fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အမွှာကိုယ်ဝန်ဖြစ်ဖို့ အထောက်အကူပြုနိုင်သောအချက်များ

149
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/05/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

တချို့အိမ်ထောင်ရှင်စုံတွဲတွေက ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာလေးတွေကို ရချင်ကြပါတယ်။ အမွှာလေးတွေဟာလည်း တကယ်ကို ချစ်စရာကောင်းပါတယ်။

သို့ပေမယ့် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာကိုယ်ဝန်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို ဖြစ်နိုင်ခြေလည်းနည်းပါတယ်။ အခုခေတ်စားနေတဲ့ ဖန်ပြွန်သန္ဓေနည်း (IVF) နဲ့ အမွှာကိုယ်ဝန်ရဖို့လုပ်ဆောင်နိုင်တယ်ဆိုတာတောင် သေချာပေါက်ရမယ်လို့ အာမမခံနိုင်သလို ရနိုင်ခြေဟာလည်း နည်းနေပါသေးတယ်။

အမွှာကိုယ်ဝန်ရဖို့ဆိုတာဟာ အချက်အလက်တွေ အကြောင်းရင်းတွေ များစွာပေါ်မူတည်ပြီး ထိုအကြောင်းရင်းတွေထဲက အတော်များများတိုက်ဆိုင်ကာ ကံကလည်းလိုက်မှ ရနိုင်တာပါ။ ဒါကြောင့် ဒီတပတ်မှာ အမွှာကိုယ်ဝန်ရဖို့အတွက် ဘယ်အကြောင်းတွေပေါ်မူတည်လဲ၊ ဘယ်အကြောင်းတွေက အမွှာကိုယ်ဝန်ဖြစ်နိုင်ခြေကို များစေလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

၁။ အသက်အရွယ်

ကိုယ်ဝန်ဆောင်တဲ့အခါ ငယ်ရွယ်တဲ့အမျိုးသမီးတွေထက် အသက်ကြီးတဲ့အမျိုးသမီးတွေ (အသက် ၃၀ ကျော်အမျိုးသမီးတွေ) ဟာ အမွှာကိုယ်ဝန်ရနိုင်ခြေပိုများကြောင်း သုတေသနတွေအရသိရပါတယ်။

အသက်ကြီးလာတဲ့အခါ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥကိုကြွေစေရန် လှုံ့ဆော်ပေးတဲ့ဟော်မုန်း (Follicular Stimulating Hormone) ပမာဏာဟာမြင့်တက်လာပါတယ်။ အဲ့လိုမြင့်တက်လာခြင်းဟာ သားဥကြွေခြင်းကို ပိုမိုလှုံဆော်ပေးတဲ့အတွက် ပုံမှန်တလမှာ သားဥတလုံးကြွေတဲ့အစား သားဥတလုံးထက်ပိုပြီး ကြွေတာမျိုးဖြစ်ပြီး အမွှာကိုယ်ဝန်ရခြင်းကို ဖြစ်စေနိုင်ပါတယ်။

၂။ မိသားစုမျိုးရိုးအတွင်း အမွှာမွေးဖူးတဲ့သူရှိခြင်း

မိမိရဲ့ အမေ၊ အဒေါ်၊ အဖွား၊ ညီမ၊ အမ တွေမှာ အမွှာမွေးဖူးတဲ့သူရှိပါက မိမိမှာလည်းအိမ်ထောင်ကျလို့ ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာမွေးနိုင်ခြေဟာပိုများပါတယ်။ ဒါ့အပြင် မိမိအမျိုးသားဖက်က ဆွေမျိုးတွေထဲမှာလည်း အမွှာမွေးဖူးတဲ့သူရှိပါက ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာမွေးနိုင်ခြေဟာ ၇၀ ရာခိုင်နှုန်းကျော်ထိ ဖြစ်နိုင်ကြောင်း လေ့လာမှုတွေအရသိရပါတယ်။

၃။ ကိုယ်အလေးချိန်

လေ့လာမှုတွေအရ ကိုယ်အလေးချိန်များပြီး ဝတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရနိုင်ခြေ (မျိုးအောင်နိုင်ခြေ) နည်းပါတယ်။ ဒါပေမယ့် တကယ်လို့ကိုယ်ဝန်ရခဲ့တဲ့အခါမှာဆိုရင် ပိန်တဲ့အမျိုးသမီးတွေ၊ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့အမျိုးသမီးတွေထက် အမွှာဖြစ်နိုင်ခြေပိုများကြောင်းသိရပါတယ်။

ဒါဟာဘာဖြစ်လို့လဲဆိုတော့ ဝတဲ့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေဟာ အီစတိုဂျင်ဟော်မုန်းကိုများစေပြီး ထိုများလာတဲ့ဟော်မုန်းဓါတ်ဟာ မမျိုးဥကြွေခြင်းကို များများဖြစ်အောင်လှုံဆော်ကာ တလပုံမှန်သားဥတလုံးကြွေရမယ့်အစား တလုံးထက်ပိုကြွေခြင်းကို ဖြစ်စေတာကြောင့်ပါ။

၄။ အရပ်အမြင့်

အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်ရှိတဲ့ အမျိုးသမီးတွေ အရပ်ပုတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာရနိုင်ခြေပိုများပါတယ်။ သုတေသနလေ့လာမှုတခုအရ ၁၆၅ စင်တီမီတာ (ငါးပေ ငါးလက်မ) နဲ့အထက် အရပ်မြင့်တဲ့ အမျိုးသမီးတွေဟာ သာမန်အရပ်အမြင့် (ငါးပေ ၃လက်မကျော်) ရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တဲ့အခါ အမွှာရနိုင်ခြေဟာ နှစ်ဆကျော်ပိုများကြောင်းသိရပါတယ်။ ဘာလို့ဒီလိုဖြစ်ရလဲအကြောင်းရင်းကိုတော့ ခုထိ အဖြေရှာမရသေးပါဘူးလို့ သုတေသနလေ့လာမှုလုပ်တဲ့သူတွေကပြောထားပါတယ်။

၅။ ကိုယ်ဝန်ဆောင်အကြိမ်အရေအတွက်များခြင်း (ကလေးများများမွေးခြင်း)

အမွှာကိုယ်ဝန်ဟာ သားဦးကိုယ်ဝန်ထက် နောက်အကြိမ် ကိုယ်ဝန်ဆောင်တဲ့အခါတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် အမွှာရချင်ရင် ကလေးတယောက် သို့မဟုတ် နှစ်ယောက်လောက်မွေးပြီးတာနဲ့ ဆက်မယူတာမျိုးမလုပ်ဘဲ ဒုတိယမြောက်ကိုယ်ဝန် တတိယမြောက်ကိုယ်ဝန် ဆက်ယူသင့်ပါတယ်။

၆။ မိခင်နို့တိုက်ကျွေးခြင်း

လေ့လာမှုတွေအရ မွေးတဲ့ကလေးကို မိမိနို့ (မိခင်နို့) တိုက်ကျွေးတဲ့ မိခင်တွေဟာ မိခင်နို့မတိုက်ကျွေးတဲ့ မိခင်တွေထက် နောက်အကြိမ်ကိုယ်ဝန်ဆောင်တဲ့အခါမှာ အမွှာရနိုင်ခြေပိုများကြောင်းသိရပါတယ်။

၇။ ဖောလစ်အက်စစ်သောက်ခြင်း

ဖောလစ်အက်စစ်ဟာ ဗီတာမင်ဘီအမျိူးအစားတမျိူးပါပဲ။ ပြောရရင်ဗီတာမင်ဘီနိုင်း (Vitamin B9) လို့လည်းခေါ်နိုင်ပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေအသစ်တည်ဆောက်တဲ့ နေရာမရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တမျိုးပါ။ ဒီအင်အေတည်ဆောက်ရာမှာလည်း အရေးပါတဲ့ပစ္စည်းတခုအနေနဲ့ပါဝင်ပြီးတော့ သွေးနီဥတွေကြီးထွားဖို့အတွက်လည်း အထောက်အကူပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာမှ သောက်ရတာမဟုတ်ဘဲ ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ကာလမှာလည်း အားဆေးအနေနဲ့သောက်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လမှာ ဖောလစ်အက်စစ်သောက်သုံးပေးမယ်ဆိုရင် သန္ဓေသားမှာ ဦးနှောက်နဲ့အာရုံကြောမကြီး မဖွံ့ဖြိုးတာ ချို့ယွင်းတာ (Birth Defect Of Brain And Spinal Cord) တွေကို ၇၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ပါတယ်။

ဖောလစ်အက်စစ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ ဆက်နွယ်မှုရှိတဲ့ ဟိုမိုဆစ်စတင်အင်း (Homocysteine) ပမာဏကိုလည်း နည်းစေပါတယ်။ ဒါ့အပြင် လေ့လာမှုတွေအရ ဖောလစ်အက်စစ်ဟာ သားဥကြွေခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက် ကိုယ်ဝန်ယူဖို့ကြိုးစားနေတဲ့ကာလမှာ ဖောလစ်အက်စစ်ကို တနေ့တလုံးသောက်ပေးပါက အမွှာဖြစ်နိုင်ခြေကိုများစေနိုင်ကြောင်းသိရပါတယ်။ တနေ့တာ ဖောလစ်အက်စစ်လိုအပ်ချက်ကတော့ ၄၀၀ မိုက်ခရိုဂရမ်ပါ။ သို့သော်ကိုယ်ဝန်ဆောင်အမျိူးသမီးတွေမှာ ဒီထက်ပိုလိုအပ်နိုင်ပါတယ်။

၈။ မျိုးနွယ်

အာဖရိကန် အမေရိကန် (African-Americans) လူမျိုးနွယ်ဝင်တွေဟာ ကော့ကေးရှန်းလူမျိုးနွယ်ဝင် (Caucasian) တွေထက် အမွှာရနိုင်ခြေပိုများပါတယ်။ အာရှလူမျိုးနွယ်ဝင် (Asian) အမျိုးသမီးတွေဟာ အမွှာရနိုင်ခြေအနည်းဆုံးဖြစ်ကြောင်း လေ့လာမှုတွေအရသိရပါတယ်။

၉။ အစားအစာ

ပီလောပီနံ၊ ကန်စွန်းဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အများအပြား မကြာခဏ စားသုံးတဲ့အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေများကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ ဒါဟာဘာကြောင့်မှန်းတော့ ခုထိအဖြေရှာမရသေးသလို ဘယ်လိုဖြစ်လဲဆိုတာလည်း သေချာရှင်းပြမရသေးပါ။ ဖြစ်နိုင်ခြေရှိတာကတော့ အဲ့အစားစာတွေထဲမှာပါတဲ့ ဓါတ်တွေဟာ မမျိုးဥကြွေတာကို အထောက်အကူပြုလို့ဖြစ်နိုင်ပါတယ်။

Dr 528

Previous Post

ဦးနှောက်စွမ်းဆောင်ရည်နဲ့ မှတ်ဉာဏ်ကို အားကောင်းစေသောအချက် ၁၀ ချက်

Next Post

အမြန်ဆုံး ခေါင်းကိုက်သက်သာစေဖို့

149
VIEWS
Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ခါးနာခြင်းသက်သာစေဖို့ဆိုရင်

4 weeks ago

ကလေးများအတွက် မဖြစ်အနေလိုအပ်သော အာဟာရဓါတ်များ

4 weeks ago

ရင်ပူခြင်းအကြောင်းသိကောင်းစရာများ

4 weeks ago

ဆောင်းရာသီမှာအဖြစ်များတဲ့ရောဂါများ နှင့်နာကျင်ကိုက်ခဲမှုများအကြောင်း

4 weeks ago

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

4 weeks ago

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

4 weeks ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0
  • ရင်ဘတ်အောင့်တာအစာအိမ်ကြောင့်လား၊ နှလုံးကြောင့်လား ။

    0 shares
    Share 0 Tweet 0
  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
Next Post

အမြန်ဆုံး ခေါင်းကိုက်သက်သာစေဖို့

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!