fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကွန်ဒုံးစနစ်တကျ အသုံးပြုနည်း

How to use condoms properly
4.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/09/2022
in အမျိုးသားကျန်းမာရေး
1 min read
A A

ကိုယ်ဝန်တားနည်းတွေ အမျိုးမျိုးရှိတဲ့ထဲကမှ ကွန်ဒုံးသုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးကျေးဇူးများတဲ့ သားဆက်ခြားနည်းဖြစ်ပါတယ်။ ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေကို ၉၈ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တဲ့အပြင် အိတ်ချ်အိုင်ဗွီပိုး၊ ဘီပိုး၊ စီပိုး၊ ကာလသားပိုး စတဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ကွန်ဒုံးသုံးတဲ့အခါမှာ သေချာစနစ်တကျသုံးမှသာ အဲဒီအကျိုးကျေးဇူးတွေကိုရနိုင်မှာပါ။ ကွန်ဒုံးသုံးတာဟာ လွယ်ကူတယ်လို့ အများစုကထင်ကြပြီး တကယ်တမ်းမှာတော့ ကွန်ဒုံးသုံးနည်းကို စနစ်တကျသေချာသိတဲ့သူဟာ နည်းပါတယ်။

ဒါကြောင့် ကွန်ဒုံးကို ဘယ်လိုစနစ်တကျ သုံးရမလဲဆိုတာကို ရေးသားတင်ပြချင်ပါတယ်။

 

၁) ကွန်ဒုံးဝယ်တဲ့အခါ ကွန်ဒုံးပေါ်က သက်တမ်းရက်စွဲ (Expired Date) ကို သေချာစစ်ပါ။ ရှက်ပြီး မစစ်ဘဲနေတာ မလုပ်ပါနဲ့။ သက်တမ်းလွန် ကွန်ဒုံးဖြစ်နေရင် မသုံးပါနဲ့။ စိတ်မချရပါ။

 

၂) ကွန်ဒုံးကို ဆိုင်မှဝယ်လာပြီးရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ထားတာ၊ နေပူထဲမှာထားတာကို ရှောင်ပါ။ ခြောက်သွေ့ပြီး နေရောင်မထိတဲ့ နေရာမှာထားပါ။

 

၃) ကွန်ဒုံးကို သုံးခါနီးမှသာ ဖောက်ပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ပဲသုံးပါ။

 

၄) ကွန်ဒုံးအထုပ်ကို ဖောက်ရာမှာ သွားနဲ့ကိုက်ဖောက်တာ၊ ကတ်ကြေးနဲ့ ကိုက်ဖောက်တာ၊ ဓါးနဲ့လှီးဖောက်တာတွေ မလုပ်ပါနဲ့။ သတ်မှတ်ထားတဲ့နေရာကနေပဲ လက်နဲ့ဖြဲဖောက်ပါ။

 

၅) ကွန်ဒုံးကိုဖောက်ပြီးပါက ကွန်ဒုံးမှာ အပေါက်အပြဲပါမပါ သေချာစစ်ကြည့်ပါ။ မတော်တဆ အပေါက်အပြဲပါခဲ့ရင် မသုံးပါနဲ့။

 

၆) ကွန်ဒုံးထိပ်ထဲကို လက်ညိုးထည့်ပြီး မှန်ကန်တဲ့ဘက် ဟုတ်မဟုတ်စစ်ဆေးပါ။ ကွန်ဒုံးထိပ်ဖျားဟာ ရာဘာနို့သီးခေါင်းပုံ ရှိရပါမယ်။

 

၅) ကွန်ဒုံးစွပ်တော့မယ်ဆိုရင် အဲဒီရာဘာနို့သီခေါင်းကို လက်တစ်ဖက်က လက်ညိုးလက်မဖြင့် လေမခိုစေရန်ဖိညှစ်ပြီး ရာဘာကွင်းပါတဲ့ဘက်ကနေ လိင်တံကိုစွပ်ပါ။ နောက်လက်တစ်ဖက်ကိုအသုံးပြုပြီး ကွန်ဒုံးကို လိင်တံအရင်းထိရောက်အောင် ဆွဲချပါ။

 

၆) ကွန်ဒုံးသုံးတဲ့အခါမှာ ပိုသေချာအောင်ဆိုပြီး ကွန်ဒုံးကို နှစ်ထပ်စွပ်တာမလုပ်ပါနဲ့။ နှစ်ထပ်၊ သုံးထပ်စွပ်ပြီး သုံးတာက ကွန်ဒုံးပေါက်ဖို့အခွင့်အလမ်း ပိုများပါတယ်။

 

၇) တချို့တွေအနေနဲ့ လိင်တူချင်းဆက်ဆံတဲ့အခါ၊ စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးနဲ့အတူ ချောဆီတွေပါ တွဲသုံးလေ့ရှိပါတယ်။

အဲဒီအခါမှာ သတိထားရမှာက သုံးတဲ့ချောဆီဟာ ရေကို အခြေခံထုတ်ထားတဲ့ (Water Based Lubricants) အမျိုးအစားဖြစ်ရပါမယ်။

အဲဒီလိုမဟုတ်ဘဲ ရေနံကို အခြေခံထုတ်ထားတဲ့ Petroleum Jelly, Mineral Oil တွေသုံးမယ်ဆိုပါက အဲဒီချောဆီတွေက ရာဘာနဲ့လုပ်ထားတဲ့ ကွန်ဒုံးကို ပျက်စီးစေပြီး ကိုယ်ဝန်ရတာ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရတာမျိုးတွေ ဖြစ်နိုင်လို့ပါ။

 

၈) လိင်ဆက်ဆံမှုပြီးပြီးချင်း လိင်တံမပျော့သွားမီ မိန်းမကိုယ်ထဲက ထုတ်ပြီးကွန်ဒုံးကို ချွတ်ပါ။
အဲဒီလိုမဟုတ်ဘဲ လိင်တံမှာ ကွန်ဒုံးစွပ်လျက်နဲ့ မိန်းမကိုယ်ထဲကနေမထုတ်ဘဲ မောမောနဲ့ အိပ်ပျော်သွားလို့ကတော့ လိင်တံပျော့သွားပြီး သုတ်ရည်ကကွန်ဒုံးထဲကနေမိန်းမကိုယ်ထဲရောက်သွားကာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

 

၉) ကွန်ဒုံးချွတ်တဲ့အခါမှာ လိင်တံအောက်ခြေကနေ ဖိကိုင်ပြီး ဆွဲချွတ်ပါ။ ပြီးရင် ကွင်းကနေ ခေါက်တုံချည်ကာ အမှိုက်ပုံးထဲထည့်ပါ။ အိမ်သာထဲပစ်ချခြင်း မလုပ်ပါနဲ့။အဲဒါပြီးရင် လက်ဆေးပါ။

 

၁၀) ကွန်ဒုံးသုံးရင် အစမှအဆုံး သေသေချာချာသုံးပါ။ ကွန်ဒုံးချွတ်ပြီးသွားမှ လိင်တံကို မအင်္ဂါမှာ ဟိုပွတ် ဒီပွတ်ပွတ်တာတွေ မလုပ်မိပါစေနဲ့။

 

Author: Dr. 528

Previous Post

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

Next Post

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
631

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
986

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

Foods you should eat when you have diarrhea

ဝမ်းပျက် ဝမ်းလျှောဖြစ်နေချိန် စားသင့်တဲ့အစားအစာများ

How to reduce anxiety?

စိုးရိမ်ပူပန်မှုတွေ လျော့နည်းအောင် ဘယ်လိုနေမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.