ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းဟာ ကလေးများမှာ အတွေ့များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုဖြစ် တယ်။
အထူးသဖြင့် ကလေးစားချင်စိတ်မရှိသော အစားအစာများကို ကျွေးမိသည့်အခါ နှင့် အစားအ သောက် မြန်မြန်စားမိသည့် အခါများတွင် ပိုဖြစ်ပေါ်လေ့ရှိပါတယ်။
ဗိုက်ကယ်ခြင်း ၊ ပျို့ခြင်း ၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းများ ကြုံတွေ့ ခံစားရလေ့ ရှိပါတယ်။
ဖြစ်စေသော အကြောင်းအရင်းများကတော့
အစားအသောက် ပုံစံမမှန်ခြင်း
အဝလွန်ခြင်း
အစာအိမ်အက်ဆစ် လည်ချောင်းထံသို့ လျှံတက်ခြင်း
အစာအိမ်ကျွံခြင်း
အစာအိမ် အနာဖြစ်ခြင်း
အစာအိမ် ရောဂါပိုး
စိတ်ဖိအားများကြောင့် ဖြစ်လေ့ရှိတယ်။
* သင့်ကလေးသည် မကြာခဏ ရင်ပြည့် ရင်ကယ် ဖြစ်နေသည်ဟု ထင်လျှင် အောက်ပါ အချက်များကို သတိထားလိုက်နာခြင်းဖြင့် သက်သာ ပျောက်ကင်းအောင် ကြိုးစားနိုင်ပါတယ်။
(၁) အစားအသောက်ပုံစံပြောင်းခြင်း
အစားအစာကို တစ်ကြိမ်တည်း အပြည့်စားစေခြင်းထက် နည်းနည်းနှင့် ခဏခဏ ကျွေးပေးပါ။
အစာကို ကြေညက်အောင် ဝါးစားခိုင်းပါ။
ည အိပ်ရာမဝင်မီ ၂ နာရီ မှ ၃ နာရီအတွင်း အစားအသောက် မကျွေးပါ နှင့်။
အစာစားပြီး ချက်ချင်း အားကစား လုပ်ခိုင်းခြင်း၊ ဆော့ကစားခြင်း ရှောင်ပါ။
(၂) အစားအသောက်များ
အဆီများသော အစားအသောက်များနှင့် အစပ်များသော အစားအသောက်များ၊ gas ပါသော အချိုရည်များ ရှောင်ပါ။
ကော်ဖီ ၊ ချောကလက် နှင့် အကြော်တွေဟာ ရင်ပြည့်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
အမျှင်ဓာတ်များသော အရွက်များက ရင်ပြည့်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
ဥပမာ – ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း
အစာကြေလွယ်စေတဲ့ အစားအစာ တွေကတော့
ငှက်ပျောသီး
ထမင်း
အီတလီခေါက်ဆွဲ (Pasta)
ထောပတ်
အုတ်ဂျုံမှုန့်
ချေထားသော အာလူးတို့ ဖြစ်တယ်။
ဂျင်းနံ့သင်းသော အချိုရည် (Gingerale) နှင့် ဂျင်းနံ့သင်းသော ရေနွေးကြမ်း (Ginger Tea) ဟာ ရင်ပြည့်ခြင်း ၊ ပျို့ခြင်းကို သက်သာစေပါတယ်။
မိမိ ကလေး နှင့် သီးသန့်မတည့်သော အစားအသောက်များကိုလည်း သတိထား စောင့်ကြည့်ရမှာ ဖြစ်ပြီး ရှောင်ဖို့လိုအပ်ပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းခြင်း
အဝလွန်ခြင်းဟာလည်း အစာအိမ် အက်စစ်လျှံခြင်း ဖြစ်စေပြီး ရင်ပြည့်ရင်ကယ် ရင်ပူခြင်း ဖြစ်စေ ပါတယ်။
ကလေးအဝလွန်လျှင်လည်း ကိုယ်အလေးချိန် လျှော့ချပေးရပါမယ်။
(၄) စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးမှုများနေခြင်းကလည်း ကလေးတွေကို ရင်ပြည့် ရင်ကယ် ဖြစ်စေပါတယ်။
မစားချင်သော အစားအသောက်များ ဖိအားပေး စားစေခြင်း၊စာမေးပွဲ ရှိနေခြင်း၊ အိပ်ရေး ပျက်ခြင်း များဟာ ရင်ပြည့်ခြင်းကို ဆိုးရွားစေနိုင်ပါတယ်။
(၅) ညအိပ်သည့်အခါ ခေါင်းလေးကို မြှင့်ထားပေးပြီး အိပ်ခိုင်းပါ။
(၆) ကလေးပီပီ လှုပ်လှုပ်ရှားရှား ဆော့ကစားခြင်းရှိပါစေ။ သို့သော အစာစားပြီး ချက်ချင်း အားကစား လုပ်ခြင်းတော့ ရှောင်ရပါမယ်။
(၇) ကလေးကို သက်တောင့် သက်သာရှိစေမည့် ခပ်ချောင်ချောင် အဝတ်အစားများသာ ဝတ်ဆင်ပေးပါ။
Q. ဘယ်အချိန် ဆရာဝန် နှင့် ပြမလဲ?
ဆေးတိုက်ရန် လိုအပ်သည်ဟု ထင်လျှင်
ဗိုက်နာလျှင်
ဝမ်းထဲသွေးပါလျှင် (သို့မဟုတ်) ကတ္တရာစေကဲ့သို့ ဝမ်းမဲမဲသွားလျှင်
ကိုယ်အလေးချိန်ကျလျှင်
မောလျှင်
ချွေးစေးပြန်လျှင်
အန်သည့်အခါ သွေးပါလျှင်
References
Dr. Yin Yin Win
M.B; B.S (YGN)
Dip. Med. Sc