fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးတွေ ချောင်းဆိုးချွဲကျပ်ပျောက်ကင်းစေမယ့် သဘာ၀နည်းလမ်းများ

3.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/01/2022
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ရောဂါပိုးမွှားတွေဟာ နုနယ်​သေးတဲ့က​လေး​လေး​တွေရဲ့ ကိုယ်ခန္ဓာအတွင်းကို အလွယ်တကူဝင်​ရောက်တက်ကြလို့ က​လေး​တွေမှာဖျားနာ​ချောင်းဆိုး​တွေ မကြာခဏခံစားရ​တတ်ကြပါတယ်။ ဒီလို​ရောဂါပိုးမွှား​တွေကို ခုခံတိုက်ခိုက်ရင်းနဲ့ပဲ က​လေးတွေရဲ့ ခုခံအားစနစ်ဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာကြရပါတယ်။ ​က​လေး​တွေဖျားနာ​ပြီးချောင်းဆိုချွဲကျပ်တာ​တွေခံစား​နေရပြီဆိုရင် ​ဖေ​ဖေ​မေ​မေတို့က မိမိက​လေးရဲ့​ဝေဒနာ​တွေကိုအမြန်ဆုံး​သက်သာ​စေနိုင်မယ့် သဘာဝနည်းလမ်း​လေး​တွေကို ​တော့သိရှိထားရမှာဖြစ်ပါတယ်။

က​လေး​တွေ​ချောင်းဆိုးချွဲကျပ်တာဟာ ပုံမှန်အားဖြင့် ၂ပတ်​လောက်အထိ ကြာမြင့်တတ်ပါတယ်။ ​ချောင်းဆိုးချွဲကျပ်ခြင်းအများစုဟာ ဗိုင်းရပ်စ်ပိုး​ကြောင့်ဖြစ်ပြီး အချိန်ကာလတစ်ခုကြာရင် အလိုလို​ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့လည်း ​ချောင်းဆိုးခြင်းကို မပြင်းထန်​စေဖို့နဲ့ မကြာမြင့်​စေဖို့အတွက်ဆိုရင် အန္တရာယ်ကင်းတဲ့ သဘာဝနည်း​လေး​တွေနဲ့ ကုသ​ပေးနိုင်ပါတယ်။

ချောင်းဆိုးချွဲကျပ်တာ​တွေကို အမြန်ဆုံးသက်သာနိုင်ဖို့ဆိုရင် က​လေးဟာ ​ရေဓာတ်ပြည့်ဝစွာရရှိဖို့၊ အိပ်​ရေးဝဝအိပ်ဖို့နဲ့ သက်သောင့်သက်သာအနားယူ​ပေးဖို့လိုပါတယ်။ ​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ မိမိက​လေး​ကို ကိုယ်တိုင်ကုသ​ပေးနိုင်ဖို့ သဘာဝနည်းလမ်း​လေး​တွေက​တော့-

၁။ ​ရေများများတိုက်​ပေးပါ

​ရောဂါပိုးမွှား​​တွေကို တိုက်ထုတ်နိုင်ဖို့နဲ့ ​လေပြွန်တစ်​လျှောက်အစိုဓာတ်ရရှိ​ပြီး အချွဲ​တွေ​ပျော်သွားစေဖို့ ​ရေများများတိုက်​ပေးဖို့လိုပါတယ်။ က​လေးငယ်​တွေဟာ ​နေမ​ကောင်းတဲ့အချိန်ဖြစ်လို့ နို့မစို့တာ၊ ထမင်းမစားနိုင်တာမျိုး​တွေဖြစ်​နေရင်​တောင် ​ရေကိုလုံလုံ​လောက်​လောက်ဝင်​အောင် တိုက်​ကျွေး​ပေးရပါမယ်။ ​ရေကို တစ်နာရီခြားတစ်ခါ ဒါမှမဟုတ် ၂နာရီခြားတစ်ခါ​လောက် တိုက်​ပေးနိုင်ရင် အ​ကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့လည်း က​လေးက​ရေတိုက်တာကို ငြင်းဆန်​နေမယ်ဆိုရင်​တော့ အတင်းအကျပ်တိုက်​ကျွေးတာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။ အသက် ၆ လ​အောက်ရင်​သွေးငယ်​​လေးတွေကို​တော့ မိခင်​နို့ကလွဲပြီး အခြားအရာ​တွေမတိုက်​ကျွေးရင် အ​ကောင်းဆုံးဖြစ်ပါတယ်။

 

၂။ ပျားရည်တိုက်​ကျွေးပါ

​ချောင်းဆိုးခြင်းသက်သာဖို့အတွက်ဆိုရင် ​ပျားရည်စစ်စစ်ဟာ ​ဆေး​တွေ​​သောက်ခြင်းထက်​တောင် ပိုမို​ကောင်းမွန်တယ်ဆိုပြီး အဆိုရှိကြပါတယ်။ ပျားရည်မှာ Antioxidants ​တွေကြွယ်ဝစွာပါဝင်သလို ချိုမြိန်တဲ့အရသာရှိတဲ့အတွက် က​လေး​တွေလည်းနှစ်သက်ကြပြီး အန္တရာယ်ကင်းလည်းကင်းပါတယ်။ ဒါပေမဲ့ အသက် ၁ နှစ်​အောက်က​​လေး​တွေကို​တော့ လုံးဝမတိုက်​ကျွေးသင့်ပါဘူး။ အသက်၁နှစ်က​နေ ၅နှစ်အရွယ်က​လေး​ငယ်တွေကို​တော့ လက်ဖက်ရည်ဇွန်း တစ်ဝက်တိုက်​ကျွေးနိုင်ပြီး ၆ နှစ်မှ ၁၁နှစ်အရွယ်ဆိုရင်​တော့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ တိုက်​ကျွေးနိုင်ပါတယ်။

 

၃။ ကြက်စွပ်ပြုတ်ရည်တိုက်ပါ

ကြက်စွပ်ပြုတ်​ရည်မှာ အ​ရောင်ကျ​စေနိုင်စွမ်းရှိပါတယ်။ ကြက်စွပ်ပြုတ်ပူပူ​​လေးကို တိုက်​ကျွေးပါက က​လေးရဲ့အသက်ရှူလမ်း​ကြောင်းတစ်​လျှောက်မှာပိတ်ဆို့​နေတဲ့ အချွဲ​တွေကိုပျော်သွား​စေမှာဖြစ်ပါတယ်။

 

၄။ ချွဲ​ပျော်​ဆေး​လေး​တွေ ရင်ဘတ်မှာလူး​ပေးပါ

မိမိရဲ့က​လေးဟာ အသက် ၂ နှစ်​ကျော်​ပြီဆိုရင်​တော့ ချွဲ​ပျော်​ဆေး​တွေ က​လေးရဲ့ရင်ဘတ်မှာလူး​ပေးလို့ရပါတယ်။ အလွန်အကျွံလူး​ပေးခြင်းမျိုး​တွေ ​ရှောင်ရှားရပါမယ်။ ချွဲ​တွေ​ပျော်သွားတဲ့အခါ က​လေးကညဘက်​​တွေမှာ ကောင်း​ကောင်းအိပ်စက်နိုင်မှာဖြစ်ပါတယ်။

 

၅။ ​Humidifier သုံး​ပေးပါ

က​လေးရဲ့အခန်းတွင်းမှာ Humidifier သုံး​ပေးခြင်းက ချွဲကျပ်တာ​တွေကို သက်သာ​စေနိုင်ပါတယ်။ Humidifier ကို​တော့ ပုံမှန်သန့်ရှင်း​ရေးလုပ်​ပေးရပါမယ်။ သန့်ရှင်း​ရေးမလုပ်မိပါက ဗက်တီးရီးယား​တွေ​ပျောက်ဖွားလာနိုင်ပြီး က​လေးအတွက်အန္တရာယ်ရှိ​စေနိုင်ပါတယ်။ Humidifier မရှိရင်လည်း က​လေးကို​ရေ​နွေး​နွေး​လေးနဲ့ချိုး​ပေးတာမျိုး ပြုလုပ်​ပေးလို့ရပါတယ်။

 

၆။ ဆားရည်နဲ့ ပလုတ်ကျင်း​ပေးပါ

မိမိဘာသာ ပလုတ်ကျင်းနိုင်တဲ့က​လေး​တွေအတွက် ဆား နဲ့ ရေရောကာ ပလုတ်ကျင်း​ပေးနိုင်ပါတယ်။ ဆားရည်ဟာ လည်​ချောင်းယားယံခြင်းနဲ့ ​ချောင်းဆိုခြင်း​တွေကို သက်သာ​ပျောက်ကင်း​စေနိုင်ပါတယ်။

 

၇။ က​လေးအိပ်​​နေစဥ် ​ခေါင်းကိုမြင့်မြင့်ထား​ပေးပါ

က​လေးအိပ်​နေစဥ် ချွဲမပိတ်​စေရန်နဲ့ အသက်ရှူလမ်း​ကြောင်း​ကောင်းစွာပွင့်​စေဖို့အတွက် က​လေး​ခေါင်းရဲ့​မွေ့ရာ​အောက်မှာ ​ခေါင်းအုံးသို့မဟုတ် ​စောင်ခုထား​ပေးခြင်းဖြင်း ​ခေါင်းကို မြင့်မြင့်ထား​ပေးနိုင်ပါတယ်။

 

၈။ နှာ​ခေါင်းအစက်ချ​ဆေး သုံး​ပေးပါ

က​လေး​တွေ​ချောင်းဆိုးတာဟာ နှာ​ခေါင်းအတွင်းပိုင်းမှာချွဲ​တွေပိတ်ဆို့​နေတာ​ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုပိတ်ဆို့​နေတာ​တွေကိုဖယ်ရှားဖို့ ညအိပ်ရာမဝင်ခင် နှာ​ခေါင်းအစက်ချ​​ဆေးကို အသုံးပြု​ပေးလို့ရပါတယ်။

ဘယ်အချိန်ဆရာဝန်ပြသင့်လဲ

အသက်၄လ​အောက် ရင်​သွေးငယ်​လေး​တွေ​ချောင်းဆိုး​နေပြီဆိုရင်​တော့ အမြန်ဆုံးဆရာဝန်နဲ့တိုင်ပင်ပြသရပါမယ်။

အသက် ၄ လအထက်က​လေး​တွေဆိုရင်​​တော့

-​ချောင်းဆိုးတာ ၂ ပတ်နဲ့အထက် ကြာခြင်း

-၃ရက်ဆက်တိုက်အဖျားကြီးနေခြင်း

-အသက်ရှူရခက်ခဲ​​ခြင်း

-မှိုန်းနေခြင်း

-အစားမဝင်ခြင်း

-ရင်ဘတ်​အောင့်ခြင်း

စတာတွေပါ ဖြစ်​ပေါ်​နေပြီဆိုရင်​​တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကုသရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

မွေးကင်းစကလေးတွေနဲ့ပတ်သက်တဲ့ အစဉ်အလာအယူအဆအလွဲ ၅ ခု

Next Post

သင့်အသားအရေကို ထိခိုက်ပျက်စီးစေတတ်တဲ့နေ့စဥ်အမူအကျင့်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
272

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
336

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
866

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
686

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်အသားအရေကို ထိခိုက်ပျက်စီးစေတတ်တဲ့နေ့စဥ်အမူအကျင့်များ

အ၀လွန်လျှင် ဒီပြဿနာတွေရှိလို့ သတိပြုပါ

သင့်ကလေး မကြာခဏဖျားရတဲ့အကြောင်းရင်းနဲ့ ကုသရေးနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.