အမျိူးသမီးများကိုယ်ဝန်ဆောင်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ်သားအိမ်တွင်းမှာ သန္ဓေတည်မှသာလျင် ကလေးဟာတဖြည်းဖြည်းကြီးထွာလာပြီးနေ့စေ့လစေ့ဖြစ်လာတဲ့အခါကျန်းမာတဲ့ကလေးကို မွေးဖွားလာမှာပါ။ ဒီလိုမဟုတ်ပဲ ဝမ်းဗိုက်တနေရာရာမှာသန္ဓေတည်ရင်တော့ မိခင်ရောကလေးပါ အသက်အန္တရာယ်ကျရောက်နိူင်တဲ့ကိုယ်ဝန်ကို Ectopic Pregnancy လို့ခေါ်ပါတယ်။
ဒီလိုအခြေအနေမှာသန္ဓေသားဟာ သူ့အတွက်လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့အစာအဟာရ မရတဲ့အခါ သားပျက်သားလျောဖြစ်တတ်လို့မိခင်လောင်းဟာသွေးထွက်လွန်ကာ အပြင်းအထန်နာကျင်ကိုက်ခဲမှု ၊ကိုယ်တွင်းသွေးယိုစိမ့်မှု၊ သွေးလန့်ခြင်း(shock)တို့ ဖြစ်နိုင်တဲ့အပြင် မိခင်ပါအသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်လနုစဉ်မှာဖြစ်တတ်တာမို့လို့တချို့ဆိုရင်ကိုယ်ဝန်ရှိလို့ရှိမှန်းတောင် သတိမထားမိပါဘူ။းမီးယပ်သွေးထိန်ပြီး(၈) ပတ်အတွင်းမှာရုတ်တရက် ဗိုက်နာ/ဆီးစပ်ကိုက်/သွေးဆင်း ခြင်းဖြစ်ရင် သွေးလန့်ခြင်း(shock)ဖြစ်တတ်တာမို့ အထူးသတိထားသင့်ပါတယ်။ ပုံမှန်သန္ဓေတည်တယ်ဆိုတာက မမျိူးဥနဲ့ဖိုမျိူးစေ့တို့သားဥပြွန်အတွင်း ပေါင်းဆုံပြီးသန္ဓေအောင်တာနဲ့ တဖြည်းဖြည်းချင်းအောက်သို့ဆင်းလာပြီး သားအိမ်နံရံထဲတွယ်ကပ်ကာ လရင့်တဲ့အထိကြီးထွားလာတာပါ။ ကိုယ်ဝန်ဆောင်သူ(၅၀)မှာတစ်ယောက်နှုန်းဖြစ်တတ်ပြီး မိခင်ရော ကလေးပါအသက်ဆုံးရှုံးနိူင်ပါတယ်။
သားအိမ်ထဲမှာ သားဆက်ခြားစေတဲ့ IUD ထည့်ထားသူတွေ၊ မျိုးပွားအင်္ဂါအတွင်း ပိုးဝင်ရောင်ရမ်းနေသူတွေ၊ ပြည်တည်နာ(Pelvic Inflammatory Disease)ဖြစ်နေသူတွေ၊ ဂနိူကဲ့သို့ ဆီးပူညောင်းကျဖြစ်ဖူးသူတွေ၊ မွေးရာပါမျိူးဥပြွန်ချွတ်ယွင်းသူတွေ၊ မျိူးပွားအင်္ဂါနေရာမှာခွဲစိတ်ဖူးသူတွေ၊ ကလေးမရရအောင် မေထုန်မဲ့သန္ဓေအောင်နည်း IVF သုံးစွဲထားသူတွေမှာ ဖြစ်တတ်ပါတယ်။
ရာသီမလာတော့ပဲ ရက်/လအနည်းငယ်ထိန်ပြီးမှ သွေးနည်းနည်းချင်းပြန်ဆင်းလာတတ်ပါတယ်။ ဆီးစပ်အောက်ပိုင်း နာကျင်ကိုက်ခဲလာတယ်။ ကိုယ်ဝန်ရှိကာစလို ပျိူ့ချင် အန်ချင်အစာမကြေ ရင်ပြည့်ရင်ကယ်ခံစားလာရတယ်။ ဗိုက်ထဲကနေ စူးစူးရှရှထိုးပြီးနာကျင်တာခံစားရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အားအင်ချိနဲ့လာတယ်။ ပခုံးလည်ပင်းနဲ့အစာဟောင်းအိမ်နေရာတွေပါ နာကျင်လာတတ်ပြီး ဒီလိုလက္ခဏာတွေဖြစ်လာရင် ဆေးမြီးတိုတွေနဲ့ကုမဲ့အစား နီးစပ်ရာ ဆေးရုံကိုအမြန်ပြသသင့်ပါတယ်။ အပေါ်ကလက္ခဏာတွေဖြစ်လာရင် ဆီးကိုသုံးပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးကာ TV ဓာတ်မှန်(Ultrasound)ရိုက်ကြည့်ရ ပါတယ်။ အရေးပေါ်ခွဲစိတ်ကုသခြင်းက အကောင်းဆုံးအသက်ကယ်တဲ့နည်းဖြစ်ပြီး ပျက်စီးနေတဲ့ မျိူးဥအိမ်နဲ့ မျိူးဥပြွန်ကပြု ပြင်လို့မရအောင် ဆိုးရွားနေရင် ခွဲစိတ်ဖယ်ရှားခြင်း၊ သွေးထွက်နေတဲ့နေရာကို ချည်နှောင်ပိတ်ဆို့နည်းတို့ဖြစ်ပါတယ်။
သိပ်မဆိုးတဲ့အခြေအနေဆိုရင် ဗိုက်တခုလုံးမဖွင့်ရတဲ့(Laparoscopic Operation)နဲ့ မအောင်မမြင် တွယ်ကပ်နေတဲ့သန္ဓေသားလောင်းကိုဖယ်ရှားပြီး ပျက်စီးတဲ့နေရာကို ပြု ပြင်ခွဲစိတ်ကာ သွေးမထွက်အောင်ပြုလုပ်နိူင်ပါတယ်။ ဖြစ်ဖူးသူအများစုမှာ ပုံမှန်ပြန်လည် ကိုယ်ဝန်ဆောင်နိူင်ပြီး ကလေးမွေးဖွားနိူင်ပါတယ်။ တကယ်လို့ မျိူးဥပြွန်တဖက်ဖြတ် ပစ်လိုက်ရင်တောင် ကျန်တဖက်ကအကောင်းတိုင်းရှိနေရင် စိတ်ပူစရာမလိုပါဘူး။
ကလေးအသက်မကယ်နိူင်သလို မိခင်ပါအသက်ဆုံးရှုံးနိူင်တဲ့Ectopic Pregnancy(ခေါ်) နေရာလွဲမှားသန္ဓေတည်ခြင်းအကြောင်း ဗဟုသုတအဖြစ်တင်ပြကာ ဒီလိုမျိုးဖြစ်လာခဲ့ရင်လဲ မိနစ်မဆိုင်းပဲ နီးစပ်ရာဆေးရုံမှာအချိန်မီ ပြသကုသသင့်ပါကြောင်း အသိပေးလိုက်ရပါတယ်။
Author : Dr.Lynn