင့်/မတိုက်သင့် ဘယ်လိုဆုံးဖြတ်ကြမလဲ?

ကလေးငယ်များကို အားဆေးတိုက်ကျွေးခြင်းသည် ကောင်းသော အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ သို့သော် သင့်ကလေးဟာ အစားအစာကို ကောင်းကောင်းမစားခြင်း၊ အသီးအရွက်အသားငါး စုံအောင်မစားခြင်းစသည့်အခြေအနေမျိုးမှသာလျှင် အားဆေးလိုတတ်လေ့ရှိပါတယ်။ ဒါပေမယ့် ကလေးတွေသည် များသောအားဖြင့် အားဆေးတိုက်ကျွေးရန်မလိုအပ်ပါဘူး။ မိဘများအနေနဲ့ မိမိကလေးကို အားဆေးတိုက်ကျွေးလိုပါက ဆရာဝန်များနှင့် သေချာတိုင်ပင်ပြီးမှသာ ကျွေးသင့်ကြောင့် ပထမဦးစွာ ပြောလိုပါတယ်။

– မိမိကလေးငယ်ကို အားဆေးကျွေးဖို့ လိုအပ်လား မလိုအပ်လား ဘယ်လိုဆုံးဖြတ်ကြမလဲ
ဒီလိုဆုံးဖြတ်တဲ့နေရာမှာ အရင်ဆုံး မိမိကလေးငယ်၏ အစားအစာ စားသုံးတဲ့ပုံစံ မိဘများက အစားအစာပြင်ဆင်ပေးတဲ့ပုံစံတို့တွင် မူတည်ပါတယ်။ ကလေးတစ်ယောက်သည် အစားအစာ ကောင်းကောင်းစားနိုင်နေလျှင် အားဆေးတိုက်ဖို့ လုံးဝမလိုအပ်ပါဘူး။ အကယ်၍ သင့်ကလေးသည် အစားဂျီးများတဲ့သူဆိုရင်တောင် အားဆေးတိုက်ဖို့ မလိုအပ်သေးပါဘူး။ အသီးအရွက်၊ အသားငါး စသည်တို့ စုံလင်အောင် စားတတ်စေရန် မိဘများက သေချာကျွေးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်ကလေးသည် ဘယ်လိုမှကျွေးမရတာမျိုး၊ သက်တူရွယ်တူ တခြားကလေးငယ်များနှင့်ယှဉ်လျှင် ကိုယ်အလေးချိန်အားဖြင့်လည်းကောင်း၊ အရပ်အားဖြင့်လည်းကောင်း ကြီးထွားဖွံ့ဖြိုးမှုမရှိခြင်း၊ မောပန်းလွယ်နေခြင်း စသည့် အခြေအနေများဖြစ်လာပါက အားဆေးတိုက်ရန် လိုအပ်လာနိုင်ပါတယ်။ အားဆေးတိုက်လိုတဲ့အခါ ဆရာဝန်နှင့် သေချာဆွေးနွေးပြီးမှ ဆရာဝန်ရဲ့ လမ်းညွှန်ချက်ဖြင့်သာ တိုက်ကျွေးသင့်ပါတယ်။

– ကလေးငယ်များတွင် အာဟာရဓာတ်ချို့တဲ့ခြင်းများ ဖြစ်လေ့ရှိပါတယ်။ အဖြစ်များလေ့ရှိသော ဓာတ်များမှာ ဗီတာမင်ဒီဓာတ်၊ ကယ်လ်စီယမ်ဓာတ်နှင့် အိုမီဂါ-3ဓာတ်များဖြစ်ပါတယ်။ ကလေးများကို အမျှင်ဓာတ်များစွာပါဝင်သော ဟင်းသီးဟင်းရွက်များကို များများကျွေးပေးပါ။ အားဆေးရွေးချယ်ရာတွင် ကလေးများ၏ အသက်အရွယ်အလိုက် ထုတ်လုပ်ထားသော အားဆေးများကို တိုက်ကျွေးရပါမယ်။ ကလေးအားဆေးနဲ့ လူကြီးအားဆေးမှာ မတူပါဘူး။ ကလေးအားဆေးများတွင် ကလေးများအတွက် အမှန်တကယ်လိုအပ်သော ဗီတာမင်ပမာဏများကိုသာ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အားဆေးဝယ်ရာတွင်လည်း သေချာရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

– အားဆေးဝယ်ပြီးသည့်အချိန်တွင်လည်း အညွှန်းကို သေချာဖတ်ပါ။ ဆေးအညွှန်းများတွင် တစ်နေ့သောက်ရမယ့်ပမာဏနဲ့ ပါဝင်သည့် ဗီတာမင်ဓာတ်များကိုသေချာစွာ ရေးထားပါတယ်။ အညွှန်းထက် ပို၍သောက်သုံးခြင်း မပြုလုပ်ရပါ။ တန်ဆေးလွန်ဘေးဖြစ်တတ်ပါတယ်။
– အားဆေးရွေးချယ်ရာတွင် ဆေးလုံးပုံစံကလည်း အရေးကြီးပါတယ်။ ဆေးလုံးကြီးကြီးဆိုလျှင် ကလေးတွေက မသောက်ချင်ပါဘူး။ ဒါ့ကြောင့် ကလေးများအကြိုက် အရုပ်ပုံစံလေးတွေနဲ့ ပြုလုပ်ထားသော ဆေးလုံးများကို ရွေးချယ်ဝယ်ယူလျှင် ပိုပြီးထိရောက်ပါလိမ့်မယ်။

– ဗီတာမင်စီ ပါဝင်သော အစားအစာများနှင့် ဗီတာမင်စီပါသောအားဆေးကို ရွေးချယ်ပါ။ ဗီတာမင်စီဓာတ်သည် ကလေးများ မကြာခဏ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ပြည့်ဝစွာပါဝင်သော အသီးအရွက်များမှာ အချဉ်ဓာတ်ရှိသော သရက်သီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ဖရဲသီး စသည်တို့နဲ့ ဟင်းသီးဟင်းရွက်များဖြစ်သော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ အစိမ်းရောင်နှင့် အနီရောင်ရှိသော ငရုတ်သီးတို့ဖြစ်ပါတယ်။
– ဆက်လက်၍ ကလေးများကို အားဆေးတိုက်သောအခါ ဆေးလို့ပြောပြီးတိုက်ပါ။ ဆေးသောက်ရမယ်လို့မပြောဘဲ သကြားလုံးလို့ပြောပြီး တိုက်ပါက ကလေးက လူကြီးတွေ မရှိတဲ့အချိန် ထပ်၍စားချင်နေပါလိမ့်မယ်။ ဒါ့ကြောင့် အားဆေးသေချာပြောပြီး တိုက်ပေးပါ။

– အားဆေးဘူးများကိုလည်း ကလေး လက်လှမ်းမမီတဲ့နေရာတွင် သိမ်းဆည်းပါ။ ကလေးတွေကို အားဆေးကျွေးတဲ့အခါ ချိုသောအရသာရှိသည့်အတွက် သကြားလုံးလို့ သဘောထားပြီး မကြာခဏစားချင်နေပါလိမ့်မယ်။ ထို့ကြောင့် ဆေးပုလင်းများကို ကလေးများ ယူလို့မမီနိုင်တဲ့နေရာမျိုးမှာသာ ထားစေချင်ပါတယ်။
– ကလေးငယ်များ အကြောင်းတစ်ခုခုကြောင့် နေမကောင်းတဲ့အခါ တခြားဆေးများကို တိုက်တဲ့အချိန်တွင် အားဆေးကို ထည့်တိုက်သင့် မသင့်ကို သက်ဆိုင်ရာ ဆရာဝန်များကို သေချာမေးမြန်းပြီးမှ တိုက်ပေးပါ။ ဆေးတွေမှာ တစ်ခုနဲ့ တစ်ခု တည့်/မတည့်ဆိုတဲ့ အခြေအနေတွေရှိတတ်ပါတယ်။

– ကလေးငယ်များဟာ အားဆေးများကို အလွန်အကျွံသောက်မိတတ်ပါတယ်။ ထို့ကြောင့် ဆေးအလွန်အကျွံသောက်မိတဲ့အခါ ဖြစ်ပေါ်တတ်သော လက္ခဏာများကိုလည်း မိဘများသိထားသင့်ပါတယ်။ များသောအားဖြင့် သံဓာတ်၊ ဗီတာမင် ဘီ6၊ ဗီတာမင် ဘီ3၊ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စသည့် ဗီတာမင်များပါဝင်သော ဆေးများ အလွန်အကျွံသောက်မိပါက ဆိုးကျိုးများဖြစ်ပေါ်နိုင်ပါတယ်။ ဗီတာမင် ကေနှင့် အီးကြောင့် ခန္ဓာကိုယ်တစ်နေရာရာမှ သွေးထွက်ခြင်း၊ ဗီတာမင် ဘီ3ကြောင့် အသားအရေနီစက်စက်ဖြစ်လာခြင်း၊ ဗီတာမင် ဘီ6ကြောင့် ထံကျဉ်၍ လမ်းမလျှောက်နိုင်ခြင်း၊ ဗီတာမင်အေကြောင့် မျက်စိအမြင်မှုန်ဝါးလာခြင်း၊ သံဓာတ်ကြောင့် ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများ ခံစားရတတ်ပါတယ်။ ဒီလို လက္ခဏာများ တွေ့ရှိလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပါ။

– နောက်ဆုံးတစ်ချက်အနေနဲ့ မိဘများသည် ကလေးများကို အားဆေးတိုက်ဖို့ရာကိုပဲ အာရုံစိုက်မနေစေချင်ပါဘူး။ အားဆေးတိုက်တာထက် ကလေးများကို အစားအစာပိုမို စားတတ်စေရန် လေ့ကျင့်ပေးစေလိုပါတယ်။ ကလေးများသည် မည်သည့်ကလေးမဆို အစားရွေးကြပါတယ်။ ဒါကို အစားရွေးတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုဖြင့် လက်မလျှော့စေချင်ပါဘူး။ တစ်နေ့တာ အစားအစာများတွင် အသား၊ ငါး အသီးအရွက်၊ ဟင်းချိုတို့ကို တတ်နိုင်သမျှ ထည့်၍ ချက်ပြုတ်ပေးပါ။ ဒါ့အပြင် မိဘများကလည်း ကလေးများကို စံပြအနေဖြင့် စားသောက်ပြရသည့်အပြင် အစားအသောက်တစ်ခုချင်းစီ၏ ကောင်းကျိုးရှိပုံကို ပြောပြပြီး သေချာကျွေးပေးဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါသည်။
အနာရောဂါ ကင်းစင်ပြီး ကျန်းမာကြပါစေ

Dr.သီတာလှိုင်(ဆေး-၂)

Previous Post

ဆင်တုံးမနွယ်အကြောင်းသိကောင်းစရာ

Next Post

မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
309

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
816

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
987
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိန်းမကိုယ်မှ ဂတ်စ်ထွက်ခြင်း

စားလို့မရတဲ့ မှို

မိုးရာသီတွင်လန်းဆန်းကျန်းမာစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.