fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးမှက်ခရု သတိပြု

2.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကေလးမွက္ခ႐ု သတိျပဳ
ကေလးမွက္ခ႐ုဆိုတာဟာ တႏွစ္ေအာက္ ႏို႔စို႔ကေလးမ်ားမွာ အျဖစ္မ်ားေလ့ရွိတဲ့ မႈိေရာဂါတမ်ိဳးပါ။ မွက္ခ႐ုဟာ မႈိေရာဂါတစ္ခု ျဖစ္ၿပီး ဘယ္သူမွာမဆို ဘယ္အသက္႐ြယ္မဆို ျဖစ္ႏိုင္ေပမယ့္ အသက္ ၆လေအာက္ ကေလးငယ္မ်ားတြင္ ပိုၿပီး အျဖစ္မ်ားတတ္ပါတယ္။ Candida albicans လို႔ေခၚတဲ့ မႈိတမ်ိဳးေၾကာင့္ျဖစ္တာပါ။

ပုံမွန္လည္း ကေလး၊လူႀကီးအပါအဝင္ လူတိုင္းရဲ႕ပါးစပ္နဲ႔အူလမ္းေၾကာင္းတေလွ်ာက္ နဲ႔ အေရျပားမွာ Candida albicans မႈိက အနည္းအက်ဥ္းရွိပါတယ္။ ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္က ထိုမႈိကို အမ်ားႀကီးမပြားေအာင္ထိန္းခ်ဳပ္ထားပါတယ္။

သို႔ေသာ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ခံအားစနစ္ယိုယြင္းသြားတဲ့အေျခအေနမွာဆိုရင္ ထိုမႈိေတြက ပြားလာၿပီး ေရာဂါျဖစ္ေစႏိုင္ပါတယ္။ ကေလးေတြဟာ ႏုနယ္တဲ့အတြက္ သူတို႔ရဲ႕ကိုယ္ခံအားက လူႀကီးေတြေလာက္မေကာင္းပါဘူး။

ကေလးေတြမွာ မွက္ခ႐ုျဖစ္ေစႏိုင္တဲ့အေၾကာင္းေတြကေတာ့
-ေရာဂါအခံတခုခုေၾကာင့္ စတီး႐ြိဳက္(steroids)ပါတဲ့ေဆးေတြကိုေရရွည္စြဲေသာက္ေနရတာ
-မလိုအပ္ဘဲ ပိုးသတ္ေဆး(Antibiotics) ခဏခဏ အတိုက္ခံရတာ
-မိခင္က အေၾကာင္းတခုခုေၾကာင့္ ပိုးသတ္ေဆးေတြေရရွည္စြဲေသာက္ေနၿပီးထိုပိုးသတ္ေဆးေတြက မိခင္ႏို႔ကတဆင့္ ကေလးဆီေရာက္တာ
-မိခင္ရဲ႕သားျမတ္ သို႔မဟုတ္ ႏို႔ဘူးရဲ႕ႏို႔သီးေခါင္း သို႔မဟုတ္ ခ်ိဳလိမ္ေတြက မသန႔္ရွင္းလို႔ ပါးစပ္ထဲထည့္မိရာကေနတဆင့္ မႈိကူးစက္တာ စသျဖင့္ပါ။ ဒါ့အျပင္ အေမမွာ မိန္းမကိုယ္လမ္းေၾကာင္း မႈိစြဲတဲ့ေရာဂါရွိရင္လည္း ႐ိုး႐ိုးေမြးတဲ့အခ်ိန္မွာ အေမကေန ကေလးကိုကူးၿပီး ကေလးမွာ မွက္ခ႐ုျဖစ္တတ္ပါေသးတယ္။

မွက္ခ႐ုရဲ႕လကၡဏာေတြက ႏို႔တိုက္အ႐ြယ္ ကေလးငယ္ေတြရဲ႕ လွ်ာ၊ အာေခါင္၊ ပါးေစာင္ေတြေပၚမွာ အျဖဴဖတ္ေတြ ျဖစ္တာပါ။အဲ့အျဖဴဖတ္ေတြက အလြယ္တကူ ဖယ္လို႔မရႏိုင္ပါဘူး။တခ်ိဳ႕ကေလးေတြမွာဆိုရင္ အျဖဴဖတ္ေတြေဘးမွာ နီေနတာ၊ နာတာေတြ ျဖစ္တတ္ပါတယ္။

ႏို႔စို႔ရင္ အစာစားရင္ နာတာေၾကာင့္ ကေလးငယ္ေတြ ႏို႔သိပ္မစို႔တာ၊ အစာေကြၽးရခက္တာ၊အစာမစားတာ၊ ကေလးက အီေနတာေတြ ျဖစ္ႏိုင္ပါတယ္။ အမ်ားအားျဖင့္ တပတ္ေလာက္ၾကာရင္ သူ႔ဘာသာသူ ေပ်ာက္သြားႏိုင္ပါတယ္။

ေဆးအေနနဲ႔ကေတာ့ Miconazole,Nystatin စတဲ့ပါးစပ္ထဲထည့္လို႔ လိမ္းလို႔ရတဲ့အမ်ိဳးအစားကို ေဆးဆိုင္ေတြမွာ ေသခ်ာေမးဝယ္ၿပီး တေန႔ကို ေလးႀကိမ္ေလာက္ လိမ္းေပးႏိုင္ပါတယ္။ အစာစားၿပီး၊ ႏို႔တိုက္ၿပီးတဲ့အခ်ိန္မွာ လိမ္းပါ။ လိမ္းၿပီး ၁၅မိနစ္ေလာက္ ဘာမွမေကြၽး၊ မတိုက္ပါနဲ႔။ ဒါမွပိုထိေရာက္မွာပါ။

တပတ္ေက်ာ္လို႔မွ မသက္သာရင္ေတာ့ ကေလးအထူးကုဆရာဝန္နဲ႔ျဖစ္ျဖစ္ သို႔မဟုတ္ ျပည္သူ႔ကေလးေဆး႐ုံႀကီး ျပင္ပလူနာဌာနမွာျဖစ္ျဖစ္ ျပဖို႔လိုပါတယ္။ အဆုံးသတ္အေနနဲ႔ ကေလးမွာ မွက္ခ႐ုျဖစ္ပြားမႈ နည္းေအာင္ ေအာက္ပါအခ်က္မ်ားကို ေသခ်ာလိုက္နာေဆာင္႐ြက္ဖို႔ အႀကံျပဳတိုက္တြန္းလိုက္ရပါတယ္။

မည္သူမဆို ကေလးငယ္ေလးေတြကို မထိေတြ႕ မကိုင္တြယ္ခင္ လက္ကိုေသခ်ာေဆးပါ။ မိခင္ႏို႔တိုက္ေသာကေလးျဖစ္ပါက ႏို႔မတိုက္ခင္နဲ႔ ႏို႔တိုက္ၿပီးအခ်ိန္မွာ မိခင္သည္ မိမိႏို႔သီးေခါင္းပတ္လည္ကို ေရနဲ႔ေသခ်ာေဆးပါ။ ႏို႔ဘူးတိုက္ေသာကေလးဆိုပါကလည္း ႏို႔ဘူးနဲ႔ႏို႔သီးေခါင္းကိုျပဳတ္ေဆးပါ။ ပိုးသတ္ေဆးေတြကိုမလိုအပ္ဘဲ မိမိသေဘာနဲ႔ ခဏခဏမတိုက္ပါနဲ႔။

Author : Dr. 528

ကလေးမှက်ခရု သတိပြု
ကလေးမှက်ခရုဆိုတာဟာ တနှစ်အောက် နို့စို့ကလေးများမှာ အဖြစ်များလေ့ရှိတဲ့ မှိုရောဂါတမျိုးပါ။ မှက်ခရုဟာ မှိုရောဂါတစ်ခု ဖြစ်ပြီး ဘယ်သူမှာမဆို ဘယ်အသက်ရွယ်မဆို ဖြစ်နိုင်ပေမယ့် အသက် ၆လအောက် ကလေးငယ်များတွင် ပိုပြီး အဖြစ်များတတ်ပါတယ်။ Candida albicans လို့ခေါ်တဲ့ မှိုတမျိုးကြောင့်ဖြစ်တာပါ။

ပုံမှန်လည်း ကလေး၊လူကြီးအပါအဝင် လူတိုင်းရဲ့ပါးစပ်နဲ့အူလမ်းကြောင်းတလျှောက် နဲ့ အရေပြားမှာ Candida albicans မှိုက အနည်းအကျဉ်းရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထိုမှိုကို အများကြီးမပွားအောင်ထိန်းချုပ်ထားပါတယ်။သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ်ယိုယွင်းသွားတဲ့အခြေအနေမှာဆိုရင် ထိုမှိုတွေက ပွားလာပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ ကလေးတွေဟာ နုနယ်တဲ့အတွက် သူတို့ရဲ့ကိုယ်ခံအားက လူကြီးတွေလောက်မကောင်းပါဘူး။

ကလေးတွေမှာ မှက်ခရုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့
-ရောဂါအခံတခုခုကြောင့် စတီးရွိုက်(steroids)ပါတဲ့ဆေးတွေကိုရေရှည်စွဲသောက်နေရတာ
-မလိုအပ်ဘဲ ပိုးသတ်ဆေး(Antibiotics) ခဏခဏ အတိုက်ခံရတာ
-မိခင်က အကြောင်းတခုခုကြောင့် ပိုးသတ်ဆေးတွေရေရှည်စွဲသောက်နေပြီးထိုပိုးသတ်ဆေးတွေက မိခင်နို့ကတဆင့် ကလေးဆီရောက်တာ
-မိခင်ရဲ့သားမြတ် သို့မဟုတ် နို့ဘူးရဲ့နို့သီးခေါင်း သို့မဟုတ် ချိုလိမ်တွေက မသန့်ရှင်းလို့ ပါးစပ်ထဲထည့်မိရာကနေတဆင့် မှိုကူးစက်တာ စသဖြင့်ပါ။ ဒါ့အပြင် အမေမှာ မိန်းမကိုယ်လမ်းကြောင်း မှိုစွဲတဲ့ရောဂါရှိရင်လည်း ရိုးရိုးမွေးတဲ့အချိန်မှာ အမေကနေ ကလေးကိုကူးပြီး ကလေးမှာ မှက်ခရုဖြစ်တတ်ပါသေးတယ်။

မှက်ခရုရဲ့လက္ခဏာတွေက နို့တိုက်အရွယ် ကလေးငယ်တွေရဲ့ လျှာ၊ အာခေါင်၊ ပါးစောင်တွေပေါ်မှာ အဖြူဖတ်တွေ ဖြစ်တာပါ။အဲ့အဖြူဖတ်တွေက အလွယ်တကူ ဖယ်လို့မရနိုင်ပါဘူး။တချို့ကလေးတွေမှာဆိုရင် အဖြူဖတ်တွေဘေးမှာ နီနေတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။ နို့စို့ရင် အစာစားရင် နာတာကြောင့် ကလေးငယ်တွေ နို့သိပ်မစို့တာ၊ အစာကျွေးရခက်တာ၊အစာမစားတာ၊ ကလေးက အီနေတာတွေ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် တပတ်လောက်ကြာရင် သူ့ဘာသာသူ ပျောက်သွားနိုင်ပါတယ်။

ဆေးအနေနဲ့ကတော့ Miconazole,Nystatin စတဲ့ပါးစပ်ထဲထည့်လို့ လိမ်းလို့ရတဲ့အမျိုးအစားကို ဆေးဆိုင်တွေမှာ သေချာမေးဝယ်ပြီး တနေ့ကို လေးကြိမ်လောက် လိမ်းပေးနိုင်ပါတယ်။ အစာစားပြီး၊ နို့တိုက်ပြီးတဲ့အချိန်မှာ လိမ်းပါ။ လိမ်းပြီး ၁၅မိနစ်လောက် ဘာမှမကျွေး၊ မတိုက်ပါနဲ့။ ဒါမှပိုထိရောက်မှာပါ။ တပတ်ကျော်လို့မှ မသက်သာရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ဖြစ်ဖြစ် သို့မဟုတ် ပြည်သူ့ကလေးဆေးရုံကြီး ပြင်ပလူနာဌာနမှာဖြစ်ဖြစ် ပြဖို့လိုပါတယ်။ အဆုံးသတ်အနေနဲ့ ကလေးမှာ မှက်ခရုဖြစ်ပွားမှု နည်းအောင် အောက်ပါအချက်များကို သေချာလိုက်နာဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

မည်သူမဆို ကလေးငယ်လေးတွေကို မထိတွေ့ မကိုင်တွယ်ခင် လက်ကိုသေချာဆေးပါ။ မိခင်နို့တိုက်သောကလေးဖြစ်ပါက နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးအချိန်မှာ မိခင်သည် မိမိနို့သီးခေါင်းပတ်လည်ကို ရေနဲ့သေချာဆေးပါ။ နို့ဘူးတိုက်သောကလေးဆိုပါကလည်း နို့ဘူးနဲ့နို့သီးခေါင်းကိုပြုတ်ဆေးပါ။ ပိုးသတ်ဆေးတွေကိုမလိုအပ်ဘဲ မိမိသဘောနဲ့ ခဏခဏမတိုက်ပါနဲ့။

Author : Dr. 528

Previous Post

အမျိုးသမီးများနှင့် ရာသီမလာခင်ဖြစ်တတ်သော ပြဿနာများ

Next Post

HIV ရောဂါပိုးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
259

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
829

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
672

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
bacteria virus or germs microorganism cells. 3d rendering.

HIV ရောဂါပိုးအကြောင်း

စိတ်ဖိစီးလို့ ခေါင်းကိုက်နေပြီဆိုရင်

ဘယ်မှာ စုံစမ်းရမှာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.