fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးသွေးကင်ဆာလို့ မသင်္ကာရင် ဒီလက္ခဏာတွေကို ရှာပါ

282
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/12/2018
in မိခင်နှင့်ကလေးကျန်းမာရေး, ရောဂါကြီးများ
1 min read
A A

ကလေးသွေးကင်ဆာလို့ မသင်္ကာရင် ဒီလက္ခဏာတွေကို ရှာပါ

လူကီးမီးယား လို့ဆိုလိုက်ရင် အရပ်ထဲမှာ သိတဲ့လူတွေလည်း သိကြပါတယ်။သွေးကင်ဆာ လို့ပြောလိုက်ရင်တော့ တန်းသိကြတာပေါ့လေ။အဲဒီသွေးကင်ဆာကို ကျနော်စသိရတာကတော့ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးလေးအွန်စောမှာ  ဖြစ်ပြီး သေသွားတဲ့ရောဂါအနေနဲ့ပါ။

နောက်ပိုင်းလည်း ကိုရီးယားကားတွေထဲမယ် သွေးကင်ဆာနဲ့ မင်းသားမင်းသမီးတွေ သေလိုက်ကြတာများ တဖြုတ်ဖြုတ်ပဲ။ငယ်ငယ်က စဉ်းစားမိတာက ဒီသွေးကင်ဆာဟာ ချောချောလှလှလေးတွေမှ ရွေးပြီးဖြစ်တတ်တဲ့အမျိုးလားပေါ့။

ဒီလိုနဲ့ ဆေးကျောင်းတက် ဘွဲ့ရ အလုပ်သင်ဆင်းရင်းက သွေးကင်ဆာအကြောင်း တီးမိခေါက်မိ ရှိလာတယ်။ လူကီးမီးယားဆိုတာ သွေးဆဲလ်တွေမှာ ဖြစ်တတ်တဲ့ကင်ဆာကို ခေါ်ပါသတဲ့။ ဘယ်သွေးဆဲလ်လည်းဆိုတော့ သွေးဖြူဥတွေမှာပါတဲ့။ သွေးဖြူဥ သွေးနီဥတွေကို ပုံမှန်အားဖြင့် ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်ပေးလျက်ရှိပါတယ်။ သွေးကင်ဆာ စဖြစ်တဲ့အခါ ထုတ်လုပ်လိုက်တဲ့ သွေးဖြူဥအသစ်တချို့ဟာ ပုံမှန်ကြီးရိုးကြီးစဉ်တိုင်း မကြီးနိုင်ကြတော့ပါဘူး။

ဒါ့အပြင် အဲဒီပုံမမှန်တဲ့ သွေးဖြူဥတွေဟာ အဆမတန်လျင်မြန်စွာ ပွားများလာပြီး ကျန်းမာနေတဲ့ သွေးဆဲလ်တွေကိုပါ ဖုံးလွှမ်းသွားပါတယ်။ သွေးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကို အဲဒီအခါမှာ စတင်တွေ့ရှိရတတ်ပါတယ်။ သွေးကင်ဆာဟာ ကလေးတွေမှာ အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး အမေရိကန်မှာ တစ်နှစ်ကို ကလေး ၄၀၀၀ ခန့် ဒီရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။

ကလေးတွေမှာ သွေးကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းတိတိကျကျကိုတော့ ခုထက်ထိ မသိရသေးပါဘူး။ သွေးကင်ဆာရဲ့လက္ခဏာတွေကလည်း ကလေးတယောက်နဲ့တယောက် မတူတာမျိုးတွေ ရှိတတ်ကြပါတယ်။ နာတာရှည်သွေးကင်ဆာမှာ လက္ခဏာတွေဟာ တဖြေးဖြေးချင်းအချိန်ကြာမှ ပေါ်ပေါက်လာတတ်ကြပေမဲ့ ရုတ်တရက်ဖြစ်တဲ့သွေးကင်ဆာမျိုးမှာတော့ ရောဂါလက္ခဏာတွေက ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာတတ်ကြပါတယ်။

တချို့လက္ခဏာတွေဟာဆိုရင် အခြားသောအဖြစ်များတတ်တဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာမို့ သို့လောသို့လော ရောထွေးမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အခုဖော်ပြမဲ့ လက္ခဏာတွေ တွေ့ရယုံနဲ့တော့ သွေးကင်ဆာလို့ တပ်အပ်မတ်အပ်ကြီး ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ သတိထားဖို့တော့ လိုအပ်မှာ အမှန်ပါပဲ။

၁။ အနီကွက် အညိုကွက်များ ထွက်ခြင်း/ သွေးထွက်ခြင်း

သွေးကင်ဆာရှိတဲ့ကလေးတယောက်ဟာ နှာခေါင်းသွေးလျှံတာမျိုး  ထိခိုက်ရှနာအသေးအဖွဲလေးရတာမျိုးတွေမှာတောင် သွေးမတိတ်တော့မဲ့အလား သွေးတွေအများကြီး ထွက်စေတတ်ပါတယ်။ နဲနဲလေးမထိလိုက်နဲ့ တန်းပြီးတော့ သွေးခြည်ဥတာမျိုးတွေလည်း တွေ့ရပါတယ်။

ဒါ့အပြင်အရေပြားပေါ်မှာ အနီကွက်အညိုကွက်ကလေးတွေကို အများအပြားတွေ့ရတတ်ပါတယ်။ သွေးထဲမှာ platelet လို့ခေါ်တဲ့ သွေးဆဲလ်လေးတွေ လုံလုံလောက်လောက်ရှိမှ သွေးခဲနိုင်မှာဖြစ်တာကြောင့် သွေးကင်ဆာကလေးတွေကို သွေးစစ်ကြည့်တဲ့အခါ platelet အရေအတွက် အလွန်အမင်းကျဆင်းနေတာမျိုးကို တွေ့ရနိုင်ပါတယ်။

၂။ ဗိုက်ခဏခဏအောင့်ခြင်းနှင့် အစာစားချင်စိတ်မရှိခြင်း

သွေးကင်ဆာရှိနေခဲ့မယ်ဆိုရင် ကလေးတယောက်ဟာ သင့်ကို မကြာခဏဆိုသလို ဗိုက်အောင့်တယ် အစာအိမ်အောင့်တယ်ဆိုပြီးတော့ ပြောနေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ဗိုက်ထဲက အသည်း ကျောက်ကပ်နဲ့ ဘေလုံးစတဲ့အင်္ဂါတွေဟာ ကင်ဆာဆဲလ်တွေကြောင့် ပိုမိုကြီးထွားလာကြလို့ပါပဲ။

တခါတလေ ဆရာဝန်တွေလက်နဲ့စမ်းလို့ မိတဲ့အထိ ကြီးလာတတ်ပါတယ်။ ဒါ့အပြင် ကလေးအနေနဲ့ ဘာမှစားချင်သောက်ချင်စိတ် မရှိပဲ  ပိန်ချုံးချည့်နဲ့လာနိုင်ပါတယ်။

၃။ အသက်ရှုမဝခြင်း

ကင်ဆာဆဲလ်တွေ လည်ပင်းရဲ့အခြေမှာရှိတဲ့ သိုင်းမတ်စ် လို့ခေါ်တဲ့ ဂလင်းတခုကို ဖိမိညှပ်မိတဲ့အခါ ကလေးမှာ အသက်ရှုမဝတာ ကြပ်တာတွေဖြစ်လာပါတယ်။ တခါတလေ ရင်ဘတ်မှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ကင်ဆာကြောင့် ရောင်လာတာကလည်း လေပြွန်ကိုဖိမိသလိုဖြစ်ပြီး အသက်ရှုရခက်နိုင်ပါတယ်။

ဒါကြောင့် သွေးကင်ဆာဝေဒနာသည်ကလေးငယ်တွေမှာ မကြာခဏ ချောင်းဆိုးတာ အသက်ရှုရင် တရွှီရွှီနဲ့မြည်နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ တကယ်လို့များ အသက်ရှုရတာ နာကျင်လာတယ်ဆိုရင်တော့ အမြန်ဆုံးဆေးကုသမှုခံယူဖို့ လိုအပ်လာပါလိမ့်မယ်။

၄။ မကြာခဏ ဖျားနာခြင်း

ပုံမှန်ဆို သွေးဖြူဥတွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာမဲ့ ရန်သူပိုးမွှားတွေကို တိုက်ခိုက်ပေးကြပါတယ်။ သွေးကင်ဆာဖြစ်နေတဲ့အချိန်မှာတော့ သွေးဖြူဥတွေဟာ ပုံမှန်အတိုင်း မစွမ်းဆောင်နိုင်တော့တာကြောင့် ကလေးအနေနဲ့ ခဏခဏဖျားတာ တော်တော်နဲ့အဖျားမပျောက်တာမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။ နောက်ပြီး သွေးကင်ဆာကလေးတွေမှာ မကြာခဏ နှာစေးချောင်းဆိုး ဖြစ်တတ်ကြပါသေးတယ်။

၅။ အလုံးအကျိတ်များ ထွက်လာခြင်း

ကင်ဆာဆဲလ်တွေ ပြန်ရည်ကြောအကျိတ်တွေထဲ ရောက်တဲ့အခါ အလုံးအကျိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွေးကင်ဆာကြောင့်ဖြစ်တဲ့ အလုံးအကျိတ်တွေကို များသောအားဖြင့် ချိုင်းအောက်မှာ လည်ပင်းမှာ ပခုံးနားမှာနဲ့ ပေါင်ခြံလိုနေရာမျိုးတွေမှာ စမ်းမိတတ်ပါတယ်။

၆။ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း

သွေးဆဲလ်တွေကို ရိုးတွင်းခြင်ဆီကနေ အဓိကထုတ်လုပ်ပေးတာဖြစ်လို့ သွေးကင်ဆာလို ဆဲလ်တွေ မဟားဒယားပွားများတဲ့ ရောဂါမျိုးမှာဆို အရိုးအဆစ်တွေထဲမှာ ကင်ဆာဆဲလ်တွေစုပုံနေတတ်ပြီး နာကျင်ကိုက်ခဲမှုတွေဖြစ်ပေါ်စေပါတယ်။

တချို့ကလေးတွေမှာ ခါးအောက်ပိုင်းနာကျင်လေ့ရှိပြီး  တချို့မှာတော့ ခြေထောက်တွေမခံမရပ်နိုင်အောင် နာတာကြောင့် လမ်းလျှောက်ရင်ကို ထော့နဲ့ထော့နဲ့ ဖြစ်နေတတ်ပါတယ်။

၇။ သွေးအားနည်းပြီး ဖြူဖပ်ဖြူရော်ဖြစ်ခြင်း

သွေးနီဥတွေဟာ ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ သွေးဖြူဥတွေချည်း လှိမ့်ထုတ်နေတဲ့သွေးကင်ဆာမှာတော့ သွေးနီဥထွက်ရှိနှုန်းဟာ သ်သိသာသာနည်းပါးသွားပါတယ်။

ဒီအခါ အလွယ်တကူမောတာ့ဖြူဖပ်ဖြူရော်ဖြစ်တာ အသက်ရှုမြန်တာတွေ ဖြစ်လာပါတယ်။ တချို့ကလေးတွေမှာ အားနည်းပြီး ခေါင်းမူးတာမျိုးတွေ ကြုံရတတ်ပါတယ်။

ပြောခဲ့တဲ့အတိုင်းပါပဲ။ ဒီလက္ခဏာတွေရှိနေယုံနဲ့ သွေးကင်ဆာဖြစ်နေပြီလို့ ပြောလို့မရဘူးဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကလေးတွေမှာ ဖြစ်တဲ့သွေးကင်ဆာဟာ စောစောသိရင် အချိန်မှီကုသနိုင်ရင် ပျောက်ကင်းနိုင်ချေရှိတာမို့ ဒီလက္ခဏာတွေတွေ့ရရင် ဘာပဲပြောပြော မပေါ့သင့်ကြောင်းပါလို့ သတိပေးလိုက်ပါတယ်။

Dr.KG

Previous Post

အမျိုးသမီးတယောက်အတွက် တနေ့ထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်များ လွန်းခဲ့ရင်

Next Post

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လျှာသီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အအေးမိချောင်းဆိုးသက်သာစေတဲ့ ကြောင်လျှာသီး

ခေါင်းကိုက်သက်သာစေမဲ့ ပေါက်ပန်းဖြူ

ဝမ်းနှုတ်ဆေးကို အမြဲတမ်း စွဲမသောက်သင့်တဲ့အကြောင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.