မိခင်မေတ္တာဆိုတာ နှိုင်းဆလို့မရတဲ့ အရာတစ်ခုပါ။ မေမေတွေဟာ မိမိတို့ သားသားမီးမီးတွေကို ခေါင်းအစ၊ ခြေအဆုံး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်စောင့်ရှောက် ပေးတတ်သူတွေပါ။ မိမိအတွက်သာ အစစအရာရာ ဒုက္ခခံနိုင်ပေမဲ့ သားသားမီးမီးတို့အတွက် အစစအရာရာပြည့်စုံစေချင်ကြသူတွေပါ။ သားသားမီးမီးတို့အတွက် အကောင်းဆုံးအရာတွေကိုသာ ဖြည့်ဆည်းပေးချင်ကြတယ်ဆိုတာ မေမေတိုင်းရဲ့ ဆန္ဒတစ်ခုပါ။
သားသားမီးမီးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံး ဖြစ်စေချင်ကြတယ်။ ဉာဏ်ရည် ဉာဏ်သွေး အကောင်းဆုံး ဖြစ်စေချင်ကြတယ်။ ပညာရေးမှာ ထူးချွန်စေချင်ကြတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ လူမှုပေါင်းသင်း ဆက်ဆံရေး နားလည်ကောင်းမွန်စေချင်ကြတယ်။ ဒါတွေကတော့ မေမေတို့ရဲ့ အတိုင်းအဆမရှိတဲ့ မေတ္တာတရားများဖြစ်ပါတယ်။
သားသားမီးမီးတို့ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ပြည့်ဝဖို့ ဘယ်အရာတွေက အရေးကြီးတာလဲ?
သားသားမီးမီးတို့ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ပြည့်ဝဖို့အတွက်ဆိုလျှင် လိုအပ်ချက်များစွာ ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ငယ်စဉ်ကြီးထွားဖွံ့ဖြိုးနေစဉ်ကာလမှာ အာဟာရ ပြည့်ဝအောင် ကျွေးမွေးခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝအောင် ကျွေးမွေးနိုင်ဖို့ကိုလည်း မေမေတို့က အမြဲတမ်းဂရုစိုက်တတ်ကြသလို၊ အမြဲတမ်းလည်း စိုးရမ်ပူပန်တတ်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီလို အာဟာရပြည်ဝတဲ့ အစားအစာတစ်ခုမှာ ပါဝင်တဲ့ အာဟာရဓါတ်များစွာအနက် အရေးကြီးတဲ့ အာဟာရဓါတ် တစ်မျိုးကတော့ DHA ပဲ ဖြစ်ပါတယ်။
DHA ဆိုတာဘာလဲ?
DHA ဆိုတာ Dicosahexanoeic acid ဖြစ်ပြီး Omega -3 Fatty Acid လို့လည်း ခေါ်ကြပါတယ်။
ဦးနှောက်ရဲ့ Cerebral Cortex အပိုင်းကို ပါဝင်ဖွဲ့စည်းထားလို့ ကလေးများရဲ့ မှတ်ဉာဏ်နဲ့ ဉာဏ်ရည် ဉာဏ်သွေးပိုင်းမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ ဒါ့အပြင် ကလေးများရဲ့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေပြားပိုင်းမှာလည်း DHA က အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ ဒါ့အပြင် DHA က နှလုံးကိုလည်း ကျန်းမာစေသလို မကောင်းတဲ့အဆီတစ်မျိုးဖြစ်တဲ့ ကိုလက်စရောကိုလည်း လျော့ကျစေပါတယ်။
DHA ချို့တဲ့ရင် ဘာတွေ ဖြစ်မလဲ?
DHA ကိုလုံလောက်တဲ့ပမာဏ မရခဲ့လျှင် ဦးနှောက်ဖွံဖြိုးမှုကို အတားအဆီးဖြစ်စေသလို၊ မှတ်ဉာဏ်တိုးတက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါအပြင် အမြင်အာရုံဆိုင်ရာ မျက်လုံးနှင့် ဆက်စပ် ရောဂါများကိုလည်း ပိုမို ဖြစ်ပွားစေပါတယ်။ အရေပြားနှင့်ဆိုင်သော ပြဿနာများလည်း ပိုမိုအဖြစ်များသလို သွေးထဲတွင်လည်း ကိုလက်စရောပမာဏများ ပိုမိုများပြားလာနိုင်ပါတယ်။
DHA ကိုဘယ်အစားအစာတွေကို စားသောက်ခြင်းဖြင့် ရနိုင်မလဲ?
DHA ကြွယ်ဝတဲ့ အစားအစာတွေကတော့
– ဆော်လမွန်ငါး
– တူနာငါး
– ဂုံး
– ကမာ
– ငါးဥ
– ခရု
– ဂဏန်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေဟာ DHA ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့အတွက် ကလေးတွေကိုကျွေးနိုင်ပါတယ်။ ဒါ့အပြင် မေမေတို့ရဲ့ ချစ်လှစွာသော သားသားမီးမီးတို့အတွက် DHA တဖက်တလမ်းရရှိအောင် ဖြည့်စွက်အာဟာရတစ်ခုကို ရွေးချယ်ချင်တယ် ဆိုရင်တော့ Dumex Dugro ကို ရွေးချယ်နိုင်ပါတယ်။ လွယ်လွယ်ကူကူ ဖျော်တိုက်လို့ရတဲ့အပြင် သားသားမီးမီးတို့ကိုယ်တိုင် နှစ်သက်စွာသောက်သုံးကြတဲ့ Dumex Dugro ရဲ့ နို့တစ်ခွက်မှာ သားသားမီးမီးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အပံ့ပေးတဲ့ DHA ပါဝင်ပါတယ်။
ဒါကြောင့် DHA ကြွယ်ဝတဲ့အစားအစာများအပြင် Dumex Dugro တိုက်ကျွေးပြီး ကလေးတွေရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် မေမေတို့ရဲ့ စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။