fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

က​လေးတို့ရဲ့ အားနည်းချက်နှင့် အားသာချက်​တွေကို ​မေ​မေတို့ သတိပြုမိပါ​စေ…

133
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/07/2020
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

​မိမိကိုယ်တိုင် မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်သားသမီး​တွေကို အရာအားလုံးမှာ ထူးချွန်​နေတာ၊ ထက်မြက်​နေတာမျိုး၊ သူများက​လေးထက်သာတာမျိုး ဖြစ်​စေချင်ကြတာ​ပေါ့။ ဒီလိုစိတ်ကူး၊ ဆန္ဒ​တွေ​၊ ဂုဏ်ယူဝင့်ကြွားချင်စိတ်​လေး​တွေကြောင့် တခါတ​လေမှာ ကိုယ့်က​လေး​တွေကို ချစ်ရာမ​ရောက်ဘဲ နှစ်ရာ​ရောက်တာမျိုး​ ဖြစ်သွားတတ်ပါတယ်​နော်။

 

? ဒီလိုမဖြစ်ရ​လေ​အောင်…

 

▪​မေ​မေတို့အ​နေနဲ့ က​လေး​တွေမှာ ပင်ကို အားနည်းချက်၊ အားသာချက်ဆိုပြီး ရှိကြတာကို သိထားရမှာပါ။

 

▪ကိုယ့်က​လေးရဲ့ အားနည်းချက်​တွေကို နားလည်​ပေးပြီး ဖေးမကူညီသင့်ပါတယ်။

  • ဘယ်သူမဆို၊ ဘယ်အရာမဆို အားနည်းချက်​တော့ ရှိတတ်တာ​ပေါ့။ အားကစား/အနုပညာ/​ကျောင်းစာ… ဒီလိုမျိုး​တွေမှာ အားနည်းတာမျိုး။
  • ဒါ့​ကြောင့် ကိုယ့်က​လေးကျမှ သူများ​က​လေးလောက် မ​တော်ရ​လေခြင်းလို့ မ​တွေးပါနဲ့။ သူ့အတွက် ဘယ်လို ပို​ကောင်း​အောင် လုပ်​ပေးရမလဲဘဲ စဥ်းစားပါ။

 

▪ဒါ့အပြင် က​လေးရဲ့ အားသာချက်​တွေကို အ​လေး​ပေးပြီး ဘဝမှာ အသုံးဝင်​အောင် ဘယ်လိုလုပ်​ပေးရမလဲဆိုတာပါ သိရပါမယ်​နော်။

 

? ဒါဆိုရင် ​မေ​မေတို့ ဘယ်လိုသိ​အောင်လုပ်ကြမလဲ…

 

▪မသိမသာ​လေး က​လေး​​တွေရဲ့ အပြုအမူ​တွေ၊ စိတ်ကူး​​လေးတွေကို ​လေ့လာဆန်းစစ်ရပါမယ်။

  • မျက်စိ​ဒေါက်​ထောက်ကြည့်​နေတာမျိုး မလုပ်ရပါဘူး။
  • က​လေး​တွေက သူတို့ဘာသာ လွတ်လွတ်လပ်လပ်ရှိ​နေတဲ့ အချိန်မျိုး​တွေမှာ အရုပ်​လေး​တွေနဲ့ ဇာတ်လမ်းလုပ်ပြီး​ ဆော့​နေတာမျိုး၊ ပုံ​လေး​တွေဆွဲ​နေတာမျိုး လုပ်တတ်ပါတယ်။
  • ဒါ​တွေကိုကြည့်ပြီး သူတို့ရဲ့ စိတ်ကူး၊ ပုံ​ဖော်မှု​တွေ၊ ​တွေး​တောတတ်တဲ့ ဥာဏ်ရည်​တွေကို သိနိုင်ပါတယ်။

 

▪က​လေးကို အချိန်​ပေးရပါမယ်။

  • အလုပ်​တွေများလို့၊ ပင်ပန်းလို့ဆိုတဲ့ ဆင်​ခြေ​တွေ​ကြောင့် က​လေး​တွေမှာ မိဘ​တွေနဲ့ အတူတူ​ဆော့ရတဲ့၊ စကား​ပြောရတဲ့ အချိန်​လေး​တွေ ရှားပါးလာတတ်ကြပါတယ်။
  • သူတို့​လေး​တွေနဲ့ အချိန်ဖြုန်းကြည့်မှ သူတို့ရဲ့ အ​တွေးအ​ခေါ်​လေး​တွေ၊ ဝါသနာ​တွေ၊ လိုချင်တာ​တွေ၊ မလုပ်ချင်တာ​တွေ၊ ​ကြောက်တတ်တဲ့အရာ​တွေကို သိရမှာပါ။

 

▪က​လေးရဲ့ ဝါသနာကို ရှာ​ဖွေရပါမယ်။

  • ပန်းချီဝါသနာပါလား သိရ​အောင် ရောင်စုံခဲတံ​လေး​တွေ၊ အ​ရောင်ခြယ်စာအုပ်​လေး​တွေ ဝယ်​ပေးကြည့်ပါ။
  • ဒါ့အပြင် ​ဘောလုံး​တွေ၊ ဘက်တံ​တွေ ဝယ်​ပေးတာ၊ တူရိယာ​လေး​တွေ ဝယ်​ပေးတာမျိုး လုပ်​ပေးပါ။
  • စာဖတ်တဲ့အ​လေ့အကျင့်ရ​အောင်လည်း ပုံပြင်စာအုပ်​တွေ၊ ကာတွန်းစာအုပ်​လေး​တွေ စုထား​ပေးပါ။
  • က​လေးနဲ့အတူတူ မုန့်လုပ်တာ၊ အရုပ်လုပ်တာ၊ သီချင်းဆိုတာ…
  • ကိုယ်စဥ်းစားမိသ​လောက် က​လေးအတွက် အမျိုးမျိုး​ လုပ်ပေးပါ။


? ဒီလိုနဲ့ ကိုယ့်က​လေးရဲ့ အားနည်းချက်​တွေ၊ အားသာချက်​တွေ သိလာရပြီဆိုရင်…

 

▪မေ​မေတို့ ဖြစ်​စေချင်တဲ့ ပုံစံခွက်ထဲကိုသွင်းဖို့ မကြိုးစားပါနဲ့။

 

▪က​လေး မကျွမ်းကျင်၊ မတတ်ကျွမ်းတဲ့အရာ​တွေအတွက် အပြစ်မတင်ပါနဲ့။

 

▪က​လေးမလုပ်နိုင်တာ​တွေကိုလည်း အတင်း ရ​အောင်မလုပ်ခိုင်းပါနဲ့။

 

▪သူများ​က​လေး (သို့) ​မောင်နှမချင်း နှိုင်းယှဥ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

  • ကိုယ့်က​လေးမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်​တွေ ဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် က​လေး အသက်ကြီးလာတဲ့အခါ ကိုယ်ရဲ့အားနည်းချက်ကို ချို့ယွင်းမှုတစ်ခုကြီးလို့ မြင်ပြီး စိတ်ဒါဏ်ရာရသွားနိုင်ပါတယ်။

 

▪အားနည်းချက်​လေး​တွေကို ​ဖေးမကူညီရပါမယ်။

  • တခုခု​ပြောလိုက်ရင် ချက်ချင်း နားမလည်တာ၊ ဖြတ်ထိုးဥာဏ်မရှိတာ၊ ဘယ်လိုမျိုး ပြန်တုံ့ပြန်ရမှန်းမသိတာ…စတဲ့ စိတ်ကူး/ဥာဏ်ရည်ပိုင်းမှာ အားနည်းတာမျိုး ရှိနိုင်သလို..
  • စာမှတ်မိနှုန်း၊ ဂဏန်းသင်္ချာတွက်တဲ့​နေရာမှာလည်း အားနည်းတာမျိုး ရှိတတ်ပါတယ်။
  • တခြား အားကစား၊ ပန်းချီ စတာ​တွေ​ရော​ပေါ့။
  • ဖြည်းဖြည်းချင်းဆီ ပို​ကောင်း​​အောင် ပြုပြင်လို့ရရင် ​နည်းလမ်းရှာပြီး က​လေးနဲ့အတူတူ လုပ်​ဆောင်ရပါမယ်။
  • ပြုပြင်လို့မရရင်လည်း က​လေး နားလည်တဲ့အရွယ်​ရောက်ရင် ဒီအားနည်းချက်​ကြောင့် ဘဝမှာ ထိခိုက်မှုမရှိ​အောင် ​နေလို့ရ​ကြောင်း ရှင်းပြရပါမယ်။

 

▪အားသာချက်​လေး​တွေမှာ ပိုအ​လေး​ပေးရပါမယ်။

  • က​လေးက အားကစားမှာ​တော်​နေရင်… က​လေးကို အားကစားပွဲ​တွေ ဝင်ပြိုင်ခိုင်းတာမျိုး၊ ​လေ့ကျင့်​ရေး​တွေ လုပ်​ပေးတာမျိုး။
  • သီချင်း၊ သံစဥ်​တွေကို သ​ဘောကျပြီး တူရိယာတီးတဲ့​နေရာမှာ ​တော်ရင်… ဂီတသင်တန်းပို့​ပေးတာ၊ ​ကျောင်းပွဲ​တွေမှာ ပါဝင်ခိုင်းတာမျိုး လုပ်​ပေးပါ။
  • ပန်းချီဝါသနာပါတာ၊ မုန့်ဖုတ်/ဟင်းချက်တဲ့​နေရာမှာ ​တော်တာ၊ အရုပ်အိမ်​လေး​တွေ ​ဆောက်​နေတတ်တာ…ဒီလိုမျိုး ဘယ်​နေရာမဆို အားသာတာ​လေး​တွေရှိနိုင်ပါတယ်။
  • က​လေးကို သူအားသာတာ​လေး​တွေမှာ ချီးမွမ်းပါ။ ​ဆက်လုပ်နိုင်​အောင် ထောက်ပံ့​ပေးပါ။

 

? ဒါဆိုရင် က​လေးကြီးပြင်းလာတဲ့အခါ သူနဲ့အံခွင်ကျဖြစ်တဲ့ လုပ်ငန်းခွင်မှာ ထူးချွန်တဲ့သူ ဖြစ်လာပြီး စိတ်ချမ်းသာမှုရ​နေမှာပါ။ သူ့ရဲ့ အားနည်းချက်​တွေ​ကြောင့်လည်း ရှက်ရွံ့မှုမရှိဘဲ ရဲရဲဝင့်ဝင့်လက်ခံပြီး အကျိုးရှိ​အောင် ​နေတတ်သွားမှာ ဖြစ်ပါတယ်။

ဒါ့​ကြောင့် ​မေ​မေတို့အ​နေနဲ့ ကိုယ့်က​လေးရဲ့ အားနည်း​ချက်တွေ၊ အားသာချက်​တွေကို သိအောင်လုပ်ရမယ်၊ သိပြီး​ရင် ပိုမို​ကောင်းမွန်​လာအောင် အား​ပေး၊ ပံ့ပိုးတာမျိုး လုပ်ရမယ်ဆိုတာ သိ​ကြပြီ​ပေါ့နော်…

 

Author : ပိုင်(​ဆေး ၁)

Previous Post

မပေါ့ဆသင့်ပါ အစာမကြေရောဂါ

Next Post

ဗီတာမင်ဘီ ဓာတ်ပေါင်းစုရဲ့ကောင်းကျိူးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဘီ ဓာတ်ပေါင်းစုရဲ့ကောင်းကျိူးများ

ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ ဗီတာမင်စီ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်သင့်ပါသလဲ?

?စူပါမေမေတို့ရဲ့ ကိုယ်ပိုင်အချိန်ဖန်တီးခြင်း?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.