ကလေးတစ်ယောက်အတွက် နို့တစ်ခွက်ဆိုတာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်၊ မွေးချင်းတစ်ယောက်လိုပါပဲ။
နေ့စဉ်ငယ်ငယ်ကတည်းက နို့ခွက်ကို သူငယ်ချင်းရဲ့ လက်တစ်စုံလို ခိုင်ခိုင်တွဲခဲ့တဲ့ လက်ကလေးတွေနဲ့ အသိဉာဏ်ပိုင်ရှင်လေးတွေဟာ လူကြီးဘဝရောက်ရင်လည်း ကျန်းမာခြင်းဆိုတာကို တန်ဖိုးထားတတ်သူတွေအဖြစ် ကြီးပြင်းသွားစေမှာပါ။
အာဟာရပြည့်ဝတဲ့ နို့တစ်ခွက်ကပေးတဲ့ ပျော်ရွှင်မှု၊ အာဟာရပြည့်ဝခြင်းနဲ့ ကျန်းမာခြင်းကို ကလေးမို့ ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောပြတတ်ရင်တောင် သူတို့ ရဲ့ ချစ်စရာအပြုံးတွေ၊ သွက်လက်တဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့် မြင်နိုင်ပါလိမ့်မယ်။
ကလေးတကယ် အာဟာရပြည့်ဖို့ ဘာနို့တိုက်မလဲ ?
ကလေးတစ်ယောက်အတွက် နွားနို့၊ ပဲနို့၊ ဖော်မြူလာနို့မှုန့် စသည်ဖြင့် ရွေးချယ်စရာအများကြီးရှိပေမဲ့ ဘယ်နို့၊ ဘယ်အမျိုးအစားက တကယ်အာဟာရပြည့်စေမှာလဲဆိုရင်တော့ နည်းနည်းစဉ်းစားစရာဖြစ်သွားပါပြီ။
ဒီနေရာမှာ ကလေးတစ်ယောက်အတွက် တကယ်အာဟာရပြည့်ခြင်း (သို့မဟုတ်) ပြီးပြည့်စုံတဲ့ အာဟာရဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့လိုပါမယ်။
ပြည့်ဝတဲ့ အာဟာရဆိုတာ ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေဟာ အသက်အရွယ်အလိုက်လိုအပ်ချက်ပြည့်မီဖို့လိုပါတယ်။
မျှမျှတတ အချိုးတကျ ပါဝင်ဖို့လိုပါတယ်။
ဂျီကျတတ်တဲ့ ကလေးတစ်ယောက်၊ အစားဂျီးများတဲ့ ကလေးတစ်ယောက်အတွက် ၊ ပုံမှန်ထမင်း၊ ဟင်းကနေ အာဟာရဓာတ်စုံလင်အောင်ရဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။
သဘာဝကသာ အကောင်းဆုံးလို့ တရားသေကိုင်ဆွဲပြောမယ်ဆိုရင်တော့ နွားနို့၊ဆိတ်နို့ ဆိုတာတွေက သဘာဝတွေပါ။
ဒါပေမဲ့ အာဟာရဓာတ်အားလုံးစုံလင်ပြည့်ဝအောင် ပါဝင်တာတော့ မဟုတ်ပါဘူး။
နွားနို့တစ်ခွက်မှာ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပေမဲ့ သံဓာတ်လို ကလေးဖွံ့ဖြိုးမှုအတွက် အရေးပါလှတဲ့ သတ္ထုဓာတ်မျိုး၊ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ DHA၊ ကိုယ်ခံအားအတွက်လိုအပ်တဲ့ဗီတာမင် စီ၊ ဗီတာမင် အေ၊ Zinc၊ စတာတွေတော့ မပါသလောက်ပါပဲ။
ဥပမာဆိုရရင့် Fresh milk ခွက်ပေါင်း ၂၀ ကျော်သောက်မှ Formula milk တစ်ခွက်စာ သံဓာတ် (ကလေးတစ်ယောက်နေ့စဉ်လိုအပ်ချက်) ကို ဖြည့်ပေးနိုင်ပါတယ်။
ဒီတော့ ဒီလို သဘာဝတရားက လုံလောက်စွာမပေးထားတဲ့ ဒီလိုအခြေအနေမျိုးမှာတော့ ကျွန်တော်တို့အားလုံး ဉာဏ်ထပ်ကူပြီး ကလေးတွေကို ပိုမိုပြည့်စုံအောင် ရယူပေးဖို့လိုပါတယ်။
ဒါကြောင့် ပိုအာဟာရစုံလင်ပြည့်ဝဖို့ဆိုရင်တော့ နို့မှုန့်လို့ခေါ်ကြတဲ့ Formula နို့တွေက ပိုသင့်တော်တယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။
Formula Milk တွေမှာတော့ အပေါ်မှာပြောခဲ့တဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင် ပါတတ်ကြပါတယ်။
ဒီနေရာမှာလည်း ဘယ်နို့မှုန့်က အကောင်းဆုံးလဲ ဆိုတဲ့မေးခွန်းထပ်ပေါ်လာပါပြီ။
နို့မှုန့်တစ်ခုရွေးချယ်ဖို့အတွက်
– ဈေးနှုန်း ကို ကြည့်ရပါတယ်။
နေ့စဉ်တိုက်ကျွေးရတာဖြစ်လို့ ဈေးနှုန်းချိုသာဖို့လိုပါတယ်။
– ထပ်ဆောင်းသကြားပါဝင်မှုရှိ/မရှိ ကြည့်ရပါတယ်။
Sucrose သကြားထပ်ဖြည့်ထားတဲ့ နို့မှုန့်တွေက ကလေးကို အဝလွန်တာ၊ ဆီးချိုအန္တရာယ်၊ သွားပျက်စီးတာ၊ ဂဏှာမငြိမ်ဖြစ်တာ၊ နုန်းခွေတာ စတဲ့ အန္တရာယ်တွေပေးပါမယ်။
– အာဟာရဓာတ်စုံလင်ပြည့်ဝမှု ရှိ/မရှိ ကြည့်ရပါတယ်။
အာဟာရဓာတ် နေ့စဉ်လိုအပ်ချက်နဲ့ ကိုက်ညီစွာပါဝင်ဖို့လိုသလို နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ မိမိနိုင်ငံရဲ့ ကလေးတွေရဲ့ ပျမ်းမျှအာဟာရလိုအပ်ချက်အပေါ်မူတည်ပြီး တွက်ချက်ထုတ်လုပ်ထားတာဟုတ်မဟုတ် လည်း သိဖို့လိုပါတယ်။
Dugro ရဲ့ အထူးခြားဆုံး တစ်ချက် ?
အရှင်းဆုံးပြောရရင်တော့ သူ့မှာပါဝင်တဲ့ Long Chain Fructo Oligosaccharide (LcFos)ဆိုတဲ့ prebiotics ကြောင့်ပါပဲ။
ကလေးတစ်ယောက်ဟာ အာဟာရပြည့်ဝစွာရပေမဲ့လည်း ဒီအာဟာရဓာတ်တွေ ဝင်ရောက်ရာ လမ်းကြောင်းက သက်တောင့်သက်သာမဖြစ်နေရင် အလကားပါပဲ။
နို့မှုန့်တွေက ကလေးတွေကို အခန့်မသင့်ရင် ဝမ်းချုပ်စေတတ်သလို ရင်ပြည့်ခြင်း၊ အစာမကြေခြင်းဆိုတာတွေကလည်း ကလေးတိုင်းမှာ ဖြစ်လွယ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
ဒါကို LcFos က ပြေလည်စေပါတယ်။
LcFos က အူထဲမှာရှိတဲ့ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အစာအာဟာရဖြစ်စေပြီး ဒီဘက်တီးရီးယားလေးတွေ ပိုအားကောင်းလာအောင်၊ ပိုပေါက်ပွားလာအောင် ကူညီပေးပါတယ်။
Probiotics တွေက ကလေးတစ်ယောက်ကို အစာကြေလွယ်အောင်၊ ဝမ်းမှန်အောင်၊ ဗိုက်အောင့်ဗိုက်နာမဖြစ်အောင် လန်းဆန်းတက်ကြွအောင် ဆက်စွမ်းဆောင်ပေးတာဖြစ်ပါတယ်။
ဒါကြောင့်မို့ Dugro နဲ့အတူ ကလေးတွေကို အာဟာရဖြည့် … LcFos နဲ့အတူ အူထဲကအကျိုးပြုဘက်တီးရီးယားလေးတွေကိုလည်း အာဟာရဖြည့်ပေးကြပါစို့…
ပိုမိုပျော်ရွှင်ကျန်းမာပြည့်စုံတဲ့ ကလေးတွေဖြစ်အောင် အကောင်းဆုံးရယူလိုက်ကြပါစို့.. လို့ တိုက်တွန်းလိုက်ရပါတယ်။
Dr D