(Zawgyi)
စိုးပိုင္ တစ္ေယာက္ မိုးေလး တစ္ဖြဲဖြဲ က်လာသည္ႏွင့္ အိမ္ေရွ႕ေရေျမာင္း ဆယ္ရန္ ျပင္ဆင္ေနၿပီ။ ေရစီးေရလာေကာင္းမွ ျခင္မ်ား မေပါက္ဖြားမည္။ မိုးတြင္းကာလ ျခင္မ်ားေပါက္ဖြားကာ အိမ္ရွိ သမီးႏွစ္ေယာက္အား ျခင္ကိုက္မည္ကို အလြန္စိုးရိမ္ေနသည္။ ေပါက္ျပားတစ္လက္ႏွင့္ အလုပ္ေတြ ရႈပ္ေနၿပီ။ မိန္းမကိုလည္း ကေလးႏွစ္ေယာက္ ကို ျခင္ကိုက္မခံရေအာင္ ျခင္ေဆးေခြမ်ားေဆာင္ထားဖို႔မွာထားရသည္။
မႏွစ္ကစိုးပိုင္သူငယ္ခ်င္းတစ္ေယာက္၏သမီးေလး ေသြးလြန္တုပ္ေကြးျဖစ္ၿပီး ေသဆုံးသြားသည္။ ထိုသူငယ္ခ်င္းျဖစ္သူထံ သြားေရာက္ကာ သတင္းေမးရင္း ေသြးလြန္တုပ္ေကြးေရာဂါ၏ ေၾကာက္စရာေကာင္းပုံကို သိလာသည္။ ေသြးလြန္တုပ္ေကြးသည္ ကေလး သူငယ္မ်ားတြင္ အမ်ားဆုံးျဖစ္ပြားသည္။ ေရာဂါ အစတြင္ ကေလးမ်ားဖ်ားမည္။ ကိုယ္လက္ မအီမသာျဖစ္မည္။ အ႐ိုးမ်ားနာက်င္မည္။ အစားမစားခ်င္ျဖစ္မည္။ သူငယ္ခ်င္း၏ သမီးေလးကား ဖ်ားၿပီး ၅ ရက္ ေျမာက္ေန႔တြင္ အဖ်ားက်သြားၿပီး ကေလးကား မိန္းေနေလသည္။ ကေလး အဖ်ားက်သြားေသာေၾကာင့္ မိဘမ်ားက ကေလး ေနေကာင္းသြားသည္ဟုထင္ ၾကသည္။ အမွန္ကား ကေလးကား ေသြးလြန္တုပ္ေကြးတြင္ ေၾကာက္စရာေကာင္းေသာ ေသြးလန႔္သည့္ အဆင့္ကိုေရာက္ေနျခင္းျဖစ္သည္။ ကေလးငယ္သည္ ေျခဖ်ားလက္ဖ်ားမ်ားေအးစက္ေနသည္။ ဆီးလုံး၀ မသြားေတာ့သည့္ အေျခအေနကို ေရာက္ေနသည္။ မိဘမ်ားကား မသိ။ ညေနဖက္ ကေလး မိန္း လြန္းအားႀကီးသည္ဟု ထင္မွ ေဆးခန္းသို႔ သြားျပၾကသည္။
ေဆးခန္းေရာက္ေတာ့ ဆရာဝန္မွ ကေလး၏ အသက္အႏၶရာယ္ စိုးရိမ္ေနရၿပီ။ ေဆး႐ုံသို႔ အျမန္ေျပးပါဟု ေျပာသည္။ သူငယ္ခ်င္းႏွင့္ အတူ စိုးပိုင္တို႔ ေဆး႐ုံသို႔ ေရာက္သြားသည္။ သူငယ္ခ်င္းကေလးကား ေဆး႐ုံတြင္ တစ္ညေလာက္ေနၿပီး ေနာက္တစ္ေန႔ မနက္ခင္းပိုင္းတြင္ အသက္ေသရံႈးသြားသည္။ ထို႔အျပင္ ေဆး႐ုံထဲရွိ ကုတင္မ်ားေပၚတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ေနေသာ ကေလးမ်ားကို ျမင္ရသည္မွာ စိတ္မခ်မ္းေျမ့ဝယ္ျဖစ္သည္။ သူငယ္ခ်င္းသမီး အျဖစ္ကို ေတြ႕ေသာေၾကာင့္ မိမိ၏ သမီးႏွစ္ေယာက္ကိုလည္း ေသြးလြန္တုပ္ေကြးျဖစ္မွာ အလြန္စိုးရိမ္မိသည္။ဒီႏွစ္ မိုးဝင္ၿပီဆိုကတည္းက ကို စိုးႏိုင္တစ္ေယာက္ အိမ္ေရွ႕ေရေျမာင္းကို ေရစီးေရလာေကာင္းေအာင္ လုပ္ၿပီးုၿပီ။ ညေန ေနဝင္ၿပီဆိုတာႏွင့္ ကေလးႏွစ္ေယာက္အား အိက်ၤ ီလက္ရွည္ႏွင့္ ေဘာင္းဘီရွည္ ေပးဝတ္ထားသည္။ အိမ္ထဲတြင္ ျခင္ေဆးေခြမ်ားထြန္းထားသည္။
” ေမေမရယ္ ျခင္ေဆးနံ႔ေတြက အသက္႐ူရတာက်ပ္လိုက္တာေမေမရယ္” သမီးႀကီးကား အေမျဖစ္သူကို ေျပာေနသံကို ကို စိုးႏိုင္တစ္ေယာက္ၾကားလိုက္သည္။
“အနံ႔ မခံႏိုင္ရင္ နင္တို႔အေဖကို ေျပာ။ သူကျခင္ေဆးေခြထြန္းထားရမယ္ဆိုလို႔ထြန္းထားရတာ ”
” တစ္ခုေလာက္ထြန္းရင္ေတာ္ၿပီေပါ့။ အခုက ႏွစ္ခုဆိုေတာ့ သမီးတို႔အသက္႐ူက်ပ္တာေပါ့”
သမီးကား အေမျဖစ္သူကို ေျပာေနသည္။
“သမီးတို႔ျခင္ကိုက္မွာ စိုးလို႔ ျခင္ေဆးေခြ ထြန္းထားရတာ သမီးရဲ႕။ ျခင္ကိုက္ရင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္တတ္တယ္။ ေသြးလြန္တုပ္ေကြးေရာဂါက ေၾကာက္ဖို႔သိပ္ေကာင္းတယ္ သမီး။ သမီးတို႔ ျခင္ကိုက္ခံရၿပီးေရာဂါျဖစ္မွာ စိုးလို႔ပါ ”
စိုးႏိုင္တစ္ေယာက္ သမီးကို စိတ္စိတ္ရွည္ရွည္ႏွင့္ ရွင္းျပလိုက္သည္။ မိမိသမီးႏွစ္ေယာက္ ကို ေသြးလြန္တုပ္ေကြးေရာဂါ အျဖစ္မခံႏိုင္ပါ။
” သမီးတို႔ ျခင္ကိုက္မွာ စိုးလို႔ မိုးတြင္းဝင္ခါစက ေဖေဖ အိမ္ေရွ႕ေရေျမာင္းေတြကိုလည္း ေရစီးေရလာေကာင္းလာ ေအာင္လုပ္ထားရတယ္။ သမီးသိတယ္မလား။” သမီးအား ရွင္းျပလိုက္သည္။
“အိမ္ေရွ႕ေရေျမာင္းကို ဘာလို႔ ေရစီးေရလာေကာင္းေအာင္လုပ္ရတာလဲ ” သမီးႀကီးကား စိုးႏိုင္ကို ျပန္ေမးလိုက္သည္။
“ျခင္ေတြ မေဖာက္ဖြားေအာင္ေပါ့။ ျခင္ေတြေၾကာင့္ေသြးလြန္တုပ္ေကြးျဖစ္တတ္တယ္ေလ ”
“ေသြးလြန္တုပ္ေကြးျဖစ္ေစတဲ့ ျခင္က အိမ္ေရွ႕ေရေျမာင္းထဲမွာ မေပါက္ဖူးေဖေဖ ” သမီးျဖစ္သူကား ကိုစိုးႏိုင္ကို ျပန္ရွင္းျပေနသည္။ မီေခ်ာင္းမင္းေရခင္းျပသည့္အျဖစ္မ်ိဳးျဖစ္ေနၿပီလို႔ ကိုစိုးႏိုင္ထင္သည္။
သမီးကား အေမျဖစ္သူကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ စစ္ကူေခၚသည့္ ပုံစံ။ မိန္းမျဖစ္သူ ကိုစိုးႏိုင္တို႔စကားဝိုင္းထဲသို႔ဝင္လာသည္။
” ဒီေန႔ ညေန TV က ေန ေသြးလြန္တုပ္ေကြးနဲ႔ဆိုင္တဲ့ အစီအစဥ္တစ္ခုၾကည့္လိုက္ရတယ္။ ေသြးလြန္တုပ္ေကြးေရာဂါပိုးကို သယ္ေဆာင္ထားတဲ့ ျခင္က အိမ္ေရွ႕ ေရေျမာင္းထဲမွာ ေပါက္တာမဟုတ္ဘူးတဲ့။ အိမ္ေရွ႕ေရေျမာင္းထဲက ေရေတြက ညစ္ပတ္လို႔တဲ့။ ညစ္ပတ္တဲ့ေရမွာ မေပါက္ဖူးတဲ့။ ေရၾကည္ေရ သန႔္မွာပဲ ေပါက္တာတဲ့။ ဘုရားပန္းအိုးတို႔ ေရခ်ိဳးကန္တို႔ ေရာေလွာင္ထားတဲ့ကန္တို႔လိုမ်ိဳး ေရသန႔္ေတြမွာပဲေပါက္တာ။ ကားတာယာေတြ အိုးအေဟာင္းေတြ ထဲမွာလည္း မိုး႐ြာလို႔ေရဝင္ေနရင္ ျခင္ေပါက္တတ္တယ္တဲ့။ အိမ္ေရွ႕ေျမာင္းထဲက ေရညစ္ပတ္ေတြထဲမေပါက္ဖူးတဲ့။ ”
” ေဟ ဟုတ္လို႔လား။” ကိုစိုးႏိုင္တစ္ေယာက္ အထူးအဆန္း ျဖစ္၍ ျပန္ေမးလိုက္သည္။
“ဟုတ္တာေပါ့။ က်ဳပ္တို႔သားအမိေတြ ဒီေန႔ ေသေသခ်ာခ်ာကို ၾကည့္လိုက္ရတာ။ ဘုရားပန္းအိုးကိုဆိုရင္ ျခင္ေတြ မေပါက္ဖြားႏိုင္ေအာင္ ေရကိုု ေန႔စဥ္လွဲ ေပးရမယ္။ ေသာက္ေရအိုးရွိရင္လည္း ေသာက္ေရအိုးကို အဖုံးဖုံးထားရမယ္။ ေရခ်ိဳးကန္ေတြထဲမွာ ပိုးေလာက္လန္းေတြ မေပါက္ဖြားေအာင္ ဖုံးအုပ္ထားရမယ္။
ေပါက္ဖြားခဲ့တယ္ဆိုရင္လည္း ပိုးေလာက္လန္းကို စကာစစ္ ေလးနဲ႔ ခပ္ထုပ္ေပးရမယ္။ ပိုးေလာက္လန္းစားတဲ့ ငါးေတြကိုလည္း ေမြးထားလို႔ရတယ္ ”
“ဟုတ္လား။ မင္းလည္း ေန႔တိုင္းဘုရားပန္းအိုးေတြကို ေရလွဲေနာ္။ ငါလည္း ေရခ်ိဳးတဲ့အုတ္ကန္ထဲ ပိုးေလာက္လန္းရွိမရွိ နက္ျဖန္ၾကည့္မယ္။”
“ဒီျခင္က ေရၾကည္ေရသန႔္မွာပဲ ေပါက္တာဆိုေတာ့ ေတာ္ေတာ္ေတာ့ ႀကီးက်ယ္တဲ့ျခင္ပဲေနာ္။ ” ကိုစိုးႏိုင္တစ္ေယာက္ နက္ျဖန္အတြက္ အစီအစဥ္မ်ားခ်ေနသျဖင့္ ေတာ္ေတာ္ႏွင့္ မအိပ္ႏိုင္။ မိန္းမႏွင့္ ကေလးမ်ားကား ေဘးတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၾကၿပီ။ ညဥ့္ကား နက္လာၿပီ။ ကိုစိုးႏိုင္တစ္ေယာက္ အိပ္မေပ်ာ္ႏိုင္ေသး။
Author: Dr.ေအးခ်မ္းမိုး
(Unicode)
စိုးပိုင် တစ်ယောက် မိုးလေး တစ်ဖွဲဖွဲ ကျလာသည်နှင့် အိမ်ရှေ့ရေမြောင်း ဆယ်ရန် ပြင်ဆင်နေပြီ။ ရေစီးရေလာကောင်းမှ ခြင်များ မပေါက်ဖွားမည်။ မိုးတွင်းကာလ ခြင်များပေါက်ဖွားကာ အိမ်ရှိ သမီးနှစ်ယောက်အား ခြင်ကိုက်မည်ကို အလွန်စိုးရိမ်နေသည်။ ပေါက်ပြားတစ်လက်နှင့် အလုပ်တွေ ရှုပ်နေပြီ။ မိန်းမကိုလည်း ကလေးနှစ်ယောက် ကို ခြင်ကိုက်မခံရအောင် ခြင်ဆေးခွေများဆောင်ထားဖို့မှာထားရသည်။
မနှစ်ကစိုးပိုင်သူငယ်ချင်းတစ်ယောက်၏သမီးလေး သွေးလွန်တုပ်ကွေးဖြစ်ပြီး သေဆုံးသွားသည်။ ထိုသူငယ်ချင်းဖြစ်သူထံ သွားရောက်ကာ သတင်းမေးရင်း သွေးလွန်တုပ်ကွေးရောဂါ၏ ကြောက်စရာကောင်းပုံကို သိလာသည်။ သွေးလွန်တုပ်ကွေးသည် ကလေး သူငယ်များတွင် အများဆုံးဖြစ်ပွားသည်။ ရောဂါ အစတွင် ကလေးများဖျားမည်။ ကိုယ်လက် မအီမသာဖြစ်မည်။ အရိုးများနာကျင်မည်။ အစားမစားချင်ဖြစ်မည်။ သူငယ်ချင်း၏ သမီးလေးကား ဖျားပြီး ၅ ရက် မြောက်နေ့တွင် အဖျားကျသွားပြီး ကလေးကား မိန်းနေလေသည်။ ကလေး အဖျားကျသွားသောကြောင့် မိဘများက ကလေး နေကောင်းသွားသည်ဟုထင် ကြသည်။ အမှန်ကား ကလေးကား သွေးလွန်တုပ်ကွေးတွင် ကြောက်စရာကောင်းသော သွေးလန့်သည့် အဆင့်ကိုရောက်နေခြင်းဖြစ်သည်။ ကလေးငယ်သည် ခြေဖျားလက်ဖျားများအေးစက်နေသည်။ ဆီးလုံး၀ မသွားတော့သည့် အခြေအနေကို ရောက်နေသည်။ မိဘများကား မသိ။ ညနေဖက် ကလေး မိန်း လွန်းအားကြီးသည်ဟု ထင်မှ ဆေးခန်းသို့ သွားပြကြသည်။
ဆေးခန်းရောက်တော့ ဆရာဝန်မှ ကလေး၏ အသက်အန္ဓရာယ် စိုးရိမ်နေရပြီ။ ဆေးရုံသို့ အမြန်ပြေးပါဟု ပြောသည်။ သူငယ်ချင်းနှင့် အတူ စိုးပိုင်တို့ ဆေးရုံသို့ ရောက်သွားသည်။ သူငယ်ချင်းကလေးကား ဆေးရုံတွင် တစ်ညလောက်နေပြီး နောက်တစ်နေ့ မနက်ခင်းပိုင်းတွင် အသက်သေရှုံးသွားသည်။ ထို့အပြင် ဆေးရုံထဲရှိ ကုတင်များပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်နေသော ကလေးများကို မြင်ရသည်မှာ စိတ်မချမ်းမြေ့ဝယ်ဖြစ်သည်။ သူငယ်ချင်းသမီး အဖြစ်ကို တွေ့သောကြောင့် မိမိ၏ သမီးနှစ်ယောက်ကိုလည်း သွေးလွန်တုပ်ကွေးဖြစ်မှာ အလွန်စိုးရိမ်မိသည်။ဒီနှစ် မိုးဝင်ပြီဆိုကတည်းက ကို စိုးနိုင်တစ်ယောက် အိမ်ရှေ့ရေမြောင်းကို ရေစီးရေလာကောင်းအောင် လုပ်ပြီးုပြီ။ ညနေ နေဝင်ပြီဆိုတာနှင့် ကလေးနှစ်ယောက်အား အိင်္ကျ ီလက်ရှည်နှင့် ဘောင်းဘီရှည် ပေးဝတ်ထားသည်။ အိမ်ထဲတွင် ခြင်ဆေးခွေများထွန်းထားသည်။
” မေမေရယ် ခြင်ဆေးနံ့တွေက အသက်ရူရတာကျပ်လိုက်တာမေမေရယ်” သမီးကြီးကား အမေဖြစ်သူကို ပြောနေသံကို ကို စိုးနိုင်တစ်ယောက်ကြားလိုက်သည်။
“အနံ့ မခံနိုင်ရင် နင်တို့အဖေကို ပြော။ သူကခြင်ဆေးခွေထွန်းထားရမယ်ဆိုလို့ထွန်းထားရတာ ”
” တစ်ခုလောက်ထွန်းရင်တော်ပြီပေါ့။ အခုက နှစ်ခုဆိုတော့ သမီးတို့အသက်ရူကျပ်တာပေါ့”
သမီးကား အမေဖြစ်သူကို ပြောနေသည်။
“သမီးတို့ခြင်ကိုက်မှာ စိုးလို့ ခြင်ဆေးခွေ ထွန်းထားရတာ သမီးရဲ့။ ခြင်ကိုက်ရင် သွေးလွန်တုပ်ကွေးရောဂါဖြစ်တတ်တယ်။ သွေးလွန်တုပ်ကွေးရောဂါက ကြောက်ဖို့သိပ်ကောင်းတယ် သမီး။ သမီးတို့ ခြင်ကိုက်ခံရပြီးရောဂါဖြစ်မှာ စိုးလို့ပါ ”
စိုးနိုင်တစ်ယောက် သမီးကို စိတ်စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။ မိမိသမီးနှစ်ယောက် ကို သွေးလွန်တုပ်ကွေးရောဂါ အဖြစ်မခံနိုင်ပါ။
” သမီးတို့ ခြင်ကိုက်မှာ စိုးလို့ မိုးတွင်းဝင်ခါစက ဖေဖေ အိမ်ရှေ့ရေမြောင်းတွေကိုလည်း ရေစီးရေလာကောင်းလာ အောင်လုပ်ထားရတယ်။ သမီးသိတယ်မလား။” သမီးအား ရှင်းပြလိုက်သည်။
“အိမ်ရှေ့ရေမြောင်းကို ဘာလို့ ရေစီးရေလာကောင်းအောင်လုပ်ရတာလဲ ” သမီးကြီးကား စိုးနိုင်ကို ပြန်မေးလိုက်သည်။
“ခြင်တွေ မဖောက်ဖွားအောင်ပေါ့။ ခြင်တွေကြောင့်သွေးလွန်တုပ်ကွေးဖြစ်တတ်တယ်လေ ”
“သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က အိမ်ရှေ့ရေမြောင်းထဲမှာ မပေါက်ဖူးဖေဖေ ” သမီးဖြစ်သူကား ကိုစိုးနိုင်ကို ပြန်ရှင်းပြနေသည်။ မီချောင်းမင်းရေခင်းပြသည့်အဖြစ်မျိုးဖြစ်နေပြီလို့ ကိုစိုးနိုင်ထင်သည်။
သမီးကား အမေဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စစ်ကူခေါ်သည့် ပုံစံ။ မိန်းမဖြစ်သူ ကိုစိုးနိုင်တို့စကားဝိုင်းထဲသို့ဝင်လာသည်။
” ဒီနေ့ ညနေ TV က နေ သွေးလွန်တုပ်ကွေးနဲ့ဆိုင်တဲ့ အစီအစဉ်တစ်ခုကြည့်လိုက်ရတယ်။ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်ထားတဲ့ ခြင်က အိမ်ရှေ့ ရေမြောင်းထဲမှာ ပေါက်တာမဟုတ်ဘူးတဲ့။ အိမ်ရှေ့ရေမြောင်းထဲက ရေတွေက ညစ်ပတ်လို့တဲ့။ ညစ်ပတ်တဲ့ရေမှာ မပေါက်ဖူးတဲ့။ ရေကြည်ရေ သန့်မှာပဲ ပေါက်တာတဲ့။ ဘုရားပန်းအိုးတို့ ရေချိုးကန်တို့ ရောလှောင်ထားတဲ့ကန်တို့လိုမျိုး ရေသန့်တွေမှာပဲပေါက်တာ။ ကားတာယာတွေ အိုးအဟောင်းတွေ ထဲမှာလည်း မိုးရွာလို့ရေဝင်နေရင် ခြင်ပေါက်တတ်တယ်တဲ့။ အိမ်ရှေ့မြောင်းထဲက ရေညစ်ပတ်တွေထဲမပေါက်ဖူးတဲ့။ ”
” ဟေ ဟုတ်လို့လား။” ကိုစိုးနိုင်တစ်ယောက် အထူးအဆန်း ဖြစ်၍ ပြန်မေးလိုက်သည်။
“ဟုတ်တာပေါ့။ ကျုပ်တို့သားအမိတွေ ဒီနေ့ သေသေချာချာကို ကြည့်လိုက်ရတာ။ ဘုရားပန်းအိုးကိုဆိုရင် ခြင်တွေ မပေါက်ဖွားနိုင်အောင် ရေကိုု နေ့စဉ်လှဲ ပေးရမယ်။ သောက်ရေအိုးရှိရင်လည်း သောက်ရေအိုးကို အဖုံးဖုံးထားရမယ်။ ရေချိုးကန်တွေထဲမှာ ပိုးလောက်လန်းတွေ မပေါက်ဖွားအောင် ဖုံးအုပ်ထားရမယ်။
ပေါက်ဖွားခဲ့တယ်ဆိုရင်လည်း ပိုးလောက်လန်းကို စကာစစ် လေးနဲ့ ခပ်ထုပ်ပေးရမယ်။ ပိုးလောက်လန်းစားတဲ့ ငါးတွေကိုလည်း မွေးထားလို့ရတယ် ”
“ဟုတ်လား။ မင်းလည်း နေ့တိုင်းဘုရားပန်းအိုးတွေကို ရေလှဲနော်။ ငါလည်း ရေချိုးတဲ့အုတ်ကန်ထဲ ပိုးလောက်လန်းရှိမရှိ နက်ဖြန်ကြည့်မယ်။”
“ဒီခြင်က ရေကြည်ရေသန့်မှာပဲ ပေါက်တာဆိုတော့ တော်တော်တော့ ကြီးကျယ်တဲ့ခြင်ပဲနော်။ ” ကိုစိုးနိုင်တစ်ယောက် နက်ဖြန်အတွက် အစီအစဉ်များချနေသဖြင့် တော်တော်နှင့် မအိပ်နိုင်။ မိန်းမနှင့် ကလေးများကား ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီ။ ညဉ့်ကား နက်လာပြီ။ ကိုစိုးနိုင်တစ်ယောက် အိပ်မပျော်နိုင်သေး။
Author: Dr.အေးချမ်းမိုး