ကလေးများ ပုံမှန်အတိုင်းကောင်းစွာ ကြီးထွားဖွံ့ဖြိုးရန် နှင့် ကျန်းမာရေးကောင်းမွန်ရန်အတွက် အာဟာရဓာတ်များ လုံလောက်မျှတစွာကျွေးမွေးခြင်းသည် အလွန်အရေးကြီးကြောင်း တွေ့ရှိရပါသည်။
အများအားဖြင့် မိခင်တို့အနေဖြင့် သားသားမီးမီးများအား အစားအစာများမှနေ၍ လိုအပ်သည့် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များ စသည့် အာဟာရဓာတ်များကို လုံလောက်စွာ ရရှိခြင်းမရှိမည်ကို စိုးရိမ်ပူပန်တတ်ကြပါသည်။
ထို့ကြောင့် အာဟာရဓာတ်များကို စုံစုံလင်လင်နှင့် မျှတစွာ ရရှိရန် အားဆေးဖြည့်စွက်စာများကို တိုက်ကျွေးလေ့ရှိကြပါသည်။
ထို့အတူ ကလေးများစားသုံးသည့် အစားအစာများမှ အာဟာရဓာတ်များကို လုံလောက်မျှတစွာ ရရှိရန်အတွက် အောက်ပါဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်ကြွယ်၀သည့် အစားအစာများကို ဖော်ပြ၍ အကြံပြုလိုပါသည်။
( ၁ ) Vitamin A
ဗီတာမင် အေသည် ကလေးများ၏မျက်လုံးကျန်းမာရေး ၊ ခုခံအားစနစ်ကောင်းမွန်ရေး တို့အတွက် အထောက်အကူပြုသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။
ဗီတာမင် အေ ပေါကြွယ်၀သည့်အစားအစာများမှာ
– အသည်း
– နို့ထွက်ပစ္စည်းများ
– ကန်စွန်းဥ
– ဟင်းနုနွယ်
– မုန်လာဥနီ
– ငရုတ်ကောင်း
– သခွားမွှေးသီး စသည်တို့ဖြစ်ကြပါသည်။
( ၂ ) Vitamin B1 ( Thiamine )
၎င်းဗီတာမင်ဓာတ်သည် အသည်းကျန်းမာရေး ၊ နှလုံးကျန်းမာရေး၊ ကြွက်သားသန်မာရေး နှင့် ဦးနှောက်နှင့် အာရုံကြောကျန်းမာရေးတို့အတွက် အလွန်အရေးပါသည့် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
ထို့ပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည့် ဗီတာမင် တစ်မျိုးလည်းဖြစ်ပါသည်။
၎င်းဓာတ်ကြွယ်၀သော အစားအစာများမှာ
– အမဲသား
– ဝက်သား
– ဆယ်လမွန်ငါး
– တူနားငါး
– ပေါင်မုန့်
– ပြောင်းဖူး
– ဆန်လုံးညို
– နို့ထွက်ပစ္စည်းများစသည်တို့ဖြစ်ပါသည်။
( ၃ ) Vitamin B2 ( Riboflavin )
Vitamin B2 ( Riboflavin ) သည် အစာခြေဖျက်ခြင်းဖြစ်စဉ်တွင် အားပေးကူညီသည့် ဗီတာမင်ဓာတ် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။
၎င်းဗီတာမင်ဓာတ်၏ ကောင်းကျိုးများမှာ
– မျက်စိကျန်းမာရေးကို ကောင်းမွန်စေခြင်း
– သွေးအားနည်းရောဂါကို ကာကွယ်ကုသပေးခြင်း
– ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဓာတ်တိုးဆန့်ကျင်သည့် ဂုဏ်သတ္တိရှိခြင်း
– ဆံပင်နှင့် အရေပြားကျန်းမာရေးကို အားပေးခြင်း
– အာရုံကြောရောဂါများကို ကာကွယ်ပေးခြင်း စသည့်ကောင်းကျိုးများကို တွေ့ရပါသည်။
အောက်ပါအစားအစာများကို စားစေခြင်းဖြင့် ကလေးများအား ဗီတာမင် B2 လုံလောက်စွာ ရရှိစေနိုင်ပါသည်။
– အမဲသား
– တိုဖူး
– အဆီဓာတ်နည်းသည့် နို့များ
– မှို
– ဝက်သား
– ဟင်းနုနွယ်
– ကြက်ဥဘဲဥများ
– ထောပတ်သီး စသည်တို့ဖြစ်ကြပါသည်။
( ၄ ) Vitamin B6 ( Pyridoxine )
Vitamin B6 ၏ ကျန်းမာရေးအတွက် အကျိုးပြုသည့် ကောင်းကျိုးများမှာ
– ဦးနှောက်ဉာဏ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်း
– သွေးအားနည်းရောဂါများကို ကာကွယ်ကုသပေးခြင်း
– ကလေးများ၏ အမြင်အာရုံကောင်းမွန်ရေးကို အားပေးကူညီခြင်းစသည်တို့ဖြစ်ပါသည်။
အောက်ပါတို့သည် ဗီတာမင် B6 ကြွယ်၀သော အစားအစာများဖြစ်သောကြောင့် ကလေးများစားသုံးသည့် အစားအစာများတွင် ပါဝင်သင့်ပါသည်။
– ဆယ်လ်မွန်ငါး
– ကြက်ရင်အုံသား
– တိုဖူး
– ဝက်သား
– အမဲသား
– ကန်စွန်းဥ
– အာလူး
– ငှက်ပျောသီး
– ထောပတ်သီး စသည့်အစားအစာများကို စားသုံးသင့်ပါသည်။
( ၅ ) Vitamin B12
Vitamin B12 ဓာတ်သည် ကျန်းမာရေးလုပ်ငန်းများအတွက် အောက်ဖော်ပြပါကောင်းကျိုး များစွာပေးနိုင်ပါသည်။
– သွေးအားနည်းရောဂါများကို ကာကွယ်ကုသပေးခြင်း
– အရိုးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး ၊ နှလုံးကျန်းမာရေးတို့တွင် အထောက်အကူပြုခြင်း
– ခန္ဓာကိုယ်အတွက် လိုအပ်သည့် စွမ်းအင်များကို ပေးစွမ်းနိုင်ခြင်း
– ဆံပင် ၊ လက်သည်းနှင့် အရေပြားကျန်းမာရေးကို ကောင်းမွန်စေခြင်း စသည့်ကောင်းကျိုးများကို ဖြစ်စေပါသည်။
၎င်းဓာတ်များပြားစွာပါဝင်သည့် အစားအစာများမှာ
– အသည်း
– ကျောက်ကပ်
– အမဲသား
– နို့
– တူနားငါး
– ဆာဒင်းငါး
– ဂဏန်း
– ဆယ်လမွန်ငါး စသည်တို့ ဖြစ်ကြပါသည်။
( ၆ ) Vitamin C ( Ascorbic acid )
Vitamin C သည် ကလေးများ၏ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေရန် အဓိက လိုအပ်သော ဗီတာမင်ဓာတ်တစ်မျိုး ဖြစ်ပါသည်။
အခြားကျန်းမာရေးအတွက် အကျိုးပြုသည့် ကောင်းကျိုးများလည်း ရှိပါသည်။
– သွားဖုံးကျန်းမာရေး
– မျက်စိအမြင်အာရုံကျန်းမာရေး တို့တွင်လည်းကောင်းကျိုးများပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
၎င်းဗီတာမင် စီ ဓာတ်များကို သစ်သီးအမျိုးမျိုး (အထူးသဖြင့် သံပုရာသီး ၊ သံပယိုသီး ၊ စပျစ်သီး၊ မာလကာသီး ၊ ကီဝီသီး ၊ စတော်ဘယ်ရီသီး စသည့် အချဉ်ဓာတ်ပါဝင်သော သစ်သီးများ)
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များတွင် ပေါများစွာ တွေ့ရှိနိုင်ပါသည်။
( ၇ ) Calcium
ကယ်လ်ဆီယမ်ဓာတ်သည် အရိုးနှင့် သွားကျန်းမာရေး ၊ ကြွက်သားများသန်စွမ်းရေးတို့အတွက် အထောက်အကူပြုသည့် အာဟာရသတ္တုဓာတ်တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကလေးများအား အောက်ပါအစားအစာများကို ကျွေးပေးခြင်းဖြင့် ကယ်လ်ဆီယမ်ဓာတ်များကို ရရှိနိုင်မည် ဖြစ်ပါသည်။
– နို့
– ဒိန်ချဉ်
– ပဲနို့
– ချိစ်
– တိုဖူး
– အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ
– သစ်သီးဖျော်ရည်များ စသည့်အစားအစာများဖြစ်ကြပါသည်။
( ၈ ) သံဓာတ်
သံဓာတ်သည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပေးသည့် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
– သွေးအားနည်းရောဂါများကို ကာကွယ်ကုသပေးခြင်း
– မောပန်းနွမ်းနယ်မှုကို လျော့နည်းစေခြင်း
– ခုခံအားစနစ်ကို တိုးတက်စေခြင်း
– အာရုံစူးစိုက်မှုကို ကောင်းမွန်စေခြင်း
– နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ခြင်းစသည့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။
သံဓာတ်ကြွယ်၀သော အစားအစာများမှာ
– ကြက်ဥဘဲဥများ
– အမဲသား
– ဆိတ်သား
– အသည်း
– ဟင်းနုနွယ်
– ကန်စွန်းရွက်
– ဘရိုကိုလီ
– ပဲအမျိုးမျိုး စသည်တို့ ဖြစ်ပါသည်။
( ၉ ) ဇင့် ဓာတ်
ဇင့်ဓာတ်သည်လည်း ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ပေးသည့် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါသည်။
အခြားကောင်းကျိုးများမှာ
– အရိုးကျန်းမာရေး ၊ မျက်စိအမြင်အာရုံကျန်းမာရေးကို အထောက်အကူပြုခြင်း
– ဦးနှောက်ကျန်းမာရေးကို အားပေးကူညီခြင်း
– အစာခြေလမ်းကြောင်းကျန်းမာရေးကို ကောင်းကျိုးဖြစ်စေခြင်း
– ကလေးများခန္ဓာကိုယ်တည်ဆောက်ခြင်းအတွက် အထောက်အကူပြုခြင်းစသည့် ကောင်းကျိုးများကို တွေ့ရှိရပါသည်။
၎င်းဓာတ်ကြွယ်၀သည့်အစားအစာများမှာ
– ပဲအမျိုးမျိုး
– သီဟိုဠ်စေ့
– အစေ့အဆန်များ
– ဒိန်ချဉ်
– မှို
– ဟင်းနုနွယ်
– ထောပတ်သီး စသည်တို့ဖြစ်ပါသည်။
( ၁၀ ) DHA
DHA ဓာတ်သည် ကလေးများအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအားဖြင့် လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
– အာရုံကြောစနစ်ကို ထောက်ပံ့ပေးခြင်း
– မျက်စိအမြင်အာရုံကို အားပေးခြင်း
– မှတ်ဉာဏ်ကောင်းစေခြင်း
– ခုခံအားကို တိုးတက်ကောင်းမွန်စေခြင်း
– ရင်ကြပ်ရောဂါကို သက်သာစေခြင်း စသည့် ကောင်းကျိုးများကို ပေးနိုင်ပါသည်။
DHA ကြွယ်၀စွာပါဝင်သော အစားအစာများမှာ
– ကြက်ဥဘဲဥအနှစ်
– ဆယ်လ်မွန်ငါး
– တူနားငါး
– ဆာဒင်းငါး
– သစ်ကြားသီး
– Herring ငါး
– Mackerel ငါး စသည်တို့ဖြစ်ကြပါသည်။