fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေး ဖုန်း၊ တီဗီ စွဲလမ်းမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ

724
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/01/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သင့်ကလေး ဖုန်း၊ တီဗီ စွဲလမ်းမှုကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဒီနေ့ခေတ်မှာ မိဘတွေက အလုပ်ချိန်များလာတာနဲ့အမျှ မိမိရဲ့ သားသမီးတွေကို ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးတာ နည်းလာပါတယ်။ အဲဒါအပြင် ကလေးလေးတွေ ဂျီကျရင် အားရုံပြောင်းဖို့အတွက် အလွယ်တကူ အကူညီပေးတဲ့ ဖုန်း၊ တက်ဘလက်၊ တီဗီ တို့ကိုပြပြီး အာရုံပြောင်းစေတယ်။

ကလေးငယ်များ တီဗီ ကြည့်ရင် မျက်စိပျက်မယ်၊ Game ဆော့ရင် ဦးနှောက် အလုံးဖြစ်မယ်၊ ဖုန်းနားနေရင် ဉာဏ်ရည် ထိမယ်စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒါတွေက သိပ္ပံနည်းကျ သက်သေအထောက်အထားရှိတဲ့ မှန်ကန်တဲ့အယူဆတွေ မဟုတ်ပါဘူး။

Screen Time လွန်ကဲခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ?

Screen Time လွန်ကဲလာရင်

• ကိုယ်ခန္ဓာ လှုပ်ရှားမှု လျော့နည်းခြင်း

• ကြွက်သားနှင့် အရိုးသန်မာမှု လျော့နည်းခြင်း

• ကြီးထွားမှု နှောင့်နှေးခြင်း

• အစားအသောက်ကို စိတ်ဝင်စားမှု နည်းခြင်းကြောင့် အာဟာရချို့တဲ့ခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်သလို

 

Screen Time ကို တလွဲသုံးခြင်းကြောင့်

• အရွယ်နှင့် မအပ်စပ်သော လုပ်ရပ်များကို အတုခိုးခြင်း

• စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိခြင်း

• စိတ်ကျန်းမာရေး ထိခိုက်ခြင်း အစရှိတဲ့ လူမှုရေးပြဿနာများပါ ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် ကလေးလေးတွေ ဖုန်းစွဲတာ၊ တီဗီစွဲတာ၊ Screen Time လျော့နည်းအောင် ဘယ်လိုလုပ်မလဲ။

နည်းလမ်းလေးတွေ ကြည့်ရအောင် …

 

မိဘတွေက စံပြနမူနာပါ

ကလေးလေးတွေ အနီးကပ်ဆုံး သင်ယူလေ့လာနေရတာက မိဘတွေပါ။
မေမေနဲ့ ဖေဖေက ဖုန်းကို မကြာခဏ ပွတ်နေတယ်။ Facebook သုံးသည်၊ ဂိမ်းဆော့တယ်၊ ဇာတ်လမ်းတွဲတွေကြည့်တယ်၊ မိသားစုဝင်ချင်း စကားပြောရင်တောင် မျက်နှာမကြည့်နိုင်ဘဲ ဖုန်းကို ကြည့်ပြီးပြောကြတယ်။

ဒီအခါမှာ အနားမှာရှိတဲ့ကလေးက ဖုန်းတချိန်လုံးသုံးတာကို အတုယူရမယ့် အလုပ်ဆိုပြီး ခေါင်းထဲမှာ မှတ်ယူသွားပါတယ်။

“ကျမကလေးက iPad ပြမှ ထမင်းစားတယ်၊ အိမ်က သားက ဂိမ်းစွဲနေတယ်၊ ဖုန်းထဲက ကာတွန်းဖွင့်ပြမှ သမီးကအိပ်တယ် ” ဆိုတာ ဂုဏ်ယူပြီး ပြောရမယ့် စကားတွေ မဟုတ်ပါဘူး။
ကလေးတွေကို အကျင့်လုပ်ပေးတာက မိဘတွေ ကိုယ်တိုင်ပါပဲ။

ဒါကြောင့် ကလေးကို ဖုန်းမစွဲစေချင်ရင် မိဘတွေ၊ အိမ်မှာတူတူနေတဲ့ ဦးဦးတွေ တီတီတွေကပါ ဆင်ခြင်ဖို့ လိုပါတယ်။

လုံးဝ ဖုန်း၊ တီဗီ မသုံးတဲ့အချိန် ရှိပါစေ

မိသားစု ထမင်းစားချိန်၊ မိသားစု စကားဝိုင်းဖွဲ့ပြောချိန် ဖုန်းလုံးဝမသုံးဖို့ စည်းကမ်းချထားပါ။

သဘာဝပတ်ဝန်းကျင်နဲ့ နေပါ

တစ်ခါတလေ အင်တာနက် ဆက်သွယ်မှုလုံးဝ မရတဲ့ နေရာတစ်ခုကို မိသားစုအလိုက် ခရီးထွက်ပါ။ သဘာဝပတ်ဝန်းကျင်ကို လေ့လာပါ။ တန်ဖိုးရှိလှတဲ့ မိသားစု အချိန်လေးကို ဖန်တီးပါ။ ခရီးထွက်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က Facebook မှာ ဓာတ်ပုံတင်ဖို့ မဖြစ်ပါစေနဲ့။

သားသမီး အတွက် စည်းကမ်းသတ်မှတ်ပေးပါ

သုံးနှစ်ကျော် ကလေးတွေကို သုံးစွဲမယ့်အချိန်၊ ပေးသုံးမယ့်ကြာချိန် သတ်သတ်မှတ်မှတ် ထားပေးပါ။ ပေးသုံးမယ့် App၊ ပေးသုံးမယ့် Website တွေကိုပါ မိဘကိုယ်တိုင် စီစစ်ရွေးချယ်ပေးပါ။ ထမင်းစားချိန်၊ ကိုယ်လက်လှုပ်ရှား ကစားချိန်၊ မိဘနဲ့ သားသမီး စကားပြောချိန်ကို သတ်သတ်မှတ်မှတ် ထားပေးပါ။ အိပ်ရာဝင်ချိန် ဖုန်းမသုံးရ စည်းကမ်းကို ထုတ်ပြီး အိပ်ရာထဲသို့ ဖုန်း၊ iPad၊ computer၊ laptop များ ပေးယူခွင့်လုံးဝလုံးဝ မပြုပါနဲ့။ ဖုန်းတွေ အစား စိတ်အပန်းပြေစေနိုင်ပြီး အိပ်ပျော်အောင် အထောက်ပံ့ပေးနိုင်တဲ့ သံစဉ်တွေနဲ့ အစားထိုးပေးပါနော်။

ဖုန်းကဘဝတစ်ခု မဖြစ်အောင် ကူညီပေးပါ

ဖုန်းထဲမှာပဲ အောင်မြင်တဲ့ သူဖြစ်မနေအောင်၊ အပြင်လက်တွေ့ဘဝမှာ ပိုနေတတ်အောင် ကူညီပေးရမှာ မိဘတွေတာဝန်ပါရှင်။ ဘောလုံးကို အပြင်မှာ ကန်ခိုင်းမလား၊ Screen ပေါ်မှာပဲ ကန်ခိုင်းမလား။ ဒါက မိဘတွေအနေနဲ့ ကိုယ့်သားသမီးအတွက် ရွေးချယ်မှု လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်သားသမီးဝါသနာပါတာကို အပြင်လက်တွေ့ဘဝမှာ အကောင်ထည်ဖော်နိုင်အောင် ပံ့ပိုးကူညီပေးခြင်းဟာ ဖုန်းမစွဲအောင် တစ်ဖက်တစ်လမ်းက အာရုံပြောင်းရာ ရောက်ပါတယ်ရှင်။

Scarlette (ဆေး၁)

Previous Post

အအေးမိခြင်း (Common Cold)

Next Post

အထိုင်များခြင်းရဲ့နောက်ကွယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
295

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
366

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

3 years ago
924

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1.1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
720

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အထိုင်များခြင်းရဲ့နောက်ကွယ်

မျက်ကွင်းညိုညိုသိစေလို 

ခံတွင်းကင်ဆာကြောက်စရာ ခြောက်လတစ်ခါစစ်ဆေးပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.