ကလေးများသည် ကြီးထွားဖွံ့ဖြိုးမှုကို တည်ဆောက်နေသောကြောင့် ခန္ဓာကိုယ်၏ စနစ်များ အားလုံးအတွက် အာဟာရဓါတ်များကို ပိုမိုလိုအပ်ပါသည်။
ထိုသို့ အာဟာရဓါတ်များ များစွာလိုအပ်နေသော အချိန်တွင် အာဟာရဓါတ်များကို ပြည့်ဝစွာ ရရှိနိုင်မှုသည် ကလေးများအတွက် မည်သည့်အရာထက်မဆို ပိုမို အရေးကြီးသည့် အရာတစ်ခုဖြစ်ပါသည်။
ကလေးများအား အာဟာရဓါတ်များကို ပြည့်ဝရရှိစေဖို့ဆိုလျှင် အာဟာရဓါတ်များကို ပြည့်စုံအောင် ကျွေးမွေးရန် လိုအပ်သကဲ့သို့ ကျွေးမွေးလိုက်သော အာဟာရဓါတ်များကို ကောင်းမွန်စွာ ခြေဖျက်ပြီး စုပ်ယူနိုင်ရန်လည်း လွန်စွာမှ အရေးကြီးလှပါသည်။
ထိုသို့ အာဟာရဓါတ်များ ပြည့်ဝမှုနှင့် ပတ်သက်လျှင် ဖေဖေမေမေ အများစုသည် အာဟာရဓါတ် စုံလင်အောင် ကျွေးမွေးနိုင်ရန်ကိုသာ သတိပြု ကြိုးစားတတ်ကြပါသည်။
သို့သော် စုံလင်အောင် စီစဉ်ကျွေးမွေးလိုက်သော အာဟာရဓါတ်များကို ပြည့်ဝအောင် ခြေဖျက်စုပ်ယူနိုင်စေရန် သားသားမီးမီးများအတွက် စီစဉ်ပေးရန်အတွက်ကိုမူ မေ့လျော့နေတတ်ပါသည်။
ထို့ကြောင့် အာဟာရဓါတ်များကို စုံလင်မျှတအောင် စီစဉ်ပေးရုံသာမက ထိုအစားအစာ အာဟာရဓါတ်များကို ခြေဖျက်၊ စုပ်ယူနိုင်အောင်လည်း စီစဉ်ပေးရန် လိုအပ်လှပါသည်။
အစားအစာများကို ကောင်းမွန်စွာ ခြေဖျက်စုပ်ယူမှုနှင့် ပတ်သက်လျှင် Prebiotics များသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအနေနှင့် ပါဝင်နေပါသည်။
Prebiotics ဆိုသည်မှာ အူလမ်းကြောင်းအတွင်းတွင် နေထိုင်ကြသော အကျိုးပြုဘက်တီးရီးယားများ ရှင်သန်ပွားများရေးကို အထောက်အကူပြုသော အစားအစာများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို Prebiotics များ၏ အကူအညီဖြင့် အကျိုးပြု ဘက်တီးရီးယားများ ရှင်သန်ပွားများလေလေ၊ အစာခြေဖျက်ခြင်း ဖြစ်စဉ်နှင့် အာဟာရဓါတ်များကို စုပ်ယူခြင်း ဖြစ်စဉ်များ ပိုမို တိုးတက်ကောင်းမွန်လေလေ ဖြစ်ပါသည်။
ထို Prebiotics များအနက် LcFOS သည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
LcFOS သည် အစာအိမ်နှင့် အူလမ်းကြောင်း၏ လုပ်ငန်းဆောင်တာများကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးခြင်းအားဖြင့် အစာခြေခြင်း၊ အာဟာရဓါတ်များ စုပ်ယူခြင်းကို များစွာ အကူအညီပေးပါသည်။
ထို့ကြောင့် LcFOS ၏ အကူအညီဖြင့် ကလေးများသည် အာဟာရဓါတ်များကို ပိုမို ပြည့်ဝစွာ ရရှိနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် ကလေးများ ကြုံတွေ့ရတတ်သည့် အခြားပြဿနာ တစ်ရပ်လည်း ရှိပါသေးသည်။ ထိုပြဿနာမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပါသည်။
ကလေးများသည် ဝမ်းပျက်ဝမ်းလျှော ပြဿနာကို မကြာခဏကြုံတွေ့ရလေ့ရှိပါသည်။ ထိုသို့ ဝမ်းပျက်ဝမ်းလျှော ပြဿနာကို ကြုံတွေ့ကြရသောအခါ အာဟာရချို့တဲ့ခြင်းများကို ဖြစ်စေနိုင်သကဲ့သို့ အခန့်မသင့်လျှင် ရေဓါတ်ဆုံးရှုံးမှု များပြားခြင်းကြောင့် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရနိုင်သည့် အနေအထားဖြစ်ပါသည်။
ထို ဝမ်းပျက်ဝမ်းလျှောသည့် ပြဿနာကို LcFOS က ကာကွယ်တားဆီးပေးနိုင်ပါသည်။ ဤနည်းအားဖြင့်လည်း LcFOS သည် အာဟာရပြည့်ဝစေရန် အားပေးကူညီပေးပါသည်။
ဝမ်းလျှောခြင်းအပြင် ဝမ်းချုပ်ခြင်းပြဿနာသည် ကလေးများ၏ အာဟာရပြည့်ဝမှုကို တစ်နည်းတစ်ဖုံ အနှောင့်အယှက်ပြုသော ပြဿနာ တစ်ရပ်ဖြစ်ပါသည်။
ဝမ်းချုပ်ခြင်းပြဿနာကို အချိန်ကာလ ရှည်ကြာစွာ ကြုံတွေ့ရသော ကလေးများသည် အစာခြေစနစ်နှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ ပြဿနာအများအပြားကိုလည်း ကြုံတွေ့ရတတ်ပါသည်။
ဝမ်းချုပ်ခြင်းဆိုးရွားပြင်းထန်လာသည့်အခါ အူပိတ်ခြင်းနှင့် အစာစားသည့်အခါတိုင်း အော့အန်ခြင်းများကိုလည်း ဖြစ်လာစေပါသည်။ ထို့ကြောင့် အာဟာရချို့တဲ့ခြင်းဆိုင်ရာ ပြဿနာ အများအပြားကိုလည်း ကြုံတွေ့ရတတ်ပါသည်။
ထိုဝမ်းချုပ်ခြင်း ပြဿနာကို LcFOS များက သက်သာစေရန် ကူညီပေးနိုင်ပါသည်။ LcFOS ပါဝင်ဖော်စပ် ထုတ်လုပ်ထားသော နို့မှုန့်များသည် မပါဝင်သော နို့မှုန့်များကဲ့သို့ ကလေးများကို ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ ဝမ်းသွားသည့် အလေ့အထကိုလည်း မှန်ကန်စေပါသည်။
ထို့ကြောင့် ကလေးများ ကြီးထွားဖွံ့ဖြိုးရန် လိုအပ်သည့် အာဟာရဓါတ်များကို အပြည့်အဝရရှိစေရန် ဘက်ပေါင်းစုံမှ ကူညီပေးသည့် LcFOS များသည် ကလေးများ၏ အဖော်မွန်တစ်ပါးပင် ဖြစ်ပါတော့သည်။