fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကလေးများတွင် Calcium ဓာတ်၏ အရေးပါပုံ

129
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/10/2020
in ကျန်းမာစေသော အစားအစာ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများတွင် ခိုင်မာသောအရိုးအဆစ်များတည်ဆောက်ရန်အတွက် Calcium ဓာတ်သည် လိုအပ်ကြောင်း မိဘတိုင်းလိုလို သိကြပါသည်။ ခန္ဓာကိုယ်ထဲတွင် ပမာဏအများအပြားဆုံးဖြစ်သော သတ္ထုဓာတ်တစ်မျိုးဖြစ်သည့် Calcium သည် ခန္ဓာကိုယ်စုစုပေါင်းအလေးချိန်၏ ၁.၅% အထိ ပါဝင်ဖွဲ့စည်းနေပါသည်။ ထိုပမာဏ၏  ၉၉ % ကို အရိုးနှင့်သွားများတွင် ဖွဲ့စည်းထားကြောင်းလည်း တွေ့ရပါသည်။

ခန္ဓာကိုယ်၏ အရိုးအဆစ်များကို တည်ဆောက်နေသည့်အချိန်ကာလဖြစ်သည့် ကလေးဘဝတွင် Calcium ဓာတ်ကို လုံလုံလောက်လောက်ရရှိမှသာ အရိုးအဆစ်များ ကျန်းမာကြံ့ခိုင်စွာဖြင့် ဆက်လက် ကြီးထွား ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါသည်။ ငယ်စဉ်ဘဝတွင် Calcium ကို ပြည့်ပြည့်ဝဝ မရရှိခဲ့ပါက အသက်အရွယ် တဖြည်းဖြည်းကြီးလာသည်နှင့်အမျှ အရိုးကျိုးခြင်း၊ အရိုးပွခြင်း စသည့်ပြဿနာများကို တွေ့ကြုံခံစားရနိုင်ပါသည်။ ထို့အပြင် သွားများ၏ ကြံ့ခိုင်သန်မာမှုလည်းလျော့နည်းလာကာ သွားပိုးစားခြင်းကဲ့သို့သော  ပြဿနာများကို ကြုံတွေ့ရနိုင်ပါသည်။

အကယ်၍ ခန္ဓာကိုယ်သည် လုံလောက်သော Calcium ပမာဏကို မရရှိခဲ့ပါက လိုအပ်လျက်ရှိသော Calcium များကို ခန္ဓာကိုယ်တွင်ရှိသော အရိုးများမှ ရယူကြပါသည်။ ထို့ကြောင့် Calcium ချို့တဲ့ခြင်းတွင် အရိုးပါးခြင်းလည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကလေးများကို Calcium ပမာဏ လုံလောက်စွာ ကျွေးမွေးရန်လိုအပ်ပါသည်။ အကယ်၍ လုံလောက်စွာ မကျွေးမွေးဖြစ်ခဲ့လျှင်သော်လည်းကောင်း၊  ကလေးသည် အစား ဂျီးများခဲ့လျှင်သော်လည်းကောင်း Calcium ဖြည့်စွက်ထားသော အဟာရဓာတ်စာကို ဖြည့်စွက် ကျွေးမွေးနိုင်ပါသည်။

 

ကလေးငယ်များတွင် Calcium လိုအပ်ရခြင်း အဓိကအကြောင်းအရင်း ၃ ချက်

ကလေးများနေ့စဉ်လုံလောက်သော Calcium ပမာဏ ရရှိရန်လိုအပ်သည့် အဓိကအကြောင်းအရင်း ၃ ချက်ရှိပါသည်။

၁။ ခိုင်မာ၍ သန်စွမ်းသော အရိုးများ ဖွံ့ဖြိုးမှုရှိစေရန်

ကလေးဘဝနှင့် မီးကောင်ပေါက်အရွယ်တွင် အရိုးများ ကြီးထွားမှု အလျင်မြန်ဆုံးဖြစ်ပါသည်။ ထိုအချိန်တွင် Calcium လိုအပ်မှု ပမာဏသည်လည်း အမြင့်မားဆုံး ဖြစ်ပါသည်။ လုံလောက်သော Calcium ပမာဏရရှိ၍ တည်ဆောက်ထားသော အရိုးများသည် ကျန်းမာကြံ့ခိုင်သကဲ့သို့ အသက်အရွယ်ကြီးလာသည့်အခါတွင်လည်း အရိုးအဆစ်ပြဿနာများကို နည်းပါးစေနိုင်ပါသည်။

 

၂။ နေထိုင်မှုပုံစံပြောင်းလဲလာခြင်းကြောင့် Calcium ကို ပိုမိုလိုအပ်ခြင်း

ယနေ့ခေတ်တွင် နေထိုင်မှုပုံစံ ပြောင်းလဲလာသောကြောင့် ကလေးများသည် ဆိုဒါ၊ ခွန်အားဖြည့် အချိုရည်၊ သို့မဟုတ် ကဖင်းဓါတ်ပါဝင်သော ဖျော်ရည် အအေးများကို များစွာသောက်သုံးလာကြပါသည်။ ထိုအရာများတွင်ပါဝင်သော ပါဝင်ပစ္စည်းများက အစာအိမ်နှင့် အူလမ်းကြောင်းမှ Calcium စုပ်ယူခြင်းကို အနှောက်အယှက်ပေးနိုင်ပါသည်။ ထို့ကြောင့် ကလေးများနေ့စဉ်စားသုံးသော အစားအစာများတွင် Calcium များကို ပိုမိုပါရှိစေရန် ဂရုစိုက်ဖို့ လိုအပ်ခြင်းဖြစ်ပါသည်။

 

၃။ အရိုးတည်ဆောက်ရန်သာမက အခြားနေရာများတွင်ပါ လိုအပ်ခြင်း

Calcium ကို အရိုးနှင့် သွားများ သန်မာစေရန် လိုအပ်ကြောင်း အဓိကအားဖြင့် သိထားကြပါသည်။ ထိုမျှ မကသေးပါ။

  • Calcium သည် ကလေးများ၏ နှလုံးနှင့် အာရုံကြောများ ကောင်းစွာ အလုပ်လုပ်နိုင်ရန် အတွက်လည်း များစွာအကူအညီ ပေးပါသည်။
  • ထို့အပြင် Calcium သည် ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် နှလုံးကြွက်သားများ၏ လုပ်ငန်းဆောင်တာများကိုလည်း ထိန်းညှိပေးပါသည်။
  • အာရုံကြောဆိုင်ရာ သတင်းပေးပို့ချက်များ ထုတ်လုပ်ရာတွင်လည်း အဆင်ပြေ ချောမွေ့စေရန် Calcium က အခန်းကဏ္ဍတစ်ခုအနေနှင့်ပါဝင်ပါသည်။
  • ခန္ဓာကိုယ်တွင် သွေးခဲမှုစနစ် ပုံမှန်ဖြစ်စေရန် Calcium က ကူညီပေးပါသည်။
  • ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်များကို ထိန်းချုပ်ပေးသော Parathyroid ဂလင်းများ၏ လုပ်ငန်းဆောင်တာများ မှန်ကန်စေရန်လည်း Calcium က ကူညီပေးပါသည်။
  • ထို့အပြင် Calcium သည် ကလေးများ အဝလွန်ခြင်းမဖြစ်စေရန်လည်း အကူအညီ ပေးနိုင်ပါသည်။

ထို့ကြောင့် ကလေးများ၏ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုသာမက ကျန်းမာသန်စွမ်းရေးအတွက်ပါ လွန်စွာ အရေးပါလှသော Calcium ဓာတ်ကို နေ့စဉ်လုံလောက်စွာ ကျွေးမွေးနိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

Dr. Kyi

Previous Post

ကလေးတွေမှာ vitamin D ချို့တဲ့လျှင်  ဘာတွေဖြစ်မလဲ။

Next Post

ကလေးငယ်များ ပုံမှန် ကြီးထွားဖွံ့ဖို့ဆိုရင် …..

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
825

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
461
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များ ပုံမှန် ကြီးထွားဖွံ့ဖို့ဆိုရင် …..

Covid 19 ရောဂါနှင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်

ဗီတာမင်  A က ကလေးများရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.