နို့တိုက်မိခင်မဟုတ်ပဲ နို့ထွက်နေတာ ရောဂါလား
အမျိုးသမီးများအနေဖြင့် နို့တိုက်မိခင်မဟုတ်ဘဲ နို့ရည်ကြည်ထွက်လာခဲ့သော် ရောဂါလား ကင်ဆာလား အလန့်တကြားလိုက်မေးမြန်းတတ်ကြပါတယ်။နို့ရည်ကြည်ထွက်တယ်ဆိုတာ အလွန်စိုးရိမ်စရာတော့မလိုပါ။သို့သော်အချို့သောအခြေအနေများတွင်မူ သတိထားစရာအချက်တစ်ချက်အနေဖြင့်လည်းပါဝင်ပါတယ်။
နို့တိုက်မိခင်မဟုတ်ဘဲနို့ရည်ကြည်ထွက်ခဲ့သော် နီးစပ်ရာဆရာဝန်နှင့်တော့တိုင်ပင်လိုက်ပါ။
(1)နို့ရည်ကြည်ထွက်တာ ပုံမှန်လား?မူမမှန်ထွက်တာလား?
သွေးရောင်ထွက်သောနို့ရည်ကြည်ကတော့ ပုံမှန်မဟုတ်ပါ။နို့ရည်ကြည်ထွက်ခြင်းအပြင်အခြားသောမူမမှန်လက္ခဏာများပါထည့်သွင်းစဉ်းစားသင့်ပါတယိ။ဥပမာ နို့ကိုညစ်ရျ် ထွက်ခြင်းမဟုတ်ဘဲ သူ့အလိုလိုထွက်ခြင်း
နို့ရည်အရောင်တစ်ခုတည်းနှင့်တော့ ပုံမှန်လား မူမမှန်လားဆုံးဖြတ်လို့တော့မရပါ။နှစ်မျိုးစလုံးသည် အကြည်ရောင်။အဝါရောင်။အစိမ်းရောင်သို့မဟုတ် အဖြူရောင်ဖြစ်နိုင်ပါသေးတယ်။
နို့သီးခေါင်းကို ဆွဲရျ်မြှင့်ပြီး ညှစ်လျှင် အရည်ကြည်ထွက်လာသည်မှာပုံမှန်အခြေအနေပါ။ထိုအခါသေချာအောင်ထပ်တလဲလဲညစ်တတ်ကြပါတယ်။မညစ်ပဲထားလျှင် မထွက်ဘဲမူလအတိုင်းပြန်ဖြစ်ပါတယ်။
(2)ပုံမှန်နို့ရည်ကြည်ထွက်နိုင်သောအခြေအနေများမှာ
-ကိုယ်ဝန်ဆောင်နေစဉ် နို့ရည်ကြည်ထွက်တတ်ပါတယ်။
-ကလေးနိူ့ဖြတ်ထားသည်မှာ မကြာသေးလျှင်နို့ရည်ကြည်သည် အချိန်အနည်းငယ်ကြာသည်အထိထွက်နိုင်ပါတယ်။
-နို့အုပ်ကိုမကြာခဏနှိပ်နယ်လျှင်လည်းနို့ရည်ကြည်ထွက်နိုင်ပါတယ်။
(3)မူမမှန်နို့ရည်ထွက်သောအခြေအနေများမှာ ကင်ဆာမဟုတ်သောရောဂါများကြောင့်ထွက်တတ်ပါတယ်။
-နို့အုံတွင်ရေအိတ်ရှိခြင်းကြောင့် နို့ရည်ကြည်ထွက်တတ်ပါတယ်။
-ဟော်မုန်းပြောင်းလဲမူကြောင့် နို့တိုက်မိခင်မဟုတ်ဘဲနို့ရည်ကြည်ထွက်တတ်ပါတယ်။
-နို့အုံပိုးဝင်ခြင်း နို့တိုက်မိခင်များတွင်နို့ချောင်းပိတ်ပြည်တည်အလုံးဖြစ်သကဲ့သို့ဖြစ်ခြင်းကြောင့်နို့ရည်ကြည်ထွက်တတ်ပါတယ်။
-သွေးဆုံးနေသောအမျိုးသမီးများတွင်လည်း နိ့သီးခေါင်းအောက်ရှိနို့ပြွန်ပိတ်သောကြောင့်နို့ရည်ကြည်ထွက်တတ်ပါတယ်။
(4)နို့ရည်ကြည်ထွက်ခြင်းနှင့်ကင်ဆာဆက်စပ်မူ
နို့ရည်ထွက်ခြင်းသည် ကင်ဆာရဲ့လက္ခာဏာတစ်ရပ်အနေဖြင့်လည်းဖြစ်ပါတယ်။နို့ရည်ထွက်ခြင်းအပြင် အလုံးအကျိတ်စမ်းမိပါက mammogramရိုက်ကြည့်သင့်ပါတယ်။နို့ကင်ဆာအမျိုးအစားများမှ တစ်ခုသည် နို့ရည်ထွက်ခြင်းနှင့်ဆက်စပ်မှုရှိပါတယ်။Paget diseaseလို့ခေါ်တဲ့ကင်ဆာတွင် နို့သီးခေါင်းပါပြောင်းလဲပြီးသွေးထွက်တာရှိနိုင်တယ်။
ထို့ကြောင့် နို့ရည်ကြည်ထွက်လျှင် အခြားသောလက္ခဏာများပါ ရှိမရှိသေချာစမ်းစစ်ရျ် နားလည်တတ်ကျွမ်းသောဆရာဝန်များနှင့်သေချာစမ်းသပ်မှုခံယူသင့်ပါတယ်။ပုံမှန်နို့ရည်ကြည်လည်းဖြစ်နိုင်သည်ကို နားလည်ရျ် စိုးရိမ်မူကို လျော့ချသင့်ပါတယ်။
Dr.ပြည့်ရှင်း