fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သားသားမီးမီးတို့ ကစားခုန်စား အားကစားလုပ်ရင်း ထိခိုက်ရှနာဒဏ်ရာရခြင်းကို ကာကွယ်ဖို့ဆိုရင် …

34
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/09/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားမီးမီးတို့ ကစားခုန်စား အားကစားလုပ်ရင်း ထိခိုက်ရှနာဒဏ်ရာရခြင်းကို ကာကွယ်ဖို့ဆိုရင် …

ဒီဘက်ခေတ်မှာ phone တွေ၊ tablet တွေ ခေတ်စားလာကြပေမဲ့ သားသားမီးမီတွေကို တကယ့်ကို ကျန်းမာကြံ့ခိုင်စေတာကတော့ ပြင်ပမှာ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းပါပဲ။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဟာ သားသားမီးမီးတွေကို ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်မာ စေသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း ရင့်ကျက်တိုးတက်စေပါတယ်။
ဒါပေမဲ့ ကစားခုန်စား အားကစားလုပ်ရင်း ထိမိခိုက်မိနိုင်တဲ့ အန္တရာယ်လည်း ရှိပါသေးတယ်။ ဒါကြောင့် သားသားမီးမီးတို့ ကစားခုန်စား အားကစားလုပ်ရင်း ထိခိုက်ရှနာဒဏ်ရာ နည်းနိုင်ဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

၁။ သားသားမီးမီးတွေကို သေချာစွာ မှာကြားထားပါ
ကစားခုန်စား အားကစားလုပ်နေရင်း တကယ်လို့ နာကျင်မှု သို့မဟုတ် ပုံမှန် မဟုတ်တဲ့ ခံစားမှုတစ်ခုကြုံတွေ့ ခဲ့ရလျှင် ချက်ချင်း နည်းပြ သို့မဟုတ် ဆရာ/ဆရာမ သို့မဟုတ် မိဘကို ပြောပြပြီး အကူအညီတောင်းခံတတ်အောင် သေချာမှာကြားထားပါ။ အချို့ ကလေးတွေက နာကျင်နေလည်းပဲ ကျိတ်မှိတ်ပြီး ဆက်ကစားတတ်ပါတယ်။ အဲဒီအခါ အခြေအနေတွေ ပိုမို ဆိုးရွားသွားပြီး အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းရတဲ့အဖြစ်တွေ ဖြစ်လာတတ်ပါတယ်။

၂။ ကစားနည်းတွေ ပြောင်းလဲ ကစားစေပါ။
ကစားနည်းတွေ ပြောင်းလဲကစားတာဟာ သားသားမီးမီးတွေရဲ့ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို ပြောင်းလဲအသုံးပြုခြင်း ဖြစ်စေတဲ့အတွက် ကြွက်သားနဲ့ အရိုးအဆစ်တစ်ခုထဲကို ဒဏ်ဖြစ်စေခြင်းမှ ကာကွယ်ပေးပါတယ်။ ဥပမာ ဒီနေ့ဘောလုံးကန်ပြီး နောက်တစ်နေ့မှာ ကြက်တောင်ရိုက်ခိုင်းတာမျိုးပါ။

၃။ ကစားခုန်စား မလုပ်ခင် သွေးပူလေ့ကျင့်ခန်းများ၊ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ခိုင်းပေးပါ။
ကစားခုန်စားမလုပ်ခင် သွေးပူလေ့ကျင့်ခန်းများ ၊ အကျော့လျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပေးတာကလည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်ပေးခြင်းဟာ ကြွက်သားများကို ပြေလျော့စေပြီးတော့ ကစားခုန်စားလုပ်ရန် အဆင်သင့်ဖြစ်စေပါတယ်။ ဒါ့အပြင် ကြွက်သားများ ဒါဏ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၄။ ပြည့်ပြည့်၀၀ အနားယူဖြစ်အောင် စီစဉ်ပေးပါ။
ဘယ်လိုကစားခုန်စားမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် ကစားခုန်စားမှုတွေ ပြုလုပ်ပြီးလျှင် ပြည့်ပြည့်၀၀ နားဖို့ လိုအပ်ပါတယ်။ အိပ်ရေးမ၀ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းတွေဟာ ကစားခုန်စားလုပ်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရစေဖို့ ပိုမိုလွယ်ကူစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။

၅။ ကျန်းမာပြီး မျှတတဲ့ အစာအာဟာရကို စီစဉ်ပေးပါ။
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေ ပြည့်ပြည့်၀၀ ပါဝင်တဲ့ ကျန်းမာပြီးမျှတတဲ့ အစာအဟာရတွေကို စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အချိန်မှန်မှန် စားသုံးဖို့ကိုလည်း တိုက်တွန်းရမှာပါ။ အာဟာရပြည့်၀နေခြင်းဟာ ဒဏ်ရာအနာတရတွေရရှိခြင်းကို လျှော့နည်းစေပါတယ်။

၆။ ရေကိုလုံလောက်အောင် သောက်စေပါ။
အပူကြောင့် ဖြစ်တဲ့ဖျားနာခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်းဟာ ကစားခုန်စားလုပ်တဲ့ ကလေးတွေအတွက် မကြာခဏကြုံတွေ့ရတဲ့ ပြဿနာဖြစ်ပါတယ်။ အထူးသဖြင့် အပူချိန်မြင့်မားတဲ့နေ့တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ဖေဖေမေမေတွေက မိမိတို့ရဲ့ သားသမီးတွေကို ကစားခုန်စားမလုပ်ခင်၊ ကစားခုန်စားလုပ်နေစဉ်နှင့် ကစားခုန်စားလုပ်ပြီးတဲ့ အချိန်တွေမှာ လုံလောက်တဲ့ ရေပမာဏသောက်သုံးဖို့ တိုက်တွန်းစီစဉ်ပေးရပါမယ်။ ဒါ့အပြင် မောပန်းနွယ်နယ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ကယောင်းကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းစတဲ့ အပူကြောင့်ဖြစ်တဲ့ဖျားနာခြင်း လက္ခဏာရပ်တွေကိုလည်း သတိထားစောင့်ကြည့်ရပါမယ်။

၇။ အကာအကွယ်ပစ္စည်းများကို အသုံးပြုစေပါ။
အကာအကွယ်ပေးဦးထုပ်၊ ဒူးကာ၊ အားကစားဖိနပ်စတဲ့ ပစ္စည်းတွေကလည်း သားသားမီးမီးတွေ ထိခိုက်ဒဏ်ရာရခြင်း မဖြစ်အောင် ကာကွယ်ပေးတဲ့ အရေးပါတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါပစ္စည်းများကို ဖေဖေမေမေတို့က ပြည့်စုံအောင် စနစ်တကျ စီစဉ်ပေးသင့်ပါတယ်။

၈။ နည်းစနစ်များမှန်ကန်အောင် လမ်းညွှန်ပေးပါ။
ကစားခုန်စားအားကစားလုပ်နေစဉ် ထိခိုက်ဒဏ်ရာ အန္တရာယ်ဖြစ်ရတဲ့အချက်တွေထဲက တစ်ခုကတော့ နည်းစနစ်များ မမှန်ကန်လို့ဖြစ်တာပါ။ အဲဒါကြောင့် နည်းစနစ်များ မှန်ကန်အောင် တည့်မတ်လမ်းညွှန်ပေးခြင်းအားဖြင့် သားသားမီးမီးတို့ကို ထိခိုက်ဒဏ်ရာရခြင်းကို နည်းပါးစေနိုင်ပါတယ်။

၉။ ထိုခိုက်ဒဏ်ရာရပြီဆိုလျှင် ဘာလုပ်ရမလဲဆိုတာကို သင်ကြားထားပေးပါ။
သားသားမီးမီးတွေဟာ ကစားခုန်စားလုပ်နေစဉ် ထိခိုက်ဒဏ်ရာရပြီဆိုလျှင် ဖေဖေမေမေတွေကို အသိပေးဖို့ ကြောက်ရွှံတတ်ကြပါတယ်။ အဆူခံရမှာ၊ နောက်တစ်ခါ ထပ်ပြီး ကစားခွင့်မပေးတော့မှာ ကြောက်ရွကြလို့ဖြစ်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ကို ထိခိုက်ဒဏ်ရာရခဲ့လျှင်လည်း မဆူဘဲနားလည်နှစ်သိမ့်ပေးပြီး အမြန်ဆုံး ပြုစုကုသမှုပေးနိုင်အောင် ကြိုးစားပါ။
ထိုခိုက်ဒဏ်ရာရခြင်းဟာ ဖေဖေမေမေတို့ရဲ့ မျက်စိရှေ့မှာ ဖြစ်ခဲ့လျှင် အကြောင်းမဟုတ်ပေမဲ့ နောက်ကွယ်မှာဖြစ်ခဲ့လျှင်လည်း ဘယ်လို ဂရုစိုက်ကုသမှု ပြုလုပ်ရမယ်ဆိုတာတွေကို သင်ကြားပေးထားပါ။ ဥပမာ ကစားခုန်စားလုပ်နေရင်း ထိခိုက်ရှနာဒဏ်ရာရခဲ့မယ်ဆိုလျှင် ဒဏ်ရာကို ဘယ်လိုသန့်စင်ဆေးကြောရမယ်။ အရက်ပျံ၊ ပိုးသတ်ဆေးရည်တို့ဖြင့် ဘယ်လို သန့်စင်ရမယ်စသည်ဖြင့် သင်ကြားပေးထားပါ။ ကြွက်သား၊ အရိုးအဆစ်တို့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီဆိုလျှင်လည်း အကိုက်အခဲပျောက် ဒဏ်ကျေလိမ်းဆေး အရည်၊ ခရင်၊ အဆီများကို ချက်ချင်းဘယ်လို လိမ်းရမလဲ စသည်ဖြင့် သင်ကြားပေးထားပါ။ သားသားမီးမီးတို့ရဲ့ အိတ်ထဲမှာလည်း ဒဏ်ရာပိုးသတ်ဆေးရည်၊ ဒဏ်ကျေလိမ်းဆေး၊ ဂွမ်း၊ ပလပ်စတာများကိုလည်း အဆင်သင့်ထည့်ပေးထားပါ။
အထက်ပါ နည်းလမ်းများကို သတိထား၊ လုပ်ဆောင်ခြင်းအားဖြင့် သားသားမီးမီးတို့ ကစားခုန်စားနေလုပ်စဉ် ထိခိုက် ရှနာ ဒဏ်ရာရခြင်းများကို ကာကွယ်လျေ့ာချပေးကြပါစို့ …..

Author – ဒေါက်တာမိုး (ဆေး ၁)

Previous Post

အရေပြားခြောက်သွေ့ခြင်း ပြဿနာ

Next Post

ခွဲစိတ်ပြီးနောက် ဒဏ်ရာအမြန်ကျက်စေပြီး အမာရွတ်ရုပ်မဆိုးရလေအောင် ရှောင်ကျဉ်ရမည့် အစားအစာများနှင့် စားသုံးသင့်သည့် အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
312

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခွဲစိတ်ပြီးနောက် ဒဏ်ရာအမြန်ကျက်စေပြီး အမာရွတ်ရုပ်မဆိုးရလေအောင် ရှောင်ကျဉ်ရမည့် အစားအစာများနှင့် စားသုံးသင့်သည့် အစားအစာများ

Vitamin A က ဘယ်အစားအစာတွေမှာ အများဆုံးပါသလဲ

ညဘက် သွားကိုက်ရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.