fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မုန့်ပဲသရေစာထက် အာဟာရဖြစ်အစားအစာကို ကလေးတွေ ရွေးချယ်စားတတ်စေဖို့

69
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မုန့်ပဲသရေစာထက် အာဟာရဖြစ်အစားအစာကို ကလေးတွေ ရွေးချယ်စားတတ်စေဖို့

ကလေးကို အစားကျွေးရတယ်ဆိုတာ တစ်ချို့မိဘတွေအတွက်ဘာမှမခက်ခဲပေမယ့် တစ်ချို့အတွက်များတော့လည်း စိန်ခေါ်မှု‌တွေအပြည့်နဲ့ပါ။ ထမင်းပဲကျွေးကျွေး၊ သ‌ရေစာမုန့်ကျွေးကျွေးပေါ့ အခက်အခဲတွေကတော့မျိုးစုံပါပဲ။ ဒီထဲက မရှားပါးတဲ့တစ်ခုကတော့ ကလေးကမစားစေချင်တဲ့မုန့်တွေကိုတောင်းနေတတ်ပြီး စားစေချင်တာကျကျွေးမရ ဖြစ်နေတတ်တာမျိုးပါ။ မေမေနဲ့ကလေး အားပြိုင်ခန်းတွေပေါ့။ ဒီတော့မိမိတို့ကလေးတွေ ကျန်းမာရေးနှင့်ညီညွတ်တဲ့ မုန့်ပဲသရေစာတွေကို ရွေးချယ်တတ်အောင်၊ စားတတ်အောင် ဘယ်လိုများလုပ်ကြမလဲဆိုရင် ဒီအချက်လေးတွေကတော့အကူအညီဖြစ်နိုင်ကောင်းလို့ တင်ပြပေးလိုက်ပါတယ်။

(၁) စားစေချင်တဲ့သရေစာမုန့်ကိုပဲ အိမ်မှာထားပါ။

သူလက်ညှိုးတထိုးထိုးနဲ့ဘာကိုပဲတောင်းတောင်းကိုယ်ကျွေးချင်တာတွေပဲဖြစ်နေရင် တိုက်ပွဲနည်းလာပါလိမ့်မယ်။

(၂)ကလေးကိုရွေးချယ်ပါစေ။

ဒီအသီးစားမလား၊ ကန်စွန်းဥစားမလား၊ နွားနို့သောက်မလား၊ ဒိန်ချဉ်စားမလား စသဖြင့် သူ့ကိုပေးရွေးချယ်ပါ။ နေ့တိုင်းဒါချည်းပဲဆိုရင် ကလေးလည်းကိုယ့်လိုပဲငြီးငွေ့တတ်လို့ပါ။

(၃) သူ့အတွက်မုန့်တွေပြင်ဆင်တဲ့အခါ အရွယ်နဲ့လိုက်ပြီးသူနိုင်တဲ့အပိုင်းလေးတွေမှာကလေးတွေကိုပါ၀င်ခွင့်ပေးပါ။

ပေါင်မုန့်ကိုယိုသုတ်ပေးတာ၊ငှက်ပျောသီးစိတ်ပေးတာစသဖြင့်ပေါ့။ အနည်းအပါးပျက်စီးတာလောက်တော့ခွင့်ပြုထားပေးလိုက်ပါ။

(၄) လုံး၀မစားစေချင်တဲ့မုန့်တွေကိုလုံး၀အကျင့်မလုပ်ပါနဲ့။

ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်၊ အာလူးကြော်၊ ကြက်ကြော်၊ ဘာဂါ၊ ပီဇာ စသဖြင့် အသင့်စားမုန့်တွေဟာ တစ်ခါတစ်ရံစားတာအဆင်ပြေပေမယ့် လေဖောင်းမုန့်တွေ၊ ဆိုဒါအအေးတွေကတော့ လုံး၀အစမလုပ်သင့်တဲ့သရေစာမုန့်တွေဖြစ်ပါတယ်။

(၅) မုန့်စားချိန်ကိုသတ်သတ်မှတ်မှတ်လေးထားပါ။

မနက်စာ နဲ့ နေ့လယ်စာရဲ့အလယ်၊ နေ့လယ်စာနဲ့ညစာရဲ့အလယ် စသဖြင့်ပေါ့။ မစားခင်ဆော့နေပါစေ။ သူတို့ဆော့တော့ ဆာပြီးကျွေးရတာလည်းပိုလွယ်ပါတယ်။

(၆) ကလေးကိုအရောင်စုံစားတတ်အောင်သင်ပေးပါ။

သစ်သီးရောင်စုံလေးတွေ၊ အစေ့အဆံလေးတွေစသဖြင့် စုံအောင်ထည့်ကျွေးရင်း အစားအစာတစ်ခုချင်းစီမှာရှိတဲ့ အာဟာရဓါတ်လေးတွေအကြောင်းရှင်းပြနိုင်ပါတယ်။

(၇) သူ့ကိုဆုချချင်တဲ့အခါ သကြားလုံးတွေ၊ အာလူးကြော်တွေသုံးတာမျိုးမလုပ်ပါနဲ့။

တစ်ခြားအဟာရပြည့်မုန့်တွေထက် ဒါတွေကပိုကောင်းနေသယောင်ထင်သွားနိုင်ပါတယ်။

(၈) ငယ်ငယ်ထဲက အစားဂျီးမများတတ်အောင်သင်ပေးပါ။ အရသာအားလုံးကိုမိတ်ဆက်ပေးထားပါ။

(၉) တောင်းတိုင်းလည်း တကယ်စားချင်တာလား သေချာအောင်‌လုပ်ပါဦး။

တစ်ခါတစ်လေ ပျင်းတာ၊ ဂရုစိုက်ခံချင်တာမျိုးကြောင့်လည် းဗိုက်ဆာတယ်လုပ်တတ်ကြသေးတာပါ။ အဲ့လိုအချိန်မျိုးဆို ဟုတ်တိပတ်တိမစားတတ်ကြပြန်ပါဘူး။

(၁၀) နောက်ဆုံးအချက်အ‌နေနဲ့က‌တော့ မိဘဟာကလေးတွေရဲ့စံပြပါ။ သူတို့က မိဘကိုကြည့်ပြီးသင်ပါတယ်။

သင်စားသလိုသူတို့စားပါတယ်။ သင်မစားတာတွေကို သူတို့လည်းစားရကောင်းမှန်းမသိပါဘူး။ သူတို့ရှေ့မှာ မတည့်တာတွေကိုစားမပြပါနဲ့။ သူတို့ကိုလက်ဆွဲပြီး မုန့်ဆိုင်ကမုန့်ထုတ်တွေ တဗြုတ်ဗြုတ်ဖြုတ်မပြပါနဲ့။ ပြောနေတာထက်‌လုပ်ပြလိုက်တာက ပိုထိရောက်ပါတယ်။

မုန့်ပဲသရေစာထက် အာဟာရဖြစ်အစားအစာကို ကလေးတွေ ရွေးချယ်စားတတ်‌အောင်လေ့ကျင့်ပေးနိုင်ကြစေဖို့ပါ။

ဒေါက်တာဖြိုးဆုရည်မွန်

Previous Post

ဝမ်းချုပ်ခြင်းနှင့်နောက်ဆက်တွဲပြဿနာများ

Next Post

ဗီတာမင်ဘီချို့တဲ့သော ရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဘီချို့တဲ့သော ရောဂါများ

အစာအိမ်ကို ဒုက္ခပေးတဲ့ရောဂါပိုး Helicobacter pylori

အိပ်ရာထက်ခေါင်းချတိုင်း ချက်ချင်းအိပ်ပျော်နိုင်ရဲ့လား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.