fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုဗစ်ရောဂါ

ရုတ်တရက်အသက်ရှုကျပ်လာရင် ဘာတွေလုပ်ဖို့လိုမလဲ

16.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/07/2021
in ကိုဗစ်ရောဂါ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

အထူးသဖြင့် ယခုအခါ ဖြစ်ပွားနှုန်းတွေ ပြန်လည်မြင့်တက်လာဖြစ်တဲ့ Covid-19 ရောဂါဟာဆိုရင် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းတွေကို ထိခိုက်စေတဲ့အတွက် အသက်ရှုကျပ်ခြင်းကို ခံစားရစေပါတယ်။ ဒါပေမဲ့ ပြင်းထန်စွာ လှုပ်ရှားခြင်း / အားကစားပြုလုပ်ခြင်း၊ အလွန်အမင်း စိတ်လှုပ်ရှာခြင်း၊ ပန်းနာရင်ကျပ် စတဲ့ အဆုတ်ရောဂါတချို့နဲ့ ရာသီတုပ်ကွေးတို့ဟာလည်း Covid-19 နည်းတူ အသက်ရှုမဝခြင်းကို ဖြစ်စေပါတယ်။

 အသက်ရှုကျပ်တယ်ဆိုတာ အဆုတ်ထဲကို လေပြည့်ဝအောင် မရှုသွင်းနိုင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဆိုးရွားသော အခြေအနေတစ်မျိုးပဲဖြစ်ပါတယ်။  နှလုံးနဲ့ အဆုတ်ပြဿနာတွေက အသက်ရှုမဝခြင်း / အသက်ရှုကျပ်ခြင်း အများစုကို ဖြစ်စေပါတယ်။

အသက်ရှုကျပ်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းလေ့ကျင့်ခန်းများ

အသက်ရှုကျပ်ခြင်းဟာ ပြင်းထန်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေတွေရှိခဲ့ရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပြီး အရေးပေါ် စိုးရိမ်ဖွယ်ရာမရှိတဲ့ အခြေအနေတွေဆိုရင်တော့ အိမ်တွင်းကုထုံးများနဲ့ သက်သာအောင် ပြုလုပ် နိုင်ပါတယ်။ ကုထုံးအများစုကတော့ ခန္ဓာကိုယ်နဲ့ အသက်ရှုလမ်းကြောင်းကို သက်သာစေတဲ့ လေ့ကျင့်ခန်းတွေဘဲ ဖြစ်ပါတယ်။ ၄င်းတို့ကတော့

၁။ နှုတ်ခမ်းကို စုချွန်၍ ရှုသွင်းရှုထုတ် ပြုလုပ်ခြင်း

အသက်ရှုကြပ်ခြင်းကို သက်သာစေတဲ့ ရိုးရှင်းသောနည်းတစ်မျိုးဘဲ ဖြစ်ပါတယ်။ အသက်ရှုနှုန်းမြန်တာကို လျှော့ချပေးပြီး အသက်ရှုသွင်းရှုထုတ်ခြင်းကို မှန်ကန်စွာ ထိရောက်စေပါတယ်။ ထို့အပြင် ခန္ဓာကိုယ် လှုပ်ရှားရခက်ခဲတဲ့ အခြအနေတွေမှာ အချိန်မရွှေး ပြုလုပ်လို့ရပါတယ်။ ပြုလုပ်နည်းကတော့

  • လည်ပင်းနဲ့ ပခုံးကို သက်သောင့်သက်သာဖြစ်အောင် ထားပါ။
  • ပါးစပ်ကို ပိတ်ပြီး နှာခေါင်းနဲ့ ရှုသွင်းပါ။
  • နှုတ်ခမ်းကို လေချွန်သလို စုချွန်ပြီး ​ဖြေးဖြေးချင်း ရှုထုတ်ပါ။

 

၂။ ဝမ်းဗိုက်ဖြင့်အားစိုက်၍ အသက်ရှုခြင်း

ဒီနည်းက ရင်ခေါင်းနဲ့ ဝမ်းတွင်းပိုင်းကို ခြားထားတဲ့ Diaphragm အ​လွှာကို အားကောင်းစေပြီး အသက်ရှုနှုန်းကို မှန်ကန် ချောမွေ့စေပါတယ်။ ပြုလုပ်နည်းကတော့ –

  • သက်သောင့်သက်သာ ထိုင်ပါ။
  • လက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ တင်ပြီး နောက်တစ်ဖက်ကို ရင်ဖက်ပေါ်မှာ ထားပါ။
  • နှာခေါင်းဖြင့် ရှုသွင်းပြီး ပါးစပ်ဖြင့် ဖြည်းညင်းစွာ ရှုထုတ်ပါ။
  • ရှုသွင်းလိုက်ချိန်မှာ နည်းလမ်းမှန်ကန်ပါက ဝမ်းဗိုက်ပေါ်ရှိ လက်ဟာ ရင်ဘက်ပေါ်ရှိ လက်ထက် ပိုမြင့်တက်သွားရပါမယ်။

၃။ ထိုင်လျက် မှောက်အိပ်ခြင်း

ထိုင်ခုံနဲ့ စားပွဲရှိရင် ဒီနည်းကို ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်နည်းမှာ –

  • စားပွဲကို မျက်နှာမူပြီး ထိုင်ခုံပေါ်မှာ ထိုင်ပါ။ ခြေဖဝါးနှစ်ဖက်ဟာ ကြမ်းပြင်နဲ့ ထိနေရပါမယ်။
  • ခါးကို ရှေ့ကိုကိုင်းပြီး လက်နှစ်ဖက်ကို စားပွဲပေါ်မှာ တင်ထားပါ။
  • ဦးခေါင်းနဲ့ လည်ပင်းကို လက်နှစ်ဖက်ပေါ်မှာ၊ ဒါမှမဟုတ် ခေါင်းအုံးပေါ်မှာ တစ်ဖက်ကို မျက်နှာမူပြီး သက်တောင့်သက်သာ ထားပါ။

(မှတ်ချက်။   ။ ခေါင်းအုံးနဲ့စားပွဲမရှိရင် ထိုင်ခုံပေါ်မှာပဲ ရှေ့ကို ခါးအနည်းငယ်ကိုင်းပြီး လက်နှစ်ဖက်ကို ပေါင်တွေပေါ်မှာထားကာ အသက်ရှုကျပ်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။)

၄။ နောက်ကျောမှီ၍ မတ်တတ်ရပ်ခြင်း

မတ်တတ်ရပ်ခြင်းဟာလည်း ခန္ဓာကိုယ်နဲ့ အသက်ရှုလမ်းကြောင်းကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ပြုလုပ်နည်းကတော့ –

  • နံရံကို နောက်ကျောမှီပြီး တင်ပါး၊ ပခုံးတို့ကို နံရံဖြင့် ထိကပ်ထားပါ။
  • ခြေဖဝါးနှစ်ဖက်ကို အနည်းငယ် ခြားထားပြီး လက်နှစ်ဖက်ကို ဘေးမှာ ချထားပါ။

၅။ ရှေ့သို့ကိုင်း၍ မတ်တပ်ရပ်ခြင်း

  • သင့်ရဲ့ပုခုံးထက်နိမ့်တဲ့ စားပွဲ၊ ဒါမှမဟုတ် ပရိဘောဂတစ်ခုခုနား မတ်တတ်ရပ်ပါ။
  • လက်နှစ်ဖက်ကို ထိုစားပွဲပေါ်တင်ပြီး လည်ပင်းကို လျှော့ထားပါ။
  • ပခုံးကိုပါလျှော့ပြီး ဦးခေါင်းကို ထိုလက်နှစ်ဖက်ပေါ်မှာ မှီချလိုက်ပါ။

၆။ သက်သောင့်သက်သာ လှဲအိပ်ခြင်း

လူတချို့ဟာ အိပ်နေစဥ်အတွင်း အသက်ရှုကျပ်ပြီး ခဏခဏ လန့်နိုးတာကြောင့် အိပ်ရေးပျက်ခြင်းကို ဖြစ်စေပါတယ်။ ပြုလုပ်နည်းကတော့ –

  • ခြေနှစ်ဖက်ကြားမှာ ခေါင်းအုံးကို ခွပြီး ဘေးစောင်းလှဲအိပ်ပါ။
  • ဦးခေါင်းနှင့် လည်ပင်းအောက်မှာ ခေါင်းအုံးထူထူခုပြီး ခေါင်းကို အနည်းငယ်မြှင့်ထားပါ။
  • ခါးကို ဆန့်ထားပါ။

၇။ ယပ်ခတ်ခြင်း

မျက်နှာရှေ့ ယပ်ခတ်ခြင်း၊ ဒါမှမဟုတ် ပန်ကာအသေးဖြင့် လေအေးအေးများအား မျက်နှာရှေ့ကို ညင်ညင်သာသာ မှုတ်ထုတ်ခြင်းဟာ အသက်ရှုကြပ်ခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။

Covid-19 ရောဂါဝေဒနာခံစားနေရသူတွေမှာ၊ အထူးသဖြင့်  အသက်ရှုကျပ်ခြင်း၊ Oxygen ပမာဏ ၉၄ % အောက် ကျဆင်းလာရင် Awake Prone Position ဆိုတဲ့ အနေအထားပုံစံကို Physiotherapist တွေက ညွှန်းဆိုကြပါတယ်။ အဲဒီပုံစံဟာ အသက်ရှုရာမှာ သက်သောင့်သက်သာရှိစေပြီး အောက်ဆီဂျင်ပိုမိုရရှိစေပါတယ်။ ပြုလုပ်နည်းမှာ

၁) ဦးခေါင်းအောက်၊ ရင်ဖက်အပေါ်ပိုင်း၊ တင်ပဆုံအောက်နဲ့ ခြေထောက်အောက်တို့မှာ ခေါင်းအုံးတွေကို သက်တောင့်သက်သာ အနေအထားဖြင့် ထားပြီး ဝမ်းလျားမှောက်အိပ်ပါ။ (ဝမ်းဗိုက်နေရာစာ လက်ထိုးထည့်နိုင်တဲ့အထိ လွတ်နေရပါမယ်။)

၂) ထို့နောက် ညာဘက်စောင်းအိပ်ပါ။

၃) 45° စောင်း၍ရအောင် ကျောနောက် ခေါင်းအုံးများ ခုပြီး ထိုင်ပါ။

၄) ပြီးလျှင် ဘယ်ဘက် စောင်းအိပ်ပါ။

၅) ပုံစံအားလုံးစုံလျှင် အစကနေ ပြန်လုပ်ပါ။ ပုံစံတစ်မျိုးစီကို မိနစ် ၃၀ မှ ၂နာရီအထိ သက်သာသလို နေနိုင်ပါတယ်။

သတိပြုရန်မှာ –

  • အစာစားပြီး တစ်နာရီအတွင်း ဝမ်းလျာမှောက်က၍ မနေသင့်ပါ။
  • ကိုယ်ဝန်သည်တွေ၊ သွေးပြန်ကြော သွေးခဲရောဂါရှိသူတွေ၊ ခါးရိုးနဲ့ တင်ပဆုံအရိုးအက်/ကျိုးဖူးသူတွေ ဝမ်းလျားမှောက်မနေသင့်ပါ။
  • ပုံစံတစ်မျိုးတည်းကို ၄နာရီထက်ကျော်အောင် မနေသင့်ပါ။

ဘယ်အချိန်မှာ အရေးပေါ် ဆေးကုသမှု ခံယူသင့်လဲ

အသက်ရှုကျပ်ခြင်းဟာ ပြင်းထန်လာပြီး အဆိုပါစိုးရိမ်ဖွယ်ရာအခြေအနေတွေ ကြုံတွေ့လာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ အချိန်မီအရေးပေါ် ဆေးကုသမှု ခံယူသင့်ပါတယ်။

  • အသက်ရှုရ ပိုမိုခက်ခဲလာခြင်း၊ အသက်ကို လုရှုနေရခြင်း
  • ရင်ဘက်တောက်လျှောက် အောင့်ခြင်း၊ ရင်ဘက်ပေါ် တစ်ခုခုဖြင့် တောက်လျှောက်ဖိထားသကဲ့သို့ ခံစားနေရခြင်း
  • မျက်နှာ၊ နှုတ်ခမ်း၊ လက်သည်းခြေသည်းများ ဖြူဖျော့လာခြင်း၊ ပြာလာခြင်း
  • အသက်ရှုသွင်းချိန် ချောင်းအလွန်အမင်းဆိုးခြင်း
  • အသိအာရုံ ဝေဝါးလာခြင်း
  • နိုးရခက်ခဲခြင်း တို့ပဲ ဖြစ်ပါတယ်။

Dr. Aye Chan Moe

Previous Post

ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

Next Post

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
393
summer rain, The reason for having a runny nose during the winter (3) seasons

နွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး နှာစေးရခြင်းအကြောင်း

2 years ago
686

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

3 years ago
688
About the unknown symptoms of lung cancer

အဆုတ်ကင်ဆာရဲ့ မသိမသာ လက္ခဏာများအကြောင်း

3 years ago
2.1k
things that can damage the lungs

အဆုတ်ကို ထိခိုက်စေသော အရာများ

3 years ago
854
how can ginger be used to prevent colds and coughs

ချင်း (ဂျင်း) ကို အသုံးပြုပြီး အအေးမိ၊ ချောင်းဆိုး ဝေဒနာတွေကို ဘယ်လိုကာကွယ်မလဲ?

3 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးများ

ပင်ပန်းနေတာလား ၊ ရောဂါရှိနေလို့ နုံးချိနေတာလား

သတိပြုစရာ နမိုးနီးယားအဆုတ်ရောင်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.