fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

မေမေတွေကို အလွယ်တကူ ဝေဖန်သင့်ရဲ့လား ????

မိခင် ဆိုတဲ့ ဖြစ်တည်မှုဟာ အင်မတန်မှ နက်ရှိုင်းပြီးနူးညံ့လှပါတယ်။  မိခင်တို့ဟာ သားအိမ်ထဲမှာ သားလောင်းလေး သန္ဓေတွယ်တဲ့အချိန်ကစပြီး ကိုးလလွယ်ဆယ်လဖွား မွေးဖွားသန့်စင်ပြီးတဲ့အထိ အမျိုးမျိုးအဖုံဖုံသော ပြောင်းလဲမှုတွေကို ခံစားရရုံသာမက ကလေးငယ်လေးတွေ ပြုစုပျိုးထောင်ရေးမှာလည်း မိခင်တို့ဟာ အခရာနေရာကနေ ပါဝင်ပါတယ်။အဲ့လို ကြီးလေးလှတဲ့တာဝန်တွေကို ထမ်းဆောင်နေရတဲ့ မေမေတွေကို လူ့အသိုင်းအဝိုင်း မှာ အလွယ်တကူ ဘာလို့ မဝေဖန်သင့်ဘူးလည်းဆိုတာ ဒီဆောင်းပါးမှာ ဆက်ပြီးဖော်ပြပေးသွားမှာပါ။ ဘာကြောင့်လဲဆိုတာ သိထားသင့်တဲ့အချက်တွေကတော့

  1. ကိုယ်ဝန်ဆောင်ကာလ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ခါးစည်းခံရခြင်း

မိခင်လောင်းတွေအတွက် ကိုယ်ဝန်ဆောင်ကာလဟာ အင်မတန်မှ အရေးကြီးလှတဲ့ အချိန်ပါ။ ကိုယ်ဝန်လနုတဲ့ အချိန်ကစလို့ မွေးခါနီးအချိန်အထိခန္ဓာကိုယ်အတွင်း ဟော်မုန်းပြောင်းလဲမှုများကြောင့် တောက်လျှောက် ပြောင်းလဲမှုတွေကို မေမေတို့က နေ့စဉ်နဲ့အမျှ ခံစားကြရတာပါ။

ကိုယ်ဝန်လနုချိန် မှာတွေ့ရတတ်သော ပြောင်းလဲမှုဖြစ်စဉ်များ- ပျို့အန်ခြင်း၊ မူးဝေခြင်း၊ ဆီးခဏခဏသွားခြင်း၊ ရင်သားကြီးထွားလာခြင်း၊ အသားအရည်ပြောင်းလဲလာခြင်း၊ စသည်။

ကိုယ်ဝန်လရင့်တာနဲ့အမျှတွေ့ရတတ်သော ပြောင်းလဲမှုဖြစ်စဉ်များ- အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ခါးနာခြင်း၊ အိပ်မပျော်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျခြင်း၊ နို့ရည်ထွက်ခြင်း၊ နို့တင်းခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ဗိုက်ကြောပြတ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း စသည်။

ကလေးမီးဖွားခါနီးဆိုရင်လည်း ရိုးရိုးမွေးတာပဲဖြစ်ဖြစ် ခွဲမွေးတာပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနှင့် ကလေးငယ်များကို မွေးဖွားနိုင်ဖို့အတွက် ရှောင်သင့်တာရှောင်ပြီး ဆောင်သင့်တာဆောင်ကြရပါတယ်။

  1. ကိုယ်ဝန်ဆောင်ကာလစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို မလွှဲမသွေခံစားရခြင်း

အမျိုးသမီးအများစုဟာ အစကတည်းက စိတ်အားငယ်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ရောက်တဲ့အခါ မမွေးသေးတဲ့ သားသားမီးမီးလေးအတွက် စိတ်ပူပန်ကြရရုံသာမက ဟော်မုန်းပြောင်းလဲမှုများကြောင့် ဒေါသထွက်လွယ်ခြင်း၊ စိတ်ဆတ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ အားငယ်လွယ်ခြင်း၊ စိတ်ဓါတ်အတက်အကျမမှန်ခြင်း၊ စိတ်ဓါတ်ကျလွယ်ခြင်း တို့ဖြစ်တတ်ပါတယ်။ အတူနေမိသားစုက ဝိုင်းဝန်းပြီး နားလည်ပေး ဂရုစိုက်ပေးမှ ဆိုးဆိုးရွားရွားမခံစားရတာပါ။

  1. မေမေတိုင်းသည် ထူးခြားသောသူများ ဖြစ်ခြင်း

လူတိုင်းဟာ ပင်ကိုယ်ထူးခြားမှုကိုယ်စီနဲ့ မွေးဖွားလာသူများပါ။ အထူးသဖြင့် မေမေတွေဟာ ပိုပြီးထူးခြားပါတယ်။ ကိုယ့်ရဲ့ ရင်သွေးငယ်တွေအတွက်ဆို တစ်ခါတစ်လေ ဖယောင်းလို ပျော့ပြောင်းတတ်သလို  တစ်ခါတစ်လေ သံချောင်းထိ မာကြောတတ်ပါတယ်။ ဖေဖေတွေက အိမ်တွင်းစီးပွားရေးအတွက် ရှာဖွေပေးရသလို မေမေတွေဟာလည်း အိမ်ထောင်ရေးသာယာဖို့ အတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသူများဖြစ်ပါတယ်။ ခုတိုးတတ်လာတဲ့ ခေတ်ကြီးမှာဆို မေမေတွေပါ ဖေဖေတွေနဲ့ ရင်ပေါင်တန်းပြီး ကလေးတာဝန်လည်းမပျက်စေရသလို စီးပွားရေးအတွက် အလုပ်ထွက်လုပ်ကြတယ်။ အဲ့ဒီ့အတွက် မေမေတွေဟာ ထူးခြားတဲ့အမျိုးသမီးများဖြစ်ကြပါတယ်။

  1. ကလေးတိုင်းဟာ သူ့ဘဝနဲ့သူ ကြီးပြင်းလာသူများဖြစ်ခြင်း

ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းဖို့အတွက် သူ့နောက်ကွယ်မှာ မိခင်ဆိုတဲ့ ပဲ့ကိုင်ရှင်များ ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြီးပြင်းပုံခြင်း လည်း မတူညီနိုင်ပါဘူး။ အဲ့ဒါကြောင့် ဘယ်သူ့ဘယ်သူရဲ့ ဘဝကြီးပြင်းပုံတွေကို အပေါ်ယံကြည့်ပြီး မေမေတို့ကို အပြစ်တင်ဝေဖန်လို့ မရပါဘူး။

  1. လူတိုင်းသည် ချို့ယွင်းချက်ကိုယ်စီရှိသူများဖြစ်ခြင်း

လောကမှာ အကြောင်းအရင်းသေချာမသိဘဲ သူတစ်ပါးကို ဝေဖန်လိုက်ဖို့က အင်မတန်မှ လွယ်ကူတဲ့အလုပ်ပါ။ အဲ့လိုဝေဖန်လိုက်တဲ့သူတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တာက မိမိရော အရာအားလုံး ပြောစရာမလို ပြည့်စုံရဲ့လားဆိုတာပါ။ သူတစ်ပါးကို မဝေဖန်ခင် မိမိကိုယ်ကိုယ် ပြန်သုံးသပ်လိုက်တာက မလိုလားအပ်တဲ့ အမုန်းပွားခြင်းကို လျော့နည်းစေပါတယ်။ မေမေတွေအချင်းချင်းလည်း ဝေဖန်တာကို ရှောင်ရပါမယ်နော်။

ကဲ မေမေတို့ကိုဘာလို့မဝေဖန်သင့်ဘူးဆိုတာ ဖော်ပြပေးသွားပါပြီ။ မေမေတွေအချင်းချင်းလည်း ကလေးလေးတွေကို ပြုစုပြိုးထောင်ပုံကို ဝေဖန်မယ့်အစား ကောင်းသောအကြံဉာဏ်များပေးပါ။ အားပေးပါ။ ကိုယ်ချင်းစာပေးပါ။ လူအချင်းချင်းစောင့်ရှောက်ခြင်းအားဖြင့် ကောင်းမွန်သော လူ့အဖွဲ့အစည်းလေးကို ဖန်တီးနိုင်ကြပါစေလို့ အကြံပြုလိုက်ရပါတယ်။

 

Dr.Khaing

ဆက်စပ် ဆောင်းပါးများ