fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

စံပြမိခင်တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

What does it take to be an ideal mother?
391
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သင်ဟာ ကလေးတွေရဲ့ မေမေတစ်ယောက် ဖြစ်နေပြီလား ?

(သို့မဟုတ်)

ကလေးတွေရဲ့ မေမေ ဖြစ်ဖို့ရည်ရွယ်နေတဲ့ မိခင်လောင်းလေးလား?

မိခင်တစ်ယောက်ဘဝကို ရောက်ရှိလာပြီ သို့မဟုတ် မိခင်တစ်ယောက်ဘဝကို ရောက်လာတော့မယ်ဆို အနည်းနှင့်အများတော့ မိခင်ကောင်းတစ်ယောက်ရဲ့ တာဝန်နဲ့ဝတ္တရား၊ ဆုံးမသွန်သင်နည်းလမ်းတွေနဲ့ မိမိတို့ရဲ့ရင်သွေးလေးများကို ပြုစုပျိုးထောင်ခြင်းနဲ့ပတ်သက်ပြီး ပူပန်မှုတွေ၊ နည်းလမ်းတွေနှင့် ဗဟုသုတများကို ရင်ခုန်စွာသိချင်ကြပါလိမ့်မယ်။

တကယ်တော့ မိခင်တစ်ယောက်ဘဝကို ခံယူရတာ လွယ်ကူတဲ့တာဝန်နဲ့ သေးငယ်တဲ့ မေတ္တာတရားတော့မဟုတ်ပါဘူး။ ယခုဆောင်းပါးလေးကတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပြိုးထောင်နေထိုင်ရင်း စံပြအမိခင်တစ်ယောက် ဖြစ်လာနိုင်မလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

နံပါတ် (၁) မသိစိတ်ရဲ့ ယှဉ်ပြိုင်မှုကို လွှတ်ချပြီး အကောင်းဆုံး ပြုစုပျိုးထောင်ပါ

မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ဖို့ ဖြစ်ပါတယ်။ မိခင်တိုင်းဟာ ပန်းကလေးတွေ နည်းတူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မတူညီတဲ့ အခြေအနေကြားမှာ အကောင်းဆုံးအမေတွေ ဖြစ်ကြပါတယ်။ အရေးအကြီးဆုံးမှာ မိမိရဲ့ အားနည်းချက်ကို အခြားသူ မိခင်တွေရဲ့ အားသာချက်နဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်မဝင်ဖို့ ဖြစ်ပါတယ်။

မိမိရဲ့ အခြေအနေ၊ အနေအထားနဲ့ မိမိရဲ့ ကလေးငယ်အတွက် အကောင်းဆုံး ဖန်တီးပျိုးထောင်ပေးနေတဲ့ မေမေတွေဟာ စံပြမေမေ တစ်ယောက် ဖြစ်ပါတယ်။ မိခင်တိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူညီကြပါဘူး။ စံပြအမေတစ်ယောက်ရဲ့ လှပမှုဟာ မိမိရင်သွေး၊ မိမိကလေးအတွက် အမြဲကြိုးစားပြီး အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ သူဖြစ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

နံပါတ် (၂) သင့်ရဲ့ အကောင်းဆုံးတွေဟာ သင့်ကလေးအတွက် လုံလောက်ပါတယ်

စစ်တမ်းတွေအရ၊ စမ်းသပ်ချက်တွေအရ သင့်ရဲ့ အကောင်းဆုံးတွေဟာ သင့်ကလေးအတွက် လုံလောက်ပါတယ်တဲ့ စာဖတ်သူတို့ရေ။

ဥပမာပြရမယ်ဆို …….

သင့်ကလေးဟာ ဝတ်စုံအသစ် တစ်ခုလိုချင်တယ် ဆိုပါတော့။ သင်ဟာ ထိုဝတ်စုံအတွက် ဝယ်ပေးဖို့ရာ လုံလောက်တဲ့ ငွေမရှိခဲ့ဘူးဆို သင်လုပ်ပေးတတ်သလိုလေး ကလေးကိုပါ ဝင်ရောက်ကူစေခြင်းဖြင့် ပျော်ရွှင်ဖို့ကောင်းတဲ့ ဝတ်စုံကို ဖန်တီးပေးလိုက်ပါ။ ထပ်တူကျတဲ့ ဝတ်စုံတစ်စုံ ထွက်လာမှာ မဟုတ်ပေမယ့် သင်ကိုယ်တိုင်ဖန်တီးပေးတဲ့ ပျော်ရွှင်စရာ ဝတ်စုံဖန်တီးတဲ့ အချိန်နဲ့ အမှတ်တရဟာ သင့်ကလေးအတွက် ရင်ထဲကျန်စေမယ့် အရာဖြစ်ပါတယ်။

ကလေးတွေဟာ သူဘာပစ္စည်းပိုင်ဆိုင်ခဲ့ရတယ်ဆိုတာကို မှတ်မိတာမရှိဘဲ အမှတ်တရမှတ်ဉာဏ်တွေကိုသာ မှတ်မိလေ့ရှိပါတယ်။ သင့်ကလေးဟာ သင့်ရဲ့ ပြုစုပျိုးထောင်ပေးမှုကို ဘာတွေပေးနေသလဲထက် ဘယ်လိုမြင်လဲဆိုတဲ့အမြင်က ပိုအရေးကြီးပါတယ်။

 

နံပါတ်(၃) သင့်ကလေးနှင့် ဆက်သွယ်ခြင်းအနုပညာ

စံပြမိခင်တစ်ယောက် ဖြစ်ဖို့ မိမိရဲ့ သားသား၊ မီးမီးလေးတွေနဲ့ ဆက်သွယ်ခြင်း အနုပညာဟာ အရမ်းအရေးပါတယ်။ မိမိသားသမီးတွေကို နားလည်မှ စံပြမိခင်တစ်ယောက် ဖြစ်နိုင်ပါမယ်။ မိမိသားသမီးရဲ့ အမူအကျင့်၊ ဗီဇ၊ ဝါသနာ၊ စိတ်ဝင်စားမှုကို သိရှိမှ ဆက်သွယ်ခြင်း အနုပညာဟာ ရုပ်လုံးကြွနိုင်ပါမယ်။ ထို့အတွက် အရေးအကြီးဆုံးမှာ ”အချိန်ပေးခြင်း” ဖြစ်တယ်။ သင်ဘယ်လောက်ပင်ပန်းနေပါစေ သားသားမီးမီး လေးတွေ စကားပြောချင်တဲ့အခါ အချိန်ပေးပြီး နားထောင်ပါ။ သားသားမီးမီးလေးတွေနဲ့ အတူဆော့တာ၊ သီချင်းနားထောင်ပေးတာဟာ မိခင်နှင့် သားသမီးကြား နားလည်မှု တိုးစေပါတယ်။

 

နံပါတ်(၄) သွန်သင်ဆုံးမခြင်း

ကလေးများ မှန်မှန်ကန်ကန် ဘဝလျှောက်လှမ်းနိုင်ဖို့ စည်းမျဉ်းစည်းကမ်းနှင့် လူ့ကျင့်ဝတ်တွေကို ငယ်ငယ်တည်းက စနစ်တကျ သွန်သင်ဆုံးမရပါမယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဖြစ်လာမယ့် ကလေးတွေအတွက် မိခင်တွေရဲ့ သွန်သင်ဆုံးမခြင်း နည်းလမ်းဟာ အရေးကြီးပါတယ်။

သွန်သင်ဆုံးမခြင်းအတွက် ကလေးရဲ့အဖြစ်နဲ့ မလျော်ညီတဲ့ ဆုံးမမှုတွေ၊ ဒဏ်ခတ်မှုတွေဟာ စိတ်ဒဏ်ရာရစေပြီး လမ်းမှားနှင့် ထွက်ပေါက်ကိုဖြစ်စေနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး အပြစ်ပေါ်မူတည်ပြီး သင့်တင့်လျော်ညီသော အပြစ်ဒဏ်ကိုသာပေးပါ။ အပြစ်ပေးရတဲ့ အကြောင်းအရင်းကို ကလေးနားလည်ပါစေ။ မိမိလုပ်မိတဲ့ အပြစ်ကိုသိပါစေ။ ရိုက်နှက်ဆုံးမခြင်း၊ အောက်ဟစ်ဆုံးမခြင်းဟာ မှန်ကန်တဲ့နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။

 

နံပါတ်(၅) အထောက်အပံ့ကောင်းဖြစ်ပါစေ

အထောက်အပံ့ဆိုတာ ငွေရေးကြေးရေးကိုဆိုလိုတာမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ၊ အကြံဉာဏ်ပိုင်း ဆိုင်ရာအတွက် အမြဲရှိပေးနိုင်မယ့် မိခင်မျိုးဖြစ်ပါစေ။ ကလေးတွေရဲ့ ရင်ဖွင့်ဖော်သူငယ်ချင်း၊ အကြံဉာဏ်တောင်းဖော် မိခင်တစ်ယောက်အနေနဲ့ ရှိပေးပါ။

သင့်ကလေးကို ကျရှုံးခွင့်နှင့် အမှားပြင်ဆင်ခွင့်ပေးနိုင်တဲ့ မိခင်ဖြစ်အောင် ကြိုးစားပါ။ လက်တွေ့မှာ သားသမီးဇောကြောင့် မေမေတွေဟာ ဂရုနာဒေါသောဖြစ်တတ်ကြရာကနေ အခြေအနေတွေ ပိုဆိုးရွားစေနိုင်ပါတယ်။ အမှားမလုပ်သော ကလေးဆိုတာ မရှိပါဘူး။

အထောက်အပံ့ပေးခြင်းဆိုရာဝယ် အရာရာအားလုံး ရေကန်အသင့် ကြာအသင့်ဝါးပြီး ထမင်း အဆင်သင့် စားစေတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရပ်တည်နိုင်အောင် ရှင်သန်နိုင်အောင်၊ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် အသိပညာ၊ ဗဟုသုတနဲ့ နေထိုင်နည်းတွေကို ဆုံးမထောက်ပံ့နိုင်အောင် ဆိုလိုပါတယ်။

 

နံပါတ်(၆) မိမိကိုယ်ကို အချိန်ပေး၍ ကိုယ်ပိုင်ချိန်ယူခြင်း

ဒါဟာ စံပြ မိခင်တစ်ယောက် ဖြစ်ဖို့အတွက် မဖြစ်မနေလိုတဲ့ အရာဖြစ်ပါတယ်။ ကျွန်မတို့ မိန်းမသားတွေဟာ သဘာဝလွန်လူသားတွေ မဟုတ်တဲ့အတွက် ကိုယ်ပိုင်ချိန်မရှိပဲ ကလေးကိစ္စ၊ အိမ်အလုပ်၊ ရုံးအလုပ်၊ အခြားဝေယာဝစ္စတွေနဲ့ပဲ လုံးပန်းနေလို့ မရပါဘူး။ ပင်ပန်းပြီး စိတ်ဖိစီးမှုပိနေတဲ့ မိခင်တွေဟာ စွမ်းဆောင်ရည်ကျဆင်းပြီး အရာအားလုံးကောင်းအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဥပမာ – နေမကောင်းဖြစ်စအချိန်မှာ အချိန်မပေးပဲ ကျန်းမာရေးကို ပစ်ထားခြင်းဟာ အိပ်ယာထဲလဲသွားစေပြီး မိသားစုကို ဝန်ပိစေနိုင်ပါတယ်။

သူငယ်ချင်းမိတ်ဆွေ၊ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေတဲ့ မိခင်တွေဟာ ဘယ်လိုနည်းနဲ့မှ စံပြအမေတစ်ယောက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့် လူနေမှုကြားမှာ မျိုးဆက်ကွာဟချက်ကြောင့် ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို နားချိန်မပေးတဲ့မိခင်ဟာ အမြဲစိတ်ဖိစီးမှုများနေပြီး ရန်လိုနေတတ်ပြီး မိသားစုကို စောင့်ရှောက်နည်းမှားယွင်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ Me Time ထားပါ။ စာဖတ်ပါ။ ဝါသနာပါရာ စိတ်အပန်းဖြေမည့် အရာလုပ်ပါ။ အလှအပ ရေးရာအတွက် ဝါသနာပါလျှင် အချိန်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။ တက်တက်ကြွကြွ၊ လန်းလန်းဆန်းဆန်းရှိနေမှ စံပြမိခင်တစ်ယောက် ဖြစ်နိုင်ပါတယ်။

 

Author: Dr.Yin Yin Win

Previous Post

ဗီတာမင်စီ ချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ

Next Post

အမှောင်ထဲမှာ ဖုန်းသုံးခြင်းနှင့်မျက်စိအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
254

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
308

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
815

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
985
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
665

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Using the phone in the dark and the danger to the eyes

အမှောင်ထဲမှာ ဖုန်းသုံးခြင်းနှင့်မျက်စိအန္တရာယ်

About zinc and the reproductive system

ဇင့်နှင့် မျိုးပွားစနစ်အကြောင်း

runny nose What to do if you have a runny nose?

နှာစေး၊ နှာမွှန်ဖြစ်ရင် ဘာလုပ်ရမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.