ဒီဆောင်းပါးမှာတော့ မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်နေစဉ်
ခံစားရတတ်တဲ့ ဗာဟီရ ဝေဒနာများအကြောင်းကို ပြောပြပါ့မယ် ။ခုလို သိထားခြင်းအား
ဖြင့် ဘယ်လက္ခဏာကဖြင့် အရေးကြီးတယ် ၊ဆရာဝန်နဲ့ ပြဖို့လိုတယ်လို့ သိပြီး မိမိတို့
ကိုယ်ဝန်ကို မွေးတဲ့အထိ ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်ကြမှာပါ ။
အစားအသောက်ပျက်ခြင်း ၊မူးေ၀ ၊ပျို့အန်ခြင်း ၊အစားအစာအနံ့တောင်မခံနိုင်ခြင်း
ဤလက္ခဏာသည် မပြောပလောက်ဘူးဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တော်တော်
များများ ခံစားရသည့် အခံရခက်သည့် ဝေဒနာပင် ။ဤ ဝေဒနာကို ရာသီမထိန်မီ
ကိုယ်ဝန်ရှိမှန်းမသိခင်ကပင် စတင်ခံစားရတတ်သည် ။အများအားဖြင့် ကိုယ်ဝန်ရှိပြီး
၄ပတ်မှ ၁၂ပတ်အတွင်း ခံစားရတတ်သည် ။၁၂ပတ်ကျော်လျှင်တော့ တဖြည်းဖြည်း
ပျောက်သွားတတ်သည် ။တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ၁၉ပတ်ထိ ခံစားရ
နိုင်သေးတယ် ။
အဓိကကတော့ ကိုယ်ဝန်ဆောင်နေစဉ် ဟိုမုန်းလ်ဓာတ်အပြောင်းအလဲတွေကြောင့်
ဖြစ်ရတာပါ ။အီစထရိုဂျင်လို့ခေါ်တဲ့ မဟိုမုန်းလ်ကြောင့် ပျို့ခြင်း ၊အန်ခြင်း ၊အစားအ
သောက်ပျက်ခြင်း စတာတွေဖြစ်တတ်တယ်။ ပရိုဂျပ်စတိုဂျင်လို့ ခေါ်တဲ့ ဟိုမုန်းလ်
ကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားတွေ ပြေလျော့စေတယ် ။ထိုအခါ အစာအိမ်နဲ့ အူလမ်း
ကြောင်းရှိ ကြွက်သားတွေလည်း ပြေလျော့တဲ့အတွက် ကြောင့် အစာအိမ်ထဲက
အက်ဆစ်ဓာတ်တွေဟာ အထက်ကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း ၊ပျို့ခြင်း ၊အန်ခြင်း
များ ဖြစ်စေပါတယ် ။ကိုရီရောနစ်ဂိုနာဒို ထရိုပင် Chorionicgonadotropin လို့ခေါ်
တဲ့ ဟိုမုန်းလ်ဟာ အချင်းမှ ထွက်လာပြီး ၎င်းကိုယ်တိုင် ပျို့ခြင်း ၊အန်ခြင်းကို ဖြစ်စေ
သလို မဟိုမုန်းလ်ဖြစ်တဲ့ အီစထရိုဂျင်ကို ထွက်စေခြင်းဖြင့်လည်း ပျို့ခြင်း ၊အန်ခြင်းကို
ပိုဆိုးစေတယ် ။ကလေးငယ်ကြီးထွားလာသည့် ကိုယ်ဝန် ၁၂ပတ်ကျော် ၃လကျော်မှ
စကာ ထိုဟိုမုန်းလ်ဓာတ်အထွက်နည်းလာပြီး အထက်ပါဝေဒနာများ ခံစားရတာနည်း
သွားပါတယ် ။ဤ ဝေဒနာမပျောက်ကင်းမီ နေရထိုင်ရခက်သဖြင့် ဆေးမြီးတိုများဖြင့်
ကုက ကလေးများကြီးထွားဖွံ့ဖြိုးရာမှာ ထိခိုက်ပြီး မသန်မစွမ်းကလေးများ မွေးဖွား
လာနိုင်သဖြင့် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ် ။
ကိုယ်ဝန်ဆောင်အားဆေးများ ကြိုတင်သောက်သုံးခြင်းဖြင့်လည်း မူးေ၀ ၊ပျို့အန်
ခြင်း ဝေဒနာကို လျော့ချနိုင်ပါတယ် ။အအန်ပျောက်ဆေးများကိုလည်း သောက်သုံး
နိုင်တယ် ။အအန်ပျောက်ဆေးကို အစားမစားမီ နာရီဝက် ၁နာရီလောက်ကြိုတင်
သောက်ပါ ။အစားစားလျှင် နည်းနည်းနဲ့ အဆီအဆိမ့်နည်းတာ စားပါ ။တချို့ကလည်း
ဂျင်းပြုတ်ရည်ပူပူလေးက မူးေ၀ ၊ပျို့အန်ခြင်းကို သက်သာစေတယ်လို့ ဆိုကြတယ် ။
အထက်ပါနည်းများနဲ့မသက်သာက ၊ပိုဆိုးက ၊အဆက်မပြတ်အန်က ၊ဖောရောင်
ခြင်းရှိက ၊ဗိုက်အောင့် အသားဝါ ၊ဆီးအရောင်မကောင်းခြင်းရှိက သက်ဆိုင်ရာ ဆရာဝန်
ဆွေးနွေးတိုင်ပင်ပါ။
ဆက်လက်ဖော်ပြပါမည်…………..
Author ; ခေတ်သစ် ဇီဝက