fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

illnesses common in children during the rainy season
590
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/05/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ရာသီအကူးအပြောင်းမှာ ကလေးတွေ ဖျားမှာ၊ ဝမ်းပျက်မှာ၊ နေမကောင်းဖြစ်မှာကို ကလေးရှိတဲ့ လူကြီးမိဘတိုင်း စိုးရိမ်တတ်ကြပါတယ်။ နွေရာသီအကုန် မိုးတွင်းဝင်စ ယခုလိုရာသီဥတုမှာ ကလေးတွေဟာ ကိုယ်ခံအားနည်းတတ်ပြီး ကျန်းမာရေးပြဿနာတွေ ကြုံရလေ့ရှိပါတယ်။ မိုးရာသီမှာ စိုစွတ်မှုများတာနဲ့အမျှ ပတ်ဝန်းကျင်ရှိ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် အခြားရောဂါပိုးမွှားများ ပိုပြီးခိုအောင်းပေါက်ဖွား လွယ်ပါတယ်။ မိုးဥတုအကူးအပြောင်းမှာ နေရောင်ခြည်နဲ့အလင်းရောင် ရရှိမှုနည်းတဲ့အတွက်ကြောင့်လည်းကောင်း၊ ကိုယ်ခံစွမ်းအားကောင်းအောင် လှုံ့ဆော်မှုနည်းတဲ့အတွက်ကြောင့်လည်းကောင်း အလွယ်တကူ အအေးမိဖျားနာတတ်ပါတယ်။ ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖျားခြင်း၊ နှာစေး/နှာပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ကလေးတွေ မိုးရာသီမှာ အဖြစ်များပြီး စိုးရိမ်ရတဲ့ပြဿနာကတော့ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါပဲ ဖြစ်ပါတယ်။ အဖျားကြီးခြင်း၊ ပျို့အန်ခြင်း၊ ကြွက်သားအဆစ်များနှင့် မျက်လုံးအနောက်ဖက် နာကျင်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း စသည့်လက္ခဏာများ ခံစားရတတ်ပါတယ်။ အချိန်မှီ ကုသမှုမခံယူရင် ခန္ဓာကိုယ်တွင်း သွေးယိုခြင်း၊ သွေးလန့်ခြင်း shock ဖြစ်ခြင်းကဲ့သို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

မိုးရာသီတွင် စိုစွတ်မှုများပြီး ဘက်တီးရီးယားပိုးမွှား ပေါက်ဖွားမှုပိုများတဲ့အတွက် အစားအသောက်များတွင် ပိုးများအလွယ်တကူ ကပ်နိုင်ပြီး စားသုံးမိရင် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အထက်လန်အောက်လျှော (gastroenteritis) နှင့် အူယောင်ငန်းဖျား တိုက်ဖွိုက် (Typhoid) ကဲ့သို့ ရောဂါများ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် မိုးရာသီတွင် ကလေးများကို အပြင်စာမကျွေးဘဲ နေအိမ်တွင် သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများကိုသာ ကျွေးသင့်ပါတယ်။

မိုးရာသီတွင် စိုထိုင်းမှုကြောင့် မသန့်ရှင်းသော အစားအစာနှင့်ရေများမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးမှာ အသည်းရောင်အသားဝါအေ Hepatitis A ရောဂါ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း မှတဆင့် ရောဂါပိုးကူးစက်ခံရရင် အစားအသောက်ပျက်ခြင်း၊ နုံးချိခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသားဝါခြင်း လက္ခဏာများနှင့် အသည်းယောင်ပြီး အသည်းအင်ဇိုင်းများ မြင့်တက်ခြင်းကို ခံစားရနိုင်ပါတယ်။

စိုထိုင်းဆများပြီး နေရောင်မရတဲ့မိုးရာသီမှာ အိမ်ခန်းအတွင်းနှင့် ပရိဘောဂ၊ ကလေးအသုံးအဆောင်၊ ကစားစရာများမှာ မှိုစွဲခြင်း၊ ရောဂါပိုးမွှားများ ခိုအောင်းခြင်းဖြစ်ပြီး ချောင်းဆိုးချွဲကျပ်ခြင်း၊ ရင်ကျပ်ရောဂါ အခံရှိသော ကလေးများ ရုတ်တရက် ရင်ကျပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ရာသီအလိုက်ပွင့်သော ပန်းဝတ်မှုန်၊ ဝတ်ဆံများကြောင့်လည်း ဓာတ်မတည့်ချောင်းဆိုးရင်ကျပ် ခံစားရတတ်ပါတယ်။ ထို့ကြောင့် မှိုများကင်းစင်အောင် ပြုလုပ်ပေးခြင်း၊ စိုထိုင်းဆလျော့အောင် Dehumidifier အသုံးပြုပေးခြင်း၊ ပန်းပွင့်များဝတ်မှုန်များ တိုက်ရိုက်မထိတွေ့အောင် သတိထားသင့်ပါတယ်။

မိုးရာသီမှာ မသန့်ရှင်းသော ရေနှင့်ထိတွေ့မှုကြောင့် အဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြဿနာတစ်ခုကတော့ အရေပြားဝဲရောဂါ scabies ပဲဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် ယားယံခြင်း၊ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ကူးစက်ပျံ့နှံခြင်း၊ အချင်းချင်းကူးစက်ခြင်း ဖြစ်တတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။

မိုးရာသီဝင်လာတာနဲ့ ကလေးတွေမှာ အဖြစ်များတဲ့ အထက်ပါကျန်းမာရေး ပြဿနာများကို ကာကွယ်နိုင်ရန် အာဟာရပြည့်ဝပြီး ကိုယ်ခံအားကောင်းစေတဲ့ အစားအစာများကျွေးခြင်း၊ သန့်ရှင်းလတ်ဆတ်အောင် ပြင်ဆင်ချက်ပြုတ်ကျွေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ နေအိမ်သန့်ရှင်းရေး ဂရုစိုက်ပေးခြင်း၊ လက်သေချာဆေးခြင်း၊ လူထူထပ်နေရာများရှောင်ကျဉ်ခြင်း၊ ကလေးနေမကောင်းရင် ကလေးအထူးကု၊ ဆရာဝန်နှင့် တိုင်ပင်ကုသမှု ခံယူသင့်ပါတယ်။

 

Author: Dr. Yee Mon

Previous Post

ချောင်းအစို ဘာကြောင့်ဆိုးလဲ?

Next Post

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
813

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
985
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
663

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
how to take care of your skin during the rainy season

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း - လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

About the negative aspects of mucus

ချွဲတာကောင်းတာဆိုလို့ ချစ်သူချွဲတာပဲကောင်းတယ် (ချွဲရဲ့ မကောင်းတဲ့ အချက်တွေအကြောင်း)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.