fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မွေးကင်းစကလေးတွေအသက်ရှုမြန်နေရင်

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/01/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

မွေးကင်းစကလေးတွေအသက်ရှုမြန်နေရင်

မိဘတိုင်းမိဘတိုင်း မွေးကင်းစကလေးတွေကို အရိပ်တကြည့်ကြည့် နဲ့
ကြည့်ရှုစောင့်ရှောက်ကြလေ့ရှိပါတယ်။

အထူးသဖြင့် သားဦးသမီးဦးလေးတွေဆိုရင် မိဘတွေအနေနဲ့ ပိုလို့တောင်
ဂရုစိုက်တတ်ကြပါတယ်။

ကလေးလေး နို့မစို့ရင်မစို့လို့ သေးမပေါက်ရင်မပေါက်လို့ အီးမပါရင်မပါလို့
သေးပေါက်များရင်လည်းများလို့ အီးပါများရင်များလို့
ဘာများဖြစ်နေမလဲဆိုပြီး မိဘတွေအနေနဲ့ပူပန်တတ်ကြပါတယ်။

မွေးကင်းစကလေးတွေနဲ့ပတ်သက်ပြီး မိဘတွေပူပန်ရတဲ့ကိစ္စတွေထဲမှာ
မွေးကင်းစကလေးအသက်ရှုမြန်ခြင်းကိစ္စဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

မွေးကင်းစကလေးတွေ အသက်ရှုမမှန်တဲ့အခါ ရှုးရှဲရှုးရှဲနဲ့
အသက်မြန်မြန်ရှုနေတဲ့အခါ မိဘတွေအနေနဲ့ ဘာများဖြစ်နေပြီလဲဆိုပြီး
စိတ်ပူတတ်ကြပါတယ်။

ပုံမှန်အားဖြင့်လည်း မွေးကင်းစကလေးငယ်လေးတွေဟာ အသက်ရှုတာမြန်တတ်ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့လေးတွေဟာ
လူကြီးတွေလိုအဆုတ်ကကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်
တခါရှုရင်အောက်စီဂျင်ပမာဏနည်းနည်းပဲရပါတယ်။

ဒီတော့ လုံလောက်တဲ့အောက်စီဂျင်ပမာဏရဖို့ဆိုရင် အကြိမ်ရေများများရှုဖို့လိုပါတယ်။

ကလေးငယ်လေးတွေရဲ့ပုံမှန်အသက်ရှုနှုန်းကို အကြမ်းဖျင်းအားဖြင့်ပြောရရင်

မွေးကင်းစကနေ ၃လအထိ ကလေးငယ်တွေမှာဆိုရင် အသက်ရှုနှုန်းဟာ တမိနစ်ကို
အကြိမ်ရေ ၅၀ ကနေ ၆၀

၃လကနေ ၆လအရွယ်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ တမိနစ်ကို အကြိမ်ရေ ၄၀ ကနေ ၅၀

၆လကနေတနှစ်အရွယ်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ တမိနစ်ကို

အကြိမ်ရေ ၃၀ ကနေ ၄၀

၁နှစ်ကနေ၆နှစ်အရွယ်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ တမိနစ်ကို အကြိမ်ရေ ၂၀ ကနေ ၄၀

၆နှစ်ကနေ ၁၂ နှစ်အရွယ်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ တမိနစ်ကို အကြိမ်ရေ ၁၅ ကနေ ၃၀

ရှိတတ်ပါတယ်။

အသက်ရှုမြန်မမြန်ကတော့ သတ်မှတ်ချက်အနေနဲ့ကတော့

အသက်နှစ်လအောက်ကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို အကြိမ်၆၀နဲ့အထက်ရှိရင်

အသက်နှစ်လကနေ၁၁လအတွင်းကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို
အကြိမ်၅၀နဲ့အထက်ရှိရင်

အသက်၁နှစ်ကနေ၅နှစ်အတွင်းကလေးတွေမှာဆိုရင် အသက်ရှုနှုန်းဟာ ၁မိနစ်ကို
အကြိမ်၄၀နဲ့အထက်ရှိရင်

အသက်ရှုမြန်တယ်လို့သတ်မှတ်ပါတယ်။

မိမိကလေးအသက်ရှုမြန်နေတယ်ထင်ရင် ကလေးရဲ့ဗိုက်ကလေးပေါ် လက်လေးအသာတင်ပြီး
ဗိုက်အဖောင်းအပိန်တခါကို တကြိမ်လို့ ရေတွက်ပါ။တမိနစ်ကြာအောင်ရေတွက်ပါ။

ဒီလိုတမိနစ်ရေတွက်ကြည့်တဲ့အခါ ပုံမှန်ရှိသင့်တဲ့
အကြိမ်ရေထက်များနေတယ်ဆိုရင်တော့ အသက်ရှုမြန်နေတယ်လို့သတ်မှတ်ပါတယ်။

ကလေးငယ်တွေ အသက်ရှုမြန်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေအနေနဲ႕ကေတာ႔

အသက်ရှုလမ်းကြောင်း သို့မဟုတ် ကိုယ်ခန္ဓာတနေရာရာမှာ
ဗိုင်းရပ်စ်ပိုး၊ဘက်တီးရီးယားပိုးဝင်တာ၊Asthma ခေါ်
ပန်းနာရင်ကြပ်ရှိတာ၊ခန္ဓာကိုယ်အပူချိန်လွန်ကဲပြီး
ရေဓါတ်ခန်းခြောက်တာ၊အကြောင်းတခုခုကြောင့်
နှလုံး၊အဆုတ်ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက်
အောက်စီဂျင်လုံလောက်မှုမရှိတာ၊တခုခုကိုကြောက်တာ စသဖြင့် အကြောင်းရင်းတွေ
အများကြီးရှိပါတယ်။

အသက်ရှုမြန်တာနဲ့အတူ ဖျားတာ၊နှုတ်ခမ်းတွေအသားတွေပြာလာတာ၊အသက်ရှုရခက်ပြီး
အသက်ရှုတဲ့အခါ နံရိုးနေရာလေးတွေပါ
ချိုင့်ဝင်လာတာ၊ချောင်းဆိုးတာ၊အစာမဝင်တာ၊နို့မစို့တာ၊အန်တာ၊အီလွန်းတာ၊မှိန်းလွန်းတာ
စသဖြင့် တွဲရှိလာရင် အသက်အန္တာရယ်စိုးရိမ်ရပါတယ်။

အဲ့အခြေအနေတွေမှာဆိုရင် နီးစပ်ရာဆေးရုံကို အမြန်သွားဖို့လိုပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးရရင် မိမိကလေးအသက်ရှုမြန်နေတယ်ထင်ပါက
အထက်မှာဖော်ပြခဲ့တဲ့နည်းအတိုင်း ကလေးဗိုက်ပေါ်လက်ကလေးအသာတင်ပြီး
အသက်ရှုနှုန်းကို တမိနစ်ရေတွက်ကြည့်ပါ။

ရေတွက်ကြည့်လို့ရှိသင့်တာထက်မြန်နျေပီဆိုပါက မပေါ့ဆပဲ
နီးစပ်ရာဆေးခန်းကိုစောစောစီးစီးပြသကြည့်ပါလို့ အကြံပေးချင်ပါတယ်။

Dr 528

Previous Post

အိပ်ယာနာ ( Bed Sores)

Next Post

အမျိုးသမီးတွေမှာဖြစ်တတ်သော လိင်စိတ်ကျခြင်းအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
995
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
670

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးတွေမှာဖြစ်တတ်သော လိင်စိတ်ကျခြင်းအကြောင်းသိကောင်းစရာ

မွေးကင်းစယောက်ျားလေးတွေကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်

ခြေသည်း / လက်သည်း မှိုစွဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.