fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးရဲ့ အပြုအမူဆိုးတွေကြောင့် မျက်စောင်းထိုးခံရတဲ့ မိဘတွေမဖြစ်စေဖို့

70
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/04/2020
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသမီးမကောင်း မိဘခေါင်း ဆိုတဲ့အတိုင်းပဲ ကလေးတစ်ယောက်ရဲ့ အပြုအမူကောင်းတွေကြောင့် မိဘဂုဏ်တက်ရနိုင်သလို အပြုအမူဆိုးတွေကြောင့်လည်း မိဘတွေမျက်စောင်းထိုးခံရ၊ ကဲ့ရဲ့ခံရနိုင်ပါတယ်။
ကလေးတစ်ယောက်ကို သေချာထိန်းကျောင်းဖို့ဆိုရင် ကလေးစိတ်ပညာကိုနားလည်ထားဖို့လိုတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ကလေးစိတ်ပညာ (Child Psychology) ၊ ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာ (Developmental Psychology) လို့ ပြောလိုက်ရင် စကားလုံးအရမ်းကြီးသလို ခံစားသွားရပြီး မိဘတော်တော်များများအတွက် ခက်ခဲသလိုခံစားရတတ်ပါတယ်။
တကယ်တော့ စာတွေ့နားလည်နေမှ ကလေးတစ်ယောက်ကို အကောင်းဆုံးထိန်းကျောင်းနိုင်မယ်ရယ်လို့တော့မဟုတ်ပါဘူး။

ကလေးတစ်ယောက်ကို အပြုအမူကောင်းတွေဆီတည့်မတ် မောင်းနှင်ပေးသွားမဲ့ ယာဉ်က
မိဘတွေရဲ့ နှလုံးသားထဲမှာရှိပြီးသားပါ။
ချစ်စိတ်ကိုအရင်းခံတဲ့ မေတ္တာကိုအခြေပြုတဲ့ ထိန်းကျောင်းခြင်းတစ်ခုတည်းကပဲ ကလေးတစ်ယောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းသွားစေမှာဖြစ်ပါတယ်။

ကလေးတစ်ယောက်ကို အကောင်းဆုံးထိန်းကျောင်းတဲ့နည်းလမ်းကတော့ ကလေးတစ်ယောက်ရဲ့ နေရာကနေ အပြည့်အဝ ဝင်ခံစားပေးဖို့ အပြည့်အဝနားလည်ပေးဖို့လိုပါတယ်။
ကလေးတစ်ယောက်ဆိုတာ လူကြီးတစ်ယောက်လို ကောင်းခြင်းဆိုးခြင်းတွေရဲ့ အကျိုးနဲ့ အကြောင်းကို အပြည့်အဝနားမလည်သေးပေမဲ့ အချော့ကြိုက်တာ၊ ချိုသာတာကြိုက်တာ၊ ဂရုစိုက်ခံချင်တာ၊ အချစ်ခံချင်တာ၊ ဦးစားပေးခံချင်တာ၊ အနာမခံချင်တာ၊ စွန့်ပစ်မခံချင်တာ စတဲ့ လူသားတစ်ယောက်ရဲ့ “လိုအင် ဆန္ဒ”တွေတော့ အပြည့်အဝရှိပါတယ်။
လူကြီးတွေအောက် နည်းနည်းမှမလျော့တဲ့အပြင် ပိုတောင်ပိုနိုင်ပါသေးတယ်။

ကိုယ်အပြုအမူဆိုးလို့ သတ်မှတ်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုဟာ ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကို အရင်ရှာရပါမယ်။

ကလေးတစ်ယောက်ရဲ့ အပြုအမူဆိုးတွေက ဘယ်ကရောက်လာတာလဲ ?

အဖြစ်နိုင်ဆုံး အကြောင်းရင်း (၃) ခုကို သတိထားကြည့်ဖို့လိုပါတယ်။

– အများဆုံးအချက်ကတော့ အာရုံစိုက်ခံချင်လို့ Attention Seeking လုပ်ခြင်းဖြစ်ပါတယ်။
လူကြီးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ကောင်းမွန်တဲ့ အပြုအမူတွေကနေ မရတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ် လူကြီးတစ်ယောက်ကို တူတူဆော့ကစားပေးဖို့ဖြစ်စေ၊ ချီးကြူးမှုတစ်ခုခုလိုချင်တဲ့အခါဖြစ်စေ ကလေးတစ်ယောက်ဆီက ရိုင်းတယ်လို့ တံဆိပ်ကပ်ခံရနိုင်တဲ့ အော်သံတစ်ခုထွက်လာနိုင်ပါတယ်။
ဒီထက်ပိုဆိုးတဲ့ အခြေအနေမျိုးမှာတော့ ဖျက်လိုဖျက်ဆီးလုပ်တဲ့အမူအကျင့်မျိုးပါ ပေါ်လာတတ်ပါတယ်။
ကောင်းတဲ့ အမူအကျင့်တစ်ခု ၊ဥပမာပြောရရင် ငြိမ်ငြိမ်လေးဆော့နေလို့ ချီးကြူးမခံရဘဲ ပြေးလွှားဆော့တော့မှပဲ “ဒီကလေးက ဆော့လိုက်တာ”လို့ အသိအမှတ်ပြုခံရချိန်မှာ ကလေးတွေဟာ သူတို့ကို ပိုဂရုစိုက်မဲ့လမ်းကြောင်းကိုပဲ ရွေးတတ်ကြပါတယ်။

– နောက်တစ်ချက်ကတော့ အတုမြင်၊ အတတ်သင်ခြင်းဖြစ်ပါတယ်။
ကလေးတွေဟာ အကောင်းဆုံးသော ကော်ပီကူးတဲ့သက်ရှိလေးတွေပါပဲ။ ကျွန်တော်တို့တွေအားလုံးရဲ့ အပြုအမူအနေအထိုင်၊ စိတ်နေစိတ်ထား၊ ပြောပုံဆိုပုံအားလုံးကို တစ်ချိန်လုံး CCTV လိုစောင့်ကြည့်ကော်ပီကူးနေကြပါတယ်။
ဒီတော့ ကလေးတစ်ယောက်ရဲ့ အပြုအမူဆိုးတစ်ခုခုပေါ်လာရင် ကိုယ့်ကိုယ်နဲ့ မိသားစုဝင်တွေ၊ ကလေးကိုထိန်းကျောင်းတဲ့ လူတွေရဲ့ ပြဿနာတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။
ဒါကိုသေချာပြန်ဆန်းစစ်ဖို့လိုပါတယ်။
ကလေးကိုပေးကြည့်ထားတဲ့ ရုပ်ရှင်၊ကာတွန်းကားတွေနဲ့ Youtube video တွေရှိခဲ့ရင် ကလေးကိုလမ်းကြောင်းလွဲစေနိုင်တာပါမပါ ပြန်သတိထားဖို့လိုပါမယ်။
ကလေးတစ်ယောက်တည်း ဖုန်း၊ တက်ဘလက်၊ တီဗွီ ပြပြီး လွှတ်ထားတာမျိုးရှောင်ရပါမယ်။

– နောက်တစ်ချက်ကတော့ ကလေးတစ်ယောက်ဟာ အသက်အရွယ်တနေ့တခြားကြီးပြင်းလာလေ သူ့သဘောဆန္ဒအတိုင်း ကိုယ်တိုင်လုပ်ကိုင်ချင်စိတ်တွေ များလာလေဖြစ်ပါတယ်။
အစားအသောက်ကျွေးမွေးချိန်မှာပဲဖြစ်စေ၊ အဝတ်လဲလှယ်ပေးချိန်၊ ရေချိုးချိန်၊ အိပ်ချိန်အားလုံးမှာ ကလေးတွေဟာ ဆော့ကစားခြင်းနဲ့ ဆက်စပ်ချင်စိတ်ရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေမှာ မိဘတွေအနေနဲ့ သည်းခံစိတ်ရှည်ပေးဖို့လိုပါတယ်။

ကလေးတစ်ယောက် အပြုအမူဆိုးတစ်ခုလုပ်နေရင် ဘယ်လိုဖြေရှင်းမလဲ??

ကလေးတစ်ယောက်ကိုယ်မကြိုက်တာတစ်ခုခုလုပ်နေတိုင်း တားလို့မရပါဘူး။
ကိုယ်မကြိုက်ပေမဲ့ သူကြိုက်နေတဲ့အရာကို ချက်ချင်းဆွဲယူလွှင့်ပစ်လိုက်လို့မရပါဘူး။
သူပိုကြိုက်မဲ့ ကောင်းတဲ့အရာတစ်ခု၊ ကောင်းတဲ့ အမူအကျင့်တစ်ခုနဲ့ အာရုံလွှဲပြောင်းပေးရပါမယ်။

တားဆီးခြင်းနည်းလမ်း၊ အပြစ်ပေးခြင်းနည်းလမ်းတွေအားလုံးက လတ်တလော ကလေးကို ငြိမ်သွားစေတယ် လိမ္မာသွားစေတယ်လို့ ထင်ရပေမဲ့ ဒီအကြောက်တရားက တာရှည်မခံပါဘူး။
သူကြောက်တဲ့သူ မရှိတဲ့အခါ၊ အပြစ်ပေးခြင်းပြီးဆုံးတဲ့အခါမျိုးတွေမှာ ထပ်ခါတလဲလဲ ဒီအမှားကိုပြန်ကျူးလွန်နေတတ်ပါတယ်။

ကလေးတွေကိုထိန်းဖို့ မကြိုးစားပါနဲ့..နားလည်ပေးဖို့ပဲ ကြိုးစားပါ
သူတို့နဲ့ ပိုအဆင်ပြေသွားတာတွေ့ရပါလိမ့်မယ်။
သူတို့အပြုအမူတွေလည်း ပိုကောင်းတာတွေပဲဖြစ်လာမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း

Previous Post

ဂရုစိုက်ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုသင်ပေးကြမလဲ

Next Post

ကိုယ်ခံအားမကျအောင် ဘယ်လိုနေထိုင်ရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
280

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
347

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
885

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

3 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
699

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ခံအားမကျအောင် ဘယ်လိုနေထိုင်ရမလဲ

ရာသီစက်ဝန်းလေးမှန်စေဖို့

စိတ်ညစ်နေရင် ဘာတွေစားကြမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.