fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကလေးမွေးပြီးနောက် ဘယ်တော့လောက် ဗိုက်ပြန်ပိန်မလဲ ?

415
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/12/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးမွေးပြီးနောက် ဘယ်တော့လောက် ဗိုက်ပြန်ပိန်မလဲ ?

အမျိုးသမီးတိုင်းသည် ကိုယ်ဝန်ဆောင်ကာလတလျောက် မိမိရင်သွေး အာဟာရပြည့်ဝစေရန် စားသောက်နေထိုင်ရသောကြောင့် ကိုယ်အလေးချိန် သိသာစွာ တိုးတက်လာပါတယ်။ မွေးပြီးနောက် ဘယ်တော့လောက် ပြန်ပိန်မလဲက မျော်လင့်ချက်တစ်ခုပါ။

မွေးစကလေးရဲ့ ပေါင်ချိန်သည် ပျမ်းမျှ ၇ ပေါင်ခွဲဆိုကြပါစို့။ ထိုအခါ မိမိရဲ့ အလေးချိန်သည် မွေးပြီးနောက် ဘယ်လောက်ကျန်မလဲ ? ဘယ်တော့လောက်အရင်လိုဖြစ်မလဲ သိချင်ကြပါတယ်။ ထိုသို့ ဘယ်တော့ ပြန်ဗိုက်ပိန်မလဲဆိုသော အချက်သည် နို့တိုက်မတိုက် အစားအသောက်နှင့် အမူအကျင့်ပေါင်းများစွာပေါ် မူတည်ပါတယ်။

– မွေးပြီးနောက် ၂၄ နာရီ

ကိုယ်ဝန်ဆောင် ၉ လလုံး သားအိမ်ကြီးထွားသည်နှင့်အမျှ ဗိုက်အရေပြားလည်း တဖြေးဖြေးဆွဲဆန့်နေခဲ့ပါတယ်။ ကလေးမွေးပြီးပြီးချင်း သားအိမ်ချက်ချင်း ကျုံသောကြောင့် ၁၂ ပေါင်ခန့်ကျပါတယ်။ ကလေး၊ အချင်း၊ သွေး၊ အကျိအချွဲများကြောင့် ဖြစ်ပါတယ်။

– မွေးပြီးတပတ်အကြာ

မိမိရင်သွေးကို မိခင်နို့တိုက်ခြင်းသည် အကောင်းဆုံး ဝိတ်ချနည်းတစ်မျိုး ဖြစ်ပါတယ်။ နို့တိုက်ခြင်းသည် ကယ်လိုရီ ၅၀၀ ခန့် လောင်ကျွမ်းစေသောကြောင့် ကလေးနို့တိုက်လျှင် ပိုမိုကိုယ်အလေးချိန် ကျလွယ်ပါတယ်။ သို့သော် အချို့မိခင်များမှာမူ မိမိရင်သွေးအတွက် လိုအပ်တာထက် ပိုမိုစားသုံးသောကြောင့် အလေးချိန် တက်လာနိုင်ပါတယ်။

– မွေးပြီး ၂ ပတ်အကြာ

မွေးပြီး ၂ ပတ်အကြာတွင် မိခင်များသည် ပေါင်ချိန်ရန်ပင် သတိမရကြပါ။ မိမိကလေး အတွက် သေချာပြုစုနေသော ကာလဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုကာလအတွင်း ဟော်မုန်းများနည်းလာပြီး လက်မောင်းနှင့် ခါးသိသာစွာ ပြန်ပိန်လာသည်ကို တွေ့ရှိရပါလိမ့်မယ်။

– မွေးပြီး တစ်လအကြာ

မိခင်များသည် နည်းစနစ်မှန်စွာ နေထိုင်စားသောက်ပါက မွေးပြီတစ်လခန့်အကြာတွင် ပေါင် ၂၀ ခန့်ထိကျနိုင်ပါတယ်။

– မွေးပြီး ၆ ပတ်အကြာ

မွေးပြီး ၆ ပတ်အကြာ သားအိမ်သည် မူလအနေအထား ပြန်ရောက်၍ ဗိုက်သည် ပိန်ပြီး ရေကူးဝတ်စုံဝတ်လို့ပင် ရနေပါပြီ။

– မွေးပြီး လအနည်းငယ်အကြာ

သင်သည် အစားအသောက်ကို ကိုယ်ဝန်ရှိကတည်းက နည်းစနစ်မှန်စွာ စားသောက်နေထိုင်ပါက ကလေးမွေးပြီးနောက် လအနည်းငယ်အတွင်း ကိုယ်အလေးချိန် ပုံမှန်ပြန်ရနိုင်ပါတယ်။ ကိုယ်ဝန်ရှိချိန်တွင် အရေပြားဆွဲဆန့်ခဲ့သမျှ ပြန်လည်တင်းရင်းစေရန် လေ့ကျင့်ခန်း ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ သင်သည် ကိုယ်ဝန်ဆောင်စဉ် မူလကိုယ်အလေးချိန်ထက် ၂၅ – ၃၅ ပေင်ထက် ပိုမိုများပါက ဝိတ်ကျစေရန် အချိန်ယူရပါမယ်။

မွေးပြီးနောက် ကိုယ်အလေးချိန်တိုးလာခြင်း အကြောင်းအရင်း

ကလေးမွေးပြီးနောက် ကိုယ်အလေးချိန်တိုးခြင်းသည် ဆီးချို၊ နှလုံးရောဂါဖြစ်ပွားမႈကို ဖြစ်စေပါတယ်။ မွေးပြီးနောက် ကိုယ်အလေးချိန်တိုးခြင်းသည် သိုင်းရွိုက်မညီမျှခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ လေ့လာချက်များအရ မိခင်များသည် အိပ်ရေးမဝခြင်း ညဘက်အိပ်ချိန် ၅ နာရီထက်နည်းလျှင် ကိုယ်အလေးချိန် ၁၁ ပေါင်ခန့်ထိ တက်စေနိုင်ပါတယ်။ ဆေးလိပ်၊ အရက်သောက်ခြင်း၊ အချိုလွန်ကဲစွာစားခြင်းကြောင့်လည်း ကိုယ်အလေးချိန်တက်စေပါတယ်။

ထို႔ကြောင့် မွေးပြီး လအနည်းငယ်အတွင်း ကိုယ်အလေးချိန်ကျစေႏိုင်ပြီး ပြန်လည်လှပမႈ ရရှိစေနိုင်သောကြောင့် မိမိအစားအသောက်အနေအထိုင်ဂရုစိုက်မႈ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းများတွင်လည်း မူတည်ပါတယ်။

Dr. Pyae Shin

Previous Post

လက်ကိုင်ဖုန်းကြောင့် ကျန်းမာရေးမထိခိုက်စေဖို့    မဖြစ်မနေလိုက်နာရမဲ့ အချက် ၆ ချက် 

Next Post

ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
312

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
818

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
989
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
563

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရာသီလာနေချိန် လစဉ်သုံးပစ္စည်းကို တနေ့တာလုံလောက်အောင်မလဲရင် ဘာတွေဖြစ်မလဲ

မဖြတ်နိုင်သေးခင်  ဘယ်လိုသောက်မလဲ

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးသွားတတ်သလား         

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.