သမီးလေးအတွက် လိုအပ်တာက
သူငယ်ချင်းဆရာဝန်မို့လို့ ကြုံတုန်းအကြံတောင်းလိုက်အုံးမယ်´ လို့ငယ်သူငယ်ချင်း ခင်ခင်က ဆရာကန်တော့ပွဲမှာ ဘေးချင်းထိုင်ရင်းစကားဆိုလာပါတယ်။ `ငါ့သမီးကလေ တစ်နေ့တခြားပိန်လာသလိုပဲ မကြာခဏလည်း နှာစေးချောင်းဆိုးဖြစ်ဖြစ်နေတယ်´`မွေးတုန်းက ဝကစ်နေတာပဲ ၊ပေါင်လည်းပြည့်တယ်၊ဖြည့်စွက်စာ စကျွေးကတည်းက အခု၄နှစ်ထိကို အစားဆို သေချာမစားဘူး ´ ခင်က ညည်းရှာတယ်။`ကျောင်းတက်ခါနီးပြီလေ အခုလိုခဏခဏ နေမကောင်းဖြစ်နေရင် ငါဘယ်လိုစိတ်ချရမလဲ ငါလည်းဂရုစိုက်ပါတယ် ဟယ်´ ဟု ခင်က စိုးရိမ်စွာစကားဆိုပါတယ်။
ကျွန်မသူငယ်ချင်းခင်ခင်က တစ်ဦးတည်းသောသမီးလေးကို အရမ်းဂရုစိုက်တာ သူငယ်ချင်းအားလုံးသိကြပါတယ်။ ကျွန်မမှာလည်း သမီးလေးတွေရှိတော့ ဆရာဝန်အနေနဲ့မဟုတ်ဘဲ မိခင်ချင်းလည်းကိုယ်ချင်းစာပါတယ်။
ကိုယ့်ကလေး အစာမစားဘဲ ပိန်ပြီး မကြာခဏဖျားနေရင် မိခင်တွေအနေနဲ့ ပူပင်သောကရောက်ကြရပါတယ်။
`ခင်ရေ ခင့်သမီးက ဘာတွေစားတတ်လဲ ´ဟု ကျွန်မမေးလိုက်တော့ ` သမီးကအစာကို နည်းနည်းလေးပဲ စားတယ်။ သေချာဟုတ်တိ ပတ်တိလည်း ဘာမှမဝင်ဘူး၊ အစာမဝင်တော့ ကလေးကပျော့ခွေပြီး အားမရှိ၊ အားမရှိတော့ ရာသီဥတုပြောင်းရင် ဖျား၊ နေပူထဲထွက်လိုက်တာနဲ့ အပြင်ထွက်လိုက်တာနဲ့ ဖျားတော့တာပါပဲ ဆေးခန်းတွေလည်း ခဏခဏရောက်နဲ့ စိတ်ကိုညစ်နေတာပါပဲ သူငယ်ချင်းရယ်´လို့ ခင်က စိတ်ပျက်လက်ပျက် ဆက်ပြောပါတယ်။
`ဒါဆို အခုဆရာကန်တော့ပွဲမစခင် တို့ပြောပြမယ်´လို့ ကျွန်မပြောတော့ `အားကိုးပါတယ် ဒေါက်တာကြီးလို့´ခင်က အကျယ်ကြီးပြောမိလို့ သူငယ်ချင်းတွေ ရီမောလိုက်ကြတာ ခင်ခင်တစ်ယောက်ပျော်ရွင်စိတ် ပြန်ဝင်သွားတယ်။
ကျွန်မသေချာရှင်းပြလိုက်ပါတယ်။ `သမီးလေးက အဓိက အစာမစားတော့ ကိုယ်ခံအားနည်းတာပါ။ ကိုယ်ခံအားဆိုတာက သူငယ်ချင်း နားလည်လွယ်အောင် ပြောရရင်တော့ ရောဂါပိုးဝင်မလာအောင် တိုက်ထုတ်ကာကွယ်ပေးတဲ့ အရာတစ်ခုပေါ့။ ကိုယ်ခံအားကောင်းနေရင် ကလေးတစ်ယောက်က အလွယ်တကူ ဖျားနားမှု ကင်းဝေးစေပါတယ်။ ဒါကြောင့် သူငယ်ချင်းက သမီးငယ်ကို ကိုယ်ခံအားကောင်းစေမယ့် အစားအသောက်တွေ ရွေးချယ်ကျွေးမွေးရမယ်။ သမီးငယ်ကို အသား၊ငါး၊ပဲအမျိုးမျိုးနဲ့ အရောင်ရှိတဲ့ အသီးအရွက်တွေ။ ဥပမာ မုန်လာဥနီ၊ လိမ္မော်သီးကဲ့သို့ အချဉ်ဓာတ်ရှိတဲ့ အသီး စတာတွေကို တစ်မျိုးပြီးတစ်မျိုး သမီးငယ်မရိုးအောင် ဖြေးဖြေးချင်း နည်းနည်းစီ စားတတ်လာအောင် လုပ်ကျွေးပေးရမယ်´ လို့ ရှင်းပြတော့ ခင်ကသေချာလိုက်မှတ်ပါတယ်။
ဒါပေမယ့် ခင်က အနည်းငယ်စဉ်းစားပြီး မေးပါတယ်။ `သူငယ်ချင်းရယ် တစ်ခါတစ်လေ သမီးငယ်က အဖတ်မစားဘဲ အရည်ပဲသောက်တဲ့အခါလည်း ရှိတယ်။ အဲဒါ ဘယ်လိုအရည်တိုက်ရမလဲ ´လို့မေးလိုက်တော့ ကျွန်မချက်ချင်းဖြေလိုက်ပါတယ် ` Protein(အသားဓါတ်)၊ ကယ်လ်စီယမ် အပြင် Zinc ၊ Vitamin A၊ D၊ B6 ၊E၊ B1၊iron၊ Vit C စတဲ့ ကိုယ်ခံအားအတွက် လိုအပ်တာအကုန်ပါတဲ့ နို့မှုန့်ရွေးဝယ်ပြီး အဲ့နို့တိုက်လိုက်ပေါ့ဟာ´ လို့ပဲ ဖြေလိုက်ပါတယ်။
ခင်ကတော့ အပြန်မှာ` ဒီနေ့ဆရာတွေလည်းကန်တော့ရ ၊ သမီးလေးအတွက်လည်း အကြံကောင်းတွေ ရလို့ အရမ်းပျော်ရတယ်လို့ ´ လို့ပြောပြီး နူတ်ဆက်လိုက်ကြပါတယ်။
Author : Dr. ပြည့်ရှင်း