fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

Vitamin A က ဘယ်အစားအစာတွေမှာ အများဆုံးပါသလဲ

မေမေတို့ရေ မိမိ မိသားစုအတွက် နေ့စဉ်ချက်ပြုတ် ပြင်ဆင်ပေးရတဲ့ ထမင်း၊ဟင်းပွဲတွေမှာ မပါမဖြစ် ထည့်ချက်ပေးရမယ့် ဓါတ်တစ်မျိုးကတော့ ဗီတာမင်အေ-ရက်တီနောလ် Vitamin A -Retinol ပဲဖြစ်ပါတယ်။

ဗီတာမင်အေဟာ ရောဂါကာကွယ်တဲ့ ကိုယ်ခံစွမ်းအားတက်အောင် ၊မျက်ကြည်လွှာခြောက်သွေ့ ၊မျက်စိအမြင်အာရုံအားနည်းတာကစလို့ ကြက်မျက်သင့် (night blindness)၊အမြင်အာရုံဆုံးရှုံးမှုတို့ကို ကာကွယ်ပေးနိုင်တဲ့အပြင်၊ အိမ်ထောင်သည်များ သားသမီးရရန်၊ သန္ဓေသားကြီးထွားရန် အရေးပါတဲ့ vitamin တစ်မျိုးဖြစ်ပြီး၊ ဝက်ခြံ၊ အရေပြားခြောက်သွေ့မှု ပြဿနာတွေ ကင်းဝေးအောင် စွမ်းဆောင်ပေးနိုင်တဲ့ အစွမ်းပိုင်ရှင်လည်းဖြစ်ပါတယ်။ ဗီတာမင်အေချို့တဲ့ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများဝင်ခြင်း၊ အနာကျက်နှေးခြင်းတို့ဖြစ်တတ်ပါတယ်။

Vitamin A ကြွယ်ဝတဲ့အစားအစာများကို အလွယ်တကူ မှတ်ရမယ်ဆိုရင်တော့ အစိမ်းရောင်အဝါရောင်ရှိတဲ့ အရွက်၊ အသီးများ (ကန်စွန်းရွက်၊ မုန်ညင်း၊ သင်္ဘောသီး၊ သရက်သီး)၊ အသားနှင့်အသည်းအမျိုးမျိုး ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း (ချိစ်၊ နွားနို့၊ ထောပါတ်၊ ဒိန်ချဉ်)နှင့် အစေ့အဆန်များပဲဖြစ်ပါတယ်။

အစားအစာတွေထဲမှာ Vitamin A ပါဝင်မှူပမာဏအများဆုံး စာရင်းဝင် ထိပ်ဆုံး၁၀မျိုးကတော့

  1. Carrot – မုန်လာဥနီ
  2. Tuna – တူနာငါး
  3. Butternut squash – Pumpkin/ရွှေဖရုံသီးနဲ့ ချက်ပြုတ်ပုံရော အာဟာရတန်ဖိုးပါတူတဲ့ ဖရုံသီးအနွယ်ဝင်တစ်မျိုး
  4. Sweet potato – ကန်စွန်းဥ
  5. Spinach – ဟင်းနုနွယ်ရွယ်
  6. Cantaloupe – သခွားမွှေးသီး
  7. Lettue – ဆလတ်ရွက်
  8. Red bell peppers – ပန်းငရုတ်ပွရောင်စုံ
  9. Pink Grapefruit – ဂရိတ်ဖရုသီး၊ကျွဲကောသီး
  10. Brocoli – ပန်းပွင့်စိမ်း တို့ပဲဖြစ်ပါတယ်။

ဗီတာမင်အေဟာ အဆီမှာပျော်ဝင်တဲ့ဓါတ်ဖြစ်တဲ့အတွက် အရွက်တွေချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သံလွင်ဆီလိုမျိုးဆီနဲ့ ပြင်ဆင်ချက်ပြုတ်ရင် ခန္ဓာကိုယ်မှစုပ်ယူမှုပိုကောင်းစေပါတယ်။

 

ဒီဆောင်းပါးလေးဖတ်ပြီး မေမေတို့ ကလေးတွေခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး၊ ရောဂါခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအားတက်အောင်၊ ကောင်းမွန်တဲ့ အမြင်အာရုံ၊ အသားအရေပိုင်ဆိုင်နိုင်အောင် လိုအပ်တဲ့ ဗီတာမင်အေ အပြည့်အဝပေးနိုင်မယ့် အစားအသောက်လေးတွေ ချက်ပြုတ်ပြင်ဆင် ကျွေးနိုင်ကြပါစေနော်….

Author : Dr.Mon

ဆက်စပ် ဆောင်းပါးများ