မေမေဗိုက်များ နှစ်ခြိုက်စွာအိပ်ပျော်စေသော နည်းလမ်းများ
ကိုယ်ဝန်လနုစအချိန်တွင် မေမေဗိုက်အများစု အိပ်မပျော်ခြင်းကို ကြုံတွေ့ရလေ့ရှိပါတယ်။ မိခင်လောင်းဘဝအစတွင် အိပ်မပျော်ခြင်းသည် ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပါတယ်။ အချို့ကိုယ်ဝန်ဆောင်သည်များသည် လရင့်လေလေ အိပ်မပျော်ခြင်းပိုဆိုးလေလေ ဖြစ်တတ်ပါတယ်။
– အိပ်မပျော်ခြင်းဖြစ်စေသော အကြောင်းရင်းများ
ကိုယ်ဝန်ဆောင် ပထမကာလအတွင်း ပရိုဂျက်စထရုန်းဟော်မုန်း မြင့်တက်ခြင်းကြောင့် နေ့ခင်းချိန်များတွင်သာ အိပ်ပျော်ငိုက်မြည်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်အပြင်
– ဆာလောင်ခြင်း
– အိပ်ခါနီးအစပ်စားခြင်း
– ပျို့အန်ခြင်း
– စိတ်တိုခြင်းနှင့် စိတ်ဓာတ်ကျခြင်း
– နေသာထိုင်သာမရှိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
အိပ်ပျော်စေနိုင်သော နည်းလမ်းကောင်းများမှာ ……
1) အချိန်မှန် အိပ်ခြင်း
အချိန်မှန်အိပ်ရန် လေ့ကျင့်ပါ။ အိပ်ရာပြောင်းမအိပ်ပါနဲ့။ အိပ်ခန်းသည် အေးမြ၍ အလင်းရောင်တောက်ပစရာ မလိုပါ။ အိပ်ရာသည် သက်တောင့်သက်သာ ရှိနေစေပါ။ အိပ်ခန်းအတွင်း TV နှင့် Phone မရှိပါစေနှင့်။ ကော်ဖီ လဘက်ရည် သောက်ခြင်း ရှောင်ပါ။ စိတ်ဖိဆီးမှု လျော့စေရန် နှိပ်နယ်ခြင်းနှင့် ရေနွေးနှင့်ရေချိုးခြင်းများ ပြုလုပ်ပါ။
2) အားဆေးသောက်ခြင်း
ကိုယ်ဝန်ဆောင်ကာလ ပထမပတ်တွင် အားဆေးသောက်ရန် မလိုသော်လည်း သံဓာတ်နှင့် Folic acid ချို့တဲ့ပါက အိပ်မပျော်သောကြောင့် အဆိုပါ ဓာတ်များပြန်ဖြည့်ပါ။
3) တရားမှတ်ခြင်း
စိတ်ငြိမ်စေရန် တရားမှတ်ခြင်း။ ယောဂ ပြုလုပ်ခြင်းဖြင့် စိတ်ငြိမ်ကာ ဆေးမလိုဘဲ အိပ်ပျော်စေနိုင်ပါတယ်။
4) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်သော ကိုယ်ဝန်ဆောင်များသည် တက်ကြွမှုမရှိ ဖြစ်နေနိုင်ပါတယ်။ ညင်သာသော လှုပ်ရှားမှုကြောင့် အစာကြေလွယ်ခြင်း၊ ခါးနာသက်သာခြင်းနှင့် နှလုံးကျန်းမာမှု ကောင်းစေခြင်း ဖြစ်စေပါတယ်။
5) အာဟာရပြည့်ဝသော အစာစားခြင်း
ကိုယ်ဝန်လနုစအချိန်တွင် ဟော်မုန်းပြောင်းလဲမှုကြောင့် အစာမစားနိုင်ခြင်း၊ မူးဝေပျို့အန်ခြင်းတို့ကြောင့် အာဟာရပြည့်ဝရန် အထူးလိုအပ်ပါတယ်။ အစာမရှိသောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် မလွယ်ကူပါ။ ထို့ကြောင့် အစာကြေလွယ်ပြီး အာဟာရရှိသော အစာအစားများကို သေချာစွာစားသုံးပေးပါ။
ကိုယ်ဝန်ဆောင်စဉ် အိပ်မပျော်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ရပ်ဖြစ်သော်လည်း မမဗိုက်များအနေဖြင့် မိမိနေ့စဉ်လှုပ်ရှားနေထိုင်မှု ပြောင်းလဲခြင်းအားဖြင့် အိပ်မပျော်ခြင်း ပြဿနာကို အလွယ်တကူ ဖယ်ရှားနိုင်ပါလိမ့်မယ်။
Dr. Pyae Shin