ကလေးငယ်တွေ အသက်နှစ်နှစ်ထိ စကားမပြောသေးရင် ဘာပြဿနာတွေရှိလဲ
မိဘတိုင်းသည် မိမိရင်သွေးငယ် မွေးဖွားသည်မှ တဖြေးဖြေးကြီးပြင်းလာသည်ကို ကြည့်၍ အချစ်ပိုကြပါတယ်။ ကလေးငယ် မှောက်တတ်၊ ထိုင်တတ်လာသည်ကို ကြည့်၍ ပီတိဖြစ်ရပါတယ်။ အကယ်၍ မိမိရင်သွေးငယ်ဆီက တီတီတာတာစကားသံလေးများ မျှော်လင့်ထားသလို ထွက်မလာသောအခါ စိုးရိမ်စိတ်နှင့် သောကများကြရပါတယ်။
စကားမပြောတာလား? အသံမထွက်တာလား?
အသံမထွက်ခြင်းဆိုသည်မှာ မည်သည့်အသံမျှ ထွက်မလာခြင်းကို ဆိုလိုပါတယ်။
စကားမပြောခြင်းမှာ မိမိဆိုလိုသည်ကို စကားဖြင့် နားလည်သော်လည်း ပြောလိုသည့်အကြောင်းအရာ မပြောခြင်းကို ဆိုလိုပါတယ်။
စကားပြောနောက်ကျခြင်းဆိုသည်မှာ စကားကို ၂ လုံးတွဲထက် ပိုမပြောနိုင်ခြင်း ဖြစ်ပါတယ်။(ဥပမာ ဖေဖေ မေမေ)
အသံထွက်နောက်ကျခြင်းမှာ နားလည်ရန် ခက်သောစကားကိုသာ ပြောနိုင်ခြင်းဖြစ်ပါတယ်။ (ဥပမာ အူးအဲ )
(1) ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ
– ပုံမှန်ကြီးထွားဖွံဖြိုးသော ကလေးငယ်တွင် စကားပြောနောက်ကျခြင်းမှာ လျှာနှင့် အာခေါင်တွင် ပြဿနာတစုံတခု ဖြစ်နေခြင်း
– ကလေးငယ်တွင် စကားပြောခြင်းနှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်းတွင် ပြဿနာရှိသောကြောင့် စကားအသံထွက်လာစေသော နှုတ်ခမ်း၊ ပါးစပ်၊ လျှာသည် လှုပ်ရှားမှု အံကိုက်မလှုပ်ရှားနိုင်ခြင်း
– အကြားအာရုံချို့ယွင်းခြင်းသည် စကားပြောနောက်ကျခြင်းနှင့် အဓိကဆက်နွယ်နေပါတယ်။ အကြားအာရုံချို့ယွင်းပါက နားလည်မႈ ခက်ခဲခြင်းနှင့် ဘာသာစကားအခက်အခဲဖြစ်ခြင်း
– နားပိုးကူးစက်မႈဖြစ်ခြင်း အထူးသဖြင့် နာတာရှည်နားရောဂါသည် စကားပြောခြင်းကို နှောင့်နှေးစေခြင်းတို့ ဖြစ်ပါတယ်။
ကလေးငယ်သည် အသက်တစ်နှစ်ခွဲ ၂ နှစ်ထိ စကားပြောနောက်ကျနေသည်ကို သတိပြုမိပါက သေချာနားလည်တတ်ကျွမ်းသော ကလေးအထူးကုဆရာဝန်နှင့် ဆွေးနွေးကြည့်ပါ။
(2) မိဘများအနေဖြင် မည်သို့ ကြိုးစားသင့်သလဲ?
ကလေးငယ် စကားပြောနောက်ကျခြင်းကို ကုသရန် မိဘနှင့် ပတ်ဝန်းကျင်က အထူးအရေးကြီးပါတယ်။
– ကလေးငယ်ကို စကားပြောပေးပါ။ သီချင်းဆိုပြပါ။ ပြန်လည်ပြောဆိုနိုင်ရန် တိုက်တွန်းပါ။
– ကလေးငယ်ကို ပုံပြင်အတိုလေးတွေဖတ်ပြပါ။ အသက်အရွယ်လိုက် ပုံကလေးများကို လက်ထောက်၍ နားလည်းအောင် ပြောပြပါ။
– ကလေးငယ် အဆင်ပြေလွယ်ကူစွာပြောနိုင်သော စကားအတိုလေးများဖြင့် ကြိုးစားသင်ပြပါ။ ဥပမာ ရေရေ။ မန်းမန်း
– ကလေးငယ်ကို မိမိနေ့စဉ်သွားလာသော နေရာတိုင်း လုပ်ကိုင်မႈတိုင်းကို ပြောပြပါ။ ဥပမာဟင်းချက်ရင်း သုံးသောပစ္စည်းများကို ထောက်ပြပြောဆိုပါ။ (အိုး၊ ဓား)
ကလေးငယ်စကားပြောနောက်ကျနေလျှင် စောစီးစွာကုသမႈ အကြံဉာဏ်ယူပါ။ မှန်ကန်သော ကုသမႈကို ပြုလုပ်ခြင်းဖြင့် ကလေးငယ်ကို သင်နှင့် သင့်ကမ္ဘာနှင့်ပါ အဆက်အသွယ်မပြတ်အောင် အကောင်းဆုံး ပြန်လည် ဆက်သွယ်ပေးလိုက်ပါ။
Dr. ပြည့်ရှင်း