fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ဗိုက်ထဲကဘေဘီလေးတွေ လုပ်လေ့ရှိတဲ့အံ့ဩစရာကောင်းတဲ့အရာတွေ 

298
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2022
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်တဲ့အချိန်ဟာ မေမေတို့အတွက် ရင်ခုန်စရာအကောင်းဆုံး အချိန်ပါပဲ။ ဗိုက်ထဲမှာ လွယ်ထားတဲ့ ဘေဘီလေးတို့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတတ်တဲ့ အချိန်ပေ့ါ။

မွေးဖွားပြီးရင် ဘယ်လိုပြုစုမယ်၊ ဘယ်လိုဂရုစိုက်မယ်ဆိုပြီးလည်း ပစ္စည်းတွေ ကြိုတင်စုဆောင်း၊ ကြိုတင်ပြင်ဆင်ရတဲ့ အချိန်လည်း ဖြစ်ပါတယ်နော်။ မွေးဖွားလာမယ့် အချိန်မှာ ဘယ်လောက်များ ချစ်စရာ ကောင်းနေမလဲဆိုပြီး ကြိုတင်ကြည်နူးရင်ခုန်နေရတဲ့ အချိန်လေးပေ့ါ။

မေမေတို့ရဲ့ ဘေဘီလေးတွေက မွေးဖွားပြီးမှ ချစ်စရာကောင်းတာ မဟုတ်ပါဘူးနော်။ မေမေတို့ရဲ့ ဗိုက်ထဲမှာ နေစဉ်ကာလကတည်းက ထူးထူးခြားခြားလေးတွေကိုလုပ်ရင်း ချစ်စရာကို ကောင်းနေတာပါ။ မေမေတို့ရဲ့ ဘေဘီလေးတွေ ဗိုက်ထဲမှာ ဘာတွေများ ထူးထူးခြားခြားလုပ်တတ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေမေတို့ အံဩဖို့သာ ပြင်ထားပါတော့လို့။

 

ငိုတယ်

ဘေဘီလေးတွေက မေမေရဲ့ ဗိုက်ထဲမှာကတည်းက ငိုတတ်နေပါပြီနော်။ လေ့လာတွေ့ရှိချက်တွေအရ ဘေဘီလေးတွေ မေမေရဲ့ ဗိုက်ထဲမှာ ငိုတဲ့အချိန်မှာ အောက်နှုတ်ခမ်းတွေက လှုပ်နေပါတယ်တဲ့။

ဒါကို ကြားလိုက်ရလို့ မေမေတို့ စိတ်မကောင်းမဖြစ်သွားပါနဲ့ဦး။ ဘေဘီလေးတွေ မွေးဖွားလာပြီးရင် သူတို့က ဖေဖေ၊ မေမေတို့နဲ့ ဆက်သွယ်နိုင်တာက ငိုတာတစ်ခုပဲ ရှိဦးမှာပါနော်။ ဒါကြောင့် မေမေရဲ့ ဗိုက်ထဲမှာကတည်းက အဲဒါကို စတင်ပြီး လေ့ကျင့်နေခြင်းသာ ဖြစ်ပါတယ်။

 

ရေသောက်လိုက် သေးပေါက်လိုက်လုပ်တယ်

ဘေဘီလေးတွေက မေမေရဲ့ ဗိုက်ထဲမှာရှိတဲ့ ရေမွှာအိတ်ထဲက ရေမွှာရည်ထဲမှာ နေကြတာပါ။ ရေမွှာအိတ်ထဲမှာ ပြည့်နေတဲ့ ရေမွှာရည်တွေက ဘေဘီလေးတွေကို ကူရှင်ကြီးသဖွယ် အကာအကွယ် ပေးထားပါတယ်။

ဘေဘီလေးတွေက အဲဒီရေမွှာရည်ကို နည်းနည်း၊ နည်းနည်းစီ သောက်တတ်ပါတယ်။ အဲဒီသောက်လိုက်တဲ့ ရေမွှာရည်တွေက အစာအိမ်ကနေတဆင့် ကျောက်ကပ်ဆီကို ရောက်ရှိသွားပါတယ်။ စတင်အလုပ်လုပ်နေပြီဖြစ်တဲ့ ကျောက်ကပ်က ရေမွှာရည်တွေကို ဆီးအဖြစ်နဲ့ ပြန်လည် စွန့်ထုတ်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ဘေဘီလေးတွေ သေးပြန်ပေါက်တယ်ပေ့ါ။ ဟုတ်ပါတယ်။ ဒီရေမွှာအိတ်ထဲမှာပဲ ပြန်စွန့်ထုတ်တာပါ။ အပြင်ထွက်ပြီးလည်း သွားလို့မရသေးတာလေနော်။ ခဏနေ ပြန်သောက်တာလည်း ဒီရေမွှာရည်ပါပဲ။

ဒါကို ကြားလိုက်ရလို့ ညစ်ပတ်လိုက်တာ ဘေဘီလေးရယ်လို့ ဆူချင်နေပြီလား။ ကိုယ်တွေတုန်းကလည်း ဒီလို ညစ်ညစ်ပတ်ပတ်လေးပဲဆိုတာ မမေ့ပါနဲ့ဦးနော်။

စတာပါ။ ဘေဘီလေးတွေက အညစ်အကြေးစွန့်လိုက်တဲ့ဆီးက မွေးဖွားပြီးတဲ့အချိန်မှာ စွန့်ထုတ်တဲ့ ဆီးနဲ့တော့ ဘယ်တူပါ့မလဲနော်။ အများကြီးပိုပြီး သန့်ပါတယ်။

အဓိကက​တော့ အစာခြေအဖွဲ့အစည်း၊ အညစ်အကြေးစွန့် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို စတင်လေ့ကျင့်နေတာဖြစ်သလို ရေမွှာရည်ပမာဏ အနည်းအများ ထိန်းညှိမှုပြုလုပ်တဲ့ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

အနံ့အရသာခံစားတယ်

ကြားရတာတော့ တကယ့်ကို ထူးဆန်းနေမှာပဲနော်။ ဒါပေမဲ့ ဘေဘီလေးတွေက မေမေတို့ စားလိုက်တဲ့ အစားအစာတွေကို အနံ့၊ အရသာ ခံစားနိုင်တယ်ဆိုတာ တကယ်ပါပဲ။ မေမေတို့ စားလိုက်တဲ့ အစားအစာတွေရဲ့  အနံ့နဲ့ အရသာက ဘေဘီလေးတို့နေတဲ့ ရေမွှာရည်ထဲကို ပျံ့နှံ့စိမ့်ဝင်နိုင်ပါတယ်တဲ့။ ဒါကြောင့် ဘေဘီလေးတို့က အနံ့နဲ့ အရသာကို ခံစားနေနိုင်တာပါ။

လေ့လာမှုတွေအရ အချို၊ မွှေးမွှေးလေးလိုမျိုး ဘေဘီလေးတို့ ကြိုက်တဲ့ အနံ့၊ အရသာ ကို မေမေတို့ စားသောက်တဲ့နေ့ဆိုရင် ဘေဘီလေးတို့က ရေမွှာရည်ကို ပိုသောက်ပါသတဲ့။ အခါး၊ နံနံကြီးလို မကြိုက်တဲ့ အနံ့အရသာကို မေမေတို့ စားသောက်တဲ့နေ့ဆိုရင် ရေမွှာရည်ကို သောက်တာ သိသိသာသာကို နည်းသွားပါတယ်တဲ့။ မကြိုက်ရင် မစားချင်ဘူးဆိုတာကို ဘေဘီလေးတို့က ဗိုက်ထဲမှာကတည်းကိုက စပြီး ဆန္ဒထုတ်ဖော်တတ်နေတာပဲနော်။

နောက်ပြီး ဘေဘီလေးတို့ ကိုယ်ဝန်ရှိနေတုန်းအချိန်မှာ မေမေတို့ စွဲစွဲမြဲမြဲ စားတဲ့အစားအစာကို ဘေဘီလေးတို့ မွေးဖွားလာပြီးတဲ့ နောက်မှာ ပိုမို ကြိုက်နှစ်သက်တတ်ပါသတဲ့။ အဲဒီ အစားအစာရဲ့ အနံ့နဲ့ အရသာကို ဗိုက်ထဲမှာထဲက ရင်းနှီးနေလို့ပဲ ဖြစ်မယ်ထင်တယ်နော်။

 

မျက်လုံးဖွင့်တယ်

ဘေဘီလေးတွေကို အမြဲတမ်းအိပ်နေတတ်တဲ့ အိပ်ပုပ်လေးတွေလို့ မထင်ပါနဲ့နော်။ သူတို့လည်း မျက်လုံးဖွင့်ပိတ် လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ မေမေတို့ရဲ့ ဗိုက်ထဲမှာ မှောင်နေတော့ အများကြီးတော့ ဘယ်မြင်ရပါ့မလဲ။

ဘေဘီလေးတွေ မှောင်နေလို့ ကြောက်နေရှာမှာပဲဆိုပြီး မီးထိုးပေးဖို့တော့ မေမေတို့ မစဉ်းစားပါနဲ့။ လေ့လာတွေ့ရှိချက်တွေအရ စူးရှတဲ့မီးရောင်တစ်ဖက်ကနေ ပေးလိုက်ရင် ဘေဘီလေးတွေက ဝေးရာဘက်ကို ပြေးကပ်သွားလေ့ရှိပါသတဲ့။ မေမေရဲ့ ဗိုက်ကျဉ်းကျဉ်းလေးထဲမှာ မရမက တစ်ဖက်ကိုလှည့်ပြီး ဝေးရာကိုသွားတဲ့ ဘေဘီလေးတွေကတော့ ငယ်ငယ်ကတည်းက စိတ်တော်တော် ကြီးတာပဲနော်။

 

ပြုံးတယ်

ဟုတ်ပါတယ်။ ဘေဘီလေးတွေက ငယ်ငယ်ထဲက ပဲများတာပါ။ မွေးလာပြီးရင် ဓာတ်ပုံရိုက်တဲ့အခါ အိုက်တင်ထုတ်ဖို့ ကြိုတင်လေ့ကျင့်နေတာများလား မသိပါဘူးနော်။

လေ့လာမှုတွေအရကတော့ ပြုံးခြင်းဟာ ဘေဘီလေးတွေရဲ့ ပုံမှန်ဖွံ့ဖြိုးမှုထဲမှာ ပါပါတယ်။ တကယ့်ကို သဘောဖြူ၊ မနောဖြူလေးတွေမို့ အပြုံးလေးတွေကလည်း ဘယ်လောက်တောင် ချစ်စရာ ကောင်းနေမယ်ဆိုတာ မှန်းဆနိုင်ပါတယ်နော်။ တစ်ချို့မေမေတွေဆိုရင် 4D Scan တွေကို သုံးပြီးတော့ ဘေဘီလေးတွေရဲ့ အပြုံးလေးတွေကို မှတ်တမ်းတင်ပြီး အမှတ်တရ သိမ်းထားတတ်ကြပါတယ်။

 

ကြို့ထိုးတယ်

ဘေဘီလေးတွေလည်း ကြို့ထိုးတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုများရေတိုက်ရပ့ါမလဲဆိုပြီးတော့ မေမေတို့ စိတ်မပူပါနဲ့ဦးနော်။ ဒါဟာ အသက်ရှူစနစ်တွေ ကြီးထွားဖွံ့ဖြိုးတဲ့ ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းမို့ သိပ်ပြီးတော့ စိတ်ပူစရာတော့ မရှိပါဘူး။

ဘေဘီလေးတွေက အရမ်းကို သေးငယ်လွန်းနေတဲ့အချိန်မှာတော့ မေမေတို့က ဘေဘီလေးတွေ ကြို့ထိုးတာကို မသိနိုင်ပါဘူးနော်။ ဒါပေမဲ့ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ဘေဘီလေးတွေကြို့ထိုးတာကို တစ်ခါတစ်ရံ မေမေတို့ ခံစားသိနိုင်ပါတယ်။

 

မေမေရဲ့ အသံကို နားထောင်တယ်

ဒါလေးကို ကြားရတာ မေမေတွေ တကယ့်ကို ကြည်နူးပီတိ ဖြစ်မှာ သေချာပါတယ်။ ဘေဘီလေးတွေက ဗိုက်ထဲမှာရှိနေတုန်းကတည်းက မေမေတို့ရဲ့ အသံကိုလိုက်နားထောင်ပြီး မှတ်သားထားတာပါ။

မေမေတို့ပြောတာတော့ ဘယ်နားလည်ပါ့ဦးမလဲနော်။ ဒါပေမဲ့ မှတ်သားထားနိုင်စွမ်းကတော့ မွေးပြီးတာနဲ့ မေမေတို့ရဲ့ အသံကို ကောင်းကောင်းမှတ်မိတယ်လို့ ဆိုပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားကတော့ အတော်ကိုကြီးမားတာပဲနော်။

 

Author: ဒေါက်တာမိုး (ဆေး ၁)

Previous Post

အိုမီခရွန်ကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Next Post

ရိုးရိုးမွေးမယ့်မေမေလောင်းတို့ သိထားသင့်တဲ့အချက်တွေ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564
Headaches that are common to expectant mothers

ကိုယ်ဝန်ဆောင် မိခင်လောင်းတို့ ကြုံရတတ်သည့် ခေါင်းကိုက်ဝေဒနာ

3 years ago
346

ကိုယ်ဝန်ဆောင်ကာလ အသားရေထိန်းသိမ်းမှု

3 years ago
536

လမစေ့ဘဲ မွေးဖွားစေတဲ့အကြောင်းရင်းများနဲ့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ 

3 years ago
445

အမျိုးသမီးတိုင်းသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်ဆိုင်ရာယုံကြည်မှုအလွဲများ

3 years ago
485

ကိုယ်ဝန်ဆောင်စဉ်ကာလ Workout လုပ်မယ်ဆိုလျှင် 

3 years ago
260

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရိုးရိုးမွေးမယ့်မေမေလောင်းတို့ သိထားသင့်တဲ့အချက်တွေ 

အသားအရေထိန်းသိမ်းဖို့ သင့်ခြံထဲမှာစိုက်ထားသင့်တဲ့ ဆေးဖက်ဝင်အပင်လေးတွေ 

အမာရွတ်တွေကင်းစင်စေမယ့် သဘာ၀နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.