fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ပန်းနာရင်ကြပ်သားသားမီးမီးများအတွက် DHA  အကျိုးသက်ရောက်မှုရှိပါသလား။

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2021
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ပန်းနာရင်ကြပ်ရောဂါ ခေါ် Asthma ရောဂါသည် မျိုးရိုးလိုက်၍သော်လည်းကောင်း। အသက်ရှုလမ်းကြောင်းတွင် ဓါတ်မတည့်ခြင်း। လေပြွန်တလျှောက် ရောင်ရမ်း၍ ကျဉ်းမြောင်းကာ လေပြွန်မှအရည်အချွဲများ ထုတ်လုပ်မှုများခြင်းတို့ကြောင့် အသက်ရှူခက်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီ မြည်ခြင်းနှင့် အသက်ရှူ မဝခြင်းတို့ ဖြစ်စေသော ရောဂါတစ်မျိုးဖြစ်သည်။

 

DHA ဆိုတာဘာလဲ?

Omega 3 fatty acids သည် ခန္ဓာကိုယ်ဇီဝကမ္မ လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော essential fatty acid ဖြစ်သည်။ Essential Fatty Acid ဆိုသည်မှာ polyunsaturated fatty acids (PUFA) မပြည့်ဝအဆီတစ်မျိုး ဖြစ်သည်။

ခန္ဓာကိုယ်ဆဲလ်များ၏ ဇီဝလုပ်ငန်းများအတွက် PUFA ခေါ် အရည်အသွေးကောင်းသော မပြည့်ဝဆီ လိုအပ်ပါသည်။ Omega 3 fatty acids (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ ALA (alphalinolenic acid)। EPA (eicosapentaenoic acid) နှင့် DHA (docosahexaenoic acids) တို့ဖြစ်ပါသည်။

Omega 3 fatty acids သည် ကောင်းမွန်သည့် ပရိုစတာဂလန်းဒင်ဓာတ် (prostaglandins) ကို ခန္ဓာကိုယ်မှထုတ်ပေးပြီး ဆဲလ်များရောင်ရမ်းခြင်းကို တားဆီးပေးသည်။

ပန်းနာရင်ကြပ်ရောဂါ ရောဂါရှိသူများတွင် ဓါတ်မတည့်မှုကိုဖြစ်စေသည့် IgE ပဋိဓာတ်ပစ္စည်း ထုတ်လုပ်မှုကို အိုမီဂါ 3 မှလျှော့ချပေးနိုင်သည်။

 

DHA ၏အကျိုးသက်ရောက်မှု

DHA ဓါတ်၏ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် အစွမ်းကြောင့် ဓါတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်ကဲ့သို့ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ DHA ဓာတ်သည် ဆဲလ်အမြှေးပါးများကို ကျန်းမာစေပြီး အာရုံကြောဆဲလ်များကို သန်စွမ်းစေပါသည်။

အိုမီဂါ-3 အဆီဖြင့် တည်ဆောက်ထားသော ဆဲလ်နံရံများသည် ပျော့ပြောင်းပြီး ဇီဝကမ္မလုပ်ငန်းများအတွက် ပိုသင့်လျော်ပါသည်။ ထို့ပြင် DHA သည် ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးသော ပရိုစတာဂလန်းဒင်ဓာတ်ကို ထွက်စေပါသည်။ ပရိုစတာဂလန်းဒင်ဓာတ်သည် ကိုယ်ခံစွမ်းအားကိုလည်း ကောင်းမွန်စေသောကြောင့် အလွယ်တကူဖျားနာခြင်း မဖြစ်စေပါ။ ထို့ကြောင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်  ပန်းနာရင်ကြပ်ဖြစ်ခြင်းကိုလည်း DHA က ကာကွယ်ပေးနိုင်ပါသည်။

နောက်ဆုံးပေါ်လေ့လာတွေ့ရှိချက်များအရ DHA ဓါတ်သည် ပန်းနာရင်ကြပ်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပေးနိုင်သည့်အပြင် ပန်းနာရင်ကြပ်ရှိသူများတွင် စတီးရွိုက်ပါဝင်သော ရှူဆေးအသုံးပြုရသည့်ပမာဏကိုလည်း လျော့ကျစေနိုင်ကြောင်း တွေ့ရှိချက်များကဖော်ပြထားပါသည်။

 

 

Omega-3 ရနိုင်သောအစားအစာ

Omega-3 PUFA ကို လူ့ခန္ဓာကိုယ်မှ သဘာ၀အတိုင်းမထုတ်နိုင်ပဲ အစားအစာနှင့်  supplment ဖြည့်စွက်ဆေးများမှသာ ရရှိနိုင်ပါသည်။ EPA, DHA အိုမီဂါ 3 ဖက်တီးအက်ဆစ် ၂ မျိုးကို ငါးအချို့တွင်တွေ့ရပြီး ALA ကို အစေ့အဆန်များတွင် တွေ့ရပါသည်။ အရေးကြီးသော Omega-3 နှစ်မျိုးဖြစ်သည့် DHA နှင့် EPA ကို ငါးကြီးဆီ၊ ငါးသလောက်၊ ငါးနီတူငါး၊ တူနာငါး၊ ငါးမြစ်ချင်း၊ ပင်လယ်ငါးများ ဖြစ်သော ဆော်လမွန်ငါး၊ ဆာဒင်း၊ ဆာဘငါး၊ မက်ကရယ်ငါးများ၊ flax seed oil ခေါ် အပင်မှထွက်သောအဆီတစ်မျိုး၊ သစ်ကြားသီးနှင့် Omega-3 ဖြည့်စွက်စာ ဆေးဝါးများတွင် အဓိကတွေ့ရသည်။ သတိပြုရန်မှာ ငါးနှင့်ဓာတ်မတည့်သူများသည် omega 3 နှင့်လည်း မတည့်တတ်ပါ။ ထို့ပြင် အိုမီဂါ-3 ဖက်တီးအက်ဆစ်ကို တစ်နေ့တာလိုအပ်ချက် အတိအကျသတ်မှတ်ထားခြင်း မရှိသော်လည်း တစ်နေ့လျှင် ၃ ဂရမ်ထက် ပို၍မသုံးသင့်ပါ။

 

ထို့ကြောင့် သားသားမီးမီးများအတွက် ပန်းနာရင်ကြပ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးခြင်း၊ ရောဂါကာကွယ်တားဆီးပေးပြီး ကိုယ်ခံအားကိုကောင်းမွန်စေခြင်း စသည့်ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိသည့် အိုမီဂါ-3 DHA ကို နေ့စဥ်ပုံမှန်အစားအစာတွင် လုံလောက်စွာကျွေးခြင်း၊ ငါးကြီးဆီကဲ့သို့ ဖြည့်စွက်အားဆေးများ တိုက်ကျွေးခြင်းတို့ ပြုလုပ်သင့်ကြောင်း ဖေဖေမေမေတို့ကို အသိပေးမျှဝေလိုက်ပါတယ်ရှင့်…..

Author : Dr. Yee Mon

Previous Post

ရင်ပူခြင်း ဝေဒနာကို သက်သာအောင် ဘယ်လို လုပ်မလဲ

Next Post

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
253

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
307

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
811

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
982
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
662

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများ DHA ဓာတ် ချို့တဲ့လျှင် ဖြစ်နိုင်သော ( ADHD ) ရောဂါအကြောင်း

သွေးအားနည်းရောဂါဖြစ်ပွားရသော အကြောင်းရင်းများ

နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများနှင့် သင့်လျော်သောအစားအစာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.