မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေဖေဖေတို့သတိထားရမှာကတော့ ခြင်အန္တရာယ်ပဲဖြစ်ပါတယ်။မိုးကျြပီဆိုတာနဲ့ ခြင်များပိုမိုပေါက်ပွားလာပြီး အတွေ့များတဲ့ရောဂါကတော့ သွေးလွန်တုပ်ကွေးရောဂါပဲဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးကိုအသက်အန္တရာယ်ရှိစေပါတယ်။
ခြင်တွေဟာ သွေးလွန်တုပ်ကွေးရောဂါ သာမက ငှက်ဖျားရောဂါ နှင် chickunguyaရောဂါများကိုပါ ဖြစ်စေပါတယ်။ခြင်တွေဟာ များစွာသောရောဂါတွေကို သယ်ဆောင်ပေးတာကြောင့် သင်တို့ကလေးများ ခြင်ကိုက်မခံရအောင်ထားဖို့ အလွန်အရေးကြီးပါတယ်။
သင့်ကလေး ခြင်ကိုက်မခံရစေရန်
1.အဝတ်အစား
ခြင်ကိုက်ခံရခြင်းမှကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ အဝတ်အစားများကိုလုံလုံခြုံခြုံဝတ်ပေးခြင်းပဲဖြစ်ပါတယ်။အကျီလက်ရှည်၊ဘောင်းဘီရှည်များဟာ ခြင်ကိုက်နိုင်သောနေရာများကို ဖုံးအုပ်ကာကွယ်ပေးတာကြောင့် ခြင်ပေါက်ဖွားသောရာသီတွင် ရွေးခြယ်ဝတ်ဆင်သင့်တဲ့ အဝတ်အစားများပဲဖြစ်ပါတယ်။
ကလေးငယ်များအား onesies သို့မဟုတ် bodysuitsများ(အပေါ်အောက်တစ်ဆက်တည်းအဝတ်အစားများ)ကို ဝတ်ဆင်ပေးသောအခါ တတ်နိုင်သမျှလုံလုံခြုံခြုံဝတ်ဆင်ပေးပါ။အဝတ်အစား အရောင်ရွေးချယ်တဲ့အခါမှာလည်း ခပ်မှိုင်းမှိုင်းအရောင်များနှင့် ပန်းပွင့်ပုံစံများဟာ ခြင်များကိုပိုမိုစွဲဆောင်တာကြောင့် ထိုအရောင်ဒီဇိုင်းများထက် အရောင်ဖျော့ဖျော့လေးများကို ရွေးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။
2.ခြင်ကိုက်မခံရအောင်လိမ်းသည့်လိမ်းဆေး(Mosquito repellent)
ခြင်ကိုက်မခံရအောင်ကာကွယ်ပေးသောလိမ်းဆေးများကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး လိမ်းပေးနိုင်ပါတယ်။
လိမ်းဆေးအများစုဟာ ပါဝင်သောဓါတုဓါတ်ပစ္စည်းအချိုးအဆပေါ်မူတည်ပြီး လိမ်းပြီး ၂ နာရီမှ ၅ နာရီအထိ အာနိသင်ရှိတယ်လို့ဆိုပါတယ်။ သတိထားရမှာက အသက်၂လအောက် ကလေးများလိမ်းဖို့ရန်တော့ မသင့်တော်ပါဘူး။ လိမ်းဆေးများတွင်ပါဝင်လေ့ရှိသောဓါတ်များကတော့ DEET,Picaridin သို့မဟုတ် IR 3535တို့ပဲဖြစ်ပါတယ်။30% ထက်ပိုတဲ့ DEET,Picaridin သို့မဟုတ် IR3535တွေကိုတော့ ကလေးတွေကို လိမ်းမပေးသင့်ဘူးလို့ဆိုပါတယ်။
3.ခြင်ထောင် နှင့် ခြင်ကာဇကာများ
ခြင်ထောင်များဟာ ခြင်ကိုက်မခံရအောင်ကာကွယ်ပေးနိုင်သောအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည့်အပြင်အန္တရာယ်လည်းမရှိတာကြောင့် သုံးသင့်ပါတယ်။
-ကလေးအိပ်သောအခါ ခြင်ထောင်ထဲတွင်သာသိပ်ပါ။
-ခြင်ထောင်အပေါက်အပြဲ နှင့် ခြင်ဝင်နေခြင်းရှိမရှိ သေချာစစ်ဆေးပေးပါ။
-ခြင်ကာဇကာများကတော့ ခြင်အပြင်အခြားအင်းဆက်ပိုးမွှားများကိုပါ ကာကွယ်ပေးပါတယ်။
-ခြင်ကာဇကာများကိုလည်း အပေါက်အပြဲများရှိ၊ မရှိ စစ်ဆေးပေးသင့်ပါတယ်။
-ခြင်ကာဇကာများကိုတော့ ပြတင်းပေါက်နှင့်တံခါးရွက်များတွင်တပ်ဆင်ရပါမယ်။
4.ခြင်ပေါက်ဖွားနိုင်သောနေရာများ
-ရေစည်ရေအိုးရေကန်များကို ဖုံးအုပ်ထားပါ။
-ရေဝပ်နိုင်သောနေရာများ/အရာများကိုရှင်းလင်းပါ။
-ဘုရားပန်းအိုးများ နှင့် ကြောင်အိမ်အောက်ခံခွက်များကိုနေ့ဉ်လဲပါ။
-ရေစီးရေလာကောင်းအောင်လုပ်ပါ။
-ခြင်ဆေးမှုတ်ပေးပါ။
-ရေအကျန်များတင်နေသောနေရာများရှိလျှင် သွန်ခြင်း၊ခပ်ထုတ်ခြင်းလုပ်ပါ။
-အိမ်ကိုလေဝင်လေထွက်ကောင်းအောင်ထားပါ။
-အလင်းရောင်မရှိသောနေရာများတွင်ခြင်များပုန်းနေနိုင်တာကြောင့် အိမ်ကို အလင်းရောင်ကောင်းကောင်းရအောင်ထားပါ။
-ခြင်ဝပ်နိုင်သော ခြုံနွယ်များရှိလျှင် ရှင်းလင်းပါ။
Author: Dr. Yin Yin Win