fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

Can men get breast cancer?
433
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/08/2022
in ရောဂါကြီးများ
1 min read
A A

ရင်သားကင်ဆာဆိုတာ မိန်းမတွေမှာပဲ ဖြစ်တယ် မထင်ပါနဲ့။ ယောက်ျားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မွေးလာကတည်းက နို့ပြွန်ကလေးတွေပါတဲ့ ရင်သားတစ်သျှူးလေးတွေ ပါပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဖွံ့ဖြိုးပုံကွာလာပေမယ့်လည်း ယောက်ျားရော မိန်းမပါ ရင်သားကင်ဆာဖြစ်နိုင်ချေရှိပါတယ်။ မိန်းမတွေမှာ ပိုဖြစ်နိုင်ချေရှိပြီး ယောက်ျားမှာ ဖြစ်ဖို့က ၁% အောက်သာရှိပါတယ်။

ဘယ်လို လက္ခဏာတွေ ပြလဲ ?

များသောအားဖြင့်ကတော့ ရင်သားမှာ အလုံးအခဲတစ်ခု ဖြစ်လာတာကို သတိထားမိနိုင်တယ်။ ဒါ့အပြင် နို့သီးခေါင်းမှာဖြစ်တဲ့ အပြောင်းအလဲတချို့ကိုလည်း သတိပြုမိနိုင်ပါတယ်။ ဥပမာ နီရဲလာတာ အရေခွံလန်တာနဲ့ အရည်ထွက်လာတာမျိုးပေါ့။

ယောက်ျားတွေမှာ ဘာကြောင့် ရင်သားကင်ဆာ ဖြစ်ရတာလဲ ?

ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးပါဘူး။ လေ့လာမှုတွေအရ မျိုးရိုးဗီဇအပြောင်းအလဲ၊ ဟော်မုန်းပမာဏအပြောင်းအလဲတွေနဲ့ သက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။

အသက်အရွယ်

အမျိုးသားတွေအနေနဲ့က အသက်ကြီးလာလေလေ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားလေလေပါပဲ။ပျမ်းမျှအားဖြင့် အမျိုးသားတွေ ရင်သားကင်ဆာဖြစ်မှန်း စသိတတ်ကြတဲ့အရွယ်က ၇၂ နှစ်လို့ ဆိုပါတယ်။

အရက်သောက်ရင်

အရက်ကို အလွန်အကျွံသောက်လေ့ရှိတဲ့ အမျိုးသားတွေဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေ ပုံမှန်ထက် မြင့်မားပါတယ်။ အရက်ဟာ အသည်းကို ထိခိုက်စေပြီး ဟော်မုန်းပမာဏအပြောင်းအလဲတွေ ဖြစ်ပေါ်စေပါတယ်။ ဥပမာ အီစထရိုဂျင်ပမာဏတွေ မြင့်တက်လာတဲ့အခါ ရင်သားကင်ဆာဖြစ်နိုင်ချေပါ လိုက်ပြီး မြင့်တက်စေပါတယ်။

ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်တက်စေတဲ့ ကျန်းမာရေးပြဿနာအချို့

  • တစ်ခြားကင်ဆာတစ်ခုခုကြောင့် ရင်ဘတ်ကို ရောင်ခြည်ပစ်ပြီး ကုသမှုခံရဖူးရင်
  • ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ အောက်မဆင်းတဲ့ပြဿနာတွေကြောင့် အီစထရိုဂျင် သောက်ခဲ့ရရင်
  • ဝှေးစေ့ ခွဲထုတ်ဖြတ်တောက်မှု ခံယူထားရရင်
  • အသက်ကြီးမှ ပါးချိတ်ရောင် ရောဂါ ဖြစ်ခဲ့ရင်

မျိုးရိုးဗီဇရဲ့ သက်ရောက်မှု

အမျိုးအဆွေထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူတယောက်ယောက် ရှိနေခဲ့ရင် သင့်ဆီမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုမြင့်နေနိုင်ပါတယ်။ မျိုးရိုးဗီဇအပြောင်းအလဲဖြစ်ပေါ်ပြီး BRCA1 နဲ့ BRCA2 စတဲ့ Genes တွေ ထွက်လာရင်လည်း ဖြစ်တတ်ပါတယ်။ Klinefelter Syndrome လို့ခေါ်တဲ့ မွေးရာပါ အခြေအနေတခုရှိပါတယ်။ ယောက်ျားတွေမှာ ပုံမှန် XY chromosome နဲ့ မွေးရမဲ့အစား XXY ဆိုပြီးမွေးလာတဲ့ ပြဿနာပါ။ ဒီအခါမှာ အမျိုးသားရင်သားကင်ဆာ ဖြစ်နိုင်ချေ အဆ ၂၀ ကနေ ၆၀ အထိ မြင့်မားတတ်ပါတယ်။

အမျိုးအစား

အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာအများစုက နို့ပြွန်ချောင်းလေးတွေမှာ စဖြစ်တာများပါတယ်။ နို့ရည်ပြုတဲ့ ဂလင်းတွေက အမျိုးသားတွေဆီမှာ နည်းပါးတာကြောင့် အဆိုပါအမျိုးအစားက ဖြစ်ခဲပါတယ်။ နောက်ထပ်ဖြစ်ခဲတဲ့အမျိုးအစားတွေကတော့ Paget’s disease နဲ့ ရင်သားရောင်ကိုင်းပြီးဖြစ်တဲ့ကင်ဆာပါ။ ရင်သားတွေ အထိမခံနိုင်အောင် ရောင်ရမ်းပြီး ပူနွေးနေတတ်တဲ့ ကင်ဆာမျိုးပါ။

ရောဂါ အဖြေမှန်ထွက်ဖို့

လက္ခဏာတွေအပေါ်မူတည်ပြီး သင့်ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ အဆင့်ဆင့်ပြုလုပ်ပါလိမ့်မယ်။ မျက်စိနဲ့မြင်နိုင်တဲ့ အပြောင်းအလဲတွေကို ကြည့်ရှုစစ်ဆေးတာ၊ အလုံးအကြိတ်တွေ ရှိမရှိ စမ်းသပ်စစ်ဆေးတာတွေ ပါဝင်ပါမယ်။ Mammogram နဲ့ Ultrasound တွေ ရိုက်တာ Biopsy (အသားစ) ယူတာတွေလည်း လုပ်နိုင်ပါတယ်။

ရောဂါရဲ့အဆင့်တွေ

အဆင့် ၀ ကနေ ၄ အထိ ရှိပါတယ်။ အဆင့် ၀ ဆိုရင် ကင်ဆာက နို့ပြွန်ချောင်းတွေထဲမှာပဲ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဆင့် ၄ ဆိုရင်တော့ ခန္ဓာကိုယ်အနှံ့ ပျံ့နေပါပြီ။ ဒါကို Metastatic ကင်ဆာလို့ ခေါ်ပါတယ်။ ကိုယ် ဖြစ်နေတဲ့အဆင့်ကို သိရင် ကုသရမဲ့နည်းလမ်းတွေကိုလည်း တိတိကျကျ သိနိုင်ပါမယ်။

ကုသမှုပုံစံများ

ခွဲစိတ်တာကတော့ အမျိုးသားရင်သားကင်ဆာကုသမှုမှာ အသုံးအများဆုံးပါပဲ။ Mastectomy လို့ခေါ်တဲ့ ရင်သား၊ နို့သီးခေါင်းနဲ့ နို့သီးခေါင်းတဝိုက်အကုန်လုံးကို ဖြတ်တောက်ပစ်ပြီး အနားပတ်ဝန်းကျင်က ကင်ဆာပျံ့နှံ့နိုင်ချေရှိတဲ့ Lymph Node တွေကိုပါ ဖယ်ထုတ်ပစ်တဲ့ ခွဲစိတ်မှုမျိုးပေါ့။ အခြားကုသနည်းတွေကတော့ ဓာတ်ရောင်ခြည်ကုထုံး၊ ဟော်မုန်းကုထုံး၊ ဓာတုဆေးသွင်းကုထုံး အစရှိတာတွေ ဖြစ်ပါတယ်။

ကုပြီးရင်

ခွဲပြီးသွားရင် ဒဏ်ရာအခြေအနေတွေ ကောင်းမကောင်း ကျက် မကျက် ပြန်ပြဖို့ လိုပါတယ်။ ၃ လ တခါ ၆ လ တခါ ဆိုသလို အရှင်းပျောက် မပျောက် သိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ ခံယူဖို့လိုပါတယ်။ ခွဲပြီး နောက် ၅ နှစ်အထိ ကင်ဆာ ထပ်မတွေ့ရဘူးဆိုရင်တော့ ပြန်လည်ပြသမှုကို ၁ နှစ် ၁ ကြိမ် အဖြစ် ပြောင်းလဲ သတ်မှတ်ပါတယ်။

ရင်သား အပြောင်းအလဲတွေကို ဂရုစိုက်ကြပါ

ယောက်ျားအတော်များများက သူတို့လည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သိလေ့မရှိကြပါဘူး။ ဒါကြောင့် ရင်သားမှာ အပြောင်းအလဲရှိလည်း ဆရာဝန်မပြဘဲ ဖာသိဖာသာ နေတတ်ကြပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်ခဲ့ရင် ကုဖို့ခက်ခဲတဲ့ နောက်ဆုံးအဆင့်တွေရောက်မှသာ သိတတ်ကြပါတယ်။ ဒီတော့ ယောက်ျားဖြစ်ပေမယ့်လည်း ကိုယ့်ရင်သားမှာ တခုခုလွဲနေပြီဆိုရင် ဆရာဝန်ပြဖို့ တိုက်တွန်းပါရစေ။

ကြိုတင်ကာကွယ်ဖို့ဆိုရင်

အမျိုးအဆွေထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့သူတွေရှိခဲ့ရင် မျိုးရိုးဗီဇစစ်ဆေးမှုတွေ ပြုလုပ်ပြီး လုပ်သင့်တာတွေ ကြိုလုပ်နိုင်ပါတယ်။ ဥပမာ အင်ဂျလီနာ ဂျိုလီ သူ့ရင်သားတွေကို ကင်ဆာမဖြစ်သေးခင် ကြိုဖြတ်ပစ်ခဲ့သလိုမျိုးပေါ့။ ဒါက သွေးစစ်ကြည့်ရုံနဲ့ သိနိုင်တာမျိုးပါ။ နောက်ပြီး မျိုးရိုးရှိခဲ့ရင် ရင်သားစစ်ဆေးတာ နဲ့ Mammogram ရိုက်တာတွေပါ လုပ်သင့်ပါတယ်။

Author: Dr.KG

Previous Post

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

Next Post

မနက်မိုးလင်းတိုင်း မျက်နှာလေးစိုပြေလှပစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
474
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
740
It's crazy to have a gallbladder out, right?

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးတတ်တယ်ဆိုတာ ဟုတ်လား?

3 years ago
941

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To make your face smooth and beautiful every morning

မနက်မိုးလင်းတိုင်း မျက်နှာလေးစိုပြေလှပစေဖို့

Vitamins necessary for acne-free beauty

ဝက်ခြံကင်းစင်လှပဖို့ လိုအပ်တဲ့ဗီတာမင်ဓာတ်များ

Can men be circumcised?

ယောက်ျားတွေရော သားကြောဖြတ်လို့ရလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.