fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

အချင်းရှေ့ရောက်ခြင်း

522
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/09/2020
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

အချင်းဆိုတာဘာလဲ ။
အချင်းဆိုတာ သန္ဓေသားနဲ့ သားအိမ်နဲ့ကိုဆက်သွယ်ပေးထားတာပါ ။အချင်းကနေပြီးချက်ကြိုးထွက်တယ်။ အဲချက်ကြိုးကနေတစ်ဆင့် သန္ဓေသားအတွက်လိုအပ်တဲ့ အစာအာဟာရ တို့အောက်ဆီဂျင်တို့ကို ထောက်ပံပေးတယ်။ သန္ဓေသားကနေစွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေကလည်း ချက်ကြိုးကနေတစ်ဆင့် အချင်းကိုရောက်တယ် ။အချင်းကနေအဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးတယ် ။

အချင်းရှေ့ရောက်တယ်ဆိုတာကောဘာလဲ ။
အချင်းကတော့ပုံမှန်အားဖြင့်ဆိုရလျှင် သားအိမ်ရဲ့ ဘေးဘက် သို့မဟုတ် အပေါ်ထိပ်ဘက်မှာ ကပ်နေရမှာပါ ။ အချင်းရှေ့ရောက်တယ်ဆိုတာအချင်းကထိုပုံမှန်နေရာတွေမှာမနေဘဲ သားအိမ်အောက်ပိုင်းမှာရှိတဲ့ သားအိမ်ခေါင်းအပေါ်မှာရောက်နေတာကိုဆိုလိုတာပါ ။အမျိုးအစား၂မျိုးခွဲထားပါတယ်။
အချင်းကသားအိမ်ခေါင်းရဲ့ အတွင်းအပေါက် အပေါ်ကိုဖုံးနေရင် Major Placenta Praevia နဲ့ အချင်းက သားအိမ်ရဲ့ အောက်ဘက်မှာတော့ရောက်တယ် ၊ သို့သော် သားအိမ်ခေါင်းရဲ့ အတွင်းအပေါက်ကိုမဖုံးဘူးဆိုရင် Minor Placenta Praevia ဆိုပီး ၂မျိုးခွဲထားပါတယ်။

အချင်းရှေ့ရောက်ရင်ဘာတွေဖြစ်တတ်လဲ။
အချင်းရှေ့ရောက်ခြင်းရဲ့လက္ခဏကတော့ နာချင်းပြုခြင်းမရှိဘဲ သွေးခဏခဏဆင်းတာပါ ။ထို့ကြောင့်အချင်းရှေ့ရောက်ခြင်းက ကိုယ်ဝန်ဆောင်စဉ်သွေးဆင်းခြင်း ကို ဖြစ်စေတဲ့အကြောင်းရင်းများထဲမှာပါပါတယ်။

ဘယ်လိုကိုယ်ဝန်ဆောင်တွေမှာအဖြစ်များလဲ။ ဘာတွေစစ်ဆေးရမလဲ ။
-အမွှာကိုယ်ဝန်ဆောင်သည်တွေ
-အရင်ကနှစ်ကြိမ်နဲ့အထက်ကိုယ်ဝန်ဆောင်ဖူးသူတွေ
-အသက်ကြီးမှကိုယ်ဝန်ဆောင်သူတွေ
-အရင်ကိုယ်ဝန်တုန်းကခွဲမွေးခဲ့သူတွေ
-သားအိမ်ခြစ်ခဲ့ရသူတွေ
-ဖန်ပြွန်သန္ဓေယူသူတွေမှာ ဖြစ်နိုင်ချေများပါတယ် ။
လုပ်လို့ရတဲ့စစ်ဆေးမှုတွေက အာထရာဆောင်းရိုက်ရမယ် ။သွေးရောဂါတွေရှိမရှိသွေးဖောက်စစ်ရမယ် ။

အချင်းရှေ့ရောက်နေရင်ဘယ်လိုလုပ်မလဲ။ ရိုးရိုးမွေးလို့ကောရနိုင်လား။
သွေးဆင်းတာကိုစောင့်ကြည့်ရပါမယ်။ တကယ်လို့သွေးကထပ်မဆင်းတော့ဘူး၊ ကလေးကလည်းလမစေ့သေးဘူး ၊ အမေကလည်းဗိုက်မနာသေးဘူးဆိုရင် ကလေးလစေ့တဲ့အထိစောင့်ပြီးခွဲမွေးပါမယ်။ တကယ်လို့ လမစေ့ခင်သွေးတအားဆင်းနေရင်တော့ အရေးပေါ်ခွဲရပါမယ်။ Minor Placenta Praevia ဆိုရင်တော့ခွဲမွေးစရာမလိုဘဲ ရိုးရိုးမွေးနိုင်ပါတယ်။ အချင်းရှေ့ရောက်တာဟာမွေးပြီးနောက်သွေးသွန်တာကိုလဲဖြစ်စေတတ်ပါတယ် ။ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ရှိတယ်ဆိုရင် ကိုယ်ဝန်အပ်ဖို့ ၊ ကိုယ်ဝန်အပ်ထားတဲ့ဆရာဝန်ကချိန်းတိုင်းသွားဖို့ အာထရာဆောင်းရိုက်ဖို့တိုက်တွန်းပါရစေ ။

Author : Dr. 528

Previous Post

ဂနိုလား ဆစ်ဖလစ်လား

Next Post

အသည်းကင်ဆာအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းကင်ဆာအကြောင်း

ရင်ပူတာကို သက်သာအောင် ဘာတွေလုပ်မလဲ?

သားသားမီးမီးတွေမှာ ကယ်ဆီယမ်ဓါတ်ချို့တဲ့နေရင် ........

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.