စိတ်ထိန်းချုပ်မှုမဲ့၊ စိတ်ကစဉ်ကလျားရောဂါဆိုတာ စိတ်ကျန်းမာရေး ရောဂါတစ်ခုဖြစ်ပြီး အပြုအမူနဲ့ စဉ်းစား တွေးခေါ်မှုတွေမှာ အစွန်းဖက်ရောက်နေတယ်။ လူတစ်ယောက်မှာ စိတ်ကစဉ့်ကလျား ရောဂါရနေရင် သူ့ရဲ့စိတ်ဟာ ဘဝင်မြင့် ရောဂါနဲ့ စိတ်ဓာတ်ကျခြင်း ရောဂါအကြား ဖြစ်တည်နေနိုင်တယ်။ စိတ်ထိန်းချုပ်မှုမဲ့ အစပိုင်းကလေး (သို့) ငယ်ရွယ်စဉ် ဆယ်ကျော်သက်တွေမှာ ရောဂါရှာတွေ့ဖို့ ပီပြင်နိုင်ပါတယ်။
မလိုချင်ပဲရလာတဲ့ကလေး၊ မိဘနှစ်ပါးသေဆုံး (သို့) ကွဲကွာသွားတဲ့ကလေး မိမစုံ၊ ဖမစုံတွေမှာ ယင်းစိတ်ရောဂါ ရနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ မျိုးရိုးဗီဇ၊ ဆေးဝါးနှင့် အရက်သောက်ခြင်း၊ ဇီဝဗေဒအရ ရောဂါအနုအရင့် ရှိနိုင်ပါတယ်။ အခြားဖြစ်ပေါ်စေနိုင်တဲ့ အချက်တွေက မျိုးရိုးရှိရင် ပိုဖြစ်နိုင်တယ်။ အချို့က မိသားစုဝင် လူမှုရေးပြဿနာက ပိုမိုဖြစ်ပွားစေတယ်ဆိုတယ်။ လူတစ်ဦးနှင့် တစ်ဦးဖြစ်ပုံချင်း မတူညီနိုင်ပါ။
ရောဂါလက္ခဏာတွေက၊ အနုအရင့်အလိုက် ရှိပါတယ်။ ကလေးဘဝ ကြီးပြင်းလာရာအလိုက် စွမ်းအင် ပိုသုံးနေခြင်း၊ ပြောလေ့မရှိတဲ့ စကားပြောနေခြင်း၊ မလျော်ကန်တဲ့ အပြုအမူပြုခြင်း၊ စိတ်ပျံ့လွင့်နေခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ညဖက်ကောင်းစွာ အိပ်မပျော်ခြင်း၊ စိတ်ဆုံးဖြတ် ညံ့ဖျင်းခြင်းတို့ဖြစ်ပြီး လုံးဝအိပ်မရတဲ့အထိ ဖြစ်နိုင်တယ်။
မငိုကြွေးသင့်တဲ့ ဖြစ်ရပ်အပေါ် အရမ်းပူဆွေး ငိုနေတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိသူ ထင်နေတယ်။ မဆီလျော်တဲ့ ခံစားမှုတွေ ရှိနေတယ်။ အပြုအမူကောင်းတွေ ကျဆင်းနေတယ်။ ပုံမှန်လုပ်နေကျ အလုပ်မှာ စိတ်ဝင်စားမှု မရှိတော့ဘူး။ အလေးချိန်ကျ (သို့) တက်လာတယ်။ အစားအသောက် ကောင်းလာ (သို့) ပျက်လာတယ်။ အနားမရပဲ ရှိတယ်။ ပင်ပန်းနွမ်းနယ်ကာ အားမရှိဖြစ်နေတယ်။ သူ့ကိုယ်သူ သတ်သေမယ့် အတွေးမျိုး၊ စိတ်ကြံ့ကြံ့ ခံနိုင်မှု နည်းလာတယ်။ အတွေးအခေါ် မှားယွင်းကျ ဆင်းလာတယ်။
ကလေးတွေမှာ စိတ်ဖိစီးမှုများခြင်း၊ စိတ်ထဲဘဝင် မကျဖြစ်ခြင်း၊ စားလို့ မကောင်းခြင်း၊ အဝလွန်လာခြင်း၊ လှုပ်ရှား လွန်ကလေး ADHP အော်တစ်ဇင် (Autism) တို့မှာ ယင်းကစဉ်ကလျား ရောဂါ ဖြစ်တတ်ပါတယ်။
စိတ်ရောဂါရှိကလေးကို ပြောဆိုမေးမြန်းခြင်း ကုသနေခြင်းကနေ ရောဂါဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ အလွန် ဆိုးဝါးတဲ့ စိတ်ကစဉ့်ကလျား ရောဂါမဖြစ်ရအောင် စိတ်ရောဂါကု ဆရာဝန်နဲ့ ကုသသင့်ပါတယ်။ ဆရာဝန်က ထရစ်တာ (Tripta – Antitriptyline HCL 10 mg) တစ်ည နှစ်လုံး (သို့) သုံးလုံး (သို့) နေ့/ည တစ်လုံးစီပေးပြီး ကုသပေးနိုင်တယ်။ အားဆေးဗိုက်တာမင်နဲ့ ကလေးရဲ့ ပတ်ဝန်းကျင် ကောင်းမွန်တဲ့ကျောင်း ရွေးပြီးထားရမယ်။ စင်္ကာပူမှာ လှုပ်ရှားလွန်းကလေး (ADHA) နဲ့ အော်တစ်ဇင် (ADHA) အတွက် သီးသန့်ကျောင်းတွေရှိတယ်။ အပေါင်းအသင်းတွေကြား ပျော်ရွှင်စွာ ကျောင်းတက်နေရင်းမှ သာမန်ကလေးတွေလို စိတ်ပြန်ကောင်းသွားတတ်တယ်။
Author: ဒေါက်တာသက်လွင်, Healthcare Journal, vol 8,no 35 (15.9.17)