fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကိုယ်ဝန်ဆောင်ခရီးသည်

142
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

စာရေးသူ ဆေးရုံမှာအလုပ်လုပ်တုန်းက ကိုယ်ဝန်ဆောင်တွေလာလာမေးကြတဲ့ မေးခွန်းတစ်ခုရှိတယ်၊ ဆရာရေ…..သမီးကိုယ်ဝန်ကတော့ဖြင့် ဘယ်နှစ်လထဲရောက်နေပြီ အဲ့ဒါလေ အမျိုးတွေဆီသွားချင်လို့ ကားနဲ့ သွားရမလား၊ ရထားနဲ့ သွားရမလား၊ ဒါမှမဟုတ် အထက်လမ်းက (လေယာဉ်နဲ့ပြောပါတယ်) သွားရမလားဆိုပြီးလာမေးတတ်ကြတဲ့ကိုယ်ဝန်ဆောင်သည်တွေရှိခဲ့တယ်။ ကိုယ်ဝန်ဆောင်သည် အတော်များများကတော့ ကိုယ်ဝန်ရှိပြီဟေ့ဆိုတာနဲ့ အသွားအလာအတော်ဆင်ခြင်ကြတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက်တော့ ဒီတစ်ခေါက် ကိုယ်ဝန်ဆောင်တွေ ခရီးသွားလို့ရမရ ကိစ္စကို နည်းနည်းလောက် ပြောပြပေးချင်မိတယ်။

အရင်ဆုံးအပေါ်ဆုံးလမ်းကြောင်းကို ပြောကြတာပေါ့၊  ကိုယ်ဝန်ဆောင်တွေ လေယာဉ်နဲ့ခရီးသွားလို့ရတယ်၊ သို့ပေမဲ့ စဉ်းစားစရာလေးတွေတော့  ရှိတယ်။ အရင်ဆုံး ကိုယ်ဝန်ရှိတာကို သိတာနဲ့ မိခင်အနေနဲ့ ဆေးရုံမှာ ဗိုက်အပ်ရမယ်၊ ကိုယ်မွေးဖို့ ကြိုတင်စီစဉ်ထားတဲ့ ဆေးရုံမှာပဲ အစကနေ မွေးတဲ့အထိ ဗိုက်အပ်ရင် ပိုကောင်းပါတယ်။ ဆရာဝန်အနေနဲ့လည်း ကိုယ့်အကြောင်းပို သိတာကြောင့် ပိုဂရုစိုက်နိုင်သလို လူနာအနေနဲ့လည်း ပြသပြောဆိုရတာ ပိုပြီးလွတ်လပ်မှုရှိစေမှာပါ။ (ဒါလေယာဉ်နဲ့သွားမှ ဒီလိုလုပ်မရမှာမဟုတ်ပါဘူး၊ ကိုယ်ဝန်ဆောင်တိုင်း ဒီအဆင့်တော့သေချာပြုလုပ်သင့်ပါတယ်) ဒီလိုဗိုက်အပ်တဲ့အခါ သားဖွားမီးယပ်ဆရာဝန်အနေနဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မှာဖြစ်ပါတယ်။ စစ်ဆေးမှုအရ ကိုယ်ဝန်မှာ ဘာပြဿနာမှမရှိဘူးဆိုရင် ယေဘူယျအားဖြင့် မိခင်အနေနဲ့ လေယာဉ်နဲ့ ခရီးသွားလို့ အဆင်ပြေပါတယ်။ ဒီအထဲမှာမှ လေယာဉ်နဲ့ ခရီးသွားဖို့အဆင်ပြေဆုံးအချိန်ကို ပြောပါဆိုရင် ကိုယ်ဝန်ပတ် ၁၂ ပတ်ကနေ ၂၆ ပတ်အထိအချိန်တွေပဲဖြစ်ပါတယ်။

ဘာ့ကြောင့်လဲပြောပြပါမယ်၊ အစောပိုင်းကိုယ်ဝန်ကာလတွေမှာ မိခင်တွေအနေနဲ့ morning sickness လို့ခေါ်တဲ့ ကိုယ်ဝန်အစောပိုင်းမှာ ခံစားရလေ့ရှိတဲ့ မူးဝေအော့အန်တာ၊ အစားအသောက်ပျက်တာ စတဲ့ပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ ကိုယ်ဝန်ပတ် ၁၂ ပတ်နောက်ပိုင်းမှာတော့ ဒီပြဿနာတွေအတော်လေး နည်းပါးသွားပြီဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ စိတ်အေးအေးချမ်းချမ်းနဲ့ ခရီးသွားနိုင်ပြီဖြစ်ပါတယ်။ ဒါဆိုမေးစရာရှိတယ်၊ ၂၆ ပတ်နောက်ပိုင်းကရော သွားလို့မရနိုင်ဘူးလား၊ လုံးဝမရဘူးတော့မဟုတ်ပါဘူး၊ သို့ပေမဲ့ ဒီအချိန်တွေက ကလေးမွေးခါနီးဖြစ်နေတာမို့ မိခင်အနေနဲ့ သိပ်ပင်ပန်းမဲ့ကိစ္စမျိုးတွေ မလုပ်တာပို ကောင်းပါတယ်။ ဒါ့ကြောင့်ပါ။

လေကြောင်းလိုင်းအများစုကတော့ကိုယ်ဝန်ဆောင်တွေကို ၈လအထိ လေယာဉ်နဲ့ ခရီးသွားဖို့ခွင့်ပြုပါတယ်။

သို့ပေမယ့် ၉လထဲရောက်ရင်တော့သက်ဆိုင်ရာ ဆရာဝန်ရဲ့ ကျန်းမာရေးထောက်ခံချက်ရမှသာ လေယာဉ်နဲ့ခရီးသွားဖို့ ခွင့်ပြုပေးမှာပါ။

နောက်ပြီး ခရီးဝေးထိသွားဖို့ လက်မှတ်ဖြတ်ထားရင် ခြေဆန့်လက်ဆန့်လုပ်လို့ရတဲ့ နေရာမျိုး၊ နောက်ပြီး အိမ်သာဆီ ထသွားထလာလုပ်ရလွယ်မဲ့ နေရာမျိုးကို ယူပါ။

ဒါမှခရီးဝေးမှာ မိခင်တွေအနေနဲ့ အညောင်းမိတာမျိုး၊ ဆီးသွားချင်လို့ အတင်းပြေးရတာမျိုး ဒုက္ခက ကင်းဝေးမှာပါ။

ဆရာရေ ကျွန်မ အမျိုးတွေကလေယာဉ်နဲ့ သွားရမှာမဟုတ်ဘူး။ ကားနဲ့ ရထားနဲ့သွားမှရမှာဆိုတဲ့မေမေတွေကတွေကျတော့ကော?  ကားကတော့ အရမ်းဝေးပြီး လမ်းကြမ်းတဲ့နေရာတွေကို ဖြတ်မောင်းရမယ်ဆို မိခင်အနေနဲ့ နောက်တစ်ခေါက်ပြန်စဉ်းစားသင့်ပါတယ်၊ လမ်းခရီးမှာ ကိုယ်ဝန်က တစ်ခုခုဖြစ်လို့ အရေးပေါ်ပြစရာ ဆေးရုံ၊ ဆေးခန်း ဘယ်နားမှာရှိမလဲ။ ရထား၊ ကားတို့နဲ့ သွားမဲ့မိခင်တွေအတွက်ဒါတွေ ကြိုစဉ်းစားထားဖို့လိုအပ်ပါတယ်။ ရထားကတော့ အခန်းနဲ့ ယူလို့ရတာမို့ ခြေဆန့်လက်ဆန့် လုပ်လို့ရတာကြောင့် မိခင်တွေအနေနဲ့ အညောင်းမမိတော့ဘူးပေါ့။ သို့ပေမဲ့ အရေးပေါ်ကိစ္စကြောင့် ဆင်းစရာပေါ်လာရင်တော့ ကားလောက်မလွယ်ကူပါဘူး။

ဟုတ်ပြီ၊ ဒါဆို အပေါ်ကလည်း မဟုတ်ဘူး၊ ကုန်းပေါ်ကလည်း မသွားဘူး၊ သင်္ဘောနဲ့ နယ်ပြန်ချင်တဲ့ မမတွေဆိုရင်ရော၊ ရေကြောင်းနဲ့သွားလာတာလည်း ယေဘူယျအားဖြင့် စိတ်ချရပေမဲ့ ကိုယ်သွားမဲ့နေရာပေါ်မူတည်ပြီး လေဒဏ်၊ လှိုင်းဒဏ်ကိုတော့ တခြားနည်းလမ်းတွေထပ်ပိုခံစားရနိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်အစပိုင်းမှာခံစားရတဲ့ မူးဝေအော့အန်တာ၊ လှိုင်းမူးတာတွေ ပိုခံစားရဖို့ အခွင့်အလမ်းများပါတယ်။ ကိုယ်စီးမဲ့ သင်္ဘောပေါ်မှာ သင်္ဘောဆရာဝန်ပါမပါကြိုမေးထားပါ၊ လိုအပ်ရင် သောက်ဖို့ဆေးဝါးတွေ ဆောင်သွားပါ(ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားအတွက်ဘေးဥပ္ပါယ်ဖြစ်စေတဲ့  ဆေးဝါးတွေလည်း ရှိတာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ဝယ်ယူပါ) အမူးသက်သာအောင် ကပ်တဲ့ပလတ်စတာလေးတွေရှိပါတယ်။ ဒါလေးတွေကိုလိုရမယ်ရ ဆောင်သွားပါ။

အချုပ်အားဖြင့် ပြောရရင်တော့ကိုယ်ဝန်ဆောင်မမတို့ ဗိုက်အပ်ထားတယ်၊ ဘာပြဿနာမှမရှိဘူး၊ ဒါဆိုရင် ခရီးသွားလို့ရပါတယ်။ သို့ပေမဲ့ ဗိုက်အပ်တုန်းက စစ်ဆေးတဲ့အခါ ပုံမှန်မဟုတ်တာတစ်ခုခု၊ ဒါမှမဟုတ် ပုံမှန်ထပ်စောမွေးနိုင်တဲ့ အခြေအနေမျိုးရှိမယ်ဆိုရင်တော့ ကိုယ်ဝန် ၃၂ ပတ်နောက်ပိုင်း ခရီးသွားတာကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး သွေးအားနည်းရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ မကြာသေးခင်က အရိုးကျိုးထားတာ စတဲ့အခြေအနေတွေရှိနေတဲ့သူဆိုရင်တော့ ခရီးမသွားခင်သေချာ ကိုယ့်ရဲ့သက်ဆိုင်ရာ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါကြောင်း မှာကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။

Dr. Wayne

 

Previous Post

သံဓာတ် မချို့တဲ့စေဖို့ရာ Vitamin C ကူမှာပါ

Next Post

သားသားမီးမီးတွေ အမြဲမျက်စိကျနေတဲ့ ရေခဲသေတ္တာကို မေမေတွေ ဘယ်လိုစီမံထိန်းသိမ်းသင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
635

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားသားမီးမီးတွေ အမြဲမျက်စိကျနေတဲ့ ရေခဲသေတ္တာကို မေမေတွေ ဘယ်လိုစီမံထိန်းသိမ်းသင့်လဲ

သိပ်နောက်မကျခင် ……

မေမေတွေကို အလွယ်တကူ ဝေဖန်သင့်ရဲ့လား ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.